Tuesday, January 13, 2009

2009 English - Myanmar Calendar with Singapore Holidays

စင်ကာပူမှ ချစ်သူငယ်ချင်း မိတ်ဆွေများသို့....

တောင်းဆိုထားတဲ့ အတိုင်း စင်ကာပူ ပိတ်ရက်များပါဝင်တဲ့ ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန်ကို ရယူနိုင်ပါပြီရှင်...။ ဒီဇိုင်းကတော့ ပန်းပန်လျက်ပါ ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် ဒီဇိုင်းနဲ့ အတူတူပါပဲ။ စင်ကာပူမှ အသုံးပြုသူတွေ အတွက် အဆင်ပြေစေရန် စင်ကာပူနိုင်ငံရဲ့ အရေးကြီးတဲ့ ဖုန်းနံပါတ်များကိုပါ လိုအပ်လျင် ကြည့်နိုင်အောင်လို့ ပြက္ခဒိန် နောက်ကျောမှာ ထည့်သွင်းပေးထားပါတယ်။ ပုံပေါ်မှာ ကလစ်ခေါက်ပြီး PDF file ကို ဒေါင်းလုပ်ရယူနိုင်ပါတယ်နော်။

၃) ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် (စင်ကာပူသုံး) - ပန်းပန်လျက်ပါ (မြန်မာ့ရိုးရာ ကဗျာများ)


ရွှင်လန်းချမ်းမြေ့ကြပါစေရှင်...။
မေတ္တာဖြင့်
စုချစ်

Thursday, January 8, 2009

2009 English - Myanmar Calendar

ချစ်သူငယ်ချင်း၊ မိတ်ဆွေများ အားလုံး ၂၀၀၉ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်....။

၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် များကို ရယူနိုင်ပါပြီ။ ဒီနှစ်မှာ တော့ ပုံတွေအားလုံး Resolution ကောင်းကောင်းနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ပေးထားပါတယ်။ PDF file များတွင် မည်သည့် security settings ကိုမှ ထည့်သွင်း အသုံးပြုထားခြင်းများမရှိပါ။ တခြား blog များ၊ web site များတွင် အသုံးပြုမည် ဆိုပါက ဤ blog မှ ရရှိပါကြောင်း ဖေါ်ပြရန် မေတ္တာရပ်ခံအပ်ပါသည်။

၁) ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် - ဇာတ်တော်ကြီး ဆယ်ဘွဲ့

ဒီပြက္ခဒိန်လေးကတော့ ချမ်းမြေ့ကျောင်းနဲ့ စင်ကာပူ သတိပဋာန် ရိပ်သာ(SMC - Satipatthana Meditation Centre) အတွက် သီးခြားလုပ်ပေးတာပါ။ ဘုန်းကြီးကျောင်းအတွက်ဖြစ်ပါသဖြင့် ရက်ရာဇာ၊ ပြဿဒါး၊ နဂါးလှည့် စသည်များ မပါဝင်ပါရှင်။

၂) ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် - ပန်းပန်လျက်ပါ (မြန်မာ့ရိုးရာ ကဗျာများ)

မြန်မာနိုင်ငံမှ သမိုင်းဝင်နေ့များကို တတ်နိုင်သမျှ စုံလင်အောင်ထည့်ထားပေးပါတယ်ရှင်။ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးလှည့် စသည်တို့ ပါဝင်ပါသည်ရှင်။

ပုံတွေပေါ်မှာ ကလစ်ခေါက်ပြီး PDF Files များကို ဒေါင်းလုပ် ရယူနိုင်ပါတယ်။

မေတ္တာဖြင့်
စုချစ်

*********

စင်ကာပူ နှင့် အမေရိကန် အားလပ်ရက်များပါဝင်သော ပြက္ခဒိန် -
မကြာမှီ လာမည်... မျှော်


*********
မှတ်ချက်။ ။
အထက်ပါ ပြက္ခဒိန် များတွင် ပါရှိသော ပန်းချီကားများကို အောက်ပါ various web sites များမှ ရရှိပါသည်။
http://chaweithein.blogspot.com
http://oasisartgallery-mm.com
http://suvburma-art.com
http://www.artasianyc.com
http://www.artfromburma.com/home.cfm
http://www.asia-fineart.com
http://www.canvasia.com/artists.asp
http://www.gallerylodoe.com
http://www.gallery-worldwide.com
http://www.goldleafmyanmar.com
http://www.lalunagallery.com
http://www.magicartartgallery.com
http://www.mandalayartgallery.com
http://www.minzaw.com
http://www.motherartgallery.com
http://www.myanmar-art.com
http://www.my-burma.com
http://www.odetoart.com
http://www.pazpaintings.com
http://www.thavibu.com
http://www.yadanapura.com
https://www.themasterpiecefactory.com

မြန်မာ ပြက္ခဒိန်လေးများ

မိတ်ဆွေများအားလုံးသို့....

မစုချစ်ငယ်ငယ်လေးကတဲက ဒီဇိုင်းလုပ်ရတာကို ၀ါသနာပါပါသည်။ ပထမဦးဆုံး ကိုယ်ပိုင် ပြက္ခဒိန်လေးကို ၁၂နှစ်သမီးအရွယ်သာသာက စတင်ဒီဇိုင်းဆွဲခဲ့ဘူးပါသည်။ wall sheet paper မှာ အပေါ်ပိုင်းကို ရေဆေးရှုခင်း ပန်းချီပုံဆွဲပါသည်။ အောက်တစ်ပိုင်းကို အတိုင်းအထွာနဲ့စကေးကိုက် ဇယားအကွက်ချပြီး ၁၂လစာ လုပ်ရပါသည်။ စနေ၊ တနင်္ဂနွေကို အရောင်တမျိုးဖြင့် ရေးချယ်ပါသည်။ မစုချစ်မှာ အဲဒီတုန်းက ရောင်စုံ ဆော့ပန် မရှိသည့်အတွက် ဂဏန်းတွေ အားလုံးကို စိတ်ရှည် လက်ရှည် စုတ်တံဖြင့် ရေးခြင်းဖြစ်ပါသည်။ အတော်ကို စိတ်ရှည်လက်ရှည် အပင်ပန်းခံပြီး လုပ်ရသော အလုပ်တခုဖြစ်ပါသည်။ ပြက္ခဒိန်ပြီးသွားလို့ အိမ်ရှေ့ခန်းမှာ ချိတ်ထားလိုက်ပြီး မိမိကိုယ်ပိုင် ပြက္ခဒိန် ဒီဇိုင်းကို ကြည့်မ၀ ရှုမ၀ ဖြစ်ရပါသည်။ လာသမျှ ဧည့်သည်များက တနေရာရာက ၀ယ်ထားတာဟုပဲထင်တာ၊ ကောင်းလိုက်တာဟု ချီးကျူးလျင်တော့ တပြုံးပြုံးနှင့် ကျေနပ်မဆုံးဖြစ်ခဲ့ရပါသည်။

ဒီလိုနှင့် ငယ်တုန်းက လုပ်ခဲ့ဘူးသော ပြက္ခဒိန်လေးများကို စင်ကာပူရောက်ပြီးမှ အထူးပြန်လည် သတိရမိပါသည်။ သို့နှင့် ကွန်ပြူတာဖြင့် လွယ်လွယ်ကူကူ ဒီဇိုင်းလုပ်လို့ ရနေတာ၊ ငယ်ငယ်ကနည်းပညာ မပြည့်စုံလို့ အပင်ပန်းခံလုပ်ရသလောက်တောင်မရှိတာ၊ ကိုယ်ပိုင် ပြက္ခဒိန်လေးတွေပြန်လုပ်မည်ဟု စိတ်ပိုင်းဖြတ်ကာ ၂၀၀၀ခုနှစ်နောက်ပိုင်းမှ စ၍ မိသားစု ဓါတ်ပုံများနှင့် စားပွဲတင် ပြက္ခဒိန်လေးများကို စတင် ဒီဇိုင်းလုပ်ခဲ့ပါသည်။ ကွန်ပြူတာဖြင့် အလွယ်တကူဆွဲရ၊ ရေးရတာမို့ ငယ်ငယ်တုန်းကလုပ်သလို မခက်ခဲလှပါ။ နီးစပ်ရာ သူငယ်ချင်းများမှ ပြက္ခဒိန်လေးများကိုတွေ့ရှိကာ လိုချင်ပါသည်ဟု တောင်းဆိုသဖြင့် ၂၀၀၆စ၍ နီးစပ်ရာ သူငယ်ချင်းများကို ဖြန့်ဝေခဲ့ပါသည်။ ၂၀၀၇မှစ၍ နှစ်စဉ် စားပွဲတင် ပြက္ခဒိန် ဒီဇိုင်း ၃မျိုးမှ ၄မျိုး အထိ အီးမေးလ်များမှ တဆင့် ဖြန့်ဝေခဲ့ပါသည်။ SMC (Satipatthana Meditation Centre) webpage မှာတင်ပေးခဲ့ပါသည်။

၂၀၀၈ခုနှစ်တွင် နှစ်သစ်အစမှာ အားလုံးကို အမှီပေးချင်ဇောဖြင့် (ထိုစဉ် မြန်မာ ပြက္ခဒိန်မှာလည်း လက်ထဲ၌မရှိ) မြန်မာရက်များကို အင်တာနက် မှတွေ့သော program တခုဖြင့် generate လုပ်၍ရေးမိရာ ရက်တရက်လွဲသွားပါသည်။ တချို့သော စာလုံပေါင်းများမှာလည်း မှားနေပါသည်။ အမှားသိသိချင်း ဒုတိယ version ပြက္ခဒိန်ကို အမြန်ပြန်ပြင်ရေးဆွဲကာ လက်လမ်းမှီသလောက် ပြန်လည် ဖြန့်ဝေခဲ့သော်လည်း တဆင့်တဆင့်ရသော မေးလ်များဖြင့် တချို့သောသူများမှာ ပြက္ခဒိန်အမှားကြီးကိုသာ သုံးနေနိုင်ပါသည်။ တချို့သော blog နှင့် web page များတွင် အမှားတင်ထားသည်ကို တွေ့ရှိပါသဖြင့် အမှန်ကို အီးမေးလ်ပို့ကာ ပြင်ခိုင်းသော်လည်း မပြင်သောသူများရှိခဲ့ပါသည်။

မြန်မာ့နေ့ကြီးရက်ကြီးများကို အလွယ်တကူ သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားသော ပြက္ခဒိန်ကို လူအများ အမှားကိုသုံးနေမိကြမှာကို တွေးပြီး စိတ်မကောင်းဖြစ်မိပါသည်။ ထို့ကြောင့် ဤ၂၀၀၉ ခုနှစ်မှစ၍ စုချစ်သူ ဘလော့မှာ ပြက္ခဒိန်များကို တင်ထားပါမည်။ အမှားတစုံတရာများ တွေ့ရှိပါက ဤဘလော့မှာ comments ရေးကာအသိပေးနိုင်ပါသည်။ myanmarcupid.net မှာလည်း post တင်ကာ အသိပေးပြောကြားနိုင်ပါသည်။ တခြား မည်သည့် blog , web page များတွင်မဆို (စီးပွားရေးအတွက်မှလွဲ၍) ပြန်လည် ဖြန့်ဝေအသုံးပြုနိုင်ပါသည်။ သို့ရာတွင် suuchitthu.blogspot.com (or) www.myanmarcupid.net မှ ရရှိပါသည်ဟု ထည့်သွင်းဖေါ်ပြပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ကျေးဇူးတင်လေးစားစွာဖြင့်...
စုချစ်

Wednesday, January 7, 2009

2007, 2008 Calendars

၂၀၀၈ ခုနှစ် ပြက္ခဒိန် ဒီဇိုင်းများ

၁) ၂၀၀၈ ခုနှစ် ပြက္ခဒိန် - ချမ်းမြေ့ရိပ်သာ

ဒီပြက္ခဒိန်လေးကို ချမ်းမြေ့ဆရာတော် သဘောကျ ဒီဇိုင်းလုပ်ပေးခဲ့ပါတယ်။ ဆရာတော်ရဲ့ တပည့် ဒါယိကာများက ၄၀၀ကျော် ပုံနှိပ်ပြီး ၂၀၀၈ခုနှစ်က ချမ်းမြေ့မှော်ဘီ စံကျောင်းရေစက်ချပွဲမှာ ဝေခဲ့တယ်လို့ သိရပါတယ်။

၂) ၂၀၀၈ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ စင်ကာပူ


၃) ၂၀၀၈ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ စင်ကာပူ၊ အမေရိကန်


၂၀၀၇ ခုနှစ် ပြက္ခဒိန် ဒီဇိုင်းများ

၁) ၂၀၀၇ ခုနှစ် ပြက္ခဒိန် - ချမ်းမြေ့ကျောင်း


၂) ၂၀၀၇ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ စင်ကာပူ - ၁


၃) ၂၀၀၇ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ စင်ကာပူ -၂


၎) ၂၀၀၇ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ အမေရိကန် -၁


၅) ၂၀၀၇ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ အမေရိကန် -၂


ပုံတွေပေါ်မှာ ကလစ်ခေါက်ပြီး PDF Files များကို ဒေါင်းလုပ် ရယူနိုင်ပါတယ်။

Friday, December 19, 2008

Office Gathering

ဒီနေ့ ၁၉ရက်ကစပြီး (shut down) ရုံးပိတ်တာ နောက်နှစ် ၂၀၀၉ ခု ဇန်န၀ါရီ ၅ရက်နေ့မှ ရုံးပြန်တက်ရမယ်။ Senior Director - Chris က orchard က ဆာကူရာမှာ နေ့လည်စာကျွေးတယ်။ ကိုယ်တို့ dept. က လူ ၅၀လောက်တက်ကြတယ်။ WS ကားနဲ့ ကိုယ်ရယ်၊ YC ရယ်၊ Liaw ရယ်၊ TC Tan ရယ် ၅ယောက်သား ၁၁နာရီလောက်ကတဲက ရုံးက ထွက်လာခဲ့ကြတယ်။ WS က ကားကို ပလာဇာ စင်ကာပူရမှာ ရပ်တယ်။ အဲသည်မှာ ကားပတ်ကင်ခ အသက်သာဆုံးဆိုပဲ။ အဲဒီတော့ centre pt ထိရောက်အောင် လမ်းထပ်လျှောက်ရသပေါ့။

ဆာကူရာ ဘူဖေးကလည်း စားလို့ သိပ်မကောင်းပါဘူး။ နည်းနည်းပဲ စားတာပါ... ဒီမှာလေ... ဟီး...။

စားလည်းပြီးရော... ထုံးစံအတိုင်း Chris က မိန့်ခွန်းချွေပေါ့။ ပြီတော့ ကံစမ်းမဲ ဖေါက်ကြတာပေါ့လေ...။ ပြောချင်ပါဘူး။ ဒီရက်ပိုင်း အတွင်း ရုံးမှာ ကံစမ်းမဲ ၃ခါတောင်လုပ်ကြတာ...။ ပေါက်မဲက Apple ipod တွေ...။ မစုချစ်တို့များ ၃ခါစလုံး ဘာဆိုဘာမှ ရပါဘူး......။ အိတ်လောက် ကံစမ်းမဲ နဲ့ အကျိုးပေးတာ... ဟွန်း...။

ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဓါတ်ပုံလေး ဘာလေး ရိုက်ကြ...။ Chris နဲ့ တောင် အမှတ်တရ ဓါတ်ပုံတွဲရိုက်လိုက်သေး။ အိတ် ... လူညစ်ပတ်ကြီးတွေက Chrisနဲ့ ကိုယ်တွဲပြီး ဓါတ်ပုံရိုက်တော့ Chris ကို ကိုယ့်ပုခုန်းဖက်လိုက်လေလို့ ၀ိုင်းအော်ကြသေးတယ်။ တော်သေးတာပေါ့... Chris က လူနောက်မဟုတ်လို့....။

ကိုယ်တို့ ဘော့စ် Manoj က ဒါပြီး ရုံးပြန်မှာလား လာမေးနေသေးတယ်...။ ကိုယ်က နှုတ်သီးချွန်ချွန်နဲ့ ...ဘာလို့ ပြန်ရမှာလဲလို့.... ဆိုပြီး ပြန်ပက်တော့... တဟားဟားနဲ့ ရယ်ပြီးထွက်သွားတယ်။ အေးလေ... ပြန်သွားစရာလား...လို့။

အိတ်ကအပြန် YC နဲ့ ၂ယောက်သား North Bridge Rd က Straight commercial arts ကို သွားကြတယ်။ ကိုယ်ပန်းချီဆေးတွေ ၀ယ်စရာရှိတာ ဆိုင်ရှင်က သူ့သူငယ်ချင်းမို့ YC က အဖော်လိုက်ပေးတာ...။ ပန်းချီင်္ဆေးတွေ လောဘ ကြီးကြီးနဲ့ ၀ယ်လိုက်တာ ၄၀၀ဖိုး နီးပါး။ တလောက ၀ယ်ထားတာနဲ့ ပေါင်းလိုက်ရင် ၆၀၀နီးပါးဖိုးရှိနေပြီ။ ပန်းချီကားတွေ ဈေးကြီးတာပဲ သိကြတာနော်...။ ပန်းချီဆေးတွေ၊ Materials တွေ ဈေးကြီးတာ ဘယ်သူမှ သိဘူးရယ်။

အိတ်ကအပြန် YC က မြန်မာလက်ဘက်ရည် သောက်ချင်တယ်ဆိုလို့ ပင်နီဆူလာက အင်းဝကိုခေါ်သွားလိုက်တယ်။ ပြီးတော့ သူက နေကြာစေ့ပါစားချင်တယ်ဆိုလို့ အပေါ်ထပ်တက်ပြီး မြန်မာနေကြာစေ့ပါ လက်ဆောင်ဝယ်ပေးလိုက်ရတယ်...။

ဝယ်ထားတဲ့ ပန်းချီဆေးတွေ ကြည့်ပါဦး...။
ပန်းချီဆွဲဖို့ကတော့ အသင့်ပဲ....။ ကဲ... ဒီ၂ပတ် ပိတ်ရက်မှာ ဆွဲပါလေတော့..........။