Showing posts with label Notice. Show all posts
Showing posts with label Notice. Show all posts

Tuesday, January 4, 2011

နှစ်သစ် မင်္ဂလာဆုတောင်း သတင်းစကား

နှစ်သစ် မင်္ဂလာဆုတောင်း သတင်းစကား

cartoon get from here

ပြက္ခဒိန်စောင့်မျှော်နေတဲ့ အစ်ကို အစ်မ မောင် ညီမများကို သတင်းစကားလေး ပါး ပါတယ်နော်...။
ထုံးစံအတိုင်း အပျင်းလေး နည်းနည်း ထူမိတာရယ်... ကပ်မှ လုပ်မယ်ဆိုပြီး ထားတာ နှစ်ကူးခါနီးမှာ မလုပ်မဖြစ် အလုပ်တွေပေါ်လာပြီး နောက်ကျသွားတာ ခွင့်လွှတ်ပေးကြပါလို့...။

၂၀၁၁ အင်္ဂလိပ် မြန်မာ ပြက္ခဒိန်လေးကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အမြန်ဆုံး တင်ပေးပါမယ်လို့ နော်...။

မင်္ဂလာ နှစ်သစ် ၂၀၁၁ခုနှစ် မှာ ဘလော့ ဖတ်လာ မိတ်သဟာများ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြစေရန်.... မင်္ဂလာ ဆုတောင်း သီချင်းလေးနဲ့ ဧည့်ခံလိုက်ပါတယ်လို့.....။



မေတ္တာများစွာဖြင့် ... စုချစ်

Friday, December 11, 2009

မေတ္တာရပ်ခံပါတယ်ရှင်...

၂၀၁၀ပြက္ခဒိန်လေးတွေကို မျှော်နေကြမဲ့ မိတ်ဆွေသူငယ်ချင်းများကို အထူးတောင်းပန်ပါတယ်နော်။ ၂၀၁၀ပြက္ခဒိန်ကို ဇန်န၀ါရီလလည်လောက်မှာ တင်ပေးပါ့မယ်နော်။

နိုဝင်ဘာလတောက်လျှောက် အလုပ်တွေများနေပေမဲ့ စိတ်ထဲမှာတော့ ၂၀၀၉နှစ်မကုန်ခင် ပြက္ခဒိန်လေး ပြီးအောင်လုပ်မယ်၊ နှစ်သစ်စတာနဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံးအတွက် နှစ်သစ်လက်ဆောင်တင်ပေးမယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒီနှစ်မှာတော့ မနှစ်ကနဲ့ မတူအောင်ဘယ်လို ဒီဇိုင်းလေးလုပ်မယ်၊ ဘယ်လိုပုံလေးတွေထည့်မယ်၊ ဘာကဗျာလေးတွေသုံးမယ်လို့ စဉ်းစားရတာလည်း အမောပါ။

ဒါပေမဲ့ အလုပ်တွေက မထင်မှတ်ပဲများပြီး လက်မလည်နေတာနဲ့ ပြက္ခဒိန်ဒီဇိုင်းလုပ်တဲ့ဘက်ကို အချိန်မပေးနိုင်ဖြစ်သွားခဲ့ရပါတယ်။ အချိန်ရှိသလောက်လေး ဒီဇိုင်းလုပ်ထားပေမဲ့ ရုံးမှာ နှစ်ကုန်ခါနီး ပရောဂျက်တွေအမှီပေးနိုင်အောင်စိုင်းပြင်းနေရတာနဲ့၊ နှစ်ကုန်ခါနီး ခရီးထွက်စရာလေးလည်း ရှိနေတာနဲ့ နှစ်သစ်အမှီ ပေးနိုင်တော့မယ် မထင်ပါဘူးဆိုတာ အသိပေးပါတယ်ရှင်။ ပြက္ခဒိန်ကို ကမန်းကတန်းနဲ့ ပြီးစလွယ်လည်းမလုပ်ချင်လို့ ဇန်န၀ါရီလလည်လောက်ကြမှပဲ တင်ပေးပါတော့မယ်လို့ အထူးတောင်းပန်မေတ္တာရပ်ခံပါတယ်ရှင်....။

မနှစ်ကလိုပဲ ဒီဇိုင်း၂မျိုးနဲ့ လုပ်ပေးပါ့မယ်။ ပြက္ခဒိန်စောင့်စားနေသူများကို မလေးစားသလို ဖြစ်သွားခဲ့ရတာ၊ နောက်ကျသွားတာကို ခွင့်လွှတ်ကြပါရှင်။

ဇန်န၀ါရီလလည်လောက်မှာ တင်ပေးပါ့မယ်နော်။

လေးစားချစ်ခင်စွာဖြင့်...
စုချစ်

Tuesday, March 24, 2009

အမှားပြင်ဆင်ချက်

ပြက္ဒဒိန် သုံးသူများအားလုံးကို ဒီနေရာမှ အနူးအညွတ်တောင်းပန်ပါတယ်။

မြန်မာသက္ကရာဇ်မှာ တန်ခူးလနောက်ပိုင်းကို ၁၃၇၁ လို့ ပြောင်းလိုက်တယ်ထင်တာ။ ခုမှ သေချာပြန်ကြည့်တော့ အားလုံး ၁၃၇၀ တွေဖြစ်နေပါတယ်။ အမှန်က တန်ခူးလမှာ ၁၃၇၀-၇၁ လို့ ရေးပြီး တန်ခူးလနောက်ပိုင်းကို ၁၃၇၁လို့ ရေးထားတာပါ။

ပြက္ခဒိန်ကို အမှားမပါအောင် အထူးဂရုစိုက်ပြီး လုပ်တာပါပဲရှင်။ ဘယ်လိုဖြစ်ပြီးမှားသွားလည်းမသိတာ တကယ်ကို စိတ်မကောင်းပါဘူး။

အချိန်ရရင် ၁၃၇၁လို့ ပြန်ပြင်ပြီး ထပ်တင်ပေးပါ့မယ်။ Print out ထုတ်ပြီးသုံးတဲ့သူများကို ခွင့်လွှတ်ပါလို့ အနူးအညွှတ်တောင်းပန်ပါတယ်။ နောက်နှစ်များမှာတော့ အမှားကင်းနိုင်အောင်ကြိုးစားပါ့မယ်။

မေတ္တာဖြင့် စုချစ်