Tuesday, June 30, 2009

ဖိတ်ကြားခြင်း

ခုလာမဲ့ ၅ရက်နေ့ ( ၀၅-၀၇-၀၉) တနင်္ဂနွေနေ့မှာ စင်ကာပူက SMC ကျောင်းသစ်ဖွင့်ပွဲ အခမ်းအနား နဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲ ကို တက်ရောက်ကြဖို့ ဖိတ်ကြားအပ်ပါတယ်။

အစီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
နံနက် ၉း၃၀ - ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားစတင်ခြင်း။
နံနက် ၉း၃၅ - သီလခံယူခြင်း၊ သံဃာတော် အရှင်မြတ်များမှ ပရိတ်တရားတော်များချီးမြင့်ခြင်း၊ တရားဒေသနာပေးသနားတော်မူခြင်း၊ ဗုဒ္ဓဘာသာ သင်တန်းဆင်းကလေးများကို ဆုချီးမြင့်ခြင်း၊ ၀ါဆိုသင်္ကန်းများကပ်လှူပူဇော်ခြင်း၊ နှင့်အမျှအတန်းပေးဝေကြခြင်း။
နံနက် ၁၁း၃၀ - သံဃာတော် အရှင်မြတ်များအား ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခြင်း နှင့် ကြွရောက်လာသော ဓမ္မမိတ်ဆွေ သူတော်စင်ပရိတ်သတ် အပေါင်းတို့အား အကျွေးအမွေးဖြင့် ဧည့်ခံခြင်း။ ( မုံ့ဟင်းခါး၊ ကြာဇံချက်၊ အချိုပွဲ စသည်တို့ဖြင့် ဧည့်ခံမည် ဖြစ်ပါကြောင်း။ )

လာရောက်ရမည့်မြေပုံကို ဒီမှာ ကြည့်နိုင်ပါကြောင်း။

အသေးစိတ်သိလိုပါက SMC website တွင် ကြည့်ရှူနိုင်ပါတယ်။

သာဓု...၊ သာဓု...၊ သာဓု... ။

***********************
နောက်တခုကတော့ Lotus Foundation အဖွဲ့က အစ်မတစ်ယောက်က လက်ဆင့်ကမ်းကြော်ငြာခိုင်းလာတဲ့ အတွက် စိတ်ဝင်စားသူများ လှူဒါန်းနိုင်ရန် အသိပေးအကြောင်းကြားအပ်ပါတယ်။

ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ လောက အသင်းကြီး
http://www.lotusfoundationmm.org

သာဓု...၊ သာဓု...၊ သာဓု... ။

No comments: