Monday, August 17, 2009

အခုတလော...

အမသက်ဝေက Tag ထားတယ်...။ ပေါ့ပေါ့ပါးပါး... အားရင် ရေးပေးနော်...တဲ့။ ဘလော့မှာ သူများတွေ တစ်ယောက်နဲ့တစ်ယောက် Tag လုပ်ပြီးရေးခိုင်းတာတွေ ဖတ်ရရင် ကိုယ်ကလည်း အားကျတယ်။ ကိုယ်လည်း ကိုယ်ချစ်တဲ့ ဘလော့ကာတွေကို ကိုယ်သိချင်တဲ့ topic အကြောင်း Tag ပြီး ရေးခိုင်းချင်တယ်။ ဒါပေမဲ့ ကိုယ့်မှာက ဘလော့ရှိလို့ ဘလော့ကာနံမည်သာခံထားရတာ၊ အသိအကျွမ်းကနည်းပါးလှ။ နံမည်ကြီးဘလော့ကာတွေကို သူရို့ကိုသာ ကိုယ်ကသိပေမဲ့ ကိုယ့်ကိုမည်သူမျှ မသိကြတော့ မTag ၀ံ့။

Tag ကြတဲ့အထဲမှာလည်း တခါမျှမပါဝင်ခဲ့ဖူးဘူး။ ဟီး ...ဘယ်သူမှ Tag မဲ့သူမရှိလို့။ အခုတော့ အမသက်ဝေ ကျေးဇူးနဲ့ ပထမဆုံး Tag ခံရလို့ ဂုဏ်ယူစွာနဲ့ ရေးလိုက်ပါတယ်။

*********
အခုတလော...

တွေးနေမိတာက
ဘာကိုစလုပ်ရရင် ကောင်းမလဲ၊ တော်ပါပြီ ဘာမှမလုပ်တော့ဘူး...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လုပ်ချင်တာတွေများပြီး ဘာမှမလုပ်ဖြစ်သောသူ...

ကျန်းမာရေး
ကောင်းတချက်၊ မကောင်းတချက်…

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဘလော့၊ ဖိုရမ်၊ မြန်မာအိုးလုပ်ငန်း၊ Arts movement...

ရောက်နေဖြစ်တာက
ပုံမှန်က ရုံး နဲ့ အိမ်၊ အိမ်နဲ့ ရုံး...
ဒီပိတ်ရက်တော့ ပန်းချီ စတူဒီယို မသွားမဖြစ်လို့ သွားရတယ်။ ပြီးတော့ လျှောက်လည်ပစ်တယ်...

ရေးဖြစ်နေတာက
အလာပ၊ သလာပတွေ...

နားထောင်ဖြစ်နေတာက
သံယောဇဉ်၊ သံယောဇဉ်…

ရွတ်နေမိတဲ့ကဗျာက
The Gardener XVI: Hands Cling to Eyes by Rabindranath Tagore
This love between you and me is simple as a song...

ဖြစ်ချင်နေတာက
ဖြစ်ချင်တာတွေ အများကြီး…

စားဖြစ်နေတတ်တာက
ညီမလေးချက်ကျွေးတာ...

သနားနေမိတာက
မှားတာကို မှားမှန်း မသိသူတွေ...

လွမ်းနေမိတာက
ပျော်ရွှင်စရာအချိန်များ အားလုံး...

မေ့လျော့ပစ်နေမိတာက
သေခြင်းတရား...

ခါးသက်နေမိတာက
မြန်မာပြည်က သတင်းတွေ...

တမ်းတနေမိတာက
အမေနဲ့ လွတ်လွတ်လပ်လပ် တွေ့ချင်တယ်၊ စကားပြောချင်တယ်...

ကြိတ်ပြီးချီးကျူးနေမိတာက
ဒီပလိုမေစီ ဖြစ်သူများ...

ကြိတ်ပြီးအထင်သေးနေမိတာက
ငွေနဲ့ ရာထူးမက်သူများ...

ဆန္ဒမရှိတဲ့နေရာ
မင်္ဂလာတရားတော်နှင့် မညီသော အရပ်...

ဆန္ဒရှိနေတဲ့ကိစ္စ
ပန်းချီစတူဒီယိုတခု ထောင်ချင်တယ်။ အောက်ထပ်မှာ ကော်ဖီ၊ လက်ဘက်ရည်ဆိုင်ဖွင့်မယ်...

မုန်းတီးနေမိတာက
ဘာပြောကောင်းမလဲ… သူရို့ဘဲ ရှိတယ်…

ချစ်နေတာက
ချစ်စရာကောင်းသူတွေ အားလုံး...

စိတ်ပျက်နေမိတာက
ပျင်းလွန်းတဲ့ ကိုယ့်ကိုယ်ကို...

စွဲလန်းနေမိတာက
ကွန်ပြူတာ.. ပြောရရင် အင်တာနက်… ဂေါ်ဂဲ...
ဘာသိလို့လဲ… ဂေါ်ဂဲမှာ လိုချင်တာ အားလုံးရှာလို့ရတယ်…
how to deliver baby ဆိုပြီး ကလေးမွေးနည်းတောင်ရှိတာကြီးကိုး...

လိုအပ်နေတာက
ကြိုးစားအားထုတ်မှု...

တောင်းနေမိတဲ့ဆု
အမေနဲ့ အတူတကွ ဦးကြီး၊ အစ်ကို၊ အစ်မ၊ မောင်လေး၊ ညီမလေးတို့ ဘေးရန်ကင်းပါစေ...

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
ရှေ့ဆက်ပြီး ကိုယ်ဘာများလုပ်ရမလဲ…

ဝန်ခံချင်တာက
ကိုယ်ဟာ ငပျင်းပါ...

7 comments:

သက်ဝေ said...

ညီမရေ...
အခုတလော အတွေးရေစီးလေးကို လာဖတ်တယ်...
ဆန္ဒရှိတာတွေရယ် တမ်းတနေတာလေးရယ် တောင်းနေတဲ့ဆုတွေရယ် ပြည့်စုံပါစေလို့ ဆုတောင်းတယ်နော်...။
တခုပဲ.. မှာချင်တာက ကျန်းမာရေးကိုတော့ သေသေချာချာ ဂရုစိုက်ပါ...
နေကောင်းမှ ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်မှာပေါ့...
ဟုတ်ဖူးလား..

အဲ... ရှေ့ဆက်ပြီး ကိုယ်ဘာဆက်လုပ်ရမလဲ ဆိုတာတော့ သူ့ကို မေးကြည့်ပါလေ... အဟိ..

သတိတရ ရေးပေးတာ ကျေးဇူးနော် ညီမ...

ကိုပေါ said...

အခုလို ၀န်ခံထားတဲ့အတွက် အဖော်တယောက်တိုးသလို ခံစားရပါတယ်။
ပုံ- လီယိုနာဒို ဒါကိုပျင်း

sonata-cantata said...

စုချစ်က အလုပ်များတဲ့ သူမို့ မတဂ်တာပါအေ...အမလည်းသူများ ရေးခိုင်းရင် ရေးတော့တာပဲ(ရေးချင်လျက် လက်တို့)
ကိုယ်က ပြန်ရေးခိုင်ရမှာကျတော့ အားနာတာလား..ဘာလားသိပါဘူး..

စုချစ် said...

အမသက်ဝေ- ပေးတဲ့ဆုနဲ့ပြည့်ပါစေ

ကိုပေါ - မပြောလဲသိပါတယ် (ရုပ်ရှင်နံမည်...း-) )

အမသီတာ - ဟီး... ဘလော့ အားငယ်ရသူလေးပါ အစ်မရယ်...

:P said...

ကောမန့်မရေးဖြစ်ပေမယ့်
မစုချစ် အသစ်တင်တာတွေ့တိုင်း လာ လာ ဖတ်ပါတယ်...။

စုချစ် said...

ဟုတ်... မစင်စင်...
ကျေးဇူးအများကြီးတင်ပါတယ် နော်...
း-)

RubyKhin said...

ဟဲဟဲ--တို့ကြီးစုလဲ သံယောဇဉ်...သံယောဇဉ် ..ပဲကိုး။ ရူဘီလဲ အိမ်မှာအဲဒါပဲနားထောင်လွန်းလို့ ယောကျာ်းတောင်အလွတ်ရတော့မယ်။။။ စကားမစပ် ရန်ကုန်ပြန်မှာ ဘာမှာဦးမလဲရှင့် :)
ရုဘီပျင်းးး :D(ဒီကလဲ တကယ်ကိုပျင်းတာ)