Showing posts with label General Aung San. Show all posts
Showing posts with label General Aung San. Show all posts

Wednesday, July 18, 2012

၁၉ ဂျူလိုင်

လွန်ခဲ့သော နှစ်ပေါင်း ၅၀ တိတိ က ရန်ကုန် သတင်းစာ 
(၁၉ ဂျူလိုင် ၁၉၆၂ ကြာသပတေးနေ့)
၁၅နှစ်မြောက် အာဇာနည်နေ့ အထူးအဖြစ် ထုတ်ဝေသော သတင်းစာ

 ၁၉၆၂ ဇူလိုင်လ ရန်ကုန် သတင်းစာမှာ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ သတင်းများကို ဓါတ်ပုံများနဲ့ ဝေေ၀ဆာဆာ ဖေါ်ပြထားတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အထူးသဖြင့် ဖေါ်ပြထားပြီး အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုများ အကြောင်းကိုလည်း ဓါတ်ပုံများနဲ့ သတင်းသွားယူ ဖေါ်ပြထားတာကို တွေ့ရပါတယ်။

အဲဒီသတင်းစာမှာ ကျန်ရစ်သူ မိသားစုများ၏ လက်ရှိအခြေအနေဆိုပြီး ခေါင်းစဉ်ကြီး တတ် ဖေါ်ပြထားတာကိုလည်း ဖတ်ရှုရပါတယ်။ အာဇာနည် များရဲ့ ကျန်ရစ်သူ မိသားစု များ  ဘယ်မှာ နေထိုင်ကြတယ်၊ ဘယ် မိသားစုက ကလေး ဘယ်နှစ်ယောက်ရှိတယ်၊ ကလေးများ ဘယ်အတန်းများ ရောက်နေပြီ ဖြစ်တယ် စသဖြင့် မိသားစု အခြေအနေများကို ရေးပြထားတဲ့ အပြင် ဘယ်မိသားစု က ပိုက်ဆံ ဘယ်လောက် ရှိလို့ ဘာ စီးပွားရေးလုပ်တယ်၊ ဘယ်လို အမွေခွဲတယ်ဆိုတာတွေကအစ သတင်းယူ ဖေါ်ပြထားတာကို ထူးဆန်းစွာ လေ့လာတွေ့ရှိ ရပါတယ်။

၁၉၆၂ ခုနှစ် ဆိုတာ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းတဲ့နှစ်...။ အဲဒီနှစ်ရဲ့ ဇူလိုင် ၁၉ ရက် ဆိုတာ အာဏာသိမ်း စစ်အစိုးရရဲ့ လက်နက်ကိုင် စစ်သားတွေက တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဖြိုဖျက်ခဲ့ပြီး ကျောင်းသားတွေကို ပစ်ခတ်ခဲ့ အပြီး ရက်ပိုင်း အတွင်းပေါ့။ 

စိတ်ဝင်စားစရာ သမိုင်းဝင် သတင်းစာ ဟောင်း တစ်ခု ရဲ့ ပုံရိပ်များပါ။



၁၉၄၇ ဇူလိုင်လ အာဇာနည် ဈာပန



အတွင်းဝန်ရုံးရှိ ဗိုလ်ချုပ်အောင်ဆန်း ရုံးခန်း

ဗိုလ်ချုပ်အောင်ဆန်း မိသားစု
 သခင်မြ ဇနီး

  ဒီးဒုတ်ဦးဘချို မိသားစု

 ဦးဘ၀င်း မိသားစု
    
ဦးရာဇတ် မိသားစု

မန်းဘခိုင် မိသားစု



အာဇာနည်နေ့ အထူး ကာတွန်းများ

Monday, February 13, 2012

စာရေးဆရာ ကိုအောင်ဆန်း

၉၇ နှစ် မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်
၁၃-၀၂-၂၀၁၂

အစ်မ မရွှေစင်ဦး ဘလော့ မှာ ရိုက်ပေးထားပြီး မောင်စိမ်းနီ စုစည်းတင်ပြတဲ့ ''စာရေးဆရာ ကိုအောင်ဆန်း'' ဆိုတဲ့ စာအုပ်ကလေးကို ၉၇ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် PDF File အမှီလုပ်ပေးပြီး တင်ပေးလိုက်ပါတယ်။ စာရိုက်ကူး မျှဝေ ပေးတဲ့ အစ်မရွှေစင်ကို ကျေးဇူးအများကြီးတင်ပါတယ်။

စာရေးဆရာ ကိုအောင်ဆန်းလေးစားစွာဖြင့်... စုချစ်

Tuesday, July 19, 2011

၁၉ ဇူလိုင် ၂၀၁၁

၁၉ ဇူလိုင် ၂၀၁၁

မြန်မာစံတော်ချိန် နံနက် ၁၀နာရီ ၃၇မိနစ်

ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့်တကွ

တိုင်းပြည်နှင့် လူမျိုးအတွက်

အသက် သွေး ချွေးများဖြင့် ပေးဆပ်သွားကြသော

အာဇာနည် သူရဲကောင်းများအား ရိုသေ လေးမြတ်စွာ ဦးညွှတ်လျက်....

ပန်းချီ - ဆရာမင်းကျော်ခိုင်

Sunday, February 13, 2011

2011 English Myanmar Calendar


13 - 02 -2011
Myanmar National Leader General Aung San
96th Year Birthday Remembrance

၂၀၁၁ အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်ကို ၁၃ ဖေဖေါ်ဝါရီလ ၂၀၁၁ ခုနှစ်
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉၆ နှစ်မြောက်
မွေးနေ့ အထိမ်းအမှတ် အမှတ်တရ အနေဖြင့်
ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ မိန့်ခွန်း ကောက်နှုတ်ချက်များဖြင့်
ဒီဇိုင်းရေးဆွဲ ထုတ်ဝေလိုက်ပါသည်။

Download Mediafire Link
Download Ifile Link

အဖိုး ဗိုလ်ချုပ်အောင်ဆန်းနှင့် အမေဒေါ်အောင်ဆန်းစုကြည်တို့အား
ရိုသေလေးစားစွာဖြင့် ဂါရ၀ပြု ဦးညွှတ်ကန်တော့လျက်...

မေတ္တာဖြင့်... စုချစ်


Monday, July 19, 2010

အလေးပြု


၁၉ ဇူလိုင် ၂၀၁၀
၁၀ နာရီ ၃၇ မိနစ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော
အာဇာနည် ခေါင်းဆောင်ကြီးများအား
အလေးပြု

Saturday, February 13, 2010

အောင်ဆန်းဇာနည်

အောင်ဆန်းဇာနည် ၉၅နှစ် တိုင်ခဲ့ပြီ
၁၃-၀၂-၂၀၁၀



ဖေဖေါ်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာတစ်ဆယ်ငါး
ရှေ့နေဦးဖာသား။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်။
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့သား။

Sunday, July 19, 2009

၁၉ ဇူလိုင် ၂၀၀၉

(၆၂)ကြိမ်မြောက် အာဇာနည်နေ့
၁၉ ဇူလိုင် ၂၀၀၉
မြန်မာစံတော်ချိန် ၁၀နာရီ၃၇မိနစ်

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
နှင့်
ကျဆုံးလေပြီးသောအာဇာနည်သူရဲကောင်းများအား
ဦးညွှတ်အလေးပြု
....


Friday, February 13, 2009

၉၄နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့


၁၃၊ ၀၂၊ ၂၀၀၉
အဖိုးဗိုလ်ချုပ်အောင်ဆန်း ၉၄နှစ်မြောက် မွေးနေ့ အမှတ်တရ...



ဗိုလ်ချုပ်အောင်ဆန်း

(အတိတ်နှင့် ပစ္စုပ္ပန်)



မသိ၍ဆို၊

မလို၍ပြော။


သူ့စိတ်မှာ အလွန်ယဉ်လို့၊

သူ့ဥာဉ်မှာ အလွန်သန့်တယ်၊

ထူးချွန့်သဘော။ ။


မသိ၍ထင်၊

မမြင်၍ပြော။


သူ့ဝိညာဉ် မသေပျောက်ပါဘူး၊

မိုးပေါက်လို အစဉ်ကြည်လို့၊

နေခြည်လို အစဉ်လန်းကာ၊

ဖျန်းဆွတ်စိတ်စော။ ။


မင်းသုဝဏ်

Saturday, July 19, 2008

အာဇာနည်နေ့ တို့မမေ့


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များအား ဤနေရမှဦးညွှတ်အလေးပြုလိုက်ပါသည်။
၁၉ ဂျူလိုင် ၂၀၀၈