Showing posts with label Greeting. Show all posts
Showing posts with label Greeting. Show all posts

Tuesday, January 3, 2012

ဘေးမသန်းပဲ အေးချမ်းတော့သည်...

လှေကလေးကို လှော်မည်...
ဘေးမသန်းပဲ အေးချမ်းတော့သည်
...



၂၀၁၂ ခု နှစ်သစ်မှာ ကျမတို့ မြန်မာနိုင်ငံတော်ကြီး နဲ့ မြန်မာပြည်သူ ပြည်သားများ အားလုံး ...
ဘေးမသန်းပဲ အေးချမ်းစေရန်...
ဆုတောင်း မေတ္တာပို့သ လိုက်ပါတယ်ရှင်။


မေတ္တာဖြင့်... စုချစ်

Tuesday, January 4, 2011

နှစ်သစ် မင်္ဂလာဆုတောင်း သတင်းစကား

နှစ်သစ် မင်္ဂလာဆုတောင်း သတင်းစကား

cartoon get from here

ပြက္ခဒိန်စောင့်မျှော်နေတဲ့ အစ်ကို အစ်မ မောင် ညီမများကို သတင်းစကားလေး ပါး ပါတယ်နော်...။
ထုံးစံအတိုင်း အပျင်းလေး နည်းနည်း ထူမိတာရယ်... ကပ်မှ လုပ်မယ်ဆိုပြီး ထားတာ နှစ်ကူးခါနီးမှာ မလုပ်မဖြစ် အလုပ်တွေပေါ်လာပြီး နောက်ကျသွားတာ ခွင့်လွှတ်ပေးကြပါလို့...။

၂၀၁၁ အင်္ဂလိပ် မြန်မာ ပြက္ခဒိန်လေးကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အမြန်ဆုံး တင်ပေးပါမယ်လို့ နော်...။

မင်္ဂလာ နှစ်သစ် ၂၀၁၁ခုနှစ် မှာ ဘလော့ ဖတ်လာ မိတ်သဟာများ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြစေရန်.... မင်္ဂလာ ဆုတောင်း သီချင်းလေးနဲ့ ဧည့်ခံလိုက်ပါတယ်လို့.....။



မေတ္တာများစွာဖြင့် ... စုချစ်

Saturday, March 22, 2008

မင်္ဂလာပါရှင်။


မင်္ဂလာပါရှင်....။

ပထမ post ၃ခုလောက်တင်ပြီး တနှစ်နီးပါးရှိမ နောက်ထပ် posts တွေကို တင်နိုင်တဲ့ အကြောင်းရင်းကတော့ ရှင်းရှင်းလေးပါပဲ။ အပျင်းထူတတ်လွန်းလို့ပါ။ မအားလို့ ဆိုတာ ကိုယ်ကိုယ်တိုင်မကြိုက်တဲ့ အကြောင်းပြချက်မို့ အပျင်းထူလွန်းလို့ လို့ပဲ ဆိုပါရစေတော့။

blog အကြောင်းကိုစပြီး သိတာကတော့ ရုံးက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း တရုတ်ကလေးနစ်ကီက နင့်ရဲ့ hobby ကဘာလဲလို့ မေးတဲ့အခါ Reading and Writing လို့ဖြေတော့ ဒါဆို blog ရေးပါလားလို့ အကြံပေးရာကစသိခဲ့တာပါ။ အဲဒါ ၂၀၀၆ ခုနှစ် လောက်ကပေါ့။

သူက ဒီ page တွေမှာ Register လုပ်နိုင်တယ်ဆိုပြီး WordPress နဲ့ Blogspot ကိုပြတယ်။ ဒါပေမဲ့ ခက်တာက ကိုယ့်ရဲ့ hobby က ပျင်းတတ်တာလဲ ပါတယ်ဆိုတာ သူကမသိလေတော့ သူပြောတဲ့နေ့ ၂၀၀၆ ခုနှစ်လောက်ကတဲက register လုပ်ထားတဲ့ WordPress မှာHello! ကလွဲလို့ ဘာမှကိုမရေးဖြစ်ပါဘူး။

နောက် သူများ blog တွေဝင်ဖတ်ပြီး ရေးဖို့အားကျပြန်ရော။ Blogspot မှာ register ၂ခါ လောက်လုပ်ဖြစ်တယ်။ Hello! ကလွဲပြီး ရေးရမှာ ပျင်းပြန်ရော။ အဲ...နောက်ဆုံးတခါ မှတ်မှတ်ရရ မွေးနေ့အထိမ်းအမှတ် ဒီတခါတော့ တကယ်ကို blog ရေးမယ်ဆိုပြီး ၂၀၀၇ မွေးနေ့မှာ နောက်အမည် တစ်ခုနဲ့ blog တစ်ခု ကိုဖွင့်ဖြစ်ပါသေးတယ်။
ဟင်း...... ။ Hello! .......again....ပေါ့ရှင်။

ဒီနေ့ ၂၂.၀၃.၂၀၀၈....။ ဘာအထိမ်းအမှတ်နေ့မှ မဟုတ်ပါဘူး။ ပျင်းတဲ့စိတ်တွေ ဝေးဝေး လွှင့်ပစ်ပြီး Blog Design ကို စိတ်ပါလက်ပါ ပြင်ဖြစ်တယ်။ ဗမာလိုရေးလို့ မရသေးတာကို ရေးလို့ရအောင် အရင် ပြင်ရတယ်။ အဲဒီတော့မှ အရင်က English လို ရေးထားတဲ့ post ၂ခု ကို ဗမာလို ဖြစ်အောင် ပြန်ပြင်လိုက်တယ်။ ပြီးတော့ စိတ်ကြိုက် Template တွေ့အောင် Internet မှာ အချိန်တော်တော်ကြာအောင်ကို မွှေနှောက် လိုက်ရသေးတယ်။

Blog Design ကတော့ မခက်လှပါဘူး။ မြင်ဆရာ တွေ Guide လုပ်တဲ့အတိုင်း လုပ်လိုက်တာပေါ့နော်။ ဒီအတွက် ကိုယ်အမြဲဝင် ဖတ်နေကြ blogger ကိုညီလင်းဆက် နဲ့ ကိုမောင်လှ ကို အများကြီး ကျေးဇူးတင်ပါတယ် ရှင်....။

Saturday, May 26, 2007

Why Blog?


ဘာဖြစ်လို့...Blog ရေးချင်တာလဲ!

၁) Seniors Blogger တွေကို လေးစား အားကျလို့ရယ်...
၂) ကိုယ်ပြောချင်တာလေးတွေ... ကိုယ့်အမြင်လေးတွေ...ရေးချင်တာရယ်...
၃) ကိုယ်သိတာ...တတ်တာလေးတွေ... မျှဝေချင်တာရယ်...
၎) စိတ်ကူးထဲက စကားလုံးတွေ...မပျောက်ပျက်သွားအောင်ရယ်...
၅) တခါတလေ...စိတ်ထွက်ပေါက်...ရှိနိုင်အောင်ရယ်...
၆) ........စတာ.... စတာ....တွေကြောင့်ရယ်....
Blog....ရေးပါတယ်...။

Friday, May 25, 2007

Why Suu Chit Thu?


ဘာဖြစ်လို့...စုချစ်သူ လို့ အမည်ပေးတာလဲ။
ရှင်းရှင်းလေး တွေးကြည့်ပေါ့နော့။
စုကိုချစ်လို့လေ.....။
ဒီပန်းချီပုံလေးကို....အမေစုရဲ့ (၆၂) နှစ်မြောက်မွေးနေ့ အမှီ အမှတ်တရ ဆွဲခဲ့တာပေါ့။
အမေစု...သက်တော်ရာကျော်ရှည်ပါစေ။

Mingalarbar Seniors!

Dear Senior Bloggers,

Mingalarbarshin!
This is my first post for the blog.
Firstly, I would like to pay my respects to all of my senior bloggers.

All of you inspired me with your beautiful works and attracted me to start my own blog.
Please kindly let me introduce to you all. My blog name is "Suu Chit Thu" which is not coming from my real name.
I will explain you all in my next post......why I chose this name as my blog title and my nick name.

Thanks for viewing my post and please kindly guide me along!

with metta,
Suu Chit Thu