Showing posts with label Office. Show all posts
Showing posts with label Office. Show all posts

Friday, February 20, 2009

Business email writing tips - 5

Image from http://www.fotosearch.com/

မောင်လေး တစ်ယောက်က ဆက်ရေးပေးပါဦးလို့ တောင်းဆိုလာသမို့ အီးမေးလ် ရေးနည်း တွေ့မိတာလေးတွေ၊ သိတာလေးတွေ ပြောပြဦးမယ်နော်။ တကယ်က အင်တာနက်က ရှာတွေ့တာတွေကို ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး နားလည်သလို ပြန်ရေးပေးထားတာပါနော်။ မစုချစ်ရဲ့ ရုံးသုံးအီးမေးလ် ဆောင်းပါးများမှာ အလုပ်စ၀င်မည့် ကလေးများအတွက်နဲ့၊ ရုံးသုံးအီးမေးလ် တခါမျှမရေးဘူးသူများအတွက်သာ ရည်ရွယ်ပါတယ်နော်။ သိပြီးသား၊ တတ်ပြီးသား သူတွေကတော့ ကျော်ဖတ်သွားကြပါနော့...

ကဲ... ဒီတပတ် ပြောမှာကတော့... ( အင်း... မရေးတာကြာလို့ ပြောပြီး ရေးပြီးသားတွေ ထပ်ရေးမိတယ်ဆိုရင်တော့ ခွင့်လွှတ်ပါဗျို့... )

များသောအားဖြင့်တော့ အီးမေးလ်ရေးနည်း ကျွမ်းကျင်သူများက အကြံပေးကြတာ တွေ့ရတာ ဟောဒီအချက်များဖြစ်ပါတယ်။

1) keep it short and simple
2) be specific and avoid generalizations
3) use the active voice
4) arrange their sentences with parallel structure
5) organize their writing by following an outline
6) use a tone that will give readers a positive mental picture of writer

၁) keep it short and simple
အရင်က ရေးတဲ့ ပိုစ့်မှာလည်း ရေးဖူး၊ ပြောဖူးတယ်နဲ့ တူပါတယ်နော်။
အီးမေးလ်ရေးတယ်ဆိုတာ အင်္ဂလိပ်စာ အက်ဆေးရေးနေတာ မဟုတ်ဘူးဆိုတာကို သိထားသင့်ပါတယ်။ ဖွဲ့နွဲ့ရေးစရာမလို၊ အရမ်းကြီး တခမ်းတနားလုပ်ရေးနေစရာလည်း မလိုပါဘူး။ ကိုယ်ပြောချင်တာကို အများနားလည်နိုင်မဲ့ အရှင်းဆုံး၊ အလွယ်ဆုံး အင်္ဂလိပ်စကားလုံးတွေ သုံးပြီး လိုရင်းတိုရှင်း ရေးရတာ ဖြစ်လို့ အီးမေးလ် ရေးရတာ ထင်သလောက် မခက်လှပါဘူး။ မေးလ်ဖတ်နေတဲ့သူရဲ့ ဘေးနားကို သွားပြီး သူ့ကို စကားပြောနေသလို မျိုးရေးနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

အီးမေးလ်ရေးတဲ့အခါ ကိုယ့် company ကပဲနားလည်တဲ့၊ ဒါမှမဟုတ် ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ အတိုကောက် စကားလုံးတွေဖြစ်တဲ့ acronyms နဲ့ buzzwords တွေ ထည့်မရေးသင့်ပါဘူး။ ဥပမာ … ကိုယ့်ရုံးတွင်းမှာပဲ သုံးတဲ့ အတိုကောက် စကားလုံး EPC လို့ရေးတာ Engineering Process Control လို့မရှင်းပြပဲ တခြားသူက ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။

ကိုယ်ရေးလိုက်တဲ့ စာထဲမှာ အများနားလည်ဖို့ မလွယ်တဲ့ စကားလုံးတွေသုံး၊ Big words တွေသုံး၊ long sentenceတွေ သုံးပြီး ရေးလို့ ဖတ်တဲ့သူက အထင်ကြီးမှာမဟုတ်ပါဘူး။ အီးမေးလ်တစ်ပုဒ်ဖတ်ဖို့ အရေး ဘေးနားမှာ dictionary တစ်အုပ်ထားဖို့ လိုတယ်ဆိုရင်တော့ မဟုတ်တော့ပါဘူးနော်။

ဥပမာ…
လူအများမြင်ဘူးနေကျ စကားလုံး လွယ်လွယ်ကို ဦးစားပေးသုံးပေါ့နော်…

ergo = therefore
henceforth = from now on

so to speak = as we say

utilize = use

disseminate = send out

equitable = fair


တကယ်လို့ ၀ါကျအရှည်ကြီး ရေးမိတယ်ဆိုရင် ရေးပြီးတဲ့အခါ ကိုယ်ရေးတဲ့စာကို ကိုယ့်ဖာသာပြန်ဖတ်ကြည့်ပါဦး။ ဖတ်နေရင်းနဲ့ အသက်ရှူဖို့ ခဏရပ်နေရတယ်ဆိုရင် အဲဒီဝါကျကို ၂ကြောင်းလောက်ခွဲထုတ်ဖို့ လိုနေပြီပေါ့။ ထပ်နေတတ်တဲ့ စကားလုံးတွေ ရှိရင် ဖယ်ပစ်လိုက်ဖို့ လိုပြီပေါ့။

ဥပမာ…
It has come to our attention that your account is three months in arrears.
လို့ ရေးထားတာကို …
Your account is three months past due.
လို့ ခပ်တိုတို ပြန်ပြင်ရေးနိုင်ပါတယ်နော်။

ဥပမာ…
ဒီလို စကားလုံးရှည်ရှည်တွေကိုလည်း အတိုနည်းနဲ့ပဲ ဖလှယ်ပြီးရေးသင့်ပါတယ်။

for the purpose of = for
the majority of = most

in order to = to

provide an introduction = introduce

on a daily basis = daily

on a regular basis = routinely

can able to do = can do


ဥပမာ…
ခု ရေးထားတဲ့ စာပိုဒ်အရှည်ကြီးကို ဖတ်ရလွယ်အောင် ရှင်းအောင် ဘယ်လို ပြန်ပြင်ရေးကြမလဲ…

This document is for the purpose of giving the reader a detailed explanation of the inventory process. It describes the activities we currently do in the majority of instances on a daily and weekly basis. In order to provide an introduction to the process for employees who work on a temporary basis, we also have prepared an overview, which describes the highlights of the inventory process in just two pages.

ဒီလိုလေးရေးတော့ တိုတိုလေးနဲ့ ပိုပြီး ရှင်းမသွားဘူးလား...

This document explains the inventory process in detail. It describes our usual daily and weekly activities. We also have prepared a two-page overview to introduce the process to temporary employees.

ဆက်ရန်...
Ref:
http://owl.english.purdue.edu/

http://ezinearticles.com/?10-Steps-to-Emailing-Success&id=1283238

http://esl.about.com/od/businessenglishwriting/a/bizdocs_3.htm

http://classweb.gmu.edu/mwasser1/writinghb/tentips.htm
http://www.businesswritingblog.com/
http://www.syntaxtraining.com/business_writing_tips.html

http://oregonstate.edu/dept/eli/buswrite/

Friday, December 19, 2008

Office Gathering

ဒီနေ့ ၁၉ရက်ကစပြီး (shut down) ရုံးပိတ်တာ နောက်နှစ် ၂၀၀၉ ခု ဇန်န၀ါရီ ၅ရက်နေ့မှ ရုံးပြန်တက်ရမယ်။ Senior Director - Chris က orchard က ဆာကူရာမှာ နေ့လည်စာကျွေးတယ်။ ကိုယ်တို့ dept. က လူ ၅၀လောက်တက်ကြတယ်။ WS ကားနဲ့ ကိုယ်ရယ်၊ YC ရယ်၊ Liaw ရယ်၊ TC Tan ရယ် ၅ယောက်သား ၁၁နာရီလောက်ကတဲက ရုံးက ထွက်လာခဲ့ကြတယ်။ WS က ကားကို ပလာဇာ စင်ကာပူရမှာ ရပ်တယ်။ အဲသည်မှာ ကားပတ်ကင်ခ အသက်သာဆုံးဆိုပဲ။ အဲဒီတော့ centre pt ထိရောက်အောင် လမ်းထပ်လျှောက်ရသပေါ့။

ဆာကူရာ ဘူဖေးကလည်း စားလို့ သိပ်မကောင်းပါဘူး။ နည်းနည်းပဲ စားတာပါ... ဒီမှာလေ... ဟီး...။

စားလည်းပြီးရော... ထုံးစံအတိုင်း Chris က မိန့်ခွန်းချွေပေါ့။ ပြီတော့ ကံစမ်းမဲ ဖေါက်ကြတာပေါ့လေ...။ ပြောချင်ပါဘူး။ ဒီရက်ပိုင်း အတွင်း ရုံးမှာ ကံစမ်းမဲ ၃ခါတောင်လုပ်ကြတာ...။ ပေါက်မဲက Apple ipod တွေ...။ မစုချစ်တို့များ ၃ခါစလုံး ဘာဆိုဘာမှ ရပါဘူး......။ အိတ်လောက် ကံစမ်းမဲ နဲ့ အကျိုးပေးတာ... ဟွန်း...။

ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဓါတ်ပုံလေး ဘာလေး ရိုက်ကြ...။ Chris နဲ့ တောင် အမှတ်တရ ဓါတ်ပုံတွဲရိုက်လိုက်သေး။ အိတ် ... လူညစ်ပတ်ကြီးတွေက Chrisနဲ့ ကိုယ်တွဲပြီး ဓါတ်ပုံရိုက်တော့ Chris ကို ကိုယ့်ပုခုန်းဖက်လိုက်လေလို့ ၀ိုင်းအော်ကြသေးတယ်။ တော်သေးတာပေါ့... Chris က လူနောက်မဟုတ်လို့....။

ကိုယ်တို့ ဘော့စ် Manoj က ဒါပြီး ရုံးပြန်မှာလား လာမေးနေသေးတယ်...။ ကိုယ်က နှုတ်သီးချွန်ချွန်နဲ့ ...ဘာလို့ ပြန်ရမှာလဲလို့.... ဆိုပြီး ပြန်ပက်တော့... တဟားဟားနဲ့ ရယ်ပြီးထွက်သွားတယ်။ အေးလေ... ပြန်သွားစရာလား...လို့။

အိတ်ကအပြန် YC နဲ့ ၂ယောက်သား North Bridge Rd က Straight commercial arts ကို သွားကြတယ်။ ကိုယ်ပန်းချီဆေးတွေ ၀ယ်စရာရှိတာ ဆိုင်ရှင်က သူ့သူငယ်ချင်းမို့ YC က အဖော်လိုက်ပေးတာ...။ ပန်းချီင်္ဆေးတွေ လောဘ ကြီးကြီးနဲ့ ၀ယ်လိုက်တာ ၄၀၀ဖိုး နီးပါး။ တလောက ၀ယ်ထားတာနဲ့ ပေါင်းလိုက်ရင် ၆၀၀နီးပါးဖိုးရှိနေပြီ။ ပန်းချီကားတွေ ဈေးကြီးတာပဲ သိကြတာနော်...။ ပန်းချီဆေးတွေ၊ Materials တွေ ဈေးကြီးတာ ဘယ်သူမှ သိဘူးရယ်။

အိတ်ကအပြန် YC က မြန်မာလက်ဘက်ရည် သောက်ချင်တယ်ဆိုလို့ ပင်နီဆူလာက အင်းဝကိုခေါ်သွားလိုက်တယ်။ ပြီးတော့ သူက နေကြာစေ့ပါစားချင်တယ်ဆိုလို့ အပေါ်ထပ်တက်ပြီး မြန်မာနေကြာစေ့ပါ လက်ဆောင်ဝယ်ပေးလိုက်ရတယ်...။

ဝယ်ထားတဲ့ ပန်းချီဆေးတွေ ကြည့်ပါဦး...။
ပန်းချီဆွဲဖို့ကတော့ အသင့်ပဲ....။ ကဲ... ဒီ၂ပတ် ပိတ်ရက်မှာ ဆွဲပါလေတော့..........။

Tuesday, October 21, 2008

Business email writing tips - 4

Image from http://www.fotosearch.com/

ရုံးအီးမေးလ်ရေးတဲ့နေရာမှာ သတိထားသင့်တဲ့ အချက်လေးများကို အလျင်းသင့်သလို ပြောဦးမယ်နော်။

Be Positive
အကောင်းမြင်တဲ့ အမြင်ဖြင့် ရေးပါ။

ဥပမာပြောရရင် ကလေးတွေကို ဆုံးမတဲ့နေရာမှာ သူလုပ်လိုက်တာမှားတယ်လို့ ပြောမဲ့အစား ဒီလိုလေးလုပ်ရင် ပိုကောင်းတယ်လို့ ပြောရမဲ့သဘောလိုပေါ့...။ ကလေး၁ယောက်က တံခါးကို ၀ုန်းကနဲဆောင့် ပိတ်လိုက်တယ်ထားပါတော့။ သူ့ကို ဘယ်လိုပြောမလဲ။ တံခါးကို ဘာလို့ဆောင့်ပြီးပိတ်တာလဲလို့ အပြစ်မပြောပဲ... တံခါးဆိုတာ ဖြည်းဖြည်းညင်ညင်သာသာ ပိတ်ရတယ်လို့ သူနားလည်အောင် အမှန်ကို တည့်မတ်ပေးမယ်ဆိုရင် ပြောတဲ့သူရော၊ ပြောခံရတဲ့သူပါ ကျေကျေနပ်နပ် ဖြစ်ပါတယ်။ သဘောကတော့....
the child needs to learn what’s right—not just what is wrong လို့ဆိုလိုချင်တာပါ။

ဒီသဘောအတိုင်းပါပဲ... အီးမေးလ်ရေးတဲ့ အခါမှာလည်း အပြစ်သဘောတွေမပါ၊ အပြုသဘောနဲ့ရေးသားတတ်ဖို့ လိုအပ်ပါတယ်။ ၁ယောက်ယောက်က အမှားလုပ်လို့ သတိပေးပြောစရာရှိတဲ့အခါဆိုရင်လည်း သူ့အမှားကို ထောက်ပြအပြစ်ပြောတာထက် သူဘယ်လို အမှန်လုပ်သင့်တယ်ဆိုတာ သူသဘောတူလာအောင် စည်းရုံးပြီး ရေးသားဖို့ ဂရုစိုက်ရပါမယ်။

အဲဒီတော့ ကိုယ်အီးမေးလ် ပို့လိုက်တဲ့သူဆီက Affirmative response ရချင်တယ်ဆိုရင် အပြုသဘောမျိုး ရေးသားတတ်အောင် ဂရုစိုက်ရပါမယ်။

ဥပမာလေးတွေ ရေးပြမယ်နော်...။

1) Say what you want, rather than what you do not want
It will be great if we can have a code released on this Tuesday, since production will run the test on this Tuesday. Please kindly help to expedite it.
(Yes)
We need the code released on this Tuesday. If we don't get the code on time from you, production cannot run the test. Please release it on time.
(No)

2) State what to do – not what to avoid
Please kindly provide the information within this week.
(Yes)
Don't take too long to provide the information more than a week.
(No)

3) Say what you can do – not what you cannot do
We will release the latest firmware code by end of this week and we are working on it.
(Yes)
We cannot release the firmware code by now; you need to wait until end of this week.
(No)

4) Use neutral rather than blaming language
Please let me clarify what I meant.
(Yes)
You misunderstood what I said.
(No)

5) Avoid blaming others
The test sequence can be improved further and please clear the unnecessary lines and resubmit. Thanks.
(Yes)
You created the test sequence very messy. Redo it.
(No)

6) Use words that create a positive feeling
We value the natural resources.
(Yes)
We don't waste natural resources.
(No)

7) Watch your tones
We are expecting the report from you. We would like to understand more on current Network problem and we hope that you can solve the problem as soon as possible. Please kindly help to expedite it.
(Yes)
I am regarding your failure to send the report. You claimed that network problem has been solved. But you have a serious lack of insight into the problem.
(No)
(You claim လို့ပြောတာက "you say so, but I don't believe you." လို့ပြောလိုက်တာပါပဲ။ "failed to," "neglected to" or "lack of" စသဖြင့် words တွေက accuse အပြစ်တင်တဲ့ စကားလုံးတွေပါ။)

8 ) Motivate the people with your words whenever you have opportunity
Good job! We have received your latest released test code. You helped us a success on product launch on-time. Thanks for your hard work on it and hope to have your continuous support.
(Yes)
We have received the latest code released. Product has been launched.
(No)

9) Take every opportunity to communicate positively
We received your letter with thanks.
(Yes)
We got your letter.
(No)

Thank you for taking the time to consider my ideas.
(Yes)
Please review my ideas.
(No)

Ref:
http://www.syntaxtraining.com/business_writing_tips.html


မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, April 8, 2008

Manipulation


ရုံးကနှစ်စဉ်လုပ်နေကြ Strategy Meeting တွေ ဒီ Monday မှာစတယ်။ US Design Center ၄ခု က Presenters တွေရယ်၊ Singapore Branch က Presenters တွေရယ်နဲ့။ Singapore မှာ Manufacturing က သိတဲ့အတိုင်း ကောင်းတော့တာဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ China တို့၊ Thailand တို့ကို ရွှေ့ကုန်ကြတာ။ Singapore က Production lines တချို့လည်း Vendor တွေကိုရောင်းလို့ Outsourcing တွေဖြစ်ကုန်တယ်။ Production lines မရှိမှတော့ Process ဆိုတာလည်း ဘယ်လိုတော့မှာလဲ။

Meeting မှာ Process ဖက်က Present လုပ်တဲ့ Director တစ်ယောက်ကို သဘောကျမိတယ်။ သူ့လူတွေကို တတ်နိုင်သလောက် ဒုက္ခမရောက်အောင်၊ လူတွေအများကြီး တပြိုင်နက်ထဲ မဖြုတ်ရအောင် Manage လုပ်ပုံလေးက လှလွန်းလို့။ သူ့လက်အောက်က Process Development ဆိုတဲ့ Section ကို သူက Process Management Section လို့ပြောင်းလိုက်တယ်။ အဲဒီလူတွေက Process ကို develop လုပ်ဖို့ မလိုပေမဲ့ Vendor တွေကို Manage လုပ်ဖို့လိုတယ်လေ။ ပြီးတော့ Manage လုပ်ရမဲ့ Vendor တွေရဲ့Staff အင်အားနဲ့ သူ့ရဲ့ Staff ကိုအချိုးချပြလိုက်တာ မဖြုတ်ရတဲ့ အပြင် ထပ်ပြီးတောင် လူတွေခန့်ရမလိုဖြစ်နေပြီ။ တကယ်ဆို သူ့လက်အောက်မှာ တခြား Section တွေအများကြီးရှိနေတာ။ Process ပြုတ်လို့ သူ့ရာထူးကိုဘာမှ မထိခိုက်ဘူး။ ဒီ Presentation ကြောင့် Upper Management နဲ့ တခြား Department တွေကမေးလာမဲ့ မေးခွန်းတွေကိုလည်း သူက ဖြေဖို့၊ ရင်ဆိုင်ဖို့ အသင့်ပဲ။

ဒါကိုကြည့်ပြီး ခေါင်းဆောင်ကောင်း ဆိုတာ ကိုယ့်လူတွေကို ဘယ်လို Protect လုပ်ရမယ်ဆိုတာ သိရမှာပါလားလို့ နားလည်မိတယ်။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးတာပဲဆိုတဲ့ စိတ်မျိုး မရှိတဲ့ ဒီလို Director မျိုး နဲ့ Associate လုပ်ရတာ ဂုဏ်ယူမိပါတယ်။

စုချစ်
၀၈.၀၄.၀၈
ည ၁၀နာရီ ၄၅မိနစ်