Sunday, May 31, 2009

သွားဆေးခန်းများ

သွားကိုက်၊ သွားနာတော့ ကူညီပြီး ဆေးခန်းရှာပေးကြ၊ ပြောကြနဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ မြန်မာပြည်ပြန်မလား စဉ်းစားမိတော့ မြန်မာပြည်က သွားဆေးခန်းတွေကို ကျူးပစ်က မောင်နှမတွေက ကူပြီးရှာပေးကြတာကို အားလုံးကြည့်လို့ရအောင် ဒီမှာ တင်လိုက်ပါတယ်။ ကိုယ်သိတဲ့ စင်ကာပူနဲ့ ဂျေဗွီက ဆေးခန်းလိပ်စာတွေပါ ရေးထားပါတယ်။

ဘလော့ဖတ်လာ မိတ်သဟာများအာလုံး သွားများကျန်းမာ၊ ခိုင်ခံ့၊ လှပလို့ နာခြင်း၊ ကိုက်ခြင်းမှကင်းရှင်းကြပါစေသော်....။ ။ ဒီကတော့ ခုလာမဲ့ အပတ်မှာ နောက်ထပ်တချောင်း အာတီစီလုပ်ရဦးမယ်...။ အီး.................

*******************

မြန်မာပြည်မှ သွားဆေးခန်းများ
၁) SSC သွားဆေးခန်း
၂) လမ်း ၃၀ သွားဆေးခန်း
၃) သွားဆေးခန်း ( ကုက္ကိုင်း ရေကူးကန်လမ်း )
မှတ်ချက်။ ။ အဆင့်မြင့် ပိုးသတ်စက်များလဲ ခေတ်မှီ၊ ကုသခ ဈေးကြီး။
၎) ဒန်ဒသုခ ( ဦးချစ်မောင် လမ်း )
၅) KOE ( ရှစ်မိုင်လမ်းဆုံနား )
မှတ်ချက်။ ။ ကုသခ ဈေးကြီး၊ အံဆုံးနှုတ်ခ - ၁ချောင်းကို ၁သိန်းခွဲ ( လက်ရှိဈေး) ။
၆) ဒေါက်တာဆန်းဝင်း - ဆန်းသွားဆေးခန်း ( လမ်းသစ်လမ်း )
မှတ်ချက်။ ။ လက်ရာကောင်း၊ ထက်ခါထပ်ခါ သွားစရာမလို၊ သွားဖာ - ၄၀၀၀၀ ( လက်ရှိဈေး) ။
၇) ဒေါက်တာမြတ်စိုး ( သော်မဆင် ၁လမ်း )
မှတ်ချက်။ ။ စိတ်ရှည်တယ်။ လက်ရာကောင်းတယ်။
၈ ) ဒေါက်တာကျော်မြင့် ( လှည်းတန်း တက္ကသိုလ် သွားဆေးခန်း )
မှတ်ချက်။ ။ ကုသခ ဈေးမများ။
၉ ) ဒေါက်တာအောင်ထန်း - safe & Clean Dental
မှတ်ချက်။ ။Root Canal Treatment Expert

မှတ်ချက်။ ။
အဲဒီမှတ်ချက်တွေက သွားပြဘူးတဲ့လူတွေ ပြောတဲ့အတိုင်းရေးထားတာပါနော်။ ကိုယ်တိုင်သိလို့ မှုတ်ပါဘူး။ အမှားပါခဲ့ရင် ခွင့်လွှတ်ပါ။

စင်ကာပူမှ သွားဆေးခန်းများ
၁) SGH - National Dental Centre
Tel: 6324 8802

၂) NUH
Tel: 6772 4921
Email : Dental_Centre@nuh.com.sg
Walk in - Morning 8 to 10am
Afternoon 1 to 3:30 pm

၃) Raffles
Tel: 6311 2360 / 6311 2365

၎) Q&M Dental Surgery ( Neighborhood Clinic )
There are associated Clinics in Island Wide
http://www.qandm.com.sg/

၅) International Dental Centre
Dr. Marlar Tun (Burmese Dr)
No. 6 Gemmill Lane
Singapore 069249
Tel: 6372 0082
Email: admin@idcsg.com

မှတ်ချက်။ ။
neighborhood GP ကို သွားတယ်ဆို Consultation fee မပေးရပါဘူး။ သွားဖာခ၊ နုတ်ခကိုသာယူပါတယ်။ Specialist ဒါမှမဟုတ် Professor လိုမျိုးကို ပြတယ်ဆိုရင်တော့ Consultation fee 80 လောက်က သတ်သတ်ပေးရပါတယ်။ NUH မှာStudent program လိုမျိုးရှိတယ်လို့ ပြောပါတယ်။ သွားဆေးကျောင်းတက်နေတဲ့ ကျောင်းသားတွေနဲ့ လုပ်ရင် တ၀က်မက ဈေးသက်သာပါတယ်။ အချိန်တော့ စောင့်ရပါတယ်တဲ့။ Raffles မှာ specialist နဲ့ ပြတာ အတော်ဈေးကြီးပါတယ်။ အပြင်ဆေးခန်း specialist က Bridge ကို ၂၀၀၀ လို့ ပြောရင် သူက ၃၀၀၀ လောက်ဈေးရှိပါတယ်။ Quality အထူးကောင်းလို့ ဈေးကြီးပါတယ်တဲ့။ တချို့ကလည်း ဆေးရုံက အပြင်ဆေးခန်းထက်ပိုနည်းစနစ်ကျ၊ စက်ပစ္စည်းပိုစုံတယ်ဆိုပြီး ဆေးရုံကိုပဲ ပိုအားသာကြပါတယ်။

မလေးရှား ဂျေဗွီမှ သွားဆေးခန်း
Lim Dental Surgery
Lot F27, Holiday Plaza
Jalan Dato Sulaiman,
Century Garden,80250
Johor Bahru, Malaysia
Tel : 07-3311858 for appointment

မှတ်ချက်။ ။
မလေးရှားမှာတော့ စင်ကာပူထက် တ၀က်မက ဈေးသက်သာလို့ ပြောကြပါတယ်။

11 comments:

khin oo may said...

လာဖတ်သွားပါသည်။သက်သာပြီလား

စုချစ် said...

အဖြစ်ကတော့ မပြောချင်ပါဘူး မမရယ်..
ပထမနာနေတဲ့သွား ၂ချောင်းတော့ အာတီစီပြီးသွားပြီ...
ဒီနေ့ပဲ နောက်တချောင်းအတွက် ထပ်သွားရမယ်....

အချို့ကျေးဇူးနဲ့ ငပျင်းလုပ်ပြီး သွားကိုဂရုမစိုက်ခဲ့တဲ့ အကျိုးကျေးဇူးများပေါ့....

yinleiwin said...

သွားစိုက်ချင်လို့ ဆေးခန်းမေးလိုက်တာ တစ်ချောင်းကှိုS$4000 ဆို့လို့ ၃ချောင်းစာအတွက် ... အောင်မလေးလို့သာတလိုက်တော့တယ်..
ဒီမှာ ယာယီ Teeth cover ၀ယ်လို့ရတဲ့နေရာလေးများ သိရင် ပြောကြပါ..

Dr.Nay Oo (Burma) said...

>yinleiwin: စင်္ကာပူမှာ သွားစိုက်ချင်ရင် tgthanwai@gmail.com ကိုဆက်သွယ်ကြည့်ပါ။ ဈေးသက်သက်သာသာ ဖြစ်နိုင်အောင် ကူညီနိုင်မယ် ထင်ပါတယ်။ (ကြော်ငြာ ပေးခြင်းမဟုတ်ပါ။)

Dr.Nay Oo (Burma) said...

စုချစ်သူရေ - အာတီစီ မဟုတ်ရပါ။ အာစီတီ( RCT= Root Canal Treatment/ Therapy) ဖြစ်ပါတယ်။ ဗမာလိုပြောမယ်ဆိုရင် သွားအတွင်းမှ အကြောနှုတ်ကုသခြင်း လို့ပြောရမယ်ထင်တယ်။ အကြောနှုတ်ကုသပြီးတဲ့ သွားကို ကုပြီးရင် ရေရှည်ခိုင်အောင် Jacket Crown or Cap စွပ်ထားဖို့လိုပါ လိမ့်မယ်။ ၂ မျိုးပေါင်းရင် တော်တော်ကုန်မယ်။ ရှာထားပေတော့။:D

စုချစ် said...

ဟီး… ဟုတ်ကဲ့... ဆရာ... ရေးတာလောလို့မှားသွားတယ်….
နာတာမနေနိုင်လို့ စလုံးမှာလုပ်တာ ၁၅၀၀လောက်ကျတယ်။
သိပ်မနာတဲ့ဟာကို ရန်ကုန်ပြန်တဲ့ထိစောင့်ပြီး save & clean ကဆရာဦးအောင်ထန်းနဲ့ လုပ်ပါတယ်။ ဆရာဦးအောင်ထန်းလုပ်ပေးတာ တော်တော်ကောင်းပါတယ်။ ရန်ကုန်ဈေးကတော့ စလုံးထက် အများကြီး သက်သာတာပေါ့နော်…

Nicker said...

ဟလို မစုချစ်
save & clean ဆေးခန်းက ရန်ကုန် ဘယ်နားမှာလဲ.လိပ်စာလေး ပြောပြပါလား. အမ RCT လုပ်တုန်း က ၁ချောင်းကို ဘယ်လောက်လောက် ပေးခဲ့ရလဲအမ.

စုချစ် said...

လိပ်စာ အတိအကျတော့ မမှတ်မိတော့ဘူး ညီမ။ မြို့ထဲ ၁၅လမ်းနား၊ အောက်လမ်းဘက် ကမ်းနားဘက်နဲ့ နီးတယ်။ ဖုန်းနံပါတ်ရှိတယ်။ ဖုန်းဆက်ပြီး လိပ်စာ မေးကြည့်ပါ။ booking လည်း ကြိုယူရတယ်။ ဒီတိုင်းသွားလို့ မရဘူး။
သွားက ဘယ်သွားလဲ ဆိုတာပေါ် မူတည်တယ်။ အတွင်းက အံသွားဆိုရင် တစ်ချောင်း ၆-၇ သောင်းလောက် ပေးခဲ့ရတယ် ထင်တာပဲ... ပေါင်းပြီး လုပ်တော့ အတိအကျ မမှတ်မိတော့ဘူးရယ်...
ဖုန်းဆက်ပြီး ဘယ်လောက်ကျမလဲဆိုတာလဲ မေးကြည့်လို့ ရတယ်။
ဖုန်းနံပါတ်က - ၀၁၂၁ ၀၇၄၃

အဆင်ပြေပါစေ...

Crystal said...

အမရယ် ရန်ကုန်မှာသွားပြန်လုပ်ပြီးပြန်လာတာ (သွားစိုက်တာပေါ့နော်) အဲဒါအခုအပေါကသွားကပြန်နာနေတာအိပ်လို့တောင်မရဘူး .. စင်ကာပူက ဘယ်မှာပြရင်အဆင်ပြေမလဲမသိဘူး (ရန်ကုန်ထပ်ပြန်ဖို့ခွင့်ကမရှိ) :(

စုချစ် said...

ညီမ... နာနေတယ်ဆိုတော့ စိုက်ထားတဲ့သွားက ညှိတာ မညီသေးလို့လား မသိဘူး။ ဘယ်နေရာက နာနေတာလဲ မသိ...။
စင်ကာပူမှာ အစိုးရ ဆေးရုံတွေမှာ သွားပြရင်တော့ ဈေးအနည်းငယ် သက်သာလိမ့်မယ်။ ဒါပေမယ့် အချိန်စောင့်ရတယ်။
ရပ်ကွက်တွေက (Q&M Dental Surgery လို neighborhood dental clinic ) တွေမှာ ပြရင်တော့ ချက်ချင်း ပြလို့ ရတာပေါ့နော်... တချို့ကလည်း မြန်မာ သွားဆရာဝန် အမကြီးဆီမှာ ကောင်းတယ်ပြောကြတယ်။ ဒါပေသိ စိုက်ထားတဲ့ သွားကို မကောင်းဘူးဆိုပြီး ဆွဲခွာမယ် လို့ ပြောလာရင် ဘယ်လို လုပ်မလဲ။
စိုက်ထားတာကို ညီအောင် ညှိပေးပါပဲ ပြောကြည့်ပါ။ ဆွဲခွါမယ်လုပ်ရင် ပိုက်ဆံတွေ ကုန်နေလိမ့်မယ်။ ဆွဲခွါလိုက်လို့ ဒီမှာ ပြန်စိုက်ရရင်တော့ ဈေးကြီးမယ်။ ရန်ကုန် မပြန်ခင်ထိ ထိန်းထားလို့ ရအောင် လုပ်ပေးပါလို့ သေချာပြောပြမှ ဖြစ်မယ်။ လောလောဆယ် နာနေတာကို အကိုက်အခဲ ပျောက်ဆေးလေး သောက်ထားဦးနော်။ အဆင်ပြေပါစေ။
း)

Crystal said...

မကြီးကျေးဇူးပါ...မကြီးပြန်ပြီးကွန့်မန့်တာကို ဖတ်ပြီး မြန်မာဆရာဝန်ဆီပဲသွားဖြစ်တယ် ... အံသွားနူတ်လိုက်ရတယ် (အံသွားကအသစ်စိုက်ထားတဲ့သွားနားမှာလေ ) ... အသစ်စိုက်ထားတာကဘာမှမဖြစ်တော့တော်သေးတယ်.... ဒါပေမယ် ဆရာမကပြောတယ် နောက်ထပ်နုတ်ရအုံးမယ်တဲ့...အီး သေရော... သွားတွေကိုဖာရမှာလည်းအများကြီးတဲ့ တက်နိုင်တော့ဘူး နှစ်ကုန်မှရန်ကုန်ပြန်ပြီးလုပ်တော့မယ် :)