Showing posts with label Job. Show all posts
Showing posts with label Job. Show all posts

Thursday, August 19, 2010

Salary Increment



လစာမတိုးတာကြာလို့ မန်နေဂျာကို ဘယ်လို အသိပေးရရင် ကောင်းမလဲ။ ဒါမှမဟုတ် (Salary increment letter) ဘယ်လိုရေးရမလဲလို့ အကူအညီတောင်းလာတဲ့ မောင်ညီမလေးများ အတွက် ...

စင်ကာပူမှာ များသောအားဖြင့် Organization အသေးလေးတွေရဲ့ လုပ်ပုံ လုပ်နည်းနဲ့ Organization အကြီးတွေရဲ့ လုပ်ပုံလုပ်နည်း မတူညီတာတွေ အများကြီးရှိပါတယ်။ ဒီနေရာမှာ ကိုယ်သိသလောက်လေး ၂မျိုးခွဲပြီး ပြောသွားပါမယ်နော်။

For those who working with Systematic Organization

အလုပ်သမား အခွင့်အရေးကို စနစ်တကျ နည်းလမ်းမှန်မှန် အတတ်နိုင်ဆုံးကျင့်သုံးပေးတဲ့ Organization တွေမှာတော့ နှစ်စဉ် နှစ်တိုင်း Appraisals, Annual Performance Review တွေ လုပ်လေ့ရှိပါတယ်။ Appraisals နဲ့ Annual Performance Review တွေ နှစ်စဉ်လုပ်ပေမယ့် နှစ်တိုင်း လစာတိုးပေးမယ်၊ ဘောနပ်စ်ပေးမယ်လို့တော့ မဆိုလိုပါဘူး။ အနည်းဆုံးတော့ အခုရေးထားတဲ့ အချက်တွေကို အခြေခံပြီးမှသာပဲ လစာတိုးနဲ့ ဘောနပ်စ်ကိစ္စကို စဉ်းစားပေးနိုင်ကြပါတယ်။

၁) ကမ္ဘာ့ စီးပွားရေး လက်ရှိနဲ့ ရှေ့အလားအလာ အခြေအနေ
၂) company ရဲ့ လက်ရှိနဲ့ ရှေ့အလားအလာ performance and Business Opportunity

၃) Relative Outside Market Rate
၎) ကိုယ်အလုပ်လုပ်တဲ့ Team ရဲ့ Importance နဲ့ တစ်ဦးချင်းစီရဲ့ Performance


စတာတွေရယ်ပေါ်မှာမူတည်ပြီး bonus နဲ့ increment ကိုပေးလေ့ရှိကြပါတယ်။ ကိုယ်ဘယ်လောက်တော်တော်၊ ဘယ်လောက်ကြိုးစားခဲ့ ကြိုးစားခဲ့ပစေ၊ ကိုယ့် company က စီးပွားပျက်ကပ်ထဲမှာ အလူးအလဲ ခံနေရရင်၊ ဒါမှမဟုတ် အရှုံးပေါ်နေရင် ဘယ်လိုလုပ်ပြီး ဘောနပ်စ်ပေးနိုင်မှာလဲ။ ဘယ်လာ လစာတိုးပေးနိုင်မလဲ။ အလုပ်မပြုတ်ရင် ကံကောင်းပဲ မဟုတ်လား။

company ကပုံမှန် လည်ပတ်နေတဲ့ အချိန်ဆိုရင်တော့ လစာတိုးကို ကိုယ့် performance ပေါ်မူတည်ပြီး တိုးပေးနိုင်တာပေါ့လေ။ ဘောနပ်စ်လဲ များများ မျှော်လင့်နိုင်တာပေါ့။ အဲဒီတော့ နှစ်စဉ် ကိုယ့်ဘာသာ self Appraisal လုပ်တဲ့အချိန်မှာ ပြီးခဲ့တဲ့ နှစ်အတွင်းက ကိုယ်လုပ်ခဲ့တဲ့ contributions နဲ့ ကိုယ်ရခဲ့တဲ့ achievements တွေအားလုံးကို management က recognize လုပ်ချင်အောင် ရှင်းရှင်းလင်းလင်း သေသေချာချာ ရေးရပါမယ်။ ကိုယ့်ဘာသာ self Appraisal အရင်လုပ်ပြီး ကိုယ်ရသင့်တဲ့ အခွင့်အရေးကို ကိုယ့်မန်နေဂျာက ကိုယ့်ကို Appraisals လုပ်တဲ့အချိန်မှာ ညှိရပါမယ်။ ဆွေးနွေးရပါမယ်။ တကယ်လို့ ဒီနှစ်မှာ မတော်တဆ ကိုယ်က နည်းရခဲ့လျှင်လည်း နောက်နှစ်အတွက် agreement ရအောင် ယူတတ်ရပါမယ်။

For those who working with non-Systematic Organization

နှစ်စဉ် Performance Review တွေ လုပ်လေ့မရှိတဲ့ Company မျိုးမှာ လုပ်နေတဲ့သူတွေအတွက်တော့ တမျိုးစဉ်းစားရတော့မှာပေါ့နော်။ တချို့တွေများဆို ၃-၄နှစ်လောက် လုပ်နေတာ လစာ လုံးဝတိုးမရတာတွေ ရှိသတဲ့။ ကိုယ့် Company က အခြေအနေကောင်းရဲ့သားနဲ့ လစာတိုးရမယ့်ကိစ္စကို မသိချင်ယောင်ဆောင်နေတာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ပေးဆပ်မှုနဲ့ ထိုက်တန်စွာ လစာမရဘူးလို့ ခံစားရရင် ၊ Outside Market Rate နဲ့ ယှဉ်ကြည့်လို့ ကိုယ့်လစာက နည်းနေတယ်လို့ ယူဆရင် လစာတိုးတောင်းသင့်ပါတယ်။

လစာတိုးတောင်းရမဲ့ နည်းလမ်းတွေကတော့ တသမတ်ထဲမရှိပါဘူး။ ကိုယ် အဆင်ပြေသလိုနည်းနဲ့ အမျိုးမျိုး ပြောကြတာတွေ့ရတာပဲ။ တချို့ကလည်း ဘော့စ်ကို ပါးစပ်နဲ့ ဖွင့်ပြော ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ တချို့ကလည်း ဘော့စ်နဲ့ မရင်းနှီးတော့ ဘော့စ်နားဆီကို ပေါက်မဲ့သူကို သွားပြောတတ်ကြတယ်။ တချို့ကလည်း စာရေးပြီး ပြောကြတယ်။ စိတ်တိုတတ်တဲ့ တချို့ကတော့ အလုပ်ထွက်မယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ လစာနည်းလို့ စသဖြင့် ဓါတ်ကြမ်းတိုက်ချင်လည်း တိုက်ကြတယ်။ တချို့လည်း အလုပ်ထွက်မယ်လို့ ကြိမ်းလိုက်မှ လစာတိုးရတာမျိုးလဲ ရှိသတဲ့။ ဒါကတော့ ကိုယ်က ကိုယ့်အလုပ်မှာ ကိုယ်က မရှိမဖြစ် တကယ်ကို အရေးကြီးတဲ့သူဖြစ်မှ ရမယ်နော်။

အကောင်းဆုံး အကြံပေးချင်တာကတော့ ကိုယ်ဖြစ်ချင်တာ ကိုယ့်မန်နေဂျာကို face to face တိုက်ရိုက်ဆွေးနွေးသင့်ပါတယ်။ ပါးစပ်နဲ့ပြောတာက ပိုကောင်းပါတယ်။ လစာမတိုးတာကြာပြီ။ ဘာဖြစ်လို့ မတိုးတာလဲ၊ ကိုယ်ဘာတွေ လုပ်ထားတယ်၊ ဘယ်လို တာဝန်တွေယူနေရတယ် စသဖြင့် သူနားလည်အောင် ပြောပြရမှာပဲ။ အကောင်းဆုံး လစာတိုးတောင်းတဲ့ နည်းကတော့ လစာတိုးတောင်းမယ်လို့ စဉ်းစားထားရင် အရင်ဆုံး အလုပ်ပိုလုပ်ပြရမှာပါပဲ။ ကိုယ့်မန်နေဂျာသိအောင် သာမန်ထက် အရေးပါတဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုတွေ ယူပြရမှာပဲ။ ကိုယ့်က ကိုယ့် team member တွေကိုဘယ်လို motivate လုပ်သလဲ၊ ကိုယ့်ရဲ့ value က သူများနဲ့မတူ ဘယ်လို Individual ဖြစ်တယ်ဆိုတာ သူသိအောင် လုပ်ပြရမယ်။ အရေးကြီးဆုံး နောက်တချက်က လစာတိုးဖို့အကြောင်း သူနဲ့ စကားပြောတဲ့အချိန်မှာ စိတ်မတိုမိပါစေနဲ့။ အေးအေးဆေးဆေး professional ဆန်ဆန် ဆွေးနွေးပါ။

တချို့ကတော့ face to face စကားပြောရမှာ အားနာတာတို့ ကြောက်တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီတော့ စာရေးတာကို ပိုရွေးချယ်ချင်ကြပါတယ်။ စာရေးတာကို ရွေးချယ်ချင်တဲ့ သူတွေ အတွက် စာရေးနည်းလေးကို နည်းနည်းပြောပြပါမယ်။ စာရေးတာကို ရှုပ်ရှုပ်ထွေးထွေးတွေ မရေးပါနဲ့။Keep it simple and polite ဖြစ်ပါစေ။ ကိုယ့် အခြေအနေကို ရေးပြပါ။ ကိုယ်ယူနေတဲ့ တာဝန်တွေကို ရေးပြပါ။ ဒီထက်မက တာဝန်ယူချင်တဲ့ အကြောင်းကိုလည်း ပြောပြပါ။ အခု ညီမလေးတစ်ယောက်ကို ရေးပေးတဲ့ စာနမူနာကို ဒီမှာ ရေးပြလိုက်ပါတယ်။ တကယ်ကတော့ အင်တာနက်ထဲကတွေ့တဲ့ sample တွေကနေ အတုခိုးရေးရတာပါပဲ။ ဒီထက်မက sample တွေလည်း internet မှာ အများကြီး ရှိပါတယ်။

Subject: Request for Salary Increment

Dear Sir,


I have worked for this company for the last two years as an xxxx Engineer. During this time I have done my duties to the best of my abilities. I have been sincerely dedicated and have constantly worked hard.


As xxxxxx engineer, I have successfully implemented xxxxxx and currently I am taking new responsibilities for xxxxxxxxx. I am eager to assume these new responsibilities and will work hard to meet tight deadlines.


I am prepared to take more responsibility, and I will continue to be the valued, hard working, committed, reliable and honest employee that I have always been.


However, despite general appreciation of my work, I have not received any salary increment. My basic salary is still only .... S$. Hence, I would like to request you to consider my case for an increase to xx% of current pay.


The cost of living in Singapore has become very high, with price increases for house rental, PUB, food and transport, and this really has put a strain on my earnings.


I hope this application merits your favorable consideration and you will provide your recommendation to HR department for their further action.


I look forward to a favorable response from you.


Sincerely yours,
xxxx

အရေးကြီးဆုံးနောက်တချက်ကတော့ ကိုယ်တောင်းဆိုလိုက်လို့ လစာတိုးရလာပြီဆိုရင် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို မပြောမိ၊ မကြွားမိပါစေနဲ့။ Keep it confidential!!! လုပ်ဖော်ကိုင်ဖက်အချင်းချင်း မလိုလားအပ်တဲ့ ရုံးတွင်း ညိုညင်မှုတွေ မဖြစ်ပါစေနဲ့။

******************

တခါက မေးလ်ထဲကိုရောက်လာတဲ့ လစာတိုးတောင်းတဲ့ ဟာသလေး ပြောပြပါအုံးမယ်။ ကဲ... အပျင်းပြေလေး ဖတ်ကြည့်ကြပါအုံး။

One day you send a letter to your boss asking for an increase in your salary !

Dear Bo$$

In thi$ life, we all need $ome thing mo$t de$perately. I think you $hould be under$tanding of the need$ of u$ worker$ who have given $o much $upport including $weat and $ervice to your company .

I am $ure you will gue$$what I mean and re$pond $oon.


Your$ $incerely,


The next day, you received this letter of reply :


Oh my dear:


I kNOw you have been working very hard. NOwadays, NOthing much has changed. You must have NOticed that our company is NOt doing NOticeably well as yet .


NOw the newspaper are saying the world`s leading ecoNOmists areNOt sure if the United States may go into aNOther recession. After the NOvember presidential elections things may turn bad.

I have NOthing more to add NOw. You kNOw what I mean.

Yours truly,
Manager

အဲသလို ပြန်စာမျိုးတော့ မရကြပါစေနဲ့နော်....

Ref:
1) salary negotiation tips

2) Various Internet Web Sites with Salary Increment


မေတ္တာဖြင့်... စုချစ်

********************

Saturday, April 24, 2010

စင်ကာပူမှ အလုပ်အကိုင်များနှင့် လစာ သုံးသပ်ချက်

စင်ကာပူမှ အလုပ်အကိုင်များနှင့် လစာ သုံးသပ်ချက်

img source

စင်ကာပူမှာ အလုပ်သစ်ရှာနေသူများအတွက် အိုင်ဒီယာရအောင် လစာခန့်မှန်းချက်လေးတွေ သိထားသလောက် ဆွေးနွေးပေးပါမယ်။ ခန့်မှန်းလစာလို့ ပြောတဲ့အတွက် အတိအကျ လူတိုင်းအတွက် မှန်မယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ပညာအရည်အချင်း၊ ကိုယ့်လုပ်ငန်းအတွေ့အကြုံ၊ ကိုယ်လုပ်မဲ့ အလုပ်ပေါ်မှာ မူတည်ပြီး ပျမ်းမျှအနေနဲ့ စင်ကာပူမှာ လစာတွေ ဘယ်လိုရကြတယ် ဆိုတာ အကြမ်းဖျင်းသိကြစေရန် ရည်ရွယ်ပါတယ်။ ပြီးတော့ ဘယ်လို Filed မျိုးက လစာဘယ်လောက်ရနိုင်တယ်၊ ဘယ်လိုင်းက ဘယ်လိုရှိတယ်ဆိုတာ သိစေဖို့ အတွက်လဲ ရည်ရွယ်ပါတယ်။ ဘလော့ဖတ်လာတဲ့ မိတ်ဆွေများမှလည်း ယခု ဆွေးနွေးထားသည်ထဲမှ အမှားတစုံတရာပါခဲ့သည်ရှိသော် ထောက်ပြရန်၊ ဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါတယ်။

ပထမဆုံးပြောချင်တာက စင်ကာပူမှာ ရာထူးကောင်းတိုင်း လစာမကောင်းပါဘူး။ ရာထူးနဲ့ လစာက တိုက်ရိုက်အချိုးကျမယ်လို့ ယူဆလို့ မရပါဘူး။ ဘယ်ကုမ္ပဏီမှာ လုပ်နေတယ်လဲ ဆိုတာက ရှိပါသေးတယ်။ ကုမ္ပဏီကြီးတွေမှာက သူ့ Standard နဲ့သူ လစာ range တွေရှိပေမဲ့၊ Rules and regulation ကိုလိုက်နာကြပေမဲ့၊ လိုကယ် ကုမ္ပဏီအသေးတွေမှာ များသောအားဖြင့် လစာပေးဖို့ကို Standard မထားကြပါဘူး။ နည်းပေးရလေ ကောင်းလေမို့ပါပဲ။

ဒီလိုပဲ ကုမ္ပဏီကြီးတွေက မာစတာဘွဲ့ကို ဂျူနီယာအလုပ်အတွက် မခန့်ကြပါဘူး။ over qualification ဖြစ်နေလို့ပါ။ လိုကယ် ကုမ္ပဏီသေးတွေကတော့ ကာယကံရှင်က လုပ်မယ်ဆိုရင် ဒေါက်တာဘွဲ့ကိုတောင် အလုပ်သမားခန့်ချင်ကြသူတွေပါ။ အဲသာကြောင့်မို့ လိုကယ် ကုမ္ပဏီအသေးတွေမှာ မန်နေဂျာရာထူးဖြစ်ပေမဲ့ လစာက စလုံး၂၀၀၀ကျော် ၃၀၀၀လောက်ပဲ ရချင်ရတာပါ။ အဲသာဟာ ကုမ္ပဏီအကြီးမှာ အငယ်တန်းအင်ဂျင်နီယာတယောက်ရဲ့ လစာနဲ့ ကိုက်ညီပါတယ်။ ပြီးတော့ ကုမ္ပဏီအကြီးတွေမှာ ပညာရေးမှာ ကိုယ့်ကိုယ်ကို upgrade မလုပ်ရင် ဘယ်လောက်ပဲတတ်တတ်၊ ဘယ်လောက်ပဲအလုပ်ကြိုးစား ကြိုးစား ရာထူးတက်ဖို့ ခက်ပါတယ်။ ကုမ္ပဏီအသေးတွေကတော့ ကိုယ်တကယ် အလုပ်လုပ်နိုင်ရင် တကယ်တတ်တဲ့သူဆိုရင်၊ အားကိုးရတဲ့သူဆိုရင်၊ ကြိုးစားတဲ့သူဆိုရင် လစာ မတိုးရင်သာနေမယ်၊ ရာထူးရဖို့ကတော့ မခဲယဉ်းပါဘူး။

စင်ကာပူလိုကယ်ကျောင်းတွေက Fresh Graduate ဈေးကွက်တွေကို လေ့လာကြည့်ရင် ကိုယ်လုပ်တဲ့ ဖီးဒ်နဲ့ ကုမ္ပဏီပေါ်မူတည်ပြီး ပိုလီ ဒီပလိုမာတွေက ၁၄၀၀ - ၂၃၀၀၊ ဒီဂရီတွေက ၂၂၀၀ - ၂၈၀၀၊ မာစတာက ၂၆၀၀ - ၃၂၀၀၊ ဒေါက်တာဘွဲ့တွေက ၃၀၀၀ - ၄၅၀၀ အတွင်း ပျမ်းမျှ လစာငွေ ရလေ့ရှိကြပါတယ်။ တခါလေလဲ တချို့ မာစတာဘွဲ့ရမြန်မာတွေ ဒီဂရီဘွဲ့ရတွေထက် လစာနဲရတာကို ကြုံဘူးပါတယ်။ အသက်အရွယ်နဲ့လဲ ဆိုင်မယ်ထင်ပါတယ်။ ပုံမှန် သိပ်နံမည်မကြီးတဲ့ နိုင်ငံတွေက ဘွဲ့ရလာတဲ့ နိုင်ငံခြားဘွဲ့ရတွေကိုလဲ လိုကယ်ဒီဂရီ မမှီလို့ နိုင်ငံခြားမှာသွားတက်ရတယ်ယူဆပြီး တချို့ကုမ္ပဏီတွေက လိုကယ်ဘွဲ့ရလောက် အထင်မကြီးတာလဲ တွေ့ရပါတယ်။

အဲဒီလို ပထမဆုံးအလုပ်ကနေစပြီးတော့မှ ကိုယ့်ကြိုးစားမှုရယ်၊ ကံရယ်၊ ဉာဏ်ရယ်၊ ၀ီရိယတွေပေါ်မှာ မူတည်ပြီး လုပ်သက်များလာတာနဲ့အမျှ ရာထူးတွေလဲကွာ လစာတွေလဲ ကွာခြားကုန်တာပါ။ တနေရာထဲမှာ ထိုင်မနေပဲ ၃-၄နှစ်တခါ တက်လမ်းရှိမယ်ထင်တဲ့ အလုပ်တွေကိုခုန်တတ်ရင်လဲ လစာတက်တာ အရမ်းမြန်ပါတယ်။

လုပ်သက်၊ အတွေ့အကြုံရလို့ အလုပ်ပြောင်းပြီဆိုရင်အသစ်ခန့်မဲ့ ကုမ္ပဏီတွေက များသောအားဖြင့် ကိုယ့်လက်ရှိလစာကို ကြည့်ကြပါတယ်။ အဲဒီထက် ၁၀%-၂၀% အပြင်ပိုပေးလေ့မရှိပါဘူး။ ဒါပေမဲ့ တခါတလေ ချွင်းချက်အနေဲ့ အဲဒီထက်ပိုရတဲ့ သာဓကတွေ ရှိချင်လဲရှိတတ်ပါတယ်။ ဥပမာ- အသိမြန်မာကောင်လေး အန်တီယူက မာစတာဘွဲ့ရ၊ ပထမအလုပ်က ကုမ္ပဏီအသေးမှာ ၂၈၀၀နဲ့ ၂နှစ်လောက်လုပ်နေရာက ကုမ္ပဏီကြီးတခုရဲ့ R&D မှာအလုပ်ရတော့ လစာ ၄၀၀၀ကျော် ရသွားပါတယ်။

အထက်ကပြောတဲ့ လစာတွေမှာ ကိုယ်အလုပ်လုပ်တဲ့ Field ပေါ်လိုက်ပြီးလဲ လစာကွာခြားနိုင်ပါတယ်။ သိသလောက်တော့ Engineering Filed ထဲမှာ Design၊ R&D၊ Development၊ Software၊ Firmware သမားတွေနဲ့ IT Field ကသူတွေက များသောအားဖြင့် သူများထက် လစာကောင်းတတ်ကြပါတယ်။ ပြီးတော့ ဘဏ်တွေမှာ Networking, Server, Data Security စတာတွေကိုင်တဲ့ အိုင်တီ၊ အင်ဂျင်နီယာ သမားတွေလဲ လစာတော်တော်လေးကောင်းကြပါတယ်။ Basic pay နဲ့ overtime တွေ Benefit စတာတွေအားလုံး ပေါင်းလိုက်ရင် ဘဏ် စီနီယာဝန်ထမ်းတယောက်ဟာ ၇၀၀၀-၈၀၀၀ လောက်ရတယ်လို့ ပြောပါတယ်။ Cisco မှာ Cisco Certificate တွေရပြီး Networking လုပ်တဲ့ လိုကယ်မာစတာဘွဲ့ရသူဟာ လစာ ၆၀၀၀လောက်ရပါတယ်တဲ့။ ဆောက်လုပ်ရေးက အင်ဂျင်နီယာတွေကတော့ များသောအားဖြင့် ၃၀၀၀-၅၀၀၀ ပတ်ဝန်းကျင်လောက်တွေများပါတယ်။ Project Manager ဆိုရင်တော့ (ကုမ္ပဏီအသေးမဟုတ်) ၆၀၀၀လောက်ရတာ သိရပါတယ်။ တချို့က ရုံးက ကားပါ ရကြပါတယ်။ သင်္ဘောကျင်းက အင်ဂျင်နီယာတွေကတော့ Basic pay သိပ်မများပေမဲ့ Bonus နဲ့ ပြန်မျှသွားလို့ မဆိုးဘူး ခေါ်ရပါမယ်။ သင်္ဘော စူပရီတန်းဒန့် အလုပ်မျိုးဆိုရင်တော့ လစာ ၆၀၀၀- ၇၀၀၀လောက်ရတယ် ပြောပါတယ်။ Manufacturing ၊ Industry စတာတွေမှာ လုပ်တဲ့သူတွေက Junior ဆို ၂၅၀၀-၃၅၀၀၊ Senior ၃၅၀၀-၅၀၀၀၊ Management ၅၀၀၀-၈၀၀၀ စသဖြင့်ပေါ့။ a-star မှာ လုပ်နေတဲ့ မာစတာ၊ ဒေါက်တာဘွဲ့ရ Researcher တွေကတော့ ၃၅၀၀-၅၅၀၀ ရတာတွေ့ရပါတယ်။ ခုပြောတဲ့ လစာတွေကတော့ လုပ်သက်အတန်အသင့်ရှိပြီးသား သူတွေအတွက် ပျမ်းမျှလစာငွေ လေ့လာတွေ့ရှိချက်ပါ။

အစိုးရအလုပ်မျိုးတွေကျတော့ ဈေးကွက်သိပ်မကောင်းပေမဲ့ တည်ငြိမ်တဲ့လစာရှိတတ်ပါတယ်။ ပိုလီကျောင်းဆရာ၊ လိုကယ်မာစတာဒီဂရီနဲ့ လုပ်သက်၁၀နှစ်ရှိတဲ့သူဆိုရင် လစာ ၄၀၀၀-၅၀၀၀ လောက်ရတယ်လို့ သိရပါတယ်။ အစိုးရအလုပ်တွေက ဘောနပ်စ်မှန်မှန်မရမှာလဲ ပူစရာမလိုပါဘူး။ နှစ်တိုးကလဲ နှစ်တိုင်းရှိပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်လောက်က မြန်မာဘွဲ့ရအင်ဂျင်နီယာတွေ ပိုလီဆရာခန့်တာ လစာ ၂၄၀၀လောက် ၀င်ဝင်ချင်းရကြပါတယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကလာ အလုပ်ရှာတဲ့ မြန်မာဘွဲ့ရဈေးကွက်တွေအနေနဲ့ကတော့ အလုပ်ရသွားသူတွေဟာ လုပ်သက်၊ ဘွဲ့ပေါ်မူတည်ပြီး Autocad Draftsman သမားတွေက လစာ ၁၂၀၀ - ၂၃၀၀၊ Construction Field က သူတွေက ၂၁၀၀ - ၃၅၀၀၊ ITသမားတွေက ၁၆၀၀ - ၃၀၀၀၊ Industry တွေမှာ လုပ်နေသူတွေက ၂၁၀၀ - ၂၅၀၀၊ ACCA၊ Eco နဲ့ပြီးတဲ့ Accountant တွေက ၁၆၀၀ - ၂၅၀၀၊ ရိုးရိုးဘွဲ့ရ- Admin အလုပ်ဝင်သူတွေက ၁၂၀၀ - ၂၃၀၀ စသဖြင့် ရတာ လေ့လာတွေ့ရှိရပါတယ်။ Nurse assistant၊ enrolled nurse စတဲ့ အလုပ်လုပ်သူတွေကတော့ basic pay ၁၂၀၀- ၁၆၀၀ လောက်ကစလို့ overtime, night shift တွေလုပ်သလို ၀င်ငွေရပါတယ်တဲ့။ ကျန်းမာရေးလောကကတော့ ကိုယ်နဲ့ သိပ်အကျွမ်းတ၀င်မရှိလို့ ဆရာဝန်အလုပ်ကိုတော့ မပြောပဲ ချန်ခဲ့ပါ့မယ်။ လေ့လာမိတဲ့ အလုပ်လာရှာသူတွေရဲ့ အသက်က ၂၀ ကနေ ၄၀ အတွင်းပါ။

ပြီးတော့ စင်ကာပူမှာ လူတကာသိပ်မလုပ်တဲ့ အလုပ်မျိုးကို ကိုယ်ကတတ်တယ်ဆိုရင် အလုပ်ရှာရလွယ်ပါတယ်။ Engineering Design၊ Firmware, Embedded Programming, Device Driver programming စတဲ့ အလုပ်မျိုးတွေက Engineering Field မှာ အလုပ်ရှာရတာလွယ်ကူတာတွေ့ရပါတယ်။ ဒါပေမဲ့ စင်ကာပူမှာ တကယ်လစာကောင်းသူတွေကတော့ Business Development Manager တွေ၊ Director တွေပါ။ Accounting နဲ့ Admin ကိုလဲ အထင်သေးလို့မရပါ။ ကျောင်းကောင်းကောင်းကနေ MBA ဘွဲ့ရထားသူတွေဟာ လစာတော်တော်လေးကောင်းကြတာတွေ့ရပါတယ်။ ဒီတော့ တကယ်လစာကောင်းတာလိုချင်ရင် ၀ါသနာလဲ ပါမယ်ဆိုရင် Business Management တို့ Finical Management တို့ဖက်ကို ကူးပါ။ စင်ကာပူတနိုင်ငံထဲမဟုတ်ပါဘူး။ ဘယ်နိုင်ငံသွားသွား အဲဒီအလုပ်တွေက လစာအကောင်းဆုံးထဲမှာ ပါပါတယ်။ ဆရာဝန်တွေထက် လစာကောင်းပါတယ်။ အင်ဂျင်နီယာအလုပ်က တကယ်ဆို လစာနဲတဲ့ထဲပါလို့ ယှဉ်စရာတောင် မလိုဘူးပေါ့နော်။

*********
မြန်မာကျူးပစ်မှာ ရေးသားထားတာကို အနည်းငယ်ပြုပြင် တင်ပြပါတယ်။ လစာကောင်း အလုပ်ကောင်းများ ရကြပါစေ။ ကျေးဇူး။

Friday, June 26, 2009

ယခုတပတ်အတွင်း စုချစ်သတင်း

ဒီတပတ်လုံး အလုပ်တွေအရမ်းများလွန်းလိုက်တာဆိုတာ ပြီးခဲ့တဲ့အပတ် သောကြာကစပြီး စနေ၊ တနင်္ဂနွေလည်း မနားရပဲ တောက်လျှောက် run ရတာ ခုမှ ခဏနားရတော့တယ်။

စနေနေ့က နောက်ထပ်နာနေတဲ့သွားတချောင်း သွားပြရတယ်။ သွားနာနေတာကို ဂရုမပြုအားပါဘူး...။ သွားဆေးခန်းကနေ ရုံးကို တဆက်ထဲသွား အလုပ်လုပ်ရသေးတယ်။ pain killer လေးသောက်... ပါးတခြမ်းလက်နဲ့အုပ်ရင်း လူသူမရှိတဲ့ ရုံးခန်းမှာ တစ်ယောက်ထဲ အလုပ်လုပ်ရင်း စိတ်ကလည်းတိုခဲ့တယ်။ စနေကည၂နာရီထိ အလုပ်ထိုင်လုပ်တယ်။ တနင်္ဂနွေ မနက်က မျက်စိ၂လုံးပွင့်တာနဲ့ ကွန်ပြူတာရှေ့ရောက်ပြီး လုပ်လက်စ code တွေမှန်မမှန်ပြန်စစ်တယ်။ တနင်္ဂနွေကတော့ ရုံးကိုမသွားဘူး။ စနေနေ့က run ရမဲ့ tester တွေအားလုံး setup လုပ်ခဲ့ပြီးတော့ အိမ်ကနေ remote access နဲ့ ၀င်ပြီးလုပ်တယ်။ ညီမလေးက ဘေးနားကနေ စားဖို့ တခုပြီးတခုပြီးတခုလာချပေးတာကို စားရင်း မထတမ်းအလုပ်လုပ်တာ ညနေ၄နာရီထိ။ အဲသာလည်း code ကအဆင်မပြေဘူး။ စိတ်ပန်းလူပန်းကဖြစ်နေပြီ။ ခဏနား၊ ရေချိုး... ညစာစားပြီး ပြန်ထိုင်တာ ည၁၀နာရီထိ။

တနင်္လာနေ့ မနက်မှာ စိတ်ညစ်ပြီး အိပ်ရာကစောစောမထနိုင်ဘူး။ ဘော့စ်ကို ဖုံးဆက်ပြီးနောက်ကျမှ ရောက်မယ်လို့ ပြောထားလိုက်တယ်။ ရုံးရောက်တော့ testing ကလူတွေက ကိုယ့် code ကို run ဖို့ စောင့်နေကြတယ်။ အဆင်မပြေသေးဘူး... တခြား solution တခုခုကို သုံးဖို့ စဉ်းစားထားကြလို့ သူတို့ကို ပြောလိုက်တယ်။ တကယ်တမ်းက သူတို့အတွက် plan B ဆိုတာ ကိုယ်ကပေးပြီးသား။ ဘော့စ်ကိုတော့ စနေရော တနင်္ဂနွေရော ကိုယ်မနားရသေးဘူး... မပြီးတာတော့ မတတ်နိုင်ဘူးလို့... အသိပေးထားလိုက်တယ်။ ။

တနင်္လာနေ့ညမှာတော့ program run လိုက်တိုင်း PC က hung သွားတယ်။ ဘယ်လိုဖြစ်တာလဲ...။ အိပ်ရေးပျက်တာ ၃ညရှိပြီမို့ စိတ်တိုတဲ့အဆင့်ကနေ ဒေါသနဲ့ ပေါက်ကွဲတဲ့ဆီရောက်လာပြီ။ hardware ကောင်လေးက ခွင့်ယူထားလို့ ရုံးမလာဘူး။ ဒါနဲ့ ကိုယ့်စက်က ဖြုတ်လို့ရတဲ့ hardware အပိုင်းအစတွေဖြုတ်ပြီး အသစ်ပြန်တတ်တယ်။ အဲသာလည်း hung နေတုန်းပဲ...။ ည၈နာရီက ထိုးခါနီးပြီမို့ ဒီတိုင်းပဲ ထားပြီးအိမ်ပြန်ဖို့ ပြင်ရတယ်။

Original code design လုပ်တဲ့ US ကလူတွေဆီက Mail က အင်္ဂါနေ့ကျမှ ရောက်လာတယ်။ သူတို့က product new generations အနေနဲ့ changes တွေ အများကြီးလုပ်ထားတာမို့... ကိုယ့်ကို အချိန်ယူပြီး ပြင်ရမှာလို့ ပြောကြတယ်။ ထင်ပါတယ်... ဘယ်လိုမှမှ run လို့ မရတာ... ကိုယ်သိတာပေါ့...။ သာပေမဲ့ ရာကျော်၊ ထောင်ကျော်ရှိတဲ့ code တွေမှာ ဘာက ပြသနာ ဖြစ်နေလဲ ဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတာကမှ လွယ်ဦးမယ်...။ ဘယ်လိုလုပ်ပြီး ချက်ချင်းသိမလဲ...Debugging ကိုလုပ်ယူရဦးမှာ...။ အရေးထဲ PC hung ပြသနာ ဖြစ်နေတော့ hardware ကောင်လေးကို ကြည့်ခိုင်းတာ သူက tester က pin ၂ချောင်းကို setup လုပ်တုန်းက ဖြုတ်လိုက်ဖို့ မေ့သွားလို့တဲ့...။ ကိုယ်လည်း အတော်စိတ်တိုပေမဲ့ ဘာမှပြောချင်စိတ်မရှိကုန်ခန်းနေတယ်။

အင်္ဂါနေ့ ညနေ ၆နာရီလောက်မှာ ၉၀% ပြသနာက ဖြေရှင်းသွားတယ်။ အဲဒါကို လောဘကြီးတဲ့ ဘော့စ်က နောက်၁၀% ကို ဒီနေ့အပြီးလုပ်နိုင်ရင် လုပ်ပေးပါဦးလို့ request လုပ်တယ်။ Testing ကလူတွေက သူတို့မပြန်ဘူး...။ ကိုယ်ပြီးတဲ့ထိ စောင့်ပြီး code ကို run မယ်တဲ့။ ကိုယ်လုပ်နေတာကို တစ်ယောက်ယောက်က စောင့်နေတာဆိုရင် လုပ်ရတာစိတ်ကမဖြောင့်ဘူး။ မစောင့်နဲ့ အိမ်ပြန်ကြ.... ကိုယ်ပြီးရင် ခေါ်လိုက်မယ်ဆိုပြီး သူတို့ကို အရင် အိမ်ပြန်ခိုင်းလိုက်ရတယ်။ တကယ်တန်းကျတော့ လူကဒေါင်းနေပြီ...ခေါင်းကထူပူနေတယ်....။ လုပ်လို့မရဘူး။ စိတ်ကလည်း အချဉ်ပေါက်လာတယ်။ ဆက်မလုပ်တော့ဘူး... အိမ်ပြန်တယ်။

အင်္ဂါညက အိပ်မပျော်ဘူး။ လူက သွားကလည်းနာနေ၊ အစကတဲက အစာအိမ်ရောဂါရှိတာ pain killer တွေသောက်ရတာနဲ့၊ အလုပ်က stress နဲ့ ဗိုက်ကလည်း ပြန်အောင့်ဆိုတော့ ကိုယ်ဟာတော်တော် ပင်ပန်းဇာတာ ပါပါလားလို့ တွေးပြီး စိတ်ဓါတ်ကကျချင်သလိုလိုဖြစ်။ ဘ၀မှာ ကိုယ်ဖြစ်ချင်တာက စာလေးဖတ်လိုက်၊ စာလေးရေးလိုက်၊ ပန်းချီလေးဆွဲလိုက်နေချင်တာ... ခုတော့ လုပ်နေရတာတွေက...လို့ စဉ်းစားပြီးဘယ်အချိန်များမှ ကိုယ်နေချင်သလို နေရပါမလဲလို့ တွေးမိတယ်။

ဗုဒ္ဓဟူးနေ့မှာ ကြိုးစားပမ်းစားဆက်လုပ်လိုက်တာ အောင်မြင်စွာနဲ့ ကိုယ်ရဲ့ coding အပိုင်းကို အပြီးသတ်နိုင်ခဲ့တယ်။ အချောသတ်စရာရှိတာတွေကို မနေ့ကနဲ့ ဒီနေ့မနက် အချောသတ်ပြီး testing ကို ဒီနေ့နေ့လည် released လုပ်ဖို့ပြင်နေပြီ။ အမြန်မရလို့လဲမဖြစ်ဘူး။ ကိုယ့်မှာ code တခုက ပြသနာဖြစ်တယ်ဆို အိပ်မက်ထဲထိ ထည့်မက်ပြီး အလုပ်တွေလုပ်နေတုန်း။ တခါကတော့ တရေးနိုးတော့မှ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားမိပြီး ပြင်လိုက်တာ အဆင်ပြေသွားခဲ့တာမျိုးလည်းရှိတယ်။

ဒီနေ့... သောကြာနေ့မှာတော့ လူက စစ်မြေပြင်တခုက အိပ်ရေးပျက်ပြီး ပြန်လာခဲ့တဲ့လူလို ညီးစီစီ၊ ကြောင်တောင်တောင်၊ ညှောင်နာနာ ဖြစ်နေတယ်။ ဟိုးအရင် ငယ်တုန်းကလို တခုခုလုပ်လိုက်လို့ အောင်မြင်သွားရင် ပျော်တာမျိုးလည်း ခုကြီးလာတော့ သိပ်မဖြစ်တော့ဘူး။ အော်.. ပြီးတော့လည်းပြီးတာပဲလို့ စိတ်ထဲထားရင်း နောက်အလုပ်တခု စဖို့ ပြင်ရတယ်။ ဒါတခုပြီးပေမဲ့ နောက်တခုက စောင့်နေသေးတာကိုး....။

အသက်၅၀ပြည့်ရင်တော့ retired ယူပြီး ကိုယ်လုပ်ချင်တာလေးတွေ လုပ်ဖို့ စဉ်းစားကြံစည်ထားပါရဲ့..။ ဒါနဲ့ တဆက်ထဲ နှစ်ပေါင်း ၄၀ကျော် အသက်၆၀ကျော်ထိ မိသားစုကို အငြီးမငြူလုပ်ကျွေးခဲ့တဲ့ ဖေဖေ့ကို သတိရအောင့်မေ့ တမ်းတမိသေးတော့...။

Friday, February 20, 2009

Business email writing tips - 5

Image from http://www.fotosearch.com/

မောင်လေး တစ်ယောက်က ဆက်ရေးပေးပါဦးလို့ တောင်းဆိုလာသမို့ အီးမေးလ် ရေးနည်း တွေ့မိတာလေးတွေ၊ သိတာလေးတွေ ပြောပြဦးမယ်နော်။ တကယ်က အင်တာနက်က ရှာတွေ့တာတွေကို ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး နားလည်သလို ပြန်ရေးပေးထားတာပါနော်။ မစုချစ်ရဲ့ ရုံးသုံးအီးမေးလ် ဆောင်းပါးများမှာ အလုပ်စ၀င်မည့် ကလေးများအတွက်နဲ့၊ ရုံးသုံးအီးမေးလ် တခါမျှမရေးဘူးသူများအတွက်သာ ရည်ရွယ်ပါတယ်နော်။ သိပြီးသား၊ တတ်ပြီးသား သူတွေကတော့ ကျော်ဖတ်သွားကြပါနော့...

ကဲ... ဒီတပတ် ပြောမှာကတော့... ( အင်း... မရေးတာကြာလို့ ပြောပြီး ရေးပြီးသားတွေ ထပ်ရေးမိတယ်ဆိုရင်တော့ ခွင့်လွှတ်ပါဗျို့... )

များသောအားဖြင့်တော့ အီးမေးလ်ရေးနည်း ကျွမ်းကျင်သူများက အကြံပေးကြတာ တွေ့ရတာ ဟောဒီအချက်များဖြစ်ပါတယ်။

1) keep it short and simple
2) be specific and avoid generalizations
3) use the active voice
4) arrange their sentences with parallel structure
5) organize their writing by following an outline
6) use a tone that will give readers a positive mental picture of writer

၁) keep it short and simple
အရင်က ရေးတဲ့ ပိုစ့်မှာလည်း ရေးဖူး၊ ပြောဖူးတယ်နဲ့ တူပါတယ်နော်။
အီးမေးလ်ရေးတယ်ဆိုတာ အင်္ဂလိပ်စာ အက်ဆေးရေးနေတာ မဟုတ်ဘူးဆိုတာကို သိထားသင့်ပါတယ်။ ဖွဲ့နွဲ့ရေးစရာမလို၊ အရမ်းကြီး တခမ်းတနားလုပ်ရေးနေစရာလည်း မလိုပါဘူး။ ကိုယ်ပြောချင်တာကို အများနားလည်နိုင်မဲ့ အရှင်းဆုံး၊ အလွယ်ဆုံး အင်္ဂလိပ်စကားလုံးတွေ သုံးပြီး လိုရင်းတိုရှင်း ရေးရတာ ဖြစ်လို့ အီးမေးလ် ရေးရတာ ထင်သလောက် မခက်လှပါဘူး။ မေးလ်ဖတ်နေတဲ့သူရဲ့ ဘေးနားကို သွားပြီး သူ့ကို စကားပြောနေသလို မျိုးရေးနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

အီးမေးလ်ရေးတဲ့အခါ ကိုယ့် company ကပဲနားလည်တဲ့၊ ဒါမှမဟုတ် ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ အတိုကောက် စကားလုံးတွေဖြစ်တဲ့ acronyms နဲ့ buzzwords တွေ ထည့်မရေးသင့်ပါဘူး။ ဥပမာ … ကိုယ့်ရုံးတွင်းမှာပဲ သုံးတဲ့ အတိုကောက် စကားလုံး EPC လို့ရေးတာ Engineering Process Control လို့မရှင်းပြပဲ တခြားသူက ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။

ကိုယ်ရေးလိုက်တဲ့ စာထဲမှာ အများနားလည်ဖို့ မလွယ်တဲ့ စကားလုံးတွေသုံး၊ Big words တွေသုံး၊ long sentenceတွေ သုံးပြီး ရေးလို့ ဖတ်တဲ့သူက အထင်ကြီးမှာမဟုတ်ပါဘူး။ အီးမေးလ်တစ်ပုဒ်ဖတ်ဖို့ အရေး ဘေးနားမှာ dictionary တစ်အုပ်ထားဖို့ လိုတယ်ဆိုရင်တော့ မဟုတ်တော့ပါဘူးနော်။

ဥပမာ…
လူအများမြင်ဘူးနေကျ စကားလုံး လွယ်လွယ်ကို ဦးစားပေးသုံးပေါ့နော်…

ergo = therefore
henceforth = from now on

so to speak = as we say

utilize = use

disseminate = send out

equitable = fair


တကယ်လို့ ၀ါကျအရှည်ကြီး ရေးမိတယ်ဆိုရင် ရေးပြီးတဲ့အခါ ကိုယ်ရေးတဲ့စာကို ကိုယ့်ဖာသာပြန်ဖတ်ကြည့်ပါဦး။ ဖတ်နေရင်းနဲ့ အသက်ရှူဖို့ ခဏရပ်နေရတယ်ဆိုရင် အဲဒီဝါကျကို ၂ကြောင်းလောက်ခွဲထုတ်ဖို့ လိုနေပြီပေါ့။ ထပ်နေတတ်တဲ့ စကားလုံးတွေ ရှိရင် ဖယ်ပစ်လိုက်ဖို့ လိုပြီပေါ့။

ဥပမာ…
It has come to our attention that your account is three months in arrears.
လို့ ရေးထားတာကို …
Your account is three months past due.
လို့ ခပ်တိုတို ပြန်ပြင်ရေးနိုင်ပါတယ်နော်။

ဥပမာ…
ဒီလို စကားလုံးရှည်ရှည်တွေကိုလည်း အတိုနည်းနဲ့ပဲ ဖလှယ်ပြီးရေးသင့်ပါတယ်။

for the purpose of = for
the majority of = most

in order to = to

provide an introduction = introduce

on a daily basis = daily

on a regular basis = routinely

can able to do = can do


ဥပမာ…
ခု ရေးထားတဲ့ စာပိုဒ်အရှည်ကြီးကို ဖတ်ရလွယ်အောင် ရှင်းအောင် ဘယ်လို ပြန်ပြင်ရေးကြမလဲ…

This document is for the purpose of giving the reader a detailed explanation of the inventory process. It describes the activities we currently do in the majority of instances on a daily and weekly basis. In order to provide an introduction to the process for employees who work on a temporary basis, we also have prepared an overview, which describes the highlights of the inventory process in just two pages.

ဒီလိုလေးရေးတော့ တိုတိုလေးနဲ့ ပိုပြီး ရှင်းမသွားဘူးလား...

This document explains the inventory process in detail. It describes our usual daily and weekly activities. We also have prepared a two-page overview to introduce the process to temporary employees.

ဆက်ရန်...
Ref:
http://owl.english.purdue.edu/

http://ezinearticles.com/?10-Steps-to-Emailing-Success&id=1283238

http://esl.about.com/od/businessenglishwriting/a/bizdocs_3.htm

http://classweb.gmu.edu/mwasser1/writinghb/tentips.htm
http://www.businesswritingblog.com/
http://www.syntaxtraining.com/business_writing_tips.html

http://oregonstate.edu/dept/eli/buswrite/

Saturday, October 25, 2008

စင်ကာပူမှာ .... ၃

Image from http://www.fotosearch.com/
အလုပ်သစ်တခု လျှောက်ပြီဆို လစာဘယ်လောက် လိုချင်လဲဆိုတဲ့... မျော်မှန်းလစာ (expected salary) ကို စလုံး ကုမ္ပဏီတော်တော်များများက တောင်းတတ်ကြပါတယ်။ ပြီးတော့ (current salary) လက်ရှိလစာကိုလည်း ရေးခိုင်းတတ်ကြပါတယ်။ အိတ်တော့ သူတို့က ဘယ်လောက်ပေးရမလဲ မှန်းလို့ရအောင်လို့ပေါ့။ လက်ရှိလစာရတာထက် သူတို့က အများကြီးခွာမပေးချင်တတ်ကြဘူး... အများဆုံး ပိုပေးချင် ၅၀၀ ပါ။ ဒါမှမဟုတ် ၂၀% အများဆုံးပါ။ စလုံး၁၀၀၀ ပိုရဘူးတဲ့ သူငယ်ချင်းတစ်ယောက်တော့တွေ့ဘူးတယ်။ သူက နောက်အလုပ်ထပ်လျှောက်တာ R&D မှာအလုပ်ရတော့ အရင် လစာထက် ၁၀၀၀ ပိုရဘူးပါတယ်။


မျှော်မှန်းလစာကို ဘယ်လိုတောင်းရမယ်မှန်းမသိရင် အကောင်းဆုံး အကြံမျှဝေပါ့မယ်။ ကိုယ်က အလုပ်ကလည်းလိုချင်... လစာ ပိုတောင်းလိုက်လို့ မခေါ်မှာလည်း စိုးတယ်ဆိုရင် Range နဲ့ တောင်းလိုက်ပါ။

ဥပမာ...
Expected salary - 2800 ~ 3500

နောက်... သူတို့ ကိုယ့်ကို ကြိုက်လို့ ခန့်ပြီဆို ဈေးညှိကြပေါ့။ နည်းပြီးတောင်းမိရင် အလုပ်ဝင်ပြီးမှ လခထပ်တက်ဖို့ဆိုတာ ပိုခက်လို့ပါ။ စကတဲက များများရထားတာ ပိုစိတ်ချရတာပေါ့နော့။ တောင်းမိတာ နည်းသွားလို့ တောင်းရင် ရရက်သားနဲ့ မတောင်းမိလိုက်လေခြင်းဆိုပြီး အလုပ်ဝင်ပြီးမှ စိတ်ညစ်နေတဲ့သူတွေ တွေ့ဘူးလို့လေ။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, October 21, 2008

Business email writing tips - 4

Image from http://www.fotosearch.com/

ရုံးအီးမေးလ်ရေးတဲ့နေရာမှာ သတိထားသင့်တဲ့ အချက်လေးများကို အလျင်းသင့်သလို ပြောဦးမယ်နော်။

Be Positive
အကောင်းမြင်တဲ့ အမြင်ဖြင့် ရေးပါ။

ဥပမာပြောရရင် ကလေးတွေကို ဆုံးမတဲ့နေရာမှာ သူလုပ်လိုက်တာမှားတယ်လို့ ပြောမဲ့အစား ဒီလိုလေးလုပ်ရင် ပိုကောင်းတယ်လို့ ပြောရမဲ့သဘောလိုပေါ့...။ ကလေး၁ယောက်က တံခါးကို ၀ုန်းကနဲဆောင့် ပိတ်လိုက်တယ်ထားပါတော့။ သူ့ကို ဘယ်လိုပြောမလဲ။ တံခါးကို ဘာလို့ဆောင့်ပြီးပိတ်တာလဲလို့ အပြစ်မပြောပဲ... တံခါးဆိုတာ ဖြည်းဖြည်းညင်ညင်သာသာ ပိတ်ရတယ်လို့ သူနားလည်အောင် အမှန်ကို တည့်မတ်ပေးမယ်ဆိုရင် ပြောတဲ့သူရော၊ ပြောခံရတဲ့သူပါ ကျေကျေနပ်နပ် ဖြစ်ပါတယ်။ သဘောကတော့....
the child needs to learn what’s right—not just what is wrong လို့ဆိုလိုချင်တာပါ။

ဒီသဘောအတိုင်းပါပဲ... အီးမေးလ်ရေးတဲ့ အခါမှာလည်း အပြစ်သဘောတွေမပါ၊ အပြုသဘောနဲ့ရေးသားတတ်ဖို့ လိုအပ်ပါတယ်။ ၁ယောက်ယောက်က အမှားလုပ်လို့ သတိပေးပြောစရာရှိတဲ့အခါဆိုရင်လည်း သူ့အမှားကို ထောက်ပြအပြစ်ပြောတာထက် သူဘယ်လို အမှန်လုပ်သင့်တယ်ဆိုတာ သူသဘောတူလာအောင် စည်းရုံးပြီး ရေးသားဖို့ ဂရုစိုက်ရပါမယ်။

အဲဒီတော့ ကိုယ်အီးမေးလ် ပို့လိုက်တဲ့သူဆီက Affirmative response ရချင်တယ်ဆိုရင် အပြုသဘောမျိုး ရေးသားတတ်အောင် ဂရုစိုက်ရပါမယ်။

ဥပမာလေးတွေ ရေးပြမယ်နော်...။

1) Say what you want, rather than what you do not want
It will be great if we can have a code released on this Tuesday, since production will run the test on this Tuesday. Please kindly help to expedite it.
(Yes)
We need the code released on this Tuesday. If we don't get the code on time from you, production cannot run the test. Please release it on time.
(No)

2) State what to do – not what to avoid
Please kindly provide the information within this week.
(Yes)
Don't take too long to provide the information more than a week.
(No)

3) Say what you can do – not what you cannot do
We will release the latest firmware code by end of this week and we are working on it.
(Yes)
We cannot release the firmware code by now; you need to wait until end of this week.
(No)

4) Use neutral rather than blaming language
Please let me clarify what I meant.
(Yes)
You misunderstood what I said.
(No)

5) Avoid blaming others
The test sequence can be improved further and please clear the unnecessary lines and resubmit. Thanks.
(Yes)
You created the test sequence very messy. Redo it.
(No)

6) Use words that create a positive feeling
We value the natural resources.
(Yes)
We don't waste natural resources.
(No)

7) Watch your tones
We are expecting the report from you. We would like to understand more on current Network problem and we hope that you can solve the problem as soon as possible. Please kindly help to expedite it.
(Yes)
I am regarding your failure to send the report. You claimed that network problem has been solved. But you have a serious lack of insight into the problem.
(No)
(You claim လို့ပြောတာက "you say so, but I don't believe you." လို့ပြောလိုက်တာပါပဲ။ "failed to," "neglected to" or "lack of" စသဖြင့် words တွေက accuse အပြစ်တင်တဲ့ စကားလုံးတွေပါ။)

8 ) Motivate the people with your words whenever you have opportunity
Good job! We have received your latest released test code. You helped us a success on product launch on-time. Thanks for your hard work on it and hope to have your continuous support.
(Yes)
We have received the latest code released. Product has been launched.
(No)

9) Take every opportunity to communicate positively
We received your letter with thanks.
(Yes)
We got your letter.
(No)

Thank you for taking the time to consider my ideas.
(Yes)
Please review my ideas.
(No)

Ref:
http://www.syntaxtraining.com/business_writing_tips.html


မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, September 30, 2008

Business email writing tips - 3

Image from http://www.fotosearch.com/
အီးမေးလ်ဆိုတာ immediate medium လည်းဖြစ်၊ easily and highly accessible လည်းဖြစ်၊ record တွေ ၊ reference တွေဆိုတာကလည်းလုပ်လို့ရတော့ အရမ်းသတိထားရပါမယ်။ မေးလ်ပို့တဲ့အခါ ကိုယ်ပို့လိုက်တဲ့သူ၁ယောက်ကိုပဲ သိစေချင်၊ ဖတ်ရုံပဲ ဖတ်စေချင်လို့ (တခြားသူတွေကို မမြင်စေချင်လို့) copy တို့ forward တို့စတဲ့ options တွေကို disable လုပ်ပြီးပို့လို့ရနိုင်တယ်ဆိုသော်လည်းပဲ အဲဒါတွေကို ဖြည်လို့ရတဲ့ နည်းတွေ၊ ဒါမှမဟုတ် capture လုပ်လို့ရတာဆိုတော့ အန္တရယ်ရှိပါတယ်။ ဒါကြောင့် ကိုယ့်မေးလ်ကြောင့် ကိုယ့် image ကိုထိခိုက်စေမဲ့ဟာမျိုးကို ဘယ်တော့မှ မပို့မိစေပါနဲ့။ ကိုယ်ရေးတဲ့စာကို evidence အထောက်အထားယူပြီး ကိုယ့်ကိုပြန်ဒုက္ခပေးတတ်ပါတယ်။

ဒါကြောင့် တရံတခါမျိုးတွေမှာ ကိုယ့်ဘောစ်နဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ် စိတ်တိုစရာ၊ စာရင်းရှင်းစရာရှိရင် လူကိုယ်တိုင် ပါးစပ်ကနေ ပြောပြဆွေးနွေးပါ။ ဒေါသတွေ တအားထွက်၊ စိတ်တွေတအားတိုလို့ အလွန်ဆုံးဆဲဆိုမိပါစေဦး... ဆဲတဲ့အသံက လေထဲမှာပဲပျောက်သွားပါတယ်။ အီးမေလ်နဲ့ လုပ်လိုက်လို့ကတော့ record ကြီးဖြစ်သွားပါလိမ့်မယ်။

ကိုယ်ကတော့ တခါကဘော့စ်ကို တအားစိတ်တိုဘူးတယ်။ သောကြာညရုံးကအပြန်မှာ စိတ်တွေတို၊ ဒေါသတွေထွက်လို့ လူကအိပ်လို့လုံးဝမရဘူး။ နောက်နေ့ စနေ ရုံးမသွားရတော့.... ဘော့စ်နဲ့က အဲဒီကိစ္စကို စကားပြောလို့ ရှင်းလို့မရပြန်ဘူး။စိတ်ထဲမှာ တနုံ့နုံ့နဲ့မနေနိုင်လို့ အိပ်ရာကထ... သူ့ဆီ မေးလ်တခု ပြင်းပြင်းထန်ထန်အရေးအသားတွေနဲ့ရေး...။ ရေးပြီးတော့မှ... အင်း... နေပါဦး... ခဏတော့ draft ထဲမှာ save ထားမှ ဆိုပြီး save ထားလိုက်တယ်။ နောက်နေ့ အိပ်ရေး၀၀အိပ်ပြီး အိပ်ရကထတော့ စိတ်နည်းနည်းပြေသွားပြီ။ ရေးထားတဲ့ မေးလ်ကိုပြန်ဖွင့်ကြည့်တော့... အမယ်... ကိုယ်ရေးတာ ပြင်းထန်လှချည်လား... ဆိုပြီး နည်းနည်း ပြေပစ်အောင်ထပ်ပြင်လိုက်တယ်။ ပြီးတော့ မပို့သေးပဲ... တခါပြန် save ထားလိုက်တယ်။ ဒီလိုနဲ့ ၂ခါ၊ ၃ခါ လောက်ပြင်လိုက်၊ သိမ်းထားလိုက်၊ ပြန်ဖတ်ကြည့်လိုက်နဲ့ နောက်ဆုံး ပြေပြေပြစ်ပြစ်မေးလ်တစောင်၊ ဒေါသကင်းတဲ့ မေးလ်တစောင်သူ့ဆီပို့လိုက်နိုင်တယ်။ သူကလည်း သူမှားကြောင်း ပေါ်တင်ဝန်မခံပေမဲ့ ကိုယ့်ကိုစိတ်ပြေစေမဲ့ စာမျိုးပြန်ရေးလာတယ်။ ဒါကြောင့် စိတ်တွေတအားတိုနေတုန်း၊ ဒေါသ တအားထွက်နေတုန်း ရေးထားတဲ့ မေးလ်ကို ချက်ချင်းမပို့ပါနဲ့... အမှားတွေ ပါတတ်ပါတယ်။

ပြီးတော့ ကိုယ့်ကိုပြန်ပြီး blackmail လုပ်လို့ရတဲ့ အရေးအသားမျိုး ဘယ်သူ့ကိုမှ မရေးမိပါစေနဲ့။ မသေချာတဲ့ ဂတိမျိုးကိုလည်း အီးမေးလ်ကနေ မပေးမိပါစေနဲ့။ ဥပမာ... ကိုယ့်မှာလည်း လက်ရှိ project တွေနဲ့ အလုပ်ကများနေ... တခြားဌာနတွေက ကြားဖြတ်အလုပ်တွေက၀င်လာပြီး push လုပ်ပြီး target date တောင်းနေရင် ကိုယ်ကသေချာ ဘယ်တော့လုပ်နိုင်မယ်မှန်းမသိသေးပဲနဲ့ အီးမေးလ်ကနေ အတိအကျကြီး ဂတိပြန်မပေးပါနဲ့။ မသေချာပဲနဲ့ ဘယ်သူ့ကိုမှ ဘယ်တော့မှ အီးမေးလ်နဲ့ commit မလုပ်ပါနဲ့။ အာမသွားမခံပါနဲ့။ မဖြစ်မနေပြန်ရေးရမယ်ဆိုရင် ကိုယ်အလုပ်တွေ များနေလို့ priority ကို ဘော့စ်ကနေ တဆင့် ဆွေးနွေးပါ... ဘာညာနဲ့ ပြောတာပိုကောင်းပါတယ်။ ကိုယ်က commit လုပ်ထားပြီးရင် အဲဒီကိုယ်တော်ချောတွေက ကိုယ်ရေးထားတဲ့ မေးလ်ကို ရှိသမျှလူတွေဆီ publish လုပ်ပြီး push လုပ်လေ့လုပ်ထရှိကြတယ်လေ။

အဲဒါနဲ့ပြောင်းပြန် သူများက အလုပ်ကိစ္စ ကိုယ့်ကို commit လုပ်ထားတယ်ဆိုရင်လည်း evidence ရအောင်ယူတတ်ရပါမယ်။ သူတို့ကို gentle reminder ဆိုပြီး သူတို့ကိုယ့်ဆီပို့ထားတဲ့ မေးလ်က target date ကို reference ပြပြီးတော့ ပြီးနိုင်မပြီးနိုင်မေးရပါမယ်။ အရေးကြီးတဲ့ ရုံးကိစ္စတွေမှာ ပါးစပ်ကတိကို လုံးဝယုံလို့မရပါဘူး။တကယ်လို့.. ဥပမာ..သူတို့က ဖုန်းထဲမှာ ကိုယ့်ကို ဂတိပေးသွားတယ်ထားပါတော့...။ ကိုယ်က အီးမေးလ်ထဲမှာ ဒီလိုပြန်ရေးပြီး evidence ကို မရအရ ယူရပါတယ်။

As per our telecommunications on 26 September, I understand that your team has been working on xxxxxxx issue and expect to be finished by next week......

စသဖြင့်ပေါ့...။ အဲဒီတော့ သူက မေးလ်နဲ့ မပြောပေမဲ့ ကိုယ်က ကိုယ့်ဖာသာသူ့ဆီရေးပြီး ရအောင်ယူရတာပေါ့။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Wednesday, September 24, 2008

Business email writing tips - 2

Image from http://www.fotosearch.com/

ရုံးအီးမေးလ် တစ်စောင် ရေးပြီးပြီဆိုရင် ကိုယ်ရေးထားတာကို သေချာပြန်စစ်ပါ။ စာလုံးပေါင်းတွေ၊ ရေးထားတဲ့ အကြောင်းအရာ၊ အချက်အလက် စသဖြင့် သေချာစစ်သင့်ပါတယ်။ မစစ်ပဲ ဒီတိုင်းမပို့နဲ့ပေါ့နော်။ send လုပ်ပြီးသွားရင် ပြန် edit လုပ်လို့ မရတော့ပါဘူး။ အဲဒီတော့ contents, grammar နဲ့ spellingကို ကိုယ့်အီးမေးလ် မပို့ခင် အမြဲတမ်း double check လုပ်သင့်ပါတယ်။ ရေးပြီးတာနဲ့ ဘာမှမစစ်ပဲ ဗြုန်းဆျိုsend ကို click မခေါက်မိအောင်လုပ်ရပါမယ်။

ကိုယ်လုပ်တာကတော့ သိပ်အရေးကြီးပြီး သတိထားရေးရမဲ့ အီးမေးလ်တွေကို အကြမ်းသဘောရေးပြီး ချက်ချင်းမပို့သေးပဲ draft ထဲမှာ အရင်ဆုံး save ထားလိုက်ပါတယ်။ ပြီးမှ သေချာစစ်ပြီး ပို့ပါတယ်။ spelling တော့ auto check ရှိနေတော့ စစ်ရတာ လွယ်ပါတယ်။

နောက်ပြီး အရေးကြီးတာက တချို့နံမည်တွေဆို ကိုယ်နဲ့ familiar မဖြစ်တော့ နံမည်စာလုံးပေါင်း ကိုသေချာ ဂရုစိုက်ပါ။ တချို့က သူတို့နံမည် စာလုံးပေါင်းမမှန်ရင် စိတ်ဆိုးတတ်တယ်။ နောက်ပြီး male လား female လား မဝေခွဲနိုင်တဲ့ နံမည်တွေအတွက်...မသေချာရင် male ကိုပဲ ကိုယ်စားပြုပြီးပြောပါ။ မိန်းမကို ယောက်ျားနံမည်နဲ့မှားတာခံသာပေမဲ့ ယောက်ျားကို မိန်းမဆိုပြီး မှားရင် ပိုဆိုးမလားလို့လေ။ ကိုယ်ကတော့ တရုတ်နံမည်တွေ မသေချာရင် သူငယ်ချင်းတရုတ်တွေကို မေးကြည့်ပြီး ဒီနံမည်က မိန်းမလား ယောက်ျားလားဆိုတာ confirm လုပ်ရပါတယ်။

ပြီတော့ရေးတဲ့ နေရာမှာ tone ကိုဂရုစိုက်ပါ။ department ချင်းမတူတဲ့ သူတွေဆီမေးလ်ပို့ရင်၊ ကိုယ့်ဌာနကမဟုတ်တဲ့သူတွေရဲ့အကူအညီကိုယူရဖို့ရှိရင်၊ ဒါမှမဟုတ် သူတို့ဌာနဖက်က မှားနေတာတွေရှိလို့ ပြောရရင် အရေးအသားကို တတ်နိုင်သမျှ diplomatic ဖြစ်အောင်ရေးသင့်ပါတယ်။

ကိုယ့်ဌာနက မဟုတ်တဲ့သူတွေဆီက အကူအညီယူဖို့ဆိုတာ ပြေပြေလည်လည် ချောချောမွေ့မွေ အီးမေးလ်ရေးသားပြီး အကူအညီတောင်းတတ်ဖို့ လိုပါတယ်။ သူတို့ကို command ပေးတဲ့ ပုံစံမျိုးသွားရေးလို့ မရပါဘူး။ polite ဖြစ်ရပါမယ်။ သူတို့ကို pushing လုပ်တဲ့ သဘောမျိုးမပါအောင်သတိထားရပါမယ်။ formal အကူအညီတောင်းဖို့ဆိုရင် ကိုယ့်မန်နေဂျာနဲ့ သူ့မန်နေဂျာတို့ရဲ့ အီးမေးလ်တွေကို CC လုပ်ပေးဖို့မမေ့ပါနဲ့။ ဥပမာ... ကိုယ်တို့ ရုံးမှာဆို တခြား development group ရဲ့ immediate အကူအညီကိုလိုလာတယ်ဆိုပါတော့။ ရုံးကိစ္စသူတို့လုပ်ရမဲ့ အလုပ်ပင်ဖြစ်သော်ငြားလည်း သူတို့ရဲ့ ပုံမှန် routine အလုပ်တွေကြားထဲကနေ ကြားဖြတ်လုပ်ပေးရမဲ့ ကိစ္စဖြစ်တာကြောင့် ကိုယ်က သူတို့လုပ်ပေးချင်အောင်ရေးတတ်ဖို့လိုတယ်လေ။ ပြီးတော့ ဒါဟာအရေးကြီးတဲ့ official request ဖြစ်လို့ ၂ဖက် မန်နေဂျာတွေရဲ့မေးလ်တွေပါ CC လုပ်ပေးလိုက်တာပေါ့။ သိပ်ပြီး critical ကျတာဆိုရင် ဆိုင်ရာမန်နေဂျာတွေအားလုံးကို CC လုပ်လိုက်ပေါ့။

တကယ်လို့ တခြားဌာနတခုရဲ့ အမှားကို အီးမေးလ်ပြန်စရာရှိတယ်ထားပါတော့။ ကိုယ်ကသူတို့အမှားကိုသွားပြီး ပြင်းပြင်းထန်ထန်တွေထောက်ပြမိရင် ရေးမိရင် သူတို့ကလည်း ကိုယ့်အလှည့်ရောက်ရင် ညှာကြမှာမဟုတ်တော့ပါဘူး။ အဲသလိုရေးလိုက်လို့လည်း communication နဲ့ relationship မှာ ပိုဆိုးသွားတာကလွဲပြီး အကျိုးမရှိစေပါဘူး။ အဲဒီတော့ သူများအပစ်ကိုတွေ့တာတောင်မှ ပြင်းပြင်းထန်ထန်တွေမရေးပဲ ပြေပြေပြစ်ပြစ်နဲ့ အပစ်တင်တဲ့ ပုံစံမျိုးမပါအောင် ဂရုစိုက်ရေးတတ်ဖို့လိုပါတယ်။

ကဲ... ကိုယ်ရေးတာ အကြောင်းအရာမှန်မှန်ကန်ကန်၊ စာလုံးပေါင်းမှန်မှန်ကန်ကန် အားလုံးအဆင်ပြေပြီဆိုရင် အပိတ်စကားလုံးရေးရမယ်။ ထုံးစံကတော့ Thank you and Best Regards စသဖြင့်ပေါ့။ ပြီးရင် ကိုယ့်ရဲ့ နံမည် အပြည့်အစုံ၊ ရာထူး၊ ဌာန၊ ဖုန်းနံပါတ်စတာတွေကို signature အနေနဲ့ ထည့်ထားသင့်ပါတယ်။ signature မှာ ကိုယ့်နာမည်ကို အပြည့်အစုံရေးတာကောင်းပါတယ်။ ဖုန်းနံပါတ်ထည့်ထားလိုက်တော့ အရေးကြီးတဲ့ ကိစ္စဆိုရင် သူက ကိုယ့်မေးလ်ကနေ ကိုယ့် နံပါတ်ကြည့်ပြီး ခေါ်လို့ရတော့ အဆင်ပြေစေပါတယ်။ ကိုယ့် customer ကိုမေးလ်ပို့တာဆို အရေးကြီးဆုံး ကိုယ့် contact info ကိုထည့်ထားမှ သူတို့ကကိုယ်မေးလ်ထဲက info ကိုစိတ်ဝင်စားလို့ ဆက်သွယ်ချင် ဆက်သွယ်လို့ရမှာပေါ့။

signature ကို template ထဲမှာ တခါထဲ ထည့်ထားလိုက်ရင်ရပါတယ်။ ကိုယ်ကတော့ signature မှာ နံမည်တွေအပေါ်က Best Regards ပဲရေးထားတယ်။ အပိတ် Thank you ကလိုသလို အခြေအနေအရပြောင်းရေးချင်လို့...။
ပုံမှန်ဆို Thank you လို့ရေးတယ်။
သိပ်ကျေးဇူးတင်ချင်ရင် Thank you so much (ခင်တဲ့သူ) or
Thank you very much (သိပ်မသိတဲ့သူ) ...
ဒါမှမဟုတ် Thanks in advance (ကိုယ်ကအကူအညီတောင်းထားရင်)...
ကိုယ့်သူငယ်ချင်းက အလုပ်များတဲ့အထဲက ကိုယ့်ကို official request ကြောင့်မဟုတ်ပဲ ရှင်းပြပေးတာ ကူညီတာမျိုးဆိုရင် Thanks a million or A Miilion Thanks..
ဒါမှမဟုတ်...
Thanks again!
Thanks for kind support!
Thanks for your help!
စသဖြင့် စိတ်ထဲပေါ်တာ အဆင်ပြေသလို လျှောက်ရေးတာပါပဲ။

တခုမမေ့ရမှာ၊ သတိထားရမှက အီးမေးလ်ဆိုတာ အမြဲတစေသုံးဖို့လိုအပ်တဲ့ အရာမဟုတ်ပါဘူး။ မလိုအပ်တာကို အီးမေးပို့ခြင်းမှ ရှောင်ကျဉ်ပါ။ တခါတလေမှာ အီးမေးလ်နဲ့ ရေးလိုက်တာထက် ဖုန်းနဲ့ပြောတာ၊ မျက်နှာချင်းဆိုင်စကားပြောလိုက်တာက ပိုပြီးကောင်းပါတယ်။ ဘေးချင်းကပ်ထိုင်နေတဲ့သူကို အီးမေးလ်ပို့ပြီး မင်း အဲဒီအလုပ်ပြီးပြီလားလို့မေးတာ သိပ်အရုပ်ဆိုးပါတယ်။ ဒါမှမဟုတ် ငါ..ဒါကိုနားမလည်လို့ ရှင်းပြပါဆိုပြီး အီးမေးလ်နဲ့ တဌာနထဲကလူကို ရေးနေစရာမလိုပါဘူး။ သူ့စားပွဲကိုသွား... ကိုယ့်ကို ဒါလေးရှင်းပြပါဆို ပြီးနေပါပြီ။ တကယ်လို့သာ တဖက်သူကလက်ပေါက်ကပ်တဲ့သူဖြစ်လို့၊ ကိုယ်က အီးမေးလ်နဲ့ prove လုပ်ဖို့ လိုတယ်ဆိုရင်တော့ သုံးပေါ့လေ။

နောက်တော့ အီးမေးလ်ဆိုတာ immediate medium လည်းဖြစ်၊ easily and highly accessible လည်းဖြစ်လို့ အရမ်းသတိထားရပါမယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Business email writing tips - 1

Image from http://www.fotosearch.com/

ရုံးသုံး (Business E-mail) ရေးတဲ့အခါ ဆောင်ရန် ရှောင်ရန်လေးတွေ ရေးပေးလိုက်ပါတယ်နော်။ ကိုယ်သိသလောက်၊ မြင်သလောက်လေးပေါ့...။

ခုခေတ်မှာ အီးမေးလ်ဆိုတာ လူတိုင်းနဲ့မစိမ်းကြတော့ပါဘူးနော်။ သူငယ်တန်းကလေးကအစ အီးမေးလ်ဘယ်လိုပို့ရမယ်ဆိုတာ သိနေကြပါပြီ။ ဒါပေမဲ့ ရုံးမှာ အသုံးပြုတဲ့အခါ Business E-mail ဖြစ်တဲ့ အတွက် သတိထားပြီး သုံးရမှာတွေ ရှိလာပါပြီ။ အဲဒီ သတိထားရမှာလေးတွေကို အချက်လေးတွေနဲ့ ပြောသွားမယ်နော်...။ သိပြီးသားဖြစ်တဲ့သူတွေကတော့ ကျော်ဖတ်သွားကြပေါ့ကွယ်။

၁) ကိုယ့်မှာ ရုံးကပေးထားတဲ့ ရုံးအီးမေးလ်ရှိတယ်ဆိုရင် ရုံးကိစ္စကို ကိုယ်ပိုင်အီးမေးလ် (ဥပမာ - yahoo, gmail) စတာတွေ သုံးပြီး မပို့သင့်ပါ။ အဲဒီလိုပဲ ကိုယ့်ရဲ့ personal ကိစ္စအတွက်ကို ရုံးအီးမေးလ်သုံးပြီး မပို့ပါနဲ့။

၂) အီးမေးလ်ပို့ပြီဆို Subject line ကို ထည့်ဖို့ မမေ့ပါနဲ့။ အဲဒီ Subject line က အဓိက ကိုယ့်အီးမေးလ်ထဲမှာပါမဲ့ အချက်အလက်နဲ့ ကိုယ်ဆိုလိုချင်တာကို ဖတ်တဲ့သူသိအောင် ခေါင်းစဉ်လေးပြောပြသလိုပေါ့။ ဥပမာ... အလုပ်တွေလျှောက်တဲ့အခါ subject မှာ Application for Systems Engineer ဆိုပြီးရေးသလိုပေါ့။ စာကို ဖွင့်မဖတ်ခင် subject ကြည့်လိုက်တာနဲ့ ... အော်... ဒီမေးလ်က အလုပ်လျှောက်တဲ့ မေးလ်ဆိုတာ တခါထဲတန်းသိတာပေါ့။ နောက်တခုက subject မပါတဲ့ မေးလ်ဆိုရင် Junk folder ထဲကို ရောက်သွားတတ်လေ့ရှိပါတယ်။ ဒါမှမဟုတ် Virus ဖြစ်နိုင်တယ်ဆိုပြီး တခါထဲ delete လုပ်လိုက်ရင်လည်း လုပ်တတ်လေ့ရှိပါတယ်။ ကိုယ်ဆိုရင်တော့ Subject မပါတဲ့ မေးလ်ဆိုရင်၊ အလုပ်ကလည်းများနေရင် ဖွင့်ကို မဖတ်ဖြစ်တော့ဘူး။

၃) စရေးတော့မယ်ဆို... ပုံမှန်ကတော့ Hello ဒါမှမဟုတ် Hi ပေါ့။ Dear ကတော့ too formal ဖြစ်လွန်းတာပေါ့နော်။ Hello Mr. Chan, အဲဒီလိုလေးစရေးပေါ့။ အဲဒီလို နှုတ်ခွန်းမဆက်ပဲ တခါထဲ ကိုယ်ရေးချင်တာကို တန်းရေးတဲ့မေးလ်မျိုးကို ကိုယ်ကတော့ သိပ်မုန်းပါတယ်။ ရိုင်းတယ်လို့လဲထင်ပါတယ်။ စိတ်ထဲမှာ နံမည် မခေါ်ပဲ ..ဟဲ့... လို့အခေါ်ခံလိုက်ရသလိုပါပဲ။

ကိုယ်ကတော့ နံနက်ပိုင်း ရေးတဲ့မေးလ်မှာဆို ... Hello Good Morning Mr. Chan, စသဖြင့် လေးရေးပါတယ်။ လူအများကြီးကိုရေးရရင် Dear All, Good Morning! အဲဒီလိုလေးနဲ့ စပါတယ်။ နေ့လည်ဆို Good Afternoon! ညနေဆို Good Evening လေးထည့်ပြီးရေးပါတယ်။ ကိုယ်ကအဲဒီလိုလေး အစချီလိုက်တော့ သူတို့တွေစိတ်မှာ ဘာပဲ ဖြစ်ဖြစ် စိတ်ကြည်သွားစေတယ်လို့ ယူဆလို့ပါ။

၎) ကဲ... စရေးပါပြီ။ ကိုယ်ဆိုလိုချင်တာကို တိုတိုနဲ့ ရှင်းရှင်းလင်းလင်း ထိထိမိမိ ရေးပါ။ အီးမေးလ်အရှည်ကြီးတွေကို ဘယ်သူမှ စိတ်ရှည်လက်ရှည် ဖတ်ဖို့အချိန်မရှိပါဘူး။ ဥပမာ... မလိုအပ်ပဲနဲ့ story တွေလျှောက်ရေးတာမျိုးပေါ့။ သူငယ်ချင်းနဲ့ စကားပြောနေတာမဟုတ်ပါဘူး။ ရုံးကိစ္စပြောနေတာဖြစ်တာမို့ လိုရင်းကိုပဲ ပြောဖို့လိုပါတယ်။ ရုံးမှာ delay ဖြစ်နေတဲ့ ကိစ္စဖြေရှင်းရမှာကို... ရုံးကိစ္စရေးရမှာကို ... ကိုယ့် personal ကိစ္စတွေကို ပုံပြင်သွားမပြောမိစေနဲ့ပေါ့နော်။ ဥပမာ... မိန်းမနဲ့ကလေးကို မြန်မာပြည်မှာထားခဲ့ရတာ ဒီမှာ ၁ယောက်ထဲနေနေရတော့ အဆင်မပြေတာ.. လွမ်းတာ... ဘာညာတွေ ပုံပြင်တွေ ထည့်မရေးရဘူးနော်။

စာတွေကိုပြွတ်သိပ်ပြီးလည်း မရေးပါနဲ့။ အလွယ်တကူဖတ်လို့ရတဲ့ font, color တွေကိုပဲ သုံးပြီးရေးပါ။ အရေးကြီးတာကိုကွက်ပြီး highlighted လုပ်ချင်ရင်တော့ အဲဒီစာလုံးကိုပဲ ထင်ထင်ရှားရှားဖြစ်အောင် bold လုပ်ပြီး၊ ဒါမှမဟုတ် အရေးတကြီးကိစ္စမျိုး ပိုပြီးသတိထားမိအောင်ပြောရမဲ့အရာမျိုးကို အနီရောင်လေးနဲ့ အစိမ်းရောင်လေးနဲ့ ကွက်ပြီး color လုပ်ပေးနိုင်ပါတယ်။

Capital letters တွေသုံးပြီးမရေးပါနဲ့။ Capital letters တွေချည်းပဲသုံးပြီးရေးထားတဲ့ မေးလ်က junk mail folder or spam mail ထဲကိုရောက်သွားတတ်လေ့ရှိပါတယ်။

ှSimple English ကိုသုံးပါ။ နားလည်ရခက်တဲ့ အင်္ဂလိပ်ဝေါဟာရမျိုးမသုံးပါနဲ့။ မန်နေဂျာ၁ယောက်တွေ့ဘူးပါတယ်။ လူအထင်ကြီးအောင်ဆိုပြီး Simple English နဲ့မရေးဘူး။ စာလုံးတွေကို win word မှာ Thesaurusနဲ့သွားပြီး ခက်တဲ့ စာလုံးတွေနဲ့ စကားလုံးလှယ်ပြီးရေးတာတွေ့ဘူးတယ်။ သူ့ကို အားလုံးက အူကြောင်ကြောင်လူလို့ သတ်မှတ်ထားကြတယ်။

ဒါပေမဲ့ Grammar ကိုတော့ တတ်နိုင်သမျှမှန်အောင်ရေးရပါမယ်။ Grammar လေးတောင်မှ မှန်အောင်မရေးနိုင်တဲ့သူကို ကိုယ့်မေးလ်ဖတ်ရတဲ့သူက ဘယ်လိုမှ အထင်မကြီးပါဘူး။ အထင်မကြီးတာထက် ကိုယ်ဆိုလိုချင်တာ သူအဓိပ္ပါယ်ကောက်တာလွဲသွားရင် ပိုဆိုးပါလိမ့်မယ်။

Business mail မှာ emotion icon တွေ မသုံးပါနဲ့။ သူငယ်ချင်းတွေနဲ့ပြောနေကြ၊ ရေးနေကြဆိုပြီး ရုံးအီးမေးလ်မှာ သွားပြီးမသုံးပါနဲ့။

ကိုယ်က ဘယ်သူ့ဆီရေးနေတာလဲဆိုတာ သေသေချာချာ သဘောပေါက်ရပါမယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဆီလား၊ ကိုယ့်မန်နေဂျာလား၊ ကိုယ့်ရဲ့လက်အောက်ကလူလား၊ သတိထားဆက်ဆံရမဲ့ ကာစတန်မာလား.. သူတို့ဘာလဲဆိုတာ မရေးခင် သေချာနားလည်ပြီး သူတို့နဲ့ အဆင်ပြေ လိုက်လျောညီထွေရှိစေမဲ့ အရေးအသား၊ အသုံးအနှုန်းမျိုးနဲ့ရေးသားရပါမယ်။ နောက်တော့ ... ကိုယ်ရေးနေတဲ့သူက ကိုယ်နဲ့အရင်ကစကားပြောဘူးတဲ့သူလား။ တခါမှ မတွေ့ဘူးတဲ့သူလား။ ခင်တဲ့သူလား။ လက်ပေါက်ကပ်တတ်တဲ့သူလား။ စိတ်တိုတတ်သလား။ သဘောကောင်းသလား။ ဒါတွေပေါ်မူတည်ပြီးလည်း ကိုယ်က လိုက်လျောညီထွေအောင်ရေးရပါမယ်။

ဥပမာ... ကိုယ်ဆိုရင် သိပ်မသိတဲ့သူဆိုရင်... Formal ဖြစ်အောင်ရေးပါတယ်။ ကိုယ်ဆိုလိုချင်တာ ပြောချင်တာ သူလုပ်ရမဲ့ကိစ္စတွေကို တိုတိုတုတ်တုတ်ရေးပါတယ်။ ဟော... ကိုယ်နဲ့ ခင်တဲ့သူ သိတဲ့သူကိုပဲ အတူတူအကြောင်းအရာ ကိုပြောတာပါပဲ။ ဒါပေမဲ့ သူ့ကျတာ့ ခင်နေတဲ့သူဆိုတာ့ နည်းနည်း အလာပ သလာပလေး ပြောပေးပြီးတော့မှ ကိုယ်ပြောချင်တာလေး ပြောရပါတယ်။

ဥပမာ ကြည့်ပါ...။ US က Colorado နဲ့ Boston ရုံးက လူ၂ယောက်ဆီကို same topic ရေးတာပါ။ Colorado ကလူကတခါမှမသိဘူး မမြင်ဘူးတဲ့သူပေါ့။ Boston ကလူကတော့ ကိုယ်သွားတုန်းက ခင်ခဲ့တဲ့သူပေါ့။

Mail to Colorado


Hello Dave S,

This is Suuchit from SGP Firmware Dev group.


New XXXXXX firmware code has been released for XXXXXXX test.
We may need to test it out by this week. Test engineering is doing verification and will let you know if there is any problem. Please kindly proceed with new XXXXX code for xxxxxxxxxxx development.

Thanks.

Best Regards,

SuuChit

XXXXX

Mail to Boston

Hello Matt, Good Morning to you!

How are you? Wish you all are doing very well.
So...you're heading into cool fall/autumn weather now!! Too bad I couldn't have come to Boston at this time of year.


New XXXXXX firmware code has been released for XXXXXXX test.
We may need to test it out by this week. Test engineering is doing verification and will let you know if there is any problem. Please kindly proceed with new XXXXX code for xxxxxxxxxxx development.

Thanks and talk to you later!

Best Regards,

SuuChit

XXXXX


မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, July 8, 2008

Bond with Singapore Jobs

Image from http://www.fotosearch.com/

စင်ကာပူကအလုပ်တွေရဲ့ ဘွန်း (Bond) နဲ့ (Contract) တွေအကြောင်း ပြောကြရအောင်နော်။ စင်ကာပူမှာ အလုပ်တခု စ၀င်တဲ့ အခါ Company တွေပေါ်မှာ မူတည်ပြီး ဘွန်းထိုးရတာတွေရှိပါတယ်။ ပထမအမျိုးအစားက အလုပ်စခန့်ခန့်ချင်းမှာပဲ ကိုယ့်ကို job training သင်တန်းတွေပေးမယ်။ အနည်းဆုံး ၁နှစ်တော့ လုပ်ပေးရမယ်။ အဲဒီမှာ ကိုယ်က HR မှာ Contract အနေနဲ့ လက်မှတ်တွေ၊ ဘာတွေ ထိုးထားရမယ်။ ဘွန်းဖျက်ရင် လစာ ၂လစာ ပြန်လျှော်၊ ဘာညာ စသဖြင့်ပေါ့။

နောက်တခုက Company ကလွှတ်တဲ့ သင်တန်းသွားတက်ခဲ့တဲ့သူတို့၊ ဘာတို့ပေါ့။ ၃လသင်တန်းဆို ဘွန်း ၆လ ၊ ၃လနဲ့ အထက်ဆို ၁နှစ် စသဖြင့် ရှိပါသေးရဲ့။ Company ကနေ Project Transfer တို့ ဘာတို့ သွားထားပြီး Project မပြီးခင်ထွက်ရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ ဘွန်းတွေ ထားလေ့ရှိပါတယ်။ ထားလည်းထားသင့်တယ်လို့ ထင်ပါတယ်။

နောက် တခုက Company ကနေပြီး တခြားနိုင်ငံကိုသွားပြီး အလုပ်ခန့်ဖို့ခေါ်လာတဲ့သူမျိုးပေါ့။ အနည်းဆုံး ဘယ်နှယ်နှစ်လုပ်ရမယ် ဆိုပြီး ဘွန်းထိုးထားရတာလည်းရှိတယ်။ ကိုယ် မြင်ဘူးတာကတော့ အရင် အလုပ်တစ်ခုမှာ အိန္ဒိယ နဲ့ တရုတ် ကနေခန့်ထားတဲ့ အင်ဂျင်နီယာတွေရှိတယ်။ Company က အဲဒီနိုင်ငံတွေကိုသွား Interview ပြီး ခန့်လာခဲ့တဲ့သူတွေလေ။ သူတို့ ဘွန်း ၅နှစ်တောင် ထိုးရပါတယ်။ ၅နှစ်မပြည့်ခင်ထွက်ချင်ရင် ဘယ်လောက်လျှော်ပေါ့။ အဲဒီမှာ အိန္ဒိယ အင်ဂျင်နီယာတယောက်နဲ့ သူ့မန်နေဂျာ အဆင်မပြေဖြစ်ပြီး သူကထွက်တယ်။ ၅နှစ်မပြည့်သေးတော့ စာချုပ်ထဲက အတိုင်း လျှော်ပေးရပါတယ်။ HR Contract မှာ လက်မှတ်ထိုးထားလို့ မလျှော်ဘူးလုပ်လို့မရပါဘူး။ စကားမစပ်....သူသွားပြီး ၂ပတ်လည်းကြာရော... သူရေးခဲ့တဲ့ program တွေအားလုံး Expired, If you want to use, pls contact to administrator ဆိုပြီးဖြစ်အောင်လုပ်သွားခဲ့တယ်။

နောက်တခုတွေ့ဘူးတာက Company ကနေ Professional Training သင်တန်းသွားတက်တဲ့သူတွေဆို ဘွန်းထိုးရပြန်ရော။ သင်တန်းကြေးအနည်းအများပေါ်မူတည်ပြီး ဘွန်းထိုးရတာပါ။ ဥပမာ... ရုံးကနေ SAP သင်တန်း (အဲဒီ SAP သင်တန်းက စလုံးငွေ ၂သောင်းလောက်ပေးရတာပါ။) သွားတက်ထားတဲ့သူက ၆လလောက်အရောက်မှာ နောက်အလုပ် တခုကောင်းကောင်းက offer ရတော့ လျှော်ပြီးထွက်တယ်လေ။ တက်ထားတဲ့ သင်တန်းကြေးထက် ပိုပြီးလျှော်ရတာပါနော်။ Company အသစ်က သူ့ကိုလိုချင်တော့ သူ့အတွက်လျှော်ပေးတာပေါ့။

Individual Company ပေါ်မှာပဲမူတည်ပါတယ်။ ခုကိုယ်လက်ရှိ လုပ်နေတဲ့ Company ကတော့ ဘာသင်တန်းတွေ တက်တက်၊ ဘာ Oversea Project Transfer ပဲသွားသွား...လုံးဝ ဘွန်း မရှိပါဘူး။ ဒါပေမဲ့ လူတွေက Company ပိုက်ဆံတွေနဲ့သင်တန်းတွေ တက်... Oversea Project Transfer သွားပြီးမှ ၂လ၊ ၃လလောက်နဲ့ အလုပ်တွေထွက်ကုန်တာ စိတ်ပျက်ဖို့ကောင်းတယ်။ ကိုယ့် Responsibility တော့ကိုယ်သိဖို့ ကောင်းပါတယ်နော်။

တနေ့က အသိ အမကြီးက သူအလုပ်ဝင်နေတာ ၃လမပြည့်သေးဘူး။ အလုပ်ပြောင်းမလို့ရှာနေတယ်တဲ့။ သူဝင်တုန်းက သူ့ကို Company က သင်ပေးမယ်။ ဘွန်း၂နှစ်လို့ ဆိုတာသိထားတော့ ကိုယ်ကလည်း... ဟင်ဘွန်းက ဘယ်လိုလုပ်မတုန်းလို့ မေးမိတယ်။ သူကပြောတော့... သူ့ဘွန်းက ပါးစပ်ကတိပဲတဲ့။ ဘာမှ စာချုပ်မရှိဘူးတဲ့။ စာချုပ်မရှိပဲ ပါးစပ်ကတိဆိုရင်တော့ ဘာမှ မဖြစ်လောက်ဘူးပေါ့နော်။ ဒါပေမဲ့ ဘာလို့ထွက်ချင်တာလဲ သူ့ကိုမေးတော့ လည်းရေရေရာရာ အဖြေကမရှိဘူး။

ကိုယ်လုပ်နေတဲ့ Company ကတကယ့်ကို ဆိုးလွန်းလို့ ဘယ်လိုမှ အလုပ်ဆက်ပြီး လုပ်ရင်မဖြစ်နိုင်တော့လို့ ဘွန်းကို ဖျက်ပြီးထွက်ကြတယ်ဆိုရင်တော့ ဟုတ်တာပေါ့။ ဘာမှ မဟုတ်တာလေးနဲ့ တော့ ပါးစပ်ကတိဖြစ်ဖြစ်၊ စာချုပ်ကတိဖြစ်ဖြစ် မဖျက်တာအကောင်းဆုံးပါပဲ။ ခုအလုပ်က ပင်ပန်းလို့ဆိုပြီးထွက်မယ်လုပ်။ နောက်အလုပ်က မပင်ပန်းဘူးတော့ မထင်လိုက်ပါနဲ့။ ဒီအလုပ်က လူတွေက ဆိုးတယ်ထင်လို့ ထွက်မယ်လုပ်... နောက်အလုပ်မှာတော့ ဒီထက်ကောင်းမဲ့သူတွေ ရှိနေမယ်လို့ မမျှော်လင့်ထားပါနဲ့။ အကောင်းဆုံးကတော့ (လူကိုလူလို ကို လုံးဝမဆက်ဆံလို့ စိတ်ညစ်လို့ အလုပ်ထွက်တာမှအပ) ကိုယ်ဝင်မိလိုက်တဲ့ အလုပ်မှာ အနည်းဆုံး ၁နှစ်တန်သည်၊ ၂နှစ်တန်သည် နေပြီး... ရနိုင်သလောက် ကြိုးစားပညာယူသင့်တယ်လို့ထင်ပါတယ်။ ၃လလောက်နဲ့တော့ အလုပ် Experiences တွေ အများကြီးရှိပြီးသူမှ အပ ခုမှ စအလုပ်ဝင်တဲ့သူဟာ အလုပ်ခွင်မှာ ဘယ်လိုမှ အခြေကျနိုင်မှာ မဟုတ်ပါဘူး။ ဒါကို စိတ်ပျက်ပြီး အလုပ်ထွက်ရင် နောင်အလုပ်မှာလည်း ဒီပြဿနာမျိုးနဲ့ပဲ ထပ်တွေ့ရမှာပါပဲ။

ရေးရင်းနဲ့ စာကရှည်သွားပြီ။ အချုပ်ပြောရရင် ဘွန်းတွေရှိပါတယ်။ ဖေါက်ဖျက်ခဲ့ရင် ဘယ်လိုပေးရမှာ၊ လျှော်ရမှာ ဆိုတာတွေက ကိုယ် စာချုပ်တုန်းကပေါ်မှာ မူတည်ပါတယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Thursday, June 5, 2008

When you join new job!


ရုံးတရုံးမှာ ကိုယ်က လူသစ်အနေနဲ့ ၀င်လာပြီဆိုရင် အဲဒီရုံးကလူတွေနဲ့၊ ကိုယ်နဲ့အတူတွဲလုပ်ရမဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ သဟဇာတ ဖြစ်အာင်ပေါင်းဖို့လိုပါတယ်။ ပြီးတော့ ဘယ်သူကဘယ်လို Character ရှိတယ်၊ ဘယ်သူက ဘယ်လို Style မျိုးရှိတယ်ဆိုတာ Observe လုပ်ပြီး သူတို့ နဲ့ အလိုက်သင့် ပေါင်းရပါမယ်။ ကိုယ့်ရဲ့ Boss က ကိုယ့်နဲ့ အဆင်ပြေဖို့ အရေးကြီးသလို၊ ကိုယ့် လုပ်ဖေါ်ကိုင်ဖက်တွေက ကိုယ့်အပေါ် အမြင်ကြည်ဖို့ ကလည်း အများကြီး အရေးကြီးပါတယ်။ ဒါမှ အတူတူတွဲလုပ်ရမဲ့ team work အတွက်ရော...ကိုယ့်က တယောက်ယောက်ရဲ့ အကူအညီလိုရင်ကော...အဆင်ပြေနိုင်မှာပါ။ အလုပ်ထဲမှာ Boss နဲ့ အဆင်မပြေတာထက် လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆင်မပြေရင် ပိုဆိုးပါတယ်။
စုချစ်ရဲ့ Tips လေးတွေ မျှဝေလိုက်ပါတယ်။

၁) Smiling and Greeting
ကိုယ်က လူသစ်ဆိုတော့ ကိုယ့် အဖွဲ့ကလူတယောက်ယောက်နဲ့ ရုံး ထဲမှာ မျက်နှာချင်းဆိုင် တွေ့တွေ့၊ Pantry မှာပဲ တွေ့တွေ့၊ Wash Room မှာပဲတွေ့တွေ့ နှုတ်ဆက်ပါ။ How are you? ဒါမှမဟုတ်..Have you finished your breakfast? စသဖြင့် အလာပ သလာပလေး ပြောပေးပါ။ ဒါမှမဟုတ်....အနည်းဆုံးပြုံးပြ နှုတ်ဆက်ပါ။ မနက်ပိုင်းတွေ့ကြရင်လည်း Good Morning ပေါ့။ ညနေပိုင်း အပြန်ကားဂိတ်မှာ တွေ့ကြရင်လည်း ဘယ်မှာနေလဲ... ဘာညာ သာရကာလေး အာရွှီးပေးပေါ့။ မမြင်ချင်ယောင်မဆောင်ပါနှင့်။

၂) Follow your colleagues for Breakfast or Lunch

ကိုယ်က အသစ်ဝင်လာတဲ့သူဆိုရင်...အနည်းဆုံး နေ့လည်စာစားဖို့ သူတို့ သွားကြရင်ခေါ်မှာပေါ့နော်..။ အဲဒီလိုဆိုရင်..သူတို့နဲ့ ထမင်းအတူတူလိုက်စားဖို့ ကြိုးစားပါ။ ရုံးထဲမှာ အလုပ်လုပ်နေရင်း နဲ့ ကတော့ သူတို့နဲ့ မြန်မြန် ရင်းနှီးဖို့ မလွယ်ပါဘူး။ သူတို့နဲ့ မြန်မြန်ရင်းနှီး ခင်မင်ချင်တယ်ဆိုရင် ထမင်းစားချိန်၊ ဒါမှမဟုတ် မနက်စာ စားချိန်တွေမှာ လိုက်သွားပြီး ခင်မင်အောင်ပေါင်းပါ။ အဲဒီမှာ စကားပြောရင်း ကိုယ်မသိသေးတဲ့ ရုံးအကြောင်းတွေကအစ သူတို့ဆီက ကြားရပါလိမ့်မယ်။ ပြီးတော့ အဲဒီလို သူတို့နဲ့ လိုက်သွားရင်း ပိုပြီး ခင်မင်လာမယ်။ သူတို့တွေရဲ့ စရိုက်တွေကိုလည်း ကိုယ်က ပိုသိလာမယ်။ သူတို့ရဲ့ စရိုက်တွေ ကို သိလာရတော့ ဘယ်သူကို ဘယ်လို ပေါင်းရမယ်ဆိုတာ ကိုယ့်ဘာသာ မှန်းဆနိုင်တယ်။ ဆေးလိပ်သောက်တတ်တဲ့ သူတွေဆိုရင်လည်း ဆေးလိပ်ဆင်းသောက်ရင်း မီးလေးဘာလေး ညှိပေးရင်း စကားစမြည်လေး ကိုယ်က စပြောပေါ့။ ခင်မင်သွားပြီဆို ကိုယ်အကူအညီလိုတဲ့အခါ လူတွေကပိုပြီးကူညီချင်ပါမယ်။ ကိုယ့်အဖွဲ့ကလူတွေနဲ့ တခါမှ စကားမပြောပဲ အကူအညီလိုမှ သူတို့ကို သွားပြောရင် ၀တ်ကျေတန်းကျေပဲ ပြောပြကြပါလိမ့်မယ်။

၃) Discuss Your Issue with Your Teammates First
Team Work အလုပ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်မှာ ပြသနာပေါ်ရင် ကိုယ့် Team members တွေနဲ့ အရင်ဆွေးနွေးပါ။ ညှိနှိုင်းကြည့်ပါ။ ဘယ်သူနဲ့မှ ဘာမှ မဆွေနွေးပဲနဲ့ ပြသနာကို မန်နေဂျာဆီကို တိုက်ရိုက် သတင်းပို့ခြင်းမှ ရှောင်ကျဉ်ပါ။ တကယ်လို့ မန်နေဂျာဆီ သတင်းပို့ ချင်တယ်ဆိုရင် ကိုယ့် အဖွဲ့ဝင်တွေနဲ့ တ်ုင်ပင်ပြီးမှ သတင်းပို့ပါ။

၎) Show your Acknowledgment Properly
ကိုယ်က Project တခု ပြီးသွားပြီဆိုပါစို့။ ကိုယ်က အခုမှ Join ခါစ....ကိုယ်လုပ်တဲ့ Project ဟာ ကိုယ်လုပ်နိုင်လို့ ပြီးသွားတာ ဆိုနိုင်သော်ငြားလည်း.... ကိုယ်ဒီအလုပ်ကို အထမြှောက်ဖို့ နှုတ်အားနဲ့ ကူညီပေးခဲ့သူတွေ၊ Information ရှာပေးခဲ့သူတွေ ရှိခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ သူတို့ တွေကို e-mail နဲ့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့် project presentation လုပ်တဲ့အခါ Acknowledge page မှာပဲ ဖြစ်ဖြစ် နာမည်လေးတွေရေးပြီး သူတို့လုပ်အားကို recognize လုပ်ပေးရပါမယ်။ ကိုယ်တစ်ယောက်ထဲ နာမည်သိမ်းကြုံးယူလိုက်ရင်... အမြင်ကပ်ပုဒ်မနဲ့ နောင်ကို ကူညီချင်သူ ရှားသွားပါလိမ့်မယ်။ အဲဒီလို သူတို့ နာမည်လေးတွေထည့်ပေးလိုက်လို့ ကိုယ်ဘာမှ မယုတ်လျှော့တဲ့အပြင် နောင်ရေရှည်ဆက်ဆံရေးမှာလည်း ပိုပြီး ကောင်းလာစေပါတယ်။

Saturday, April 19, 2008

Interview Tips

စင်ကာပူမှာ အလုပ်ရှာနေတဲ့ မောင်ညီမလေးများအတွက် အဆင်ပြေစေရန် ရည်ရွယ်၍ Interview Tips လေးတွေ စဉ်းစားမိသလောက် ရေးပေးလိုက်ပါတယ်။

၁) Tell me about yourself!

Typical မေးခွန်း ပထမဆုံးမေးတတ်တာကတော့...
Could you please tell me about yourself? ပါပဲ။
အဲဒါဟာ ကြိုတင်ပြင်ဆင်နိုင်တာမို့လို့ ကိုယ့်အကြောင်းပြောချင်တဲ့ key points တွေကို ကြိုတင်ပြင်ဆင်သွားစေလိုပါတယ်။ ကိုယ်Interview ၀င်တဲ့ Position အတွက် Attractive အဖြစ်နိုင်ဆုံး ကိုပဲရွေးပြီး ပြောသင့်ပါတယ်။ မလိုတာကို မပြောသင့်ပါဘူး။

ဥပမာ...ကိုယ်ကမတူတဲ့ Field၂ခုလောက်မှာအလုပ်လုပ်ဘူးတယ်ဆိုပါစို့။ ခုလျှောက်တဲ့ အလုပ်က ပထမအလုပ် Field နဲ့ မသက်ဆိုင်ဘူး၊ ဒုတိယလုပ်ခဲ့တဲ့ အလုပ်နဲ့ ပိုဆိုင်တယ်ဆိုရင်...အဲဒီပထမ အလုပ်အကြောင်းကို တိုတိုတုတ်တုတ်ပဲပြောပါ။ ဆိုင်တဲ့ အလုပ်ကဟာကိုပဲ ကိုယ်က ဘယ်လို တာဝန်တွေယူခဲ့ရတာဆိုတာ ပေါ်လွင်အောင်ပြောပြပါ။

အဲဒီမှာလဲ ကိုယ်တကယ်လုပ်ခဲ့တာကိုပဲပြောပါ။ တချို့က အထင်ကြီးအောင် မလုပ်ခဲ့ဘူးတာ၊ မလုပ်တတ်တာတွေကိုလည်း လျှောက်ပြောရင် ဟိုက အသေးစိတ်ဘယ်လိုဆိုတာလဲမေးရော မဖြေတတ်တော့ဘူး။ အဲဒီကျမှ ပိုပြီး impression down သွားလိမ့်မယ်။ အဲဒါကြောင့် over sell လဲမဖြစ်ပါစေနဲ့။ မလိုလဲ မလိုစေနဲ့၊ မပိုလဲမပိုစေပါနဲ့။ ကိုယ်တတ်သလောက်၊ သိသလောက်ကိုပဲ ပြောပါ။ Fresh Grad အနေနဲ့ တခါမှ အလုပ်မလုပ်ဘူးရင်...ကိုယ်ဘာ Project တွေလုပ်ခဲ့ဘူးတယ်။ ဘယ်လို Software တွေ၊ ဘယ်လို Tools မျိုးတွေကို သုံးတတ်တယ်၊ ပြင်တတ်တယ်၊ ဒါမှမဟုတ် ဘယ်လို programming တွေရေးတတ်တယ် ဆိုတာကို ဂျက်ကျကျ ပြောနိုင်ဖို့ လိုပါတယ်။

တခါက...မြန်မာကောင်မလေး တယောက် ရုံးကို Interview လာဖြေတယ်။ Interview တဲ့ အဖွဲ့မှာ စုချစ်လဲပါနေတယ်။ တကယ်က အဲဒီတုန်းကခေါ်တဲ့ positions တွေက ဘာမှ ကြိုမတတ်ထား လဲရတယ်။ Company က Training ပေးမှာကိုး။ ပြသနာက သူ့ကို တခြား ဘာမှ ခက်ခက်ခဲခဲမမေးပါဘူး။ ဘာကျောင်းတက်ခဲ့လဲ၊ ဘယ်မေဂျာလဲ၊ ဘယ်တုန်းက ကျောင်းပြီးလဲ။ ဒီလောက်ပဲမေးတာ။ ပြီးတော့ Final year မှာ ဘာ project လုပ်သလဲမေးရော..မမလေးက မေ့နေတယ်လေ...။ သူ့ဟာက project အကြောင်းလဲ သေသေချာချာမပြောနိုင်...။ ခေါင်းစဉ်တောင်မှ မေ့နေလို့ မနည်းစဉ်းစားရတဲ့ပုံ။ ကျောင်းပြီးတာမှ...၂၊ ၃လ မပြည့်သေးဘူး။ဒါပေမဲ့...သူ့ attitude က မဆိုးဘူး။ အလုပ်လည်းကြိုးစားမဲ့ပုံ။ personality လေးကလဲ မဆိုးဘူး၊ စုချစ်ကတော့ မြန်မာ အချင်းချင်းလဲဖြစ်တော့ boss ကို ခန့်ဖို့တိုက်တွန်းခဲ့တာပေါ့။ ဒါပေမဲ့ boss ကသဘောမတူပါဘူး။ စုချစ်လဲ မတတ်နိုင်ပါဘူး။

၂) Why do you want to leave your current job?

အဲ...ဒုတိယ မေးခွန်း မေးတတ်တာကတော့...နောက်အလုပ်တခုကို ထပ်လျှောက်တဲ့ သူတွေအတွက် Typical မေးခွန်းပါပဲ။
boss နဲ့ မတဲ့လို့၊
ကိုယ့် colleagues တွေနဲ့အဆင်မပြေလို့၊
overtime တွေလုပ်ခိုင်းလို့၊
pressure တွေများလို့၊
စတဲ့..စတဲ့...negative ဖြစ်စေတဲ့.... အပြောမျိုး (ဟုတ်နေရင်တောင်မှ) ဘယ်တော့မှ....မပြောမိပါစေနဲ့။
များသောအားဖြင့် လူများစု ၀ိနည်းရှောင်ဖြေလေ့ရှိတာကတော့....
ခုလျှောက်တဲ့ အလုပ် Responsibility ကို ပိုပြီးစိတ်ဝင်စားလို့....
More challenges, or new challenges လိုချင်လို့....
စသဖြင့် ပြောလေ့ရှိကြပါတယ်။

၃) What do you think of this position and job?

အဲ...အပေါ်က မေးခွန်းလဲမေးပြီးရော..ဒီမေးခွန်းကို ဆက်မေးနိုင်ပါတယ်။
ခုခေါ်တဲ့ အလုပ်ရဲ့ Responsibility ကိုစိတ်ဝင်စားလို့ဆိုရင်...
ဒီအလုပ်က..ဘာတွေလုပ်ရမယ်လို့ထင်ပါသလဲပေါ့။
Interview ကိုမလာခင်...ခေါ်တဲ့ Position ရဲ့ Responsibility ကဘာတွေလဲဆိုတာ သေသေချာချာပြန်ဖတ်ပါ။ အလုပ်ခေါ်တဲ့ ကြော်ငြာထဲမှာ ဒါတွေကို များသောအားဖြင့် ရေးထားလေ့ရှိတတ်ပါတယ်။ တကယ်လို့ ..ကိုယ့်စိတ်ထဲမှာ...မသေချာရင်... Seniors တွေကို မေးကြည့်ထားပါ။ ဒီလို position မျိုးဆိုရင် ဘာတွေလုပ်ရသလဲဆိုတာမျိုးပေါ့။

ဒါမှမဟုတ် ကံကောင်းချင်လို့ ကိုယ်သွား interview မဲ့ Company မှာ အသိမြန်မာတွေရှိမယ်ဆိုရင်... အဲဒီလိုအလုပ်မျိုးက ဘာတွေလုပ်ရသလဲဆိုတာ..စနည်းနာသွားပါ။ သူတို့တုန်းက Interview မှာ ဘာတွေ မေးလေ့ရှိလဲဆိုတာတောင်မှ ကံကောင်းရင် Tips လေးတွေရနိုင်ပါတယ်။

၎) How well have you prepared for this position?/ What previous work experiences do you think that support for this position?

ဒီမေးခွန်းကို လည်း မေးတတ်ကြပါတယ်။ အဲဒီလိုဆိုရင်...ကိုယ့်ရဲ့ လုပ်ခဲ့တဲ့ အလုပ်တွေ ထဲက (relevant) ဖြစ်တာ... သက်ဆိုင်တာရှိရင်..ဆွဲယူပြီးပြောပေါ့။ တကယ်လို့များ အရင်ကဒါနဲ့ သက်ဆိုင်တာ မလုပ်ခဲ့ဘူးလို့ ပြောစရာမရှိရင်....ကိုယ့်ရဲ့ education background နဲ့ ဆွဲယူ့ပြီးပြောပါ။
ဥပမာ....

Although I don’t have experience doing this kind of work before, my education is giving me a considerable background on this area, ......etc..

ဘာညာဘာညာပေါ့...။
ဒါမှမဟုတ်...

My previous job field was also new to me. But, my interest and passion for xxxxxxxx was clearly the driving factor which allowed me to excel and expand my knowledge..........

စသဖြင့်...

I learn how to successfully motivate work with both technical and non-technical personnel in achieving my skill in project managing and scheduling.......etc.....

ဒါမှမဟုတ်.... ခုလျှောက်တဲ့ အလုပ်မျိုးကို စိတ်ဝင်စားလို့... ကိုယ့်ဘာသာ...self-study လုပ်တာတွေ ရှိပါတယ်ပေါ့..။ အဲဒီလိုပြောနိုင်ပါတယ်။

၅) How many hours a week do you need to get your work done?

အဲဒီလိုမေးတာ ဘာလို့လဲဆိုတော့ ကိုယ်ကအချိန်ကို ဘယ်လိုမျိုး ကောင်းကောင်း manage လုပ်နိုင်လဲဆိုတာသိချင်လို့ မေးကြတာပါ။
ဥပမာ...

I always try to plan my time efficiently. Usually this works well. However, as you know unforeseen circumstances do happen and when that happens, I put in as many hours as necessary to get the job done. etc.....

လို့ ပြောနိုင်ပါတယ်။

၆) Tell me about the positive and the negative aspects of your last job?

ကဲ..ဒီလိုမေးရင်...ကိုယ်လုပ်ခဲ့တဲ့ အရင် အလုပ်ရဲ့ အကောင်း....အဆိုးကို...ဝေဖန်ပြောပြနိုင်ရပါမယ်။ ဘာတွေ အခက်အခဲ..ရှိခဲ့တယ်။ ရှိတဲ့ အခက်အခဲတွေအတွက်... ကိုယ်ဘယ်လို ကူညီ ဖြေရှင်းပေးခဲ့တယ်ပါ... ထည့်ပြီးပြောနိုင်ပါတယ်နော်။

၇) What skills do you offer that are most relevant to this job?

ဒါလည်း..အပေါ်ကမေးခွန်းလိုမျိုး..ခပ်ဆင်ဆင်ပေါ့။ ခုခေါ်တဲ့ အလုပ်နဲ့ relevant အဖြစ်ဆုံး ကိုယ့်ရဲ့ Skills ကို...ဒါမှ မဟုတ် ကိုယ့်ရဲ့ အရင်အလုပ်ရဲ့ experiences ကို ဆွဲယူပြီးပြောပါ။ ပြီးတော့ ကိုယ်ရဲ့ logical problem-solving ability တို့ analysis လုပ်နိုင်စွမ်းတို့ကိုထည့်ပြောပေါ့နော်...။

၈ ) Describe projects you have run or managed. What role did you play?

Projects တွေဘယ်နှစ်ခုလောက် manage လုပ်ဘူးလဲ။ အဲဒီ Projects တွေရဲ့ သဘောသဘာဝတွေ...ပြီးတော့ အဖွဲ့မှာ လူဘယ်နှစ်ယောက်ပါသလဲ။ ကိုယ်က Leader လား။ Team member လား။ Support လုပ်ရတဲ့သူလား....စသဖြင့်ပြောပြရပါမယ်။ Team member ဒါမှမဟုတ် supporting role ဆိုလဲ ကိစ္စမရှိပါဘူး။

I’m comfortable in just about any other role, including a supportive role to senior executives and the role of a peer member of a self-directed team. My satisfaction comes from being part of a group that successfully servers the client’s needs.

လို့ပြောနိုင်ပါတယ်။

၉) What are your key skills? What software or tools are you familiar with?

ကဲ...ကိုယ့်ရဲ့ key skills တွေ ပြောပါ။ ကိုယ်ရေးတတ်တဲ့ programming တွေ၊ သုံးဘူးတဲ့ software တွေ၊ tools တွေလဲ ပြောပြပါ။ မသုံးဘူးတာတောင်မှ လိုအပ်ရင်self-study လုပ်ဖို့ ၀န်မလေးဘူးဆိုတာလဲ ပြောပြပါ။

၁၀) What are your strong points and weak points?

အင်း..ကိုယ်ရဲ့ strong points တွေကို ထုံးစံအတိုင်းပြောပြပေါ့။ ပြီးရင်...weak points မရှိဘူး မလုပ်နဲ့နော်...။ ဒီကမ္ဘာမှာ perfect လူသားမရှိဘူး။ ကိုယ့် Boss အနေနဲ့ မကြိုက်လောက်ဘူး ထင်တဲ့ဟာမျိုးတော့ မပြောနဲ့ပေါ့။
ဥပမာ...
တကယ်ဆို....စုချစ်က တော်တော်ကို..အပျင်းထူတတ်တယ်။
ဒါပေမဲ့ Interview မှာ ...ငါက..အရမ်းပျင်းထူတာလို့တော့ သွားပြောလို့ မဖြစ်ဘူး။း)

၁၁) What is the plan for next 5 years?

နောက်ငါးနှစ်ကြာရင် ဘာဖြစ်ချင်လဲ။ ကိုယ့် Plan လေးကို ပြောပြပေါ့နော်။ Technically ပိုပြီး Strong ဖြစ်ချင်ပါတယ်တို့..ဘာတို့ပေါ့...။ အင်း...တချို့ manager တွေကြတော့လည်း manager ဖြစ်ရမယ်လို့ ပြောတဲ့သူတွေကို...မကြိုက်ဘူး။

၁၂) Why should we hire you?

အဲဒီလိုမေးရင်....
ကိုယ်ဒီအလုပ်ကို..အရမ်းကို စိတ်ဝင်စားပါတယ်။
ကိုယ့်ရဲ့ education background နဲ့လည်း ကိုက်ညီပါတယ်။
Previous Experiences နဲ့လည်း ဆင်ပါတယ်။
ပြီးတော့..ကိုယ့်ရဲ့......ဘာဘာညာညာ....Strong points တွေ... Skills တွေကြောင့် ကိုယ့်ကို ခန့်သင့် ပါတယ်ပေါ့နော်။

၁၃) Are there any questions would you like to ask?

သူတို့မေးလို့ ပြီးပြီဆိုရင်တော့ ဘာမေးစရာရှိသေးလဲလို့ မေးလိမ့်မယ်။ ကိုယ့်အလှည့်ရောက်ရင် ကိုယ်မေးသင့်တာတွေ မေးရပါမယ်။
ဥပမာ...

Yes, I do have a few questions for you. 1. How is the department structured and to whom would I report in this position? 2. Could you describe for me the first project I will be working on ? 3. What other positions and/or departments will I interact with most? 4. What type of training will I receive?

ကိုယ်က အဲလိုမေးရင်...တခါတခါ..အမှတ်ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့...well prepared ဖြစ်တဲ့ သူတွေသာ...ဒါတွေ သိချင်တယ်လို့ ယူဆတတ်တာကိုး။

၁၄) Say Thank you!

ကဲ..အားလုံးလဲ ပြီးစီးပြီ...။ ပြန်ဖို့ နှုတ်ဆက်ရင်းနဲ့ ဘယ်တော့ အကြောင်းပြန်ကြားမှာလဲဆိုတာကို မေးဖို့ မမေ့ပါနဲ့။ ပြီးတော့ Thank you ပြောဖို့လဲ မမေ့ပါနဲ့ ဦး။

It is a pleasure to meet-up with you. Hope to join the team soon. Thank you very much for the time.

ဒါမှမဟုတ်...

Thank you very much for all of your time.
Please try to consider me.

***********************************
ဒီ Interview Tips တွေက မေးလေ့မေးထ ရှိတဲ့ မေးခွန်းတွေ ကို Reference လုပ်လို့ ရအောင် ရေးပေးခြင်းဖြစ်ပါတယ်။ ပြည့်စုံ လုံလောက်တယ်လို့ မဆိုလိုပါ။ Interview Tips တွေကို အလုပ်ရှာတဲ့ Internet web တွေထဲမှာလဲ ဖတ် ကြည့်နိုင်ပါတယ်နော်။

ခုလည်းဒီမှာ နမူနာ ရှာပေးထားပါတယ်။
1) Successfully Answer Traditional Questions in Your Job Interview
2) Successfully Answer Behavioral Questions in Your Job Interview
3) Job Interview Questions and Best Answers
4) Questions You Should Ask in Your Job Interview
5) 50 COMMON INTERVIEW Q&A
6) Typical interview questions
7) Ten Tough Interview Questions and Ten Great Answers

အလုပ်ရှာနေတဲ့ မောင်နှမများအားလုံး အဆင်ပြေချောမွေ့ကြပါစေ။

မေတ္တာဖြင့်...စုချစ်