Saturday, March 29, 2008

Can you feel it!


Full moon means full of equanimity!
Blue color means assured and balanced mind!
White color means no expectation and purification!
Gentle winds mean comfortable life with full of harmony!
Silence means feeling peaceful!
No clouds mean no misery!
No mist means immaculate performance!
No gust means stability and no terror!

Though....


No stars mean lonesome life!

Especially for you,
SuuChit (07/07/00, 1:20 PM)

**************************************

တည်ငြိမ်အေးချမ်းတဲ့ လပြည့်ညရဲ့ ကောင်းကင်အလှရယ်....
မင်းရဲ့ပြာသောအရောင်ဟာ သေချာမှုတခုနဲ့ ဟန်ချက်ညီစေတယ်...။
မင်းရဲ့ဖြူစင်ခြင်းဟာ မျှော်လင့်ခြင်းများကို ခ၀ါချထားတယ်...။

လေပြည်လေညှင်းလေးတွေကတော့...
ပူပင်မှုများစွာနဲ့ လောင်ကျွမ်းနေတဲ့စိတ်ကို
သက်သောင့်သက်သာ၊ သဟဇာတ ဖြစ်စေတယ်...။

မင်းရဲ့ဆိတ်ငြိမ်မှုဟာ ငြင်သာမှုများ များစွာနဲ့
ပြစ်မျိုးမှဲ့မထင် မြူတိမ်ကင်းလေနေတော့
စိတ်ပျက်စရာမှန်သမျှ တို့နဲ့အဝေးဆုံးမှာ
ခရီးသွားနေကြတယ်....။

လေပြင်းတွေသယ်ယူလာမပေးတဲ့ မင်းကြောင့်...
ထိတ်လန့်တကြားကြောက်ရွံ့မှုတွေ ကင်းတဲ့ကိုယ့်ဘ၀ဟာ
တည်ငြိမ်အေးချမ်းလှပါတယ်ကွယ်.....။

အပြစ်ဆိုစရာမရှိ ငြိမ်သက်လှပနေတဲ့မင်းရယ်.....
ကြယ်လေးတွေသာ ရှိရင် မင်းဘ၀ရဲ့
အထီးကျန်ဖော်မဲ့ခြင်းဆိုတာ ဘယ်မှာရှိနိုင်ပါတော့မလဲ...။

စုချစ်
၃၀.၀၃.၂၀၀၈
ညနေ ၃.၁၆

1 comment:

Anonymous said...

ဒီကဗျာလေးကို...မိသားစုနဲ့ ဝေးနေတုန်းက၊ ချစ်သူနဲ့...ဝေးနေတုန်းက ....၂၀၀၀ ခုနှစ်က ရေးခဲ့တာပါ။ အဲဒီတုန်းက အစစ အရာရာ အဆင်ပြေပေမဲ့ ချစ်တဲ့သူတွေနဲ့ ခွဲနေရတော့ စိတ်မှာ အထီးကျန်လွန်းလို့ ရေးမိလိုက်တာလေးပေါ့။
အဲဒီတုန်းက English လိုရေးထားတာကို အခု မြန်မာလို ပြန်ရေးလိုက်ပါတယ်။