Showing posts with label News. Show all posts
Showing posts with label News. Show all posts

Wednesday, July 18, 2012

၁၉ ဂျူလိုင်

လွန်ခဲ့သော နှစ်ပေါင်း ၅၀ တိတိ က ရန်ကုန် သတင်းစာ 
(၁၉ ဂျူလိုင် ၁၉၆၂ ကြာသပတေးနေ့)
၁၅နှစ်မြောက် အာဇာနည်နေ့ အထူးအဖြစ် ထုတ်ဝေသော သတင်းစာ

 ၁၉၆၂ ဇူလိုင်လ ရန်ကုန် သတင်းစာမှာ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ သတင်းများကို ဓါတ်ပုံများနဲ့ ဝေေ၀ဆာဆာ ဖေါ်ပြထားတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အထူးသဖြင့် ဖေါ်ပြထားပြီး အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုများ အကြောင်းကိုလည်း ဓါတ်ပုံများနဲ့ သတင်းသွားယူ ဖေါ်ပြထားတာကို တွေ့ရပါတယ်။

အဲဒီသတင်းစာမှာ ကျန်ရစ်သူ မိသားစုများ၏ လက်ရှိအခြေအနေဆိုပြီး ခေါင်းစဉ်ကြီး တတ် ဖေါ်ပြထားတာကိုလည်း ဖတ်ရှုရပါတယ်။ အာဇာနည် များရဲ့ ကျန်ရစ်သူ မိသားစု များ  ဘယ်မှာ နေထိုင်ကြတယ်၊ ဘယ် မိသားစုက ကလေး ဘယ်နှစ်ယောက်ရှိတယ်၊ ကလေးများ ဘယ်အတန်းများ ရောက်နေပြီ ဖြစ်တယ် စသဖြင့် မိသားစု အခြေအနေများကို ရေးပြထားတဲ့ အပြင် ဘယ်မိသားစု က ပိုက်ဆံ ဘယ်လောက် ရှိလို့ ဘာ စီးပွားရေးလုပ်တယ်၊ ဘယ်လို အမွေခွဲတယ်ဆိုတာတွေကအစ သတင်းယူ ဖေါ်ပြထားတာကို ထူးဆန်းစွာ လေ့လာတွေ့ရှိ ရပါတယ်။

၁၉၆၂ ခုနှစ် ဆိုတာ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းတဲ့နှစ်...။ အဲဒီနှစ်ရဲ့ ဇူလိုင် ၁၉ ရက် ဆိုတာ အာဏာသိမ်း စစ်အစိုးရရဲ့ လက်နက်ကိုင် စစ်သားတွေက တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဖြိုဖျက်ခဲ့ပြီး ကျောင်းသားတွေကို ပစ်ခတ်ခဲ့ အပြီး ရက်ပိုင်း အတွင်းပေါ့။ 

စိတ်ဝင်စားစရာ သမိုင်းဝင် သတင်းစာ ဟောင်း တစ်ခု ရဲ့ ပုံရိပ်များပါ။



၁၉၄၇ ဇူလိုင်လ အာဇာနည် ဈာပန



အတွင်းဝန်ရုံးရှိ ဗိုလ်ချုပ်အောင်ဆန်း ရုံးခန်း

ဗိုလ်ချုပ်အောင်ဆန်း မိသားစု
 သခင်မြ ဇနီး

  ဒီးဒုတ်ဦးဘချို မိသားစု

 ဦးဘ၀င်း မိသားစု
    
ဦးရာဇတ် မိသားစု

မန်းဘခိုင် မိသားစု



အာဇာနည်နေ့ အထူး ကာတွန်းများ

Wednesday, October 12, 2011

ဇာဂနာ ပြန်လာပြီ......

ဇာဂနာ ပြန်လာပြီ......
ဒီနေ့ နံနက် လွတ်လာပြီ ဖြစ်တဲ့ ဦးဇာဂနာ ပုံတွေ ကြည့်ရတာ ကျန်းမာပုံရတယ်။ မျက်နှာက ကြည်လင်တယ်။ အရင်လို ရွှင်လန်းတက်ကြွနေလျက်ပဲ။ စကားပြောတာဟာလည်း ရင်ထဲကလာတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းနဲ့၊ အမှန်ကို အမှန်အတိုင်း ဟာသလေးတွေ စွက်ပြီး ပြောတတ်တုန်း၊ အဆိုးထဲက ကြံဖန်ပြီး ရယ်မောစရာ ရှာတတ်တုန်း။ ဇာဂနာလေဟာ ဇာဂနာဆီမှာပဲ ရှိတယ်။ ဘယ်သူ့ဆီမှာမှ မရှိဘူး။ သူ့လေသံမျိုး ဘယ်သူမှ မပြောတတ်ဘူး။

သူဟာ အင်မတန် လေးစားစရာ ကောင်းတဲ့သူ။ သူဟာ သူ့ ယုံကြည်ချက်အတွက် ဘယ်သူ့ကိုမှ ဒူးမထောက်၊ အလျှော့မပေး၊ အရှုံးမပေးမယ့် သူ။ အလံမလှဲ ဆက်လက် တိုက်ပွဲဝင်မယ့် ခိုင်မာ ပြတ်သားတဲ့ ကြံ့ခိုင်တဲ့ အင်အားကြီးတဲ့ အံ့ဖွယ်စိတ်ဓါတ်မျိုး ပိုင်ဆိုင်တဲ့သူ။ သူ့ကို ပြန်တွေ့ရတာ ကိုယ့် အစ်ကို၊ ကိုယ့် ဆွေမျိုး တစ်ယောက်ကို ပြန်ဆုံတွေ့လိုက်ရသလို ရင်ထဲမှာ ပျော်ရွှင် ကြည်နူးမိတယ်။ စိတ်မကောင်းဖြစ်ရတာက ဘဘဦးနန်းညွန့်ဆွေနဲ့ ကြီးကြီးဒေါ်ကြည်ဦးတို့တော့ မရှိကြတော့ဘူး။ ရက်စက်လိုက်ကြတာ... သူများ မိသားစုတွေကို ခွဲရက်ကြတဲ့သူတွေ...။

မရွှေစုက ရန်ကုန်သူမို့လား မသိ။ မိုးရွာတာကို သိပ်ကြိုက်တယ်။ မိုးရွာတာကို မြင်နေရရင် သိပ်ပျော်တယ်။ ညဖက် မိုးရွာပေးရင် အိပ်ရတာ ဇိမ်ရှိတယ်လို့ ထင်တယ်။ ဒါပေမယ့် မိုးရွာတဲ့ညတွေ ကိုယ်က အိပ်ရာနွေးနွေးထွေးထွေးမှာ စောင်ခြုံပြီး အိပ်နေစဉ် ထောင်ထဲမှာ နေရတဲ့ သူတွေ မိုးရွာတဲ့အခါ ဘယ်လိုများ နေပါ့မလဲလို့ ခဏ ခဏ တွေးမိတယ်။ ဦးဇာဂနာ တစ်ယောက် ဟိုတခါ သူ့ထောင် အတွေ့အကြုံတွေရေးတုန်းကလို ကြမ်းပြင် အအေးမှာများ အိပ်နေရသလား။ ရင်ထဲမှာ တွေးကြည့် ခံစားရတာ မခံရပ်နိုင်လို့ အော်ဂလီတောင် ဆန်လာမိတယ်။ အပြစ်မရှိပဲ အပြစ်ဒဏ် ခံစားနေရတဲ့ သူတွေ အကြောင်း သေသေချာချာ စဉ်းစား တွေးမိတိုင်း ရင်ထဲမှာ တော်တော်ထိတယ်။ ကိုယ့်မောင်နှမ၊ အဖေ၊ အမေ မိသားစုတွေထဲက ဒီလို မတရားချုပ်နှောင်ခံနေရရင် ဘယ်လိုခံစားကြရမလဲ ဆိုတာ ကိုယ်ချင်းစာပြီး တွေးတော ပေးကြဖို့ ကောင်းတယ်။

ဘာပဲ ဖြစ်ဖြစ် အခုတော့ တချို့တ၀က်လွတ်လာကြပြီ။ အာဏာပိုင်များမှ မိမိကိုယ်နဲ့ နှိုင်းပြီး ကိုယ်ချင်းစာ တရားလေးများ လက်ကိုင်ထားကာ တွေးတော ဆုံးဖြတ်နိုင်ကြပါစေ။ ကိုယ်ကျိုးစွန့် အနစ်နာခံသူများ အားလုံး၊ အပြစ်မရှိသူများ အားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ကြပါစေ မိသားစုတွေ ပြန်လည် ပေါင်းစည်းနိုင်ကြပါစေလို့ သီတင်းကျွတ်လပြည့်နေ့မှာ ဥပုဒ် သီတင်း သီလ ဆောက်တည်ရင်း ဆုတောင်းမေတ္တာ ပို့သပါတယ်။

သတင်းကောင်းများ ဆက်လက် စောင့်မျှော်လျက်...

စုချစ်
၁၂-၁၀-၂၀၁၁
သီတင်းကျွတ်လပြည့်၊ ဗုဒ္ဓဟူးနေ့

++++++++++

Thursday, December 9, 2010

RIT Alumni Singapore Re-Union & Saya Pu Zaw Pwe

RIT Alumni Singapore Re-Union & Saya Pu Zaw Pwe

19 December 2010 (Sunday)


စက်မှုတက္ကသိုလ် မေဂျာပေါင်းစုံမှ ကျောင်းသား ကျောင်းသူ ဟောင်းများရဲ့ မိတ်ဆုံစားပွဲ နဲ့ ဆရာပူဇော်ပွဲ အခမ်းအနားကို ၂၀၁၀ ဒီဇင်ဘာလမှာ စင်ကာပူနိုင်ငံမှာ ကျင်းပမယ် ဖြစ်ပါတယ်။

၂၀၁၀ စင်ကာပူ မိတ်ဆုံစားပွဲ နဲ့ ဆရာ ပူဇော်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ အနှံ့အပြားကို ရောက်နေကြတဲ့ စက်မှုတက္ကသိုလ် မေဂျာပေါင်းစုံမှာ ပညာသင်ကြားပေးခဲ့ကြသော ဆရာ ဆရာမ ပေါင်း ၁၇၀ နီးပါးခန့်ကို ဖိတ်ကြားထားတယ်လို့ သိရှိရပါတယ်။ ဆရာ ဆရာမများ စာရင်းကို RIT Alumni Singapore web site မှာ ကြည့်ရှုနိုင်ပါတယ်။

ဆရာ ပူဇော်ပွဲ သို့ တက်ရောက်ကြမည့် ဖိတ်ကြားထားသော ( အထူးသဖြင့် မြန်မာနိုင်ငံ မှ ) ဆရာ ဆရာမ များသည် ဒီဇင်ဘာလ ၁၇ရက် သောကြာနေ့ တွင် နေ့လည် လေယာဉ်၊ ည လေယာဉ်များဖြင့် စင်ကာပူနိုင်ငံကို ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။ မိမိတို့ ဆရာ ဆရာမ များကို လေဆိပ်များတွင် ကြိုဆိုချင်ကြသူများ မိမိတို့ ဆရာများ မည်သည့် လေယဉ် ခရီးစဉ်မှာ လိုက်ပါကြကြောင်းကို သက်ဆိုင်ရာ မေဂျာအလိုက် ကော်မတီဝင်များထံမှာ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။ ဆရာ ဆရာမများသည် ဒီဇင်ဘာ ၁၇ရက်နေ့ တွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိကြမည် ဖြစ်ပြီး ဒီဇင်ဘာ ၂၀ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ပြန်လည် ထွက်ခွာကြမည်ဟု သိရှိရပါသည်။

ဆရာ ဆရာမများ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေစဉ် တည်းခိုမည့် ဟော်တယ်လိပ်စာကတော့...
Hotel Grand Chancellor Singapore
3 Belilios Road Singapore 219924
ဖြစ်ပါတယ်။

၁၈ရက်နေ့ မနက်မှာတော့ RIT Alumni Singapore အဖွဲ့သားများမှ ဆရာ ဆရာမများအတွက် Singapore City Tour လိုက်ပို့ရန် စီစဉ်ထားသည်ဟု သိရှိရပြီး နေ့လည်ပိုင်းမှာတော့ သက်ဆိုင်ရာ မေဂျာအလိုက် တွေ့ဆုံပွဲများ ပြုလုပ်ကြမည်ဟု သိရှိရပါတယ်။ သက်ဆိုင်ရာ မေဂျာအလိုက် web page စာမျက်နှာများတွင် လည်းကောင်း မိမိနှင့် နီးစပ်ရာ သူငယ်ချင်းများထံမှ လည်းကောင်း မေးမြန်း စုံစမ်းနိုင်ကြပါတယ်။

EE Major မှ ၁၈ ရက်နေ့ နေ့လည် ၂နာရီတွင် Burmese Buddhist Temple, Toa Payoh တွင် EE Major တွေ့ဆုံ ကန်တော့ပွဲ ပြုလုပ်မည်ဟု သိရပါတယ်။

EE Gathering Tentative Agenda
a) 2:00 pm - Offering of Robes & Requisites to Sanghas (by Sayas and Alumni)
b) 2:30 pm - Paying of Respect to Sayas (by Alumni)

c) 2:45 pm - Words of Appreciation and Joy (by 3 Sayas, representing all)

d) 3:00 pm - Meet and Greet Our Saya (free and easy for all)

e) 5:00 pm - End of program

(The timing is subject to change, depending on the traffic situation)
All EE Alumni are warmly invited. Please help to spread this news.

၁၉ ရက်နေ့ မေဂျာပေါင်းစုံ တွေ့ဆုံ ကန်တော့ပွဲ အစီအစဉ် မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

19 December 2010 (Sunday) - Ceremony

၁) စက်မှု တက္ကသိုလ် မေဂျာ ပေါင်းစုံ ဆရာ ကန်တော့ပွဲ အစီအစဉ်
နေ့ရက် - ၁၉ ဒီဇင်ဘာ ၂၀၁၀
အချိန် - မနက် ၉ နာရီမှ ၁၂ နာရီ
နေရာ - Auditorium, Informatics Campus
10 & 12 Science Center Road
Singapore 609080
Nearest MRT Station: Jurong East
(Within walking distance to Informatics)
Bus Nos Near Informatics Campus: 51, 78, 79, 97, 143, 197,& 1

၂) စက်မှု တက္ကသိုလ် မေဂျာ ပေါင်းစုံ မိတ်ဆုံစားပွဲ အစီအစဉ် (Re-union Dinner)
Dinner Tickets are on SALE @ S$ 75/- only
နေ့ရက် - ၁၉ ဒီဇင်ဘာ ၂၀၁၀
အချိန် - ညနေ ၅း၃၀ နာရီမှ ၁၀း၃၀ နာရီ
နေရာ - Orchid Country Club (OCC)
1 Orchid Club Road
Singapore 769162
Tel: (65) 67559811

Note :
Free shuttle buses at 15 mins intervals (arranged by OCC) from Yishun MRT to OCC & OCC to Yishun MRT, morning till 11 pm.
Free return buses from OCC to Yishun MRT & to Jurong East MRT from 10:30 pm onwards (arranged by RIT Alumni Singapore Organising Committee).


Dinner tickets များကို သက်ဆိုင်ရာ ကော်မတီ မန်ဘာများ ထံမှာ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

တနိုင်ငံထဲနေတာတောင်မှ မတွေ့ မဆုံနိုင်၊ ကွဲကွာ နေကြတဲ့ သူငယ်ချင်းများနဲ့ တစုတစည်းတည်း ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ကြရမှာဖြစ်ပြီး ဝေးရပ်မြေမှ မိမိတို့ ကျေးဇူးရှင် ဆရာ ဆရာမများကို အတူတကွ ကန်တော့ရမယ့် ဒီကြုံတောင့်ကြုံခဲ ပွဲကြီးကို မပျက်မကွက် ဆင်နွှဲကြပါစို့လား....။

Ref:
Civil Major Web page
EE Major Web page
RIT Alumni Singapore ( Main Committee )

*********

Tuesday, June 30, 2009

ဖိတ်ကြားခြင်း

ခုလာမဲ့ ၅ရက်နေ့ ( ၀၅-၀၇-၀၉) တနင်္ဂနွေနေ့မှာ စင်ကာပူက SMC ကျောင်းသစ်ဖွင့်ပွဲ အခမ်းအနား နဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲ ကို တက်ရောက်ကြဖို့ ဖိတ်ကြားအပ်ပါတယ်။

အစီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
နံနက် ၉း၃၀ - ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားစတင်ခြင်း။
နံနက် ၉း၃၅ - သီလခံယူခြင်း၊ သံဃာတော် အရှင်မြတ်များမှ ပရိတ်တရားတော်များချီးမြင့်ခြင်း၊ တရားဒေသနာပေးသနားတော်မူခြင်း၊ ဗုဒ္ဓဘာသာ သင်တန်းဆင်းကလေးများကို ဆုချီးမြင့်ခြင်း၊ ၀ါဆိုသင်္ကန်းများကပ်လှူပူဇော်ခြင်း၊ နှင့်အမျှအတန်းပေးဝေကြခြင်း။
နံနက် ၁၁း၃၀ - သံဃာတော် အရှင်မြတ်များအား ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခြင်း နှင့် ကြွရောက်လာသော ဓမ္မမိတ်ဆွေ သူတော်စင်ပရိတ်သတ် အပေါင်းတို့အား အကျွေးအမွေးဖြင့် ဧည့်ခံခြင်း။ ( မုံ့ဟင်းခါး၊ ကြာဇံချက်၊ အချိုပွဲ စသည်တို့ဖြင့် ဧည့်ခံမည် ဖြစ်ပါကြောင်း။ )

လာရောက်ရမည့်မြေပုံကို ဒီမှာ ကြည့်နိုင်ပါကြောင်း။

အသေးစိတ်သိလိုပါက SMC website တွင် ကြည့်ရှူနိုင်ပါတယ်။

သာဓု...၊ သာဓု...၊ သာဓု... ။

***********************
နောက်တခုကတော့ Lotus Foundation အဖွဲ့က အစ်မတစ်ယောက်က လက်ဆင့်ကမ်းကြော်ငြာခိုင်းလာတဲ့ အတွက် စိတ်ဝင်စားသူများ လှူဒါန်းနိုင်ရန် အသိပေးအကြောင်းကြားအပ်ပါတယ်။

ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ လောက အသင်းကြီး
http://www.lotusfoundationmm.org

သာဓု...၊ သာဓု...၊ သာဓု... ။

Monday, October 6, 2008

မီးသတိပြု

Image from http://www.fotosearch.com/

တနေ့ကမှ... ဂျူးရောင်းအိစ်မှာနေတဲ့ သှုငယ်ချင်း နဲ့တွေ့လို့ သူကပြောပြတာ...။ စက်တင်ဘာ ဒုတိယပတ်လောက်က သူ့အိမ်အောက်ထပ်တည့်တည့်အခန်းက ၀ါယာရှော့ ဖြစ်ပြီး မီးလောင်တာ ကံကောင်းလို့ တတိုက်လုံးမလောင်တယ်တဲ့။ အောက်ထပ်ကအိမ်က Renovation လုပ်နေတာ... အဲဒီနေ့မှာ Contractor တွေက Flat TV ကြီးနံရံမှာဆင်ပြီး မီးခလုတ်တွေ မပိတ်ပဲ ပြန်သွားကြတာ...။ ညကြတော့ ရှော့ဖြစ်ပြီး မီးလောင်ရော..။ သူတို့က ၃ထပ်ကဆိုတော့ ပြေးဆင်းကြတာ...။ ဟိုးအပေါ် ထက်ကလူတွေ တော့ ပြေးဆင်းလို့ကို မမှီကြတော့ဘူးတဲ့လေ။ မီးခိုးလုံးကြီးတွေ တက်သွားတာ တော်တော်များတယ်ဆိုပဲ။ သူတို့တွေ အောက်ထပ်ကနေ ကြည့်နေပြီး သူတို့ အိမ်တော့ ပါသွားပြီထင်တာတဲ့။

နောက်မီးအေးမှ ပြန်တက်ကြတော့ သူ့အထပ်က မီးခိုးလုံးရိုက်ပြီး တအိမ်လုံးမဲသဲသွားတာပေါ့။ ကြမ်းခင်းတွေဆိုလဲ ပျက်စီးသွားတယ်တဲ့။ HDB Insurance က အပြင်နံရံတွေဆေးပြန်သုတ်ပေးတာနဲ့ တံခါးဘောင်တွေ ပျက်စီးတာပဲ လုပ်ပေးတယ်တဲ့။ အခန်းထဲ ပျက်စီးတာ ဘာမှ လုပ်မပေးဘူးတဲ့....။

မောင်နှမတွေ...သတိထားနိုင်အောင်လို့ ပြောတာ။ အပြင်ထွက်ပြီးဆို... သတိရှိရှိနဲ့ မီးခလုတ်တွေ အားလုံးပိတ်ခဲ့ကြဖို့ မမေ့ကြပါနဲ့။ ဂတ်စ်မီးဖိုတွေ ဘာတွေလည်း ခလုတ်ကိုမေ့ပြီး မပိတ်မိလို့ ဆိုပြီး ဂတ်စ်တွေ ထွက်နေတတ်တယ်။ အားလုံး..သတိရှိရှိထားကြလို့ နှိုးဆော်လျက်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။