Showing posts with label သီချင်း. Show all posts
Showing posts with label သီချင်း. Show all posts

Tuesday, April 17, 2012

မင်္ဂလာရှိသော နေ့သစ်ဆီသို့

မင်္ဂလာရှိသော နေ့သစ်ဆီသို့




ရွှန်းလဲ့တဲ့ ဒီနေ့လေးဟာ မင်္ဂလာပါ....

ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေသော်...

မင်္ဂလာရှိစေသော်... မင်္ဂလာရှိစေသော်...

ဒီနှစ်ထူးမြတ် မင်္ဂလာရှိစေသော်....

လူတိုင်း လူတိုင်း ...

ကျက်သရေအပေါင်းနဲ့ ခညောင်းပါစေသော်...

နှစ်သစ်မှာ မင်္ဂလာပေါင်းနဲ့ ပြည့်စုံကြပါစေနော်..... ကိုရေချမ်း + မရွှေစု

Saturday, April 7, 2012

ဆွမ်ပရာဘွမ်

Sum Para Bom



လမ်းညွှန်မယ်လေ....
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တန်ဖရဲရွာ အလွန်...
ဧရာဝတီ မြစ်ဖျား အစ မေခ နဲ့ မလိခ ပေါင်းစုံရာ ဒေသ...
သုံးမြှောင့်ပုံသဏ္ဍန် တြိဂံ နယ်မြေ....

Tuesday, January 3, 2012

ဘေးမသန်းပဲ အေးချမ်းတော့သည်...

လှေကလေးကို လှော်မည်...
ဘေးမသန်းပဲ အေးချမ်းတော့သည်
...



၂၀၁၂ ခု နှစ်သစ်မှာ ကျမတို့ မြန်မာနိုင်ငံတော်ကြီး နဲ့ မြန်မာပြည်သူ ပြည်သားများ အားလုံး ...
ဘေးမသန်းပဲ အေးချမ်းစေရန်...
ဆုတောင်း မေတ္တာပို့သ လိုက်ပါတယ်ရှင်။


မေတ္တာဖြင့်... စုချစ်

Monday, October 3, 2011

ရှေးခေတ်ဟောင်းသီချင်း အောင့်မေ့ဖွယ်....

ရှေးခေတ်ဟောင်းသီချင်း အောင့်မေ့ဖွယ်....


ရုန်းတော် လွှတ်တော် (ကိုအောင် ၊ စုချစ်)

New York က မောင်လေးကိုအောင် (Gersing Aung) နဲ့ ရှေးခေတ်ဟောင်းမြန်မာစုံတွဲ သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ ရုံးတော် လွှတ်တော် သီချင်းလေးကို ခံစားသီဆိုထားပါတယ်။

ဒီ သီချင်းလေးကို တေးရေးဆရာ ဆရာကြီးစန်းသော်တာက ရေးစပ်သီကုံးခဲ့ပြီး ဘဘအေ၀မ်းဦးတင်မောင်နဲ့ အမေဒေါ်မေရှင်တို့က မူလ သီဆိုခဲ့ကြပါတယ်။ အဆိုတော် အောင်ရင်+ မေဆွိ၊ စည်သူလွင်+ ဟေမာနေ၀င်း၊ ဗညားဟန်+ စိုးစန္ဒာထွန်း တို့က ဆန်းသစ်လှပစွာ ပြန်လည် သီဆိုထားကြပါသေးတယ်။

မောင်လေးကိုအောင်သီဆိုထားတဲ့ မြန်မာသီချင်းများနဲ့ အင်္ဂလိပ်သီချင်းများကို သူ့ရဲ့ YouTube Channel (http://www.youtube.com/gersing) မှာ အားပေးရှုစား နားဆင်နိုင်ကြပါတယ်။ ကိုအောင်သီဆိုထားတဲ့ သီချင်းများထဲမှ မရွှေစု အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကတော့ အမေဒေါ်အောင်ဆန်းစုကြည် အတွက် ရည်စူးသီဆိုထားတဲ့ မချစ်စု ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ နားဆင် အားပေးကြပါအုံးနော်...။


မချစ်စု (ကိုအောင်)


++++++++++++

Wednesday, April 13, 2011

ပိတောက်သင်္ကြန် စုသင်္ကြန်

ပိတောက်သင်္ကြန် စုသင်္ကြန်




နှစ်ကူး အတာ သင်္ကြန်ကာလများကို နှစ်ပေါင်းများစွာ တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းလာခဲ့ရပြီးတဲ့နောက်
ပထမဆုံး ပြန်လည်တွေ့ဆုံရတဲ့ အမေစု ရဲ့ သင်္ကြန်အကြိုနေ့ အတွက်
အမှတ်တရ သီချင်းလက်ဆောင်...
အမေစု စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေရန် ဆုမွန်ချွေလျက်....

အဝေးရောက် ချစ်သမီး...
စုချစ်သူ

Saturday, October 16, 2010

ရွှေမေတ္တာအရင်းခံပါပဲရှင်...

ရွှေမေတ္တာအရင်းခံပါပဲရှင်...


၁၆ - ၁၀ -၂၀၁၀
ကိုလေးအတွက်...
၄၁နှစ်မြောက် မွေးနေ့လက်ဆောင်


သီချင်း - မေတ္တာအရင်းခံ
တေးရေးဆရာ - ရွှေတိုင်ညွန့်
တေးဂီတ - စန္ဒရားငွေစိုး

Wednesday, August 25, 2010

မနာပ ဘာဝ ဒဿန

မနာပ ဘာဝ ဒဿန

ဒီကနေ့ ၀ါခေါင်လပြည့်နေ့သည် မေတ္တာတော်အခါနေ့ ဖြစ်သည့်အားလျော်စွာ ဤမေတ္တာ သီချင်းလေးဖြင့် မောင်နှမများအားလုံးသို့ ဆုတောင်း မေတ္တာများ ပို့သပေးလိုက်ပါ၏။




ဘ၀နေနည်းကို တချက်လောက် စောင်းငဲ့ပြီး လှည့်ကြည့်မယ်ဆိုရင် လောကကြီးမှာ ပျော်ပျော်ရွင်ရွှင် နေတတ်ဖို့ မေတ္တာတရားသည်သာ အရေးကြီးဆုံးလို့ မရွှေစု ယုံကြည် လက်ခံမိပါသည်။ ပျော်ရွှင်နေသည့် နှလုံးသားသည် မည်မျှပင်ရှည်လျားသည့် ခရီးမိုင်ရှည်ကြီးကို လျှောက်လှမ်းနေရပါစေဦး၊ ဘယ်တော့မျှ မောပန်းသည်လို့ မထင်ရပေမင့် မုန်းတီးခြင်းတွေ ပြည့်နှက်နေသည့် အလိုမကျသည့် နှလုံးသားသည် နည်းနည်းကလေးလှမ်းရသည်နှင့် ပန်းဟိုက်လာမည်မှာ အမှန်ဖြစ်ပါသည်။

နှလုံးသားမှာ အမုန်းတရားမရှိမှသာ တကယ်ပျော်ရွှင်နိုင်သည့်သူ ဖြစ်နိုင်မည်ထင်ပါသည်။ ဆိုတော့ သဲကုန်းဆရာတော်ကြီး ဟောခဲ့ဖူးသည် တရားစကားလေးကို အားလုံးအတွက် လက်ဆောင်ပါးချင်ပါသည်။ မနာပ ဘာဝ ဒဿန - မနာပ ဆိုတာ နှစ်သက်ဖွယ်ကောင်းတာ၊ ဘာဝ ဆိုတာ ဂုဏ်ကျေးဇူး၊ ဒဿန ဆိုတာကတော့ အမြင်ဖြစ်ပါသည်။ သူတပါး၏ နှစ်သက်ဖွယ် ဂုဏ်ကျေးဇူးကို မြင်တတ်သောသူဟာ ဘ၀မှာ တကယ် ပျော်ရွှင်သောသူ။ အ-ဒေါသတွေ လွှမ်းခြုံထားသည့် ဒေါသ ကင်းသောသူ၊ တနည်း မေတ္တာ တရားနှင့် ငြိမ်းချမ်းစွာ ပျော်ရွင်နေသောသူ ဖြစ်ပါသည်။

ဘလော့ဖတ်လာ မိတ်သဟာ မောင်နှမများ အားလုံး စိတ်ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်...
စုချစ်

Friday, April 9, 2010

ညိုမြလို့ ခေါ်ခံနိုင်ဘူးဆရာ...

ညိုမြလို့ ခေါ်ခံနိုင်ဘူးဆရာ

ဟေး... နားထောင်သူမရှိပဲ သီချင်းဆိုတာ အီဖေကိုယ်ပါ...
ဝါသနာဆိုတာ တားမရတာ....
း-)

Sunday, April 4, 2010

ချမ်းတုန်ချမ်း

ဖိုးသူတော်ပုတီးပဲ စိတ်နေရတယ်ဆိုတဲ့ ဂျစ် ... အပျင်းပြေ နားညီး ချမ်းတုန်ချမ်းသွားစေဖို့...

ဘလော့ဖတ်လာ မိတ်ဆွေသဟာများ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ တောင်းဆုပြုလျက်....

Tuesday, January 12, 2010

ဆောင်းအမှီ

၂၀၁၀ပြက္ခဒိန်လေးပြီးခါနီးပါပြီ။ ပန်းချီပုံလေးတွေနဲ့ ကဗျာတွေ ထည့်ဖို့ကို နည်းနည်း စဉ်းစားရခက်နေလို့ ဒီဆောင်းအမှီလေး ပေးနိုင်အောင် ကြိုးစားနေပါတယ်ရှင်...။

လောလောဆယ်တော့ ပြက္ခဒိန်ပြီးပြီလားလို့ ဘလော့လေးကို လာချောင်းတဲ့သူတွေအတွက် ဘာကြည့်စရာမှမရှိ၊ ပလာကြီးပဲ ဖြစ်မနေရအောင် ဆောင်းအမှီသီချင်းလေး သီဆိုထားတာ နားသောတဆင်ကြည့်ကြဖို့ တင်ပေးလိုက်ပါတယ်နော်...။

တော်ပါပြီ... နောက်မဆိုပါနဲ့တော့ဗျို့... ၂၀၁၀ပြက္ခဒိန်ပြီးပလား နောင်ကိုမမေးတော့ပါဘူးလို့ မပြောကြတန်ကောင်းပါရဲ့...
း-)

တခုသော ဆောင်းအခါ သမာယ နှင်းတွေသိပ်သည်းစွာကျနေတဲ့အချိန် ကမ္ဘာပေါ်မှာအလှဆုံးရေတံခွန်လို့ ဆိုကြတဲ့ နိုင်ဂါရာ ရေတံခွန်ဆီကို ရောက်ခဲ့စဉ်အခါက ရိုက်ခဲ့သော ဓါတ်ပုံများနဲ့အတူ အမေဒေါ်မေလှမြိုင်မှစ အဆိုတော်များစွာသီဆိုခဲ့ဘူးသော ဆောင်းအမှီသီချင်းလေးကို အားလုံးသော ချစ်မိတ်ဆွေ၊ မောင်နှမများ အပျင်းပြေ နားသောတဆင်ကြည့်ရှုနိုင်ရန် ....



ကျေးဇူး အထူး.................