Showing posts with label General Knowledge. Show all posts
Showing posts with label General Knowledge. Show all posts

Thursday, April 30, 2009

ဝက်တုပ်ကွေး / ငှက်တုပ်ကွေး ဆိုသည်မှာ ...

မြန်မာလို အရှင်းဆုံး အကျဉ်းရုံး ပြောရရင်တော့ဗျာ ...............

လူတွေမှာ တုပ်ကွေးရောဂါဟာ တုပ်ကွေးဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရပါတယ်။ လူကို တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်မျိုးကွဲပေါင်း မြောက်များစွာရှိပါတယ်။ ဒါကြောင့်လဲ တခါ တုပ်ကွေးမိဘူးပေမယ့် နောက်ထပ် အကြိမ်ပေါင်းများစွာ ထပ်မိနိုင်တာပါ။ တခါဖြစ်ဖူးယုံနဲ့ တုပ်ကွေးကို ကာကွယ်နိုင်တဲ့ ကာကွယ်အား ( immunity ) မရဘူးပေါ့။

အထူးသဖြင့် ရာသီအကူးအပြောင်းတွေမှာ လူတွေ တုပ်ကွေးမိတတ်ပါတယ်။ ခလေးငယ်တွေ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားကျဆင်းနေသော လူတချို့က လွဲရင် ဒါဟာ သိပ်ပြဿနာ မရှိပါဘူး။ ၀င်လာတဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးကို မိမိခန္ဓာကိုယ်က အောင်မြင်စွာ နှိမ်နင်းလိုက်နိုင်ပြီဆို တုပ်ကွေး ပျောက်ပါပြီ။ တုပ်ကွေးအတွက် တိတိကျကျ ကုသဆေး မရှိပါ။ တုပ်ကွေးပျောက်ဆေးလို့ ခေါ်ကြတဲ့ ဆေးပေါင်းမြောက်များစွာဟာ တုပ်ကွေးရဲ့ ရောဂါဒဏ်တွေကို သက်သာစေတာပဲ ရှိပါတယ်။ အဓိက က မိမိခန္ဓာကိုယ်က ရောဂါခုခံစနစ် (Immune System ) ကိုပဲ အားကိုးရပါတယ်။

လူတွေမှာ လူတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ရှိသလို တိရိစ္ဆာန်တွေမှာလဲ သူတို့ကို တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး မျိုးကွဲတွေ ရှိပါတယ်။ သာမာန်အားဖြင့် အဲသည် တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေဟာ လူတွေဆီ မကူးနိုင်ပါဘူး။

ဒါပေမယ့် အခါအားလျော်စွာ လူတုပ်ကွေးဗိုင်းရပ်စ် နဲ့ တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်တို့ မျိုးစပ်မိသွားကြတဲ့အခါ တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်များဟာ လူဆီကို ကူးလာပြီး ရောဂါပေးနိုင်တဲ့ အခြေအနေကို ရောက်ရောက်လာတတ်ပါတယ်။ ( ငှက်တွေမှာဖြစ်နေကျ တုပ်ကွေးပိုး လူတွေဆီ ရောက်လာတော့ ငှက်တုပ်ကွေး-Bird Flu ပေါ့။ ၀က်တွေမှာဖြစ်နေကျ တုပ်ကွေးပိုး လူတွေဆီ ရောက်လာတော့ ၀က်တုပ်ကွေး -Swine Flu ပေါ့ ) ။

ဒီနေရာမှာ တိရိစ္ဆာန်က လူကိုပဲ ကူးတဲ့အဆင့်နဲ့ လူက လူချင်း ကူးနိုင်လာတဲ့ အဆင့်ဆိုပြီး ခွဲနိုင်ပါတယ်။ တိရိစ္ဆာန်ကနေ လူကိုကူးနိုင်ယုံသက်သက် အဆင့်မှာဆိုရင် တိရိစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသူများနဲ့ တိရိစ္ဆာန်ထွက်ပစ္စည်းများကို သေချာစွာမချက်ပြုတ်ပဲ စားသုံးသူများ၊ ထိတွေ့ ကိုင်တွယ်သူများမှာ ဒီလိုရောဂါမျိုးကို ဖြစ်ပွားစေပါတယ်။

သို့ပေမယ့် ဗိုင်းရပ်စ်ဟာ အဲသည်ထက်ကို ဗီဇထူးချွန်လာပြီး လူကနေ လူချင်း ကူးစက်တဲ့အဆင့်ကို ရောက်လာပြီဆိုရင်ဖြင့် ပိုကြောက်စရာ ကောင်းလာပါတယ်။ တိရိစ္ဆာန်နဲ့ ထိတွေ့မှ စားသောက်ကိုင်တွယ်မှ မဟုတ်တော့ပဲ လူကနေ လူအချင်းချင်း လူတုပ်ကွေးကူးသလို ကူးနိုင်လာတော့ ပြန့်ပွားမှုအန္တရာယ်က အထူး ကြီးမားလာပါမယ်။

ပထမတော့ နှာရည်တို့ သလိပ်တို့လို အညစ်အကြေးတွေကနေ ကူးနေမယ်။ အဲသည်ထက်ကိုမှ ပိုဆိုးလာပြီး လေထဲလွင့်နေတဲ့ မမြင်ရတဲ့ အမှုံလေးတွေကနေပါ ကူးနိုင်လာပြီဆိုရင် ( Virus က Air Borne ဖြစ်လာပြီဆိုရင်တော့ ) အန္တရာယ်အမြင့်ဆုံးအဆင့်ကို ရောက်ပါပြီ။

လူဟာ လူတုပ်ကွေးကို သာမာန်အားဖြင့် ခံနိုင်ရည်ရှိပေမယ့် တိရိစ္ဆာန်တုပ်ကွေးဗိုင်းရပ်စ်များကိုတော့ ခန္ဓာကိုယ်စနစ်က အသစ်အဆန်းဖြစ်နေတဲ့အတွက် ချက်ခြင်းမတိုက်ဖျက်နိုင်ပါ။ အဲသည်လို ကြန့်ကြာနေချိန်မှာပဲ ဗိုင်းရပ်စ်က လူကို ပြင်းပြင်းထန်ထန် ဝေဒနာခံရစေပြီး သိပ်ဆိုးရင် အသက်ဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လဲ ဒီ ငှက်တုပ်ကွေး/ ၀က်တုပ်ကွေး တွေဟာ သာမာန်တုပ်ကွေးနဲ့ မတူပဲ ပိုပြီး အန္တရာယ်ကြီးတာပါ။

အမှန်ကတော့ သူတို့မှ မဟုတ်ပဲ ခန္ဓာကိုယ်ထဲဝင်လာတဲ့ ဘယ် “ဗိုင်းရပ်စ်” ရောဂါမဆို ဆေးနဲ့မကုနိုင်ပဲ ခန္ဓာကိုယ်စနစ် ( Immune System ) ကိုပဲ အားကိုးကြရတာပါ။ Immune System ကို အငိုက်မိစေခြင်းကသာ ဒီရောဂါတွေရဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကို နားလည်မယ်ဆိုရင် “ ဒီရောဂါတွေဟာ ကုစရာ ဆေးမရှိဘူးတဲ့ ”... ဆိုပြီး ကြောက်လန့်တကြား ဖြစ်ကြရတာတွေကို နားလည်ရင်ဆိုင်နိုင်လာပါလိမ့်မယ်။

ဗိုင်းရပ်စ်ပိုးတွေကို တိုက်ရိုက်တိုက်ခိုက် သတ်ဖြတ်တဲ့ဆေး Antiviral Medicines တွေ ရှိပေမယ့် သူ့ဗိုင်းရပ်စ်နဲ့ သူ့ဆေး တိတိကျကျမရှိလှတာရယ်၊ ဆေးတွေ ဈေးက အတော်ကြီးတာမို့ သိပ်ပြီး လက်လှမ်းမမှီနိုင်ကြတာတွေရယ်ကြောင့် သူတို့ကို သိပ်အားကိုးလို့ မရပါ။ ကာကွယ်ဆေးထုတ်နိုင်ဘို့ဆိုတာကလဲ အချိန်အတိုင်းအတာ တခု ယူရမှာဖြစ်သလို ထုတ်လိုက်တဲ့ ကာကွယ်ဆေးကလဲ ဒီတကြိမ်ပေါ်လာတဲ့ ဒီဗိုင်းရပ်စ်မျိုးကွဲတခုအတွက်ပဲ စွမ်းပါလိမ့်မယ်။ သူ့ကိုပဲ အမြဲအားကိုးနေလို့လဲ မရနိုင်ပြန်ပါဘူး။

ကောင်းပါပြီ။
ဒါဆို ကျနော်တို့တွေ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ။ ပထမဆုံးအနေနဲ့တော့ ဒါမျိုး ဖြစ်လာပြီဆိုတိုင်း သူ စတင်ဖြစ်ပေါ်လာရာ ဒေသမှာပဲ ဒီပြဿနာရှိနေစေပြီး တခြားဒေသ တွေကို ပြန့်ထွက်မလာအောင် တားနိုင်ဘို့ ကျနော်တို့တွေ ကြိုးပမ်းရပါတယ်။ လူတွေကြားမှာ ဒီဗိုင်းရပ်စ်မျိုးသစ်ကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံစွမ်းအား လုံလုံလောက်လောက်ရှိသွားပြီဆို ဒီပြဿနာ ပြေလည်ပါပြီ။

သို့ပေမယ့် ဒီတကြိမ် မက္ကဆီကို မှာ အစပျိုးလိုက်သော ဒီ ၀က်တုပ်ကွေးကတော့ စပြီး သတိထားမိချိန်မှာကို ( လူကလူချင်း ကူးတဲ့ အဆင့် ) ကို ရောက်နေတာကြောင့် ပြင်ပကို ပြန့်မထွက်ဖို့ကြိုးစားတာ မအောင်မြင်လိုက်ပါဘူး။ ဒီနေ့ ( ဧပြီ ၂၉ ) သတင်းတွေအရ ခုဆို အမေရိကန်၊ ကနေဒါ၊ ဥရောပ၊ တောင်အမေရိက သာမက နယူးဇီလန် နဲ့ အစ္စရေးမှာပါ ဒီရောဂါလို့ အတည်ပြုနိုင်တဲ့ လူနာတွေ တွေ့နေရပါပြီ။ ကမ္ဘာကြီးကလဲ ဟိုအရင်လိုမဟုတ်ပဲ လေယာဉ်တွေနဲ့ နာရီပိုင်းအတွင်းမှာကို လူတွေဟာ တိုက်ကြီးတွေ တခုကနေ နောက်တခုကို အချိန်မလပ် ကူးနေကြတာကိုး။

ဒါကြောင့်လဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ( Too late to contain ) လို့ မှတ်ချက်ချလိုက်ရတာပါ။ တခု တော်သေးတာက မက္ကဆီကိုက လွဲလို့ ကျန်တဲ့ဒေသတွေမှာ လူ အသေအပျောက်ဖြစ်လောက်အောင်တော့ ရောဂါပြင်းထန်တာ မတွေ့ရသေးတာပါပဲ။

ဒါပေမယ့် ဒါကို ပေါ့နေလို့တော့ မဖြစ်ပါ။ ခုဆို နိုင်ငံအတော်များများမှာ လေဆိပ်က ၀င်လာသူတွေကို ကိုယ်အပူချိန် screen လုပ်တဲ့ scanner တွေ တပ်ဆင်ပြီး စစ်ဆေးနေကြရပါပြီ။ ဖျားနေတဲ့သူ ပါလာရင် သေသေချာချာ စစ်ဆေးပြီး လိုအပ်ရင် အချိန်အပိုင်းအခြားတခုအထိ သီးသန့်ခွဲထားခြင်း Quarantine လုပ်ရအောင်လို့ပါ။ ဒါမှသာ ဒီရောဂါပိုး တနေရာက တနေရာကို အထိန်းအကွပ်မဲ့ ပြန့်ပွားတာကနေ ထိန်းချုပ်နိုင်ပါမယ်။

ငှက်တုပ်ကွေးလို ပြဿနာတုန်းကတော့ ငှက်ဆိုတာမျိုးက တနေရာက တနေရာ ကူးသန်းပျံသန်းနေကြတာမို့ လူတွေအချင်းချင်းဆီက မပြန့်လဲ ငှက်တွေဆီက ပြန့်သွားနိုင်ပါတယ်၊ မြန်ပါတယ်။ ၀က်တုပ်ကွေးကျတော့ ၀က်ဆိုတာက ငှက်လို ပျံပြီး လျှောက်သွားနေတာမဟုတ်တော့ တော်ပါသေးတယ်။ ဒါကြောင့်လဲ ကမ္ဘာပေါ်မှာ အခါအားလျော်စွာ ၀က်တုပ်ကွေးတွေ ပေါ်ဖူးပေမယ့် သိပ်ပြီး လူသိတဲ့အဆင့်တောင် မရောက်လိုက်ကြရတာပေါ့။

သို့ပေမယ့် ဒီတခေါက် ပြဿနာကျတော့ တမျိုးဖြစ်လာပါတယ်။ ဒီရောဂါကို စပြီး ဒီတခါ သတိထားလိုက်မိကြချိန်မှာ ( လူက လူကို ကူးတဲ့အဆင့် ) ကို တန်းပြီး ရောက်နေနှင့်ပြီး ဖြစ်နေပါတယ်။ ဒါကြောင့်လဲ ဒီလောက် မြန်မြန်ဆန်ဆန် ပြန့်ထွက်သွားတာပါ။ ခုချိန်ထိ ဘယ်နေရာက ဘယ်လိုဝက်ခြံတွေကနေ ဒီရောဂါ အစပျိုးလိုက်မှန်းကို နောက်ယောင်ခံ မရသေးပါဘူး။ လူတွေအချင်းချင်းကနေ ကောင်းကောင်းကူးနေပါပြီ။ အထူးသဖြင့် မူလ စတင်ခဲ့ရာ မက္ကဆီကိုမှာ အသေအပျောက်နှုန်းက အတော်မြင့်နေပါတယ်။ ပြီးတော့ သာမာန်လို ခလေးတွေ သက်ကြီးရွယ်အိုတွေမှာမဟုတ်ပဲ ကိုယ်ခံအားကောင်းလေ့ရှိတဲ့ သက်လတ်ပိုင်း သာမာန်လူတွေ အများကြီး ဖိတ်စဉ်နေရတာကိုက ကြောက်စရာ ဖြစ်နေရတာပါ။

ဒီထက်ပို ပြန့်ထွက်မလာအောင် နိုင်နိုင်နင်းနင်း ထိန်းထားလိုက်နိုင်မယ်ဆိုရင် အချိန်အတိုင်းအတာတခု အကြာမှာ လူတွေကြားမှာ ဒီ ဗိုင်းရပ်စ်မျိုးကွဲအသစ်အတွက် ခုခံအား ရသွားပြီဆို ဒီပြဿနာ ပြေလည်သွားမှာပဲ ဖြစ်ပါတယ်။

ဒီပြဿနာမျိုးဟာ ပထမဆုံးမဟုတ်သလို နောက်ဆုံးလဲ ဖြစ်မှာမဟုတ်ပါ။ အခါအားလျော်စွာ ဒါမျိုးတွေကို ကျနော်တို့ လူသားတွေ ရင်ဆိုင်နေရဦးမှာပါပဲ။ လိုအပ်တဲ့ အသိပညာ ဗဟုသုတနဲ့ ပြည့်စုံပြီး အချိန်မှီ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရင် အနာဂါတ်အတွက်လဲ တွေးကြောက်နေစရာ မလိုပါ။ မဟုတ်ရင်တော့ ကြောက်စရာပါ။

အဲ .. လူတဦးချင်းအနေနဲ့ကကော ဘာတွေလုပ်သင့်ပါသလဲ။ အကျယ်အကျယ်ပြောနေရင် နားထွေးကုန်ယုံပဲ ရှိမှာမို့ ကျနော် အကျဉ်းချုပ်ပြောချင်ပါတယ်။ အအေးမိ .. နှာစေး .. တုပ်ကွေး မဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်ရမယ်ဆိုတာ လူတိုင်းနီးပါး သိပါတယ်။ အဲသည်အတိုင်း လိုက်နာကျင့်ကြံ နေထိုင်ကြယုံပါပဲ။

ဒီ ရောဂါလက္ခဏာတွေကကော .. ဘယ်လိုလဲ။ ဟုတ်ကဲ့ ... တုပ်ကွေး လူတိုင်းနီးပါး ဖြစ်ဖူးပါတယ်။ အဲဒါတွေပါပဲ။ သူက လူမှာဖြစ်နေကျ ပိုးမဟုတ်လို့ ခန္ဓာကိုယ်က အသစ်အဆန်းဖြစ်နေပြီး မတိုက်ဖျက်နိုင်ပဲ ရောဂါလက္ခဏာတွေ ပိုပြင်းထန်တာပဲ ကွာခြားပါတယ်။ ဒီတော့ ဒါအတွက် အထူးအဆန်းဖြစ်ပြီး ရောဂါလက္ခဏာက ဘာတွေလဲ .. ငါ့မှာများ ဒီရောဂါဖြစ်နေပြီလား .. အရမ်းတွေးပူမနေကြပါနဲ့ ။ ခုလိုရာသီအကူးအပြောင်းမှာ တုပ်ကွေး ဆိုတာက ဖြစ်နေကြမို့ ရိုးရိုး လူတုပ်ကွေးလဲ အချိန်မရွေး ကိုယ့်ဆီ ရောက်လာနိုင်တာပါပဲ။ ဖျားပြီဆိုတိုင်းလဲ အကြောက်မလွန်နေကြပါနဲ့ ... ။

ဝက်သားနဲ့ ဆက်စပ်ပစ္စ္စည်းတွေကနေ ဒီတခေါက် ဒီရောဂါ ပြန့်နေတာမဟုတ်လို့ ဒါတွေကို အတင်းကြီးတော့ ရှောင်နေဖို့ မတိုက်တွန်းပါ။ ဒါပေမယ့် လိုလိုမယ်မယ် ကင်းကင်းနေနိုင်ရင်တော့ ပိုကောင်းပါတယ်။ ကိုင်မယ်ဆိုရင်လဲ ကိုင်ပြီးတာနဲ့ လက်ကို ဆပ်ပြာနဲ့ သေချာဆေး၊ ချက်မယ်ဆို သေချာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားကြမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ဆိုတာလေး တင်ပြလိုက်ပါတယ်ခင်ဗျား ။

တတ်နိုင်သမျှ ဆေးပညာဝေါဟာရတွေမသုံးပဲ အရိုးဆုံး အရှင်းဆုံး တင်ပြထားပါတယ်။
အားလုံး ဘေးကင်းကြပါစေ ...................... ။

ရွာစားကြီး (မြန်မာကျူးပစ်)
yzg (www.myanmarcupid.net)

**************************
မှတ်ချက်။။ မြန်မာကျူးပစ်မှဆရာဝန်ကိုရွာစားကြီး၏ ၀က်တုတ်ကွေးနှင့်ပါတ်သက်သော ဆောင်းပါးအား အစ်ကိုကြီး ကိုရွာစားကြီး၏ခွင့်ပြုချက်ဖြင့် ဘလော့ဖတ်သူများ အကျိုးဌာ စုချစ်သူဘလော့တွင် ပြန်လည် တင်ပြပါသည်။ အစ်ကိုကြီးကိုရွာစားအား အထူးကျေးဇူးတင်ရှိပါသည်။

Friday, February 20, 2009

Business email writing tips - 5

Image from http://www.fotosearch.com/

မောင်လေး တစ်ယောက်က ဆက်ရေးပေးပါဦးလို့ တောင်းဆိုလာသမို့ အီးမေးလ် ရေးနည်း တွေ့မိတာလေးတွေ၊ သိတာလေးတွေ ပြောပြဦးမယ်နော်။ တကယ်က အင်တာနက်က ရှာတွေ့တာတွေကို ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး နားလည်သလို ပြန်ရေးပေးထားတာပါနော်။ မစုချစ်ရဲ့ ရုံးသုံးအီးမေးလ် ဆောင်းပါးများမှာ အလုပ်စ၀င်မည့် ကလေးများအတွက်နဲ့၊ ရုံးသုံးအီးမေးလ် တခါမျှမရေးဘူးသူများအတွက်သာ ရည်ရွယ်ပါတယ်နော်။ သိပြီးသား၊ တတ်ပြီးသား သူတွေကတော့ ကျော်ဖတ်သွားကြပါနော့...

ကဲ... ဒီတပတ် ပြောမှာကတော့... ( အင်း... မရေးတာကြာလို့ ပြောပြီး ရေးပြီးသားတွေ ထပ်ရေးမိတယ်ဆိုရင်တော့ ခွင့်လွှတ်ပါဗျို့... )

များသောအားဖြင့်တော့ အီးမေးလ်ရေးနည်း ကျွမ်းကျင်သူများက အကြံပေးကြတာ တွေ့ရတာ ဟောဒီအချက်များဖြစ်ပါတယ်။

1) keep it short and simple
2) be specific and avoid generalizations
3) use the active voice
4) arrange their sentences with parallel structure
5) organize their writing by following an outline
6) use a tone that will give readers a positive mental picture of writer

၁) keep it short and simple
အရင်က ရေးတဲ့ ပိုစ့်မှာလည်း ရေးဖူး၊ ပြောဖူးတယ်နဲ့ တူပါတယ်နော်။
အီးမေးလ်ရေးတယ်ဆိုတာ အင်္ဂလိပ်စာ အက်ဆေးရေးနေတာ မဟုတ်ဘူးဆိုတာကို သိထားသင့်ပါတယ်။ ဖွဲ့နွဲ့ရေးစရာမလို၊ အရမ်းကြီး တခမ်းတနားလုပ်ရေးနေစရာလည်း မလိုပါဘူး။ ကိုယ်ပြောချင်တာကို အများနားလည်နိုင်မဲ့ အရှင်းဆုံး၊ အလွယ်ဆုံး အင်္ဂလိပ်စကားလုံးတွေ သုံးပြီး လိုရင်းတိုရှင်း ရေးရတာ ဖြစ်လို့ အီးမေးလ် ရေးရတာ ထင်သလောက် မခက်လှပါဘူး။ မေးလ်ဖတ်နေတဲ့သူရဲ့ ဘေးနားကို သွားပြီး သူ့ကို စကားပြောနေသလို မျိုးရေးနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

အီးမေးလ်ရေးတဲ့အခါ ကိုယ့် company ကပဲနားလည်တဲ့၊ ဒါမှမဟုတ် ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ အတိုကောက် စကားလုံးတွေဖြစ်တဲ့ acronyms နဲ့ buzzwords တွေ ထည့်မရေးသင့်ပါဘူး။ ဥပမာ … ကိုယ့်ရုံးတွင်းမှာပဲ သုံးတဲ့ အတိုကောက် စကားလုံး EPC လို့ရေးတာ Engineering Process Control လို့မရှင်းပြပဲ တခြားသူက ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။

ကိုယ်ရေးလိုက်တဲ့ စာထဲမှာ အများနားလည်ဖို့ မလွယ်တဲ့ စကားလုံးတွေသုံး၊ Big words တွေသုံး၊ long sentenceတွေ သုံးပြီး ရေးလို့ ဖတ်တဲ့သူက အထင်ကြီးမှာမဟုတ်ပါဘူး။ အီးမေးလ်တစ်ပုဒ်ဖတ်ဖို့ အရေး ဘေးနားမှာ dictionary တစ်အုပ်ထားဖို့ လိုတယ်ဆိုရင်တော့ မဟုတ်တော့ပါဘူးနော်။

ဥပမာ…
လူအများမြင်ဘူးနေကျ စကားလုံး လွယ်လွယ်ကို ဦးစားပေးသုံးပေါ့နော်…

ergo = therefore
henceforth = from now on

so to speak = as we say

utilize = use

disseminate = send out

equitable = fair


တကယ်လို့ ၀ါကျအရှည်ကြီး ရေးမိတယ်ဆိုရင် ရေးပြီးတဲ့အခါ ကိုယ်ရေးတဲ့စာကို ကိုယ့်ဖာသာပြန်ဖတ်ကြည့်ပါဦး။ ဖတ်နေရင်းနဲ့ အသက်ရှူဖို့ ခဏရပ်နေရတယ်ဆိုရင် အဲဒီဝါကျကို ၂ကြောင်းလောက်ခွဲထုတ်ဖို့ လိုနေပြီပေါ့။ ထပ်နေတတ်တဲ့ စကားလုံးတွေ ရှိရင် ဖယ်ပစ်လိုက်ဖို့ လိုပြီပေါ့။

ဥပမာ…
It has come to our attention that your account is three months in arrears.
လို့ ရေးထားတာကို …
Your account is three months past due.
လို့ ခပ်တိုတို ပြန်ပြင်ရေးနိုင်ပါတယ်နော်။

ဥပမာ…
ဒီလို စကားလုံးရှည်ရှည်တွေကိုလည်း အတိုနည်းနဲ့ပဲ ဖလှယ်ပြီးရေးသင့်ပါတယ်။

for the purpose of = for
the majority of = most

in order to = to

provide an introduction = introduce

on a daily basis = daily

on a regular basis = routinely

can able to do = can do


ဥပမာ…
ခု ရေးထားတဲ့ စာပိုဒ်အရှည်ကြီးကို ဖတ်ရလွယ်အောင် ရှင်းအောင် ဘယ်လို ပြန်ပြင်ရေးကြမလဲ…

This document is for the purpose of giving the reader a detailed explanation of the inventory process. It describes the activities we currently do in the majority of instances on a daily and weekly basis. In order to provide an introduction to the process for employees who work on a temporary basis, we also have prepared an overview, which describes the highlights of the inventory process in just two pages.

ဒီလိုလေးရေးတော့ တိုတိုလေးနဲ့ ပိုပြီး ရှင်းမသွားဘူးလား...

This document explains the inventory process in detail. It describes our usual daily and weekly activities. We also have prepared a two-page overview to introduce the process to temporary employees.

ဆက်ရန်...
Ref:
http://owl.english.purdue.edu/

http://ezinearticles.com/?10-Steps-to-Emailing-Success&id=1283238

http://esl.about.com/od/businessenglishwriting/a/bizdocs_3.htm

http://classweb.gmu.edu/mwasser1/writinghb/tentips.htm
http://www.businesswritingblog.com/
http://www.syntaxtraining.com/business_writing_tips.html

http://oregonstate.edu/dept/eli/buswrite/

Monday, November 17, 2008

သာသနာ သက္ကရာဇ်

သာသနာ သက္ကရာဇ် ကိုဘယ်လို ကြည့်မလဲဆိုရင်...

လက်ရှိခရစ်သက္ကရာဇ်ကို ၅၄၄ နဲ့ပေါင်းပြီး အလွယ်တွက်ကြည့်လို့ ရပါတယ်နော်။
သာသနာ သက္ကရာဇ် = ၅၄၄ + ခရစ်သက္ကရာဇ်
................................= ၅၄၄ + ၂၀၀၈ = ၂၅၅၂

ဆိုတော့ အခု ခရစ်သက္ကရာဇ်၂၀၀၈ခုနှစ်မှာ သာသနာ သက္ကရာဇ် ၂၅၅၂ ရှိပါပြီ။

ပိုပြီးအသေးစိတ် သိချင်ရင်တော့ ဒီလင့်လေးကနေ ကြည့်ကြည့်လိုက်ပါကွယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, October 21, 2008

Business email writing tips - 4

Image from http://www.fotosearch.com/

ရုံးအီးမေးလ်ရေးတဲ့နေရာမှာ သတိထားသင့်တဲ့ အချက်လေးများကို အလျင်းသင့်သလို ပြောဦးမယ်နော်။

Be Positive
အကောင်းမြင်တဲ့ အမြင်ဖြင့် ရေးပါ။

ဥပမာပြောရရင် ကလေးတွေကို ဆုံးမတဲ့နေရာမှာ သူလုပ်လိုက်တာမှားတယ်လို့ ပြောမဲ့အစား ဒီလိုလေးလုပ်ရင် ပိုကောင်းတယ်လို့ ပြောရမဲ့သဘောလိုပေါ့...။ ကလေး၁ယောက်က တံခါးကို ၀ုန်းကနဲဆောင့် ပိတ်လိုက်တယ်ထားပါတော့။ သူ့ကို ဘယ်လိုပြောမလဲ။ တံခါးကို ဘာလို့ဆောင့်ပြီးပိတ်တာလဲလို့ အပြစ်မပြောပဲ... တံခါးဆိုတာ ဖြည်းဖြည်းညင်ညင်သာသာ ပိတ်ရတယ်လို့ သူနားလည်အောင် အမှန်ကို တည့်မတ်ပေးမယ်ဆိုရင် ပြောတဲ့သူရော၊ ပြောခံရတဲ့သူပါ ကျေကျေနပ်နပ် ဖြစ်ပါတယ်။ သဘောကတော့....
the child needs to learn what’s right—not just what is wrong လို့ဆိုလိုချင်တာပါ။

ဒီသဘောအတိုင်းပါပဲ... အီးမေးလ်ရေးတဲ့ အခါမှာလည်း အပြစ်သဘောတွေမပါ၊ အပြုသဘောနဲ့ရေးသားတတ်ဖို့ လိုအပ်ပါတယ်။ ၁ယောက်ယောက်က အမှားလုပ်လို့ သတိပေးပြောစရာရှိတဲ့အခါဆိုရင်လည်း သူ့အမှားကို ထောက်ပြအပြစ်ပြောတာထက် သူဘယ်လို အမှန်လုပ်သင့်တယ်ဆိုတာ သူသဘောတူလာအောင် စည်းရုံးပြီး ရေးသားဖို့ ဂရုစိုက်ရပါမယ်။

အဲဒီတော့ ကိုယ်အီးမေးလ် ပို့လိုက်တဲ့သူဆီက Affirmative response ရချင်တယ်ဆိုရင် အပြုသဘောမျိုး ရေးသားတတ်အောင် ဂရုစိုက်ရပါမယ်။

ဥပမာလေးတွေ ရေးပြမယ်နော်...။

1) Say what you want, rather than what you do not want
It will be great if we can have a code released on this Tuesday, since production will run the test on this Tuesday. Please kindly help to expedite it.
(Yes)
We need the code released on this Tuesday. If we don't get the code on time from you, production cannot run the test. Please release it on time.
(No)

2) State what to do – not what to avoid
Please kindly provide the information within this week.
(Yes)
Don't take too long to provide the information more than a week.
(No)

3) Say what you can do – not what you cannot do
We will release the latest firmware code by end of this week and we are working on it.
(Yes)
We cannot release the firmware code by now; you need to wait until end of this week.
(No)

4) Use neutral rather than blaming language
Please let me clarify what I meant.
(Yes)
You misunderstood what I said.
(No)

5) Avoid blaming others
The test sequence can be improved further and please clear the unnecessary lines and resubmit. Thanks.
(Yes)
You created the test sequence very messy. Redo it.
(No)

6) Use words that create a positive feeling
We value the natural resources.
(Yes)
We don't waste natural resources.
(No)

7) Watch your tones
We are expecting the report from you. We would like to understand more on current Network problem and we hope that you can solve the problem as soon as possible. Please kindly help to expedite it.
(Yes)
I am regarding your failure to send the report. You claimed that network problem has been solved. But you have a serious lack of insight into the problem.
(No)
(You claim လို့ပြောတာက "you say so, but I don't believe you." လို့ပြောလိုက်တာပါပဲ။ "failed to," "neglected to" or "lack of" စသဖြင့် words တွေက accuse အပြစ်တင်တဲ့ စကားလုံးတွေပါ။)

8 ) Motivate the people with your words whenever you have opportunity
Good job! We have received your latest released test code. You helped us a success on product launch on-time. Thanks for your hard work on it and hope to have your continuous support.
(Yes)
We have received the latest code released. Product has been launched.
(No)

9) Take every opportunity to communicate positively
We received your letter with thanks.
(Yes)
We got your letter.
(No)

Thank you for taking the time to consider my ideas.
(Yes)
Please review my ideas.
(No)

Ref:
http://www.syntaxtraining.com/business_writing_tips.html


မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Monday, August 25, 2008

Myanmar or Burma

''A Brief History of the DohBurma Asiayone'', an official government publication published in 1976

But the confusion is an old one and when the Burmese independence movement was established in the 1930s, there was a debate among the young nationalists as to what name should be used for the country Burma or Myanmar. The nationalists decided to call their movement the DohBurma Asiayone (''Our Burma Association'') instead of the DohMyanmar Asiayone.

The reason, they said, was that ''since the dohBurma was set up, the nationalists always paid attention to the unity of all the nationalities of the country and the thakins (Burmese nationalists) noted that Myanmar meant only the part of the country where the Myanmar people lived.

This was the name given by the Burmese kings to their country. Burma naingngan is not the country where only the Myanmar people live. Many different nationalities live in this country, such as the Kachins, Karens, Kayahs, Chins, Pa-Os, Palaungs, Mons, Myamars, Rakhines and Shans. Therefore, the nationalists did not use the term Myanmar naingngan but Burma naingngan. That would be the correct term. All nationalities who live in Burma naingngan are called Burma.Thus, the movement became the DohBurma Asiayone and not the DohMyanmar Asiayone.

The Burmese edition of the Guardian monthly, another official publication, concluded in February 1971: ''The word Myanmar signifies only the Myanmars whereas Burma embraces all indigenous nationalities.''

In 1989, however, the present government decided that the opposite was true.

Source - Somewhere Internet


မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Tuesday, July 22, 2008

Last Mughal King of India

အင်္ဂလိပ်တွေ မြန်မာပြည်ကိုသိမ်းပြီး တဲ့နောက်ပိုင်း၊ မြန်မာပြည်ခေါ်လာတဲ့ အိန္ဒိယ ဘုရင်ရဲ့ဂူ မြန်မာပြည်မှာ ရှိပါတယ်။ သူ့ရဲ့ဂူက ရွှေတိဂုံဘုရားလမ်းအနီးဝန်းကျင်မှာရှိတယ်လို့ကြားဘူးတယ်။ တလောက နိုင်ငံခြားသတင်းဌာန တခုကတောင် ရန်ကုန်မှာရှိတဲ့ အိန္ဒိယဘုရင်ရဲ့ဂူကို လာပြီးဂါရ၀ပြုမဲ့သူရှိပေမဲ့ အိန္ဒိယကမြန်မာဘုရင်ရဲ့ဂူကတော့ ဘယ်သူမှတောင်သတိတရ မရှိလှပါဘူးလို့ ပြောသွားသေးတယ်။

Internet မှာ ရှာ ကြည့်တော့ ဒီလို တွေ့ပါတယ်။

Bahadur Shah Zafar was the last Mughal King of India.
Bahadur Shah Zafar was born in Delhi on October 24 1775. His father was Akbar Shah II and his mother was a Rajput lady Lal Bai. Bahadur Shah Zafar died in exile in the captivity of the British. He died at Yangoon, Myanmar at the age of 87 on November 7 1862. He was buried there and now there is a shrine in Yangoon, the name of the shrine is Bahadur Shah Zafar Dargah and it is located near the Shwe Degon Pagoda at 6 Ziwaka Road, near the intersection with Shwe Degon Pagoda Rd, Yangoon.

Source

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Thursday, July 10, 2008

အာဝေဏိက

မြတ်ဘုရားရဲ့ အာဝေဏိက ဂုဏ်တော် ၁၈-ပါးရှိပါတယ်။ ဘုရားရှင်အတွက် သက်သက်သီးခြား ဂုဏ်တော် ၁၈ပါး လို့ သာသနာရေးကထုတ်တဲ့ သရုပ်ပြအဘိဓါန်မှာ ဘာသာပြန်ထားပါတယ်။

အာဝေဏိက ဂုဏ်တော် ၁၈-ပါး
၁) အတိတ် အဖို့၌
၂) အနာဂတ် အဖို့၌
၃) ပစ္စုပ္ပန် အဖို့၌
ဉာဏ်တော်၏ အပိတ်အပင် အတားအဆီးမရှိခြင်း။

၎) ကာယကံမှု အလုံးစုံ၌
၅) ၀စီကံမှု အလုံးစုံ၌
၆) မနောကံမှု အလုံးစုံ၌
ဉာဏ်တော်သာလျှင်ရှေ့သွားရှိခြင်း၊ ဉာဏ်တော်သို့သာအစဉ်လိုက်ခြင်း။

၇) အလိုဆန္ဒတော်
၈ ) အားထုတ်မှုဝီရိယ
၉) သမာဓိတော်
၁၀) ပညာတော်
၁၁) တရားဟောရာ ၌
၁၂) ၀ိမုတ္တိတရား အဖို့၌
ယုတ်လျှော့အားနည်းမှု မရှိခြင်း။

၁၃) ပြက်ရယ်ပြုမှု မြူးတူးမှုမရှိခြင်း။
၁၄) ချွတ်ချော်တိမ်းပါးမှုမရှိခြင်း။
၁၅) ဉာဏ်တော်နှင့် မတွေ့ထိသော အရာဟူ၍မရှိခြင်း။
၁၆) အဆောအလျင်ပြုရသည်၏ အဖြစ်မျိုးမရှိခြင်း။
၁၇) ကြောင့်ကြမဲ့စိတ်မျိုးမရှိခြင်း။
၁၈ ) ပညာ ဉာဏ်မဆင်မခြင် ရှုလေ့မရှိခြင်း။

နောက်တခုက အာဝေဏိက ဒုက္ခ ၅-ပါး ပါ။ မိန်းမများအတွက် သီးခြားခံယူရသော ဒုက္ခ ငါးပါး လို့ ဆိုပါတယ်။

နောက်တမျိုးရှိပါသေးတယ်။ အာဝေဏိက၊ ပို့ကြမေတ္တာ၊ ၇ဖြာပါ။
သီးခြား ကန့်သတ်၍ ပို့သ ပွားများရသော ဓသြဒိဿ မေတ္တာ၇ပါးဓ ကို အာဝေဏိကမေတ္တာ လို့ ခေါ်ပါတယ်တဲ့။

အာဝေဏိက ဆိုတာ ပါဠိ နာမ၀ိသေသန လို့ပြောရင်ရနိုင်တယ်ထင်ပါတယ်။
အာဝေဏိက - သက်သက်သီးခြားဖြစ်သော ပေါ့နော်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။