Saturday, April 24, 2010

စင်ကာပူမှ အလုပ်အကိုင်များနှင့် လစာ သုံးသပ်ချက်

စင်ကာပူမှ အလုပ်အကိုင်များနှင့် လစာ သုံးသပ်ချက်

img source

စင်ကာပူမှာ အလုပ်သစ်ရှာနေသူများအတွက် အိုင်ဒီယာရအောင် လစာခန့်မှန်းချက်လေးတွေ သိထားသလောက် ဆွေးနွေးပေးပါမယ်။ ခန့်မှန်းလစာလို့ ပြောတဲ့အတွက် အတိအကျ လူတိုင်းအတွက် မှန်မယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ပညာအရည်အချင်း၊ ကိုယ့်လုပ်ငန်းအတွေ့အကြုံ၊ ကိုယ်လုပ်မဲ့ အလုပ်ပေါ်မှာ မူတည်ပြီး ပျမ်းမျှအနေနဲ့ စင်ကာပူမှာ လစာတွေ ဘယ်လိုရကြတယ် ဆိုတာ အကြမ်းဖျင်းသိကြစေရန် ရည်ရွယ်ပါတယ်။ ပြီးတော့ ဘယ်လို Filed မျိုးက လစာဘယ်လောက်ရနိုင်တယ်၊ ဘယ်လိုင်းက ဘယ်လိုရှိတယ်ဆိုတာ သိစေဖို့ အတွက်လဲ ရည်ရွယ်ပါတယ်။ ဘလော့ဖတ်လာတဲ့ မိတ်ဆွေများမှလည်း ယခု ဆွေးနွေးထားသည်ထဲမှ အမှားတစုံတရာပါခဲ့သည်ရှိသော် ထောက်ပြရန်၊ ဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါတယ်။

ပထမဆုံးပြောချင်တာက စင်ကာပူမှာ ရာထူးကောင်းတိုင်း လစာမကောင်းပါဘူး။ ရာထူးနဲ့ လစာက တိုက်ရိုက်အချိုးကျမယ်လို့ ယူဆလို့ မရပါဘူး။ ဘယ်ကုမ္ပဏီမှာ လုပ်နေတယ်လဲ ဆိုတာက ရှိပါသေးတယ်။ ကုမ္ပဏီကြီးတွေမှာက သူ့ Standard နဲ့သူ လစာ range တွေရှိပေမဲ့၊ Rules and regulation ကိုလိုက်နာကြပေမဲ့၊ လိုကယ် ကုမ္ပဏီအသေးတွေမှာ များသောအားဖြင့် လစာပေးဖို့ကို Standard မထားကြပါဘူး။ နည်းပေးရလေ ကောင်းလေမို့ပါပဲ။

ဒီလိုပဲ ကုမ္ပဏီကြီးတွေက မာစတာဘွဲ့ကို ဂျူနီယာအလုပ်အတွက် မခန့်ကြပါဘူး။ over qualification ဖြစ်နေလို့ပါ။ လိုကယ် ကုမ္ပဏီသေးတွေကတော့ ကာယကံရှင်က လုပ်မယ်ဆိုရင် ဒေါက်တာဘွဲ့ကိုတောင် အလုပ်သမားခန့်ချင်ကြသူတွေပါ။ အဲသာကြောင့်မို့ လိုကယ် ကုမ္ပဏီအသေးတွေမှာ မန်နေဂျာရာထူးဖြစ်ပေမဲ့ လစာက စလုံး၂၀၀၀ကျော် ၃၀၀၀လောက်ပဲ ရချင်ရတာပါ။ အဲသာဟာ ကုမ္ပဏီအကြီးမှာ အငယ်တန်းအင်ဂျင်နီယာတယောက်ရဲ့ လစာနဲ့ ကိုက်ညီပါတယ်။ ပြီးတော့ ကုမ္ပဏီအကြီးတွေမှာ ပညာရေးမှာ ကိုယ့်ကိုယ်ကို upgrade မလုပ်ရင် ဘယ်လောက်ပဲတတ်တတ်၊ ဘယ်လောက်ပဲအလုပ်ကြိုးစား ကြိုးစား ရာထူးတက်ဖို့ ခက်ပါတယ်။ ကုမ္ပဏီအသေးတွေကတော့ ကိုယ်တကယ် အလုပ်လုပ်နိုင်ရင် တကယ်တတ်တဲ့သူဆိုရင်၊ အားကိုးရတဲ့သူဆိုရင်၊ ကြိုးစားတဲ့သူဆိုရင် လစာ မတိုးရင်သာနေမယ်၊ ရာထူးရဖို့ကတော့ မခဲယဉ်းပါဘူး။

စင်ကာပူလိုကယ်ကျောင်းတွေက Fresh Graduate ဈေးကွက်တွေကို လေ့လာကြည့်ရင် ကိုယ်လုပ်တဲ့ ဖီးဒ်နဲ့ ကုမ္ပဏီပေါ်မူတည်ပြီး ပိုလီ ဒီပလိုမာတွေက ၁၄၀၀ - ၂၃၀၀၊ ဒီဂရီတွေက ၂၂၀၀ - ၂၈၀၀၊ မာစတာက ၂၆၀၀ - ၃၂၀၀၊ ဒေါက်တာဘွဲ့တွေက ၃၀၀၀ - ၄၅၀၀ အတွင်း ပျမ်းမျှ လစာငွေ ရလေ့ရှိကြပါတယ်။ တခါလေလဲ တချို့ မာစတာဘွဲ့ရမြန်မာတွေ ဒီဂရီဘွဲ့ရတွေထက် လစာနဲရတာကို ကြုံဘူးပါတယ်။ အသက်အရွယ်နဲ့လဲ ဆိုင်မယ်ထင်ပါတယ်။ ပုံမှန် သိပ်နံမည်မကြီးတဲ့ နိုင်ငံတွေက ဘွဲ့ရလာတဲ့ နိုင်ငံခြားဘွဲ့ရတွေကိုလဲ လိုကယ်ဒီဂရီ မမှီလို့ နိုင်ငံခြားမှာသွားတက်ရတယ်ယူဆပြီး တချို့ကုမ္ပဏီတွေက လိုကယ်ဘွဲ့ရလောက် အထင်မကြီးတာလဲ တွေ့ရပါတယ်။

အဲဒီလို ပထမဆုံးအလုပ်ကနေစပြီးတော့မှ ကိုယ့်ကြိုးစားမှုရယ်၊ ကံရယ်၊ ဉာဏ်ရယ်၊ ၀ီရိယတွေပေါ်မှာ မူတည်ပြီး လုပ်သက်များလာတာနဲ့အမျှ ရာထူးတွေလဲကွာ လစာတွေလဲ ကွာခြားကုန်တာပါ။ တနေရာထဲမှာ ထိုင်မနေပဲ ၃-၄နှစ်တခါ တက်လမ်းရှိမယ်ထင်တဲ့ အလုပ်တွေကိုခုန်တတ်ရင်လဲ လစာတက်တာ အရမ်းမြန်ပါတယ်။

လုပ်သက်၊ အတွေ့အကြုံရလို့ အလုပ်ပြောင်းပြီဆိုရင်အသစ်ခန့်မဲ့ ကုမ္ပဏီတွေက များသောအားဖြင့် ကိုယ့်လက်ရှိလစာကို ကြည့်ကြပါတယ်။ အဲဒီထက် ၁၀%-၂၀% အပြင်ပိုပေးလေ့မရှိပါဘူး။ ဒါပေမဲ့ တခါတလေ ချွင်းချက်အနေဲ့ အဲဒီထက်ပိုရတဲ့ သာဓကတွေ ရှိချင်လဲရှိတတ်ပါတယ်။ ဥပမာ- အသိမြန်မာကောင်လေး အန်တီယူက မာစတာဘွဲ့ရ၊ ပထမအလုပ်က ကုမ္ပဏီအသေးမှာ ၂၈၀၀နဲ့ ၂နှစ်လောက်လုပ်နေရာက ကုမ္ပဏီကြီးတခုရဲ့ R&D မှာအလုပ်ရတော့ လစာ ၄၀၀၀ကျော် ရသွားပါတယ်။

အထက်ကပြောတဲ့ လစာတွေမှာ ကိုယ်အလုပ်လုပ်တဲ့ Field ပေါ်လိုက်ပြီးလဲ လစာကွာခြားနိုင်ပါတယ်။ သိသလောက်တော့ Engineering Filed ထဲမှာ Design၊ R&D၊ Development၊ Software၊ Firmware သမားတွေနဲ့ IT Field ကသူတွေက များသောအားဖြင့် သူများထက် လစာကောင်းတတ်ကြပါတယ်။ ပြီးတော့ ဘဏ်တွေမှာ Networking, Server, Data Security စတာတွေကိုင်တဲ့ အိုင်တီ၊ အင်ဂျင်နီယာ သမားတွေလဲ လစာတော်တော်လေးကောင်းကြပါတယ်။ Basic pay နဲ့ overtime တွေ Benefit စတာတွေအားလုံး ပေါင်းလိုက်ရင် ဘဏ် စီနီယာဝန်ထမ်းတယောက်ဟာ ၇၀၀၀-၈၀၀၀ လောက်ရတယ်လို့ ပြောပါတယ်။ Cisco မှာ Cisco Certificate တွေရပြီး Networking လုပ်တဲ့ လိုကယ်မာစတာဘွဲ့ရသူဟာ လစာ ၆၀၀၀လောက်ရပါတယ်တဲ့။ ဆောက်လုပ်ရေးက အင်ဂျင်နီယာတွေကတော့ များသောအားဖြင့် ၃၀၀၀-၅၀၀၀ ပတ်ဝန်းကျင်လောက်တွေများပါတယ်။ Project Manager ဆိုရင်တော့ (ကုမ္ပဏီအသေးမဟုတ်) ၆၀၀၀လောက်ရတာ သိရပါတယ်။ တချို့က ရုံးက ကားပါ ရကြပါတယ်။ သင်္ဘောကျင်းက အင်ဂျင်နီယာတွေကတော့ Basic pay သိပ်မများပေမဲ့ Bonus နဲ့ ပြန်မျှသွားလို့ မဆိုးဘူး ခေါ်ရပါမယ်။ သင်္ဘော စူပရီတန်းဒန့် အလုပ်မျိုးဆိုရင်တော့ လစာ ၆၀၀၀- ၇၀၀၀လောက်ရတယ် ပြောပါတယ်။ Manufacturing ၊ Industry စတာတွေမှာ လုပ်တဲ့သူတွေက Junior ဆို ၂၅၀၀-၃၅၀၀၊ Senior ၃၅၀၀-၅၀၀၀၊ Management ၅၀၀၀-၈၀၀၀ စသဖြင့်ပေါ့။ a-star မှာ လုပ်နေတဲ့ မာစတာ၊ ဒေါက်တာဘွဲ့ရ Researcher တွေကတော့ ၃၅၀၀-၅၅၀၀ ရတာတွေ့ရပါတယ်။ ခုပြောတဲ့ လစာတွေကတော့ လုပ်သက်အတန်အသင့်ရှိပြီးသား သူတွေအတွက် ပျမ်းမျှလစာငွေ လေ့လာတွေ့ရှိချက်ပါ။

အစိုးရအလုပ်မျိုးတွေကျတော့ ဈေးကွက်သိပ်မကောင်းပေမဲ့ တည်ငြိမ်တဲ့လစာရှိတတ်ပါတယ်။ ပိုလီကျောင်းဆရာ၊ လိုကယ်မာစတာဒီဂရီနဲ့ လုပ်သက်၁၀နှစ်ရှိတဲ့သူဆိုရင် လစာ ၄၀၀၀-၅၀၀၀ လောက်ရတယ်လို့ သိရပါတယ်။ အစိုးရအလုပ်တွေက ဘောနပ်စ်မှန်မှန်မရမှာလဲ ပူစရာမလိုပါဘူး။ နှစ်တိုးကလဲ နှစ်တိုင်းရှိပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်လောက်က မြန်မာဘွဲ့ရအင်ဂျင်နီယာတွေ ပိုလီဆရာခန့်တာ လစာ ၂၄၀၀လောက် ၀င်ဝင်ချင်းရကြပါတယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကလာ အလုပ်ရှာတဲ့ မြန်မာဘွဲ့ရဈေးကွက်တွေအနေနဲ့ကတော့ အလုပ်ရသွားသူတွေဟာ လုပ်သက်၊ ဘွဲ့ပေါ်မူတည်ပြီး Autocad Draftsman သမားတွေက လစာ ၁၂၀၀ - ၂၃၀၀၊ Construction Field က သူတွေက ၂၁၀၀ - ၃၅၀၀၊ ITသမားတွေက ၁၆၀၀ - ၃၀၀၀၊ Industry တွေမှာ လုပ်နေသူတွေက ၂၁၀၀ - ၂၅၀၀၊ ACCA၊ Eco နဲ့ပြီးတဲ့ Accountant တွေက ၁၆၀၀ - ၂၅၀၀၊ ရိုးရိုးဘွဲ့ရ- Admin အလုပ်ဝင်သူတွေက ၁၂၀၀ - ၂၃၀၀ စသဖြင့် ရတာ လေ့လာတွေ့ရှိရပါတယ်။ Nurse assistant၊ enrolled nurse စတဲ့ အလုပ်လုပ်သူတွေကတော့ basic pay ၁၂၀၀- ၁၆၀၀ လောက်ကစလို့ overtime, night shift တွေလုပ်သလို ၀င်ငွေရပါတယ်တဲ့။ ကျန်းမာရေးလောကကတော့ ကိုယ်နဲ့ သိပ်အကျွမ်းတ၀င်မရှိလို့ ဆရာဝန်အလုပ်ကိုတော့ မပြောပဲ ချန်ခဲ့ပါ့မယ်။ လေ့လာမိတဲ့ အလုပ်လာရှာသူတွေရဲ့ အသက်က ၂၀ ကနေ ၄၀ အတွင်းပါ။

ပြီးတော့ စင်ကာပူမှာ လူတကာသိပ်မလုပ်တဲ့ အလုပ်မျိုးကို ကိုယ်ကတတ်တယ်ဆိုရင် အလုပ်ရှာရလွယ်ပါတယ်။ Engineering Design၊ Firmware, Embedded Programming, Device Driver programming စတဲ့ အလုပ်မျိုးတွေက Engineering Field မှာ အလုပ်ရှာရတာလွယ်ကူတာတွေ့ရပါတယ်။ ဒါပေမဲ့ စင်ကာပူမှာ တကယ်လစာကောင်းသူတွေကတော့ Business Development Manager တွေ၊ Director တွေပါ။ Accounting နဲ့ Admin ကိုလဲ အထင်သေးလို့မရပါ။ ကျောင်းကောင်းကောင်းကနေ MBA ဘွဲ့ရထားသူတွေဟာ လစာတော်တော်လေးကောင်းကြတာတွေ့ရပါတယ်။ ဒီတော့ တကယ်လစာကောင်းတာလိုချင်ရင် ၀ါသနာလဲ ပါမယ်ဆိုရင် Business Management တို့ Finical Management တို့ဖက်ကို ကူးပါ။ စင်ကာပူတနိုင်ငံထဲမဟုတ်ပါဘူး။ ဘယ်နိုင်ငံသွားသွား အဲဒီအလုပ်တွေက လစာအကောင်းဆုံးထဲမှာ ပါပါတယ်။ ဆရာဝန်တွေထက် လစာကောင်းပါတယ်။ အင်ဂျင်နီယာအလုပ်က တကယ်ဆို လစာနဲတဲ့ထဲပါလို့ ယှဉ်စရာတောင် မလိုဘူးပေါ့နော်။

*********
မြန်မာကျူးပစ်မှာ ရေးသားထားတာကို အနည်းငယ်ပြုပြင် တင်ပြပါတယ်။ လစာကောင်း အလုပ်ကောင်းများ ရကြပါစေ။ ကျေးဇူး။

15 comments:

Anonymous said...

အမ..ကျေးဇူး..ဗဟုသုတရပါတယ်။ဟုတ်တယ်အင်ဂျင်နီယာတွေ လာနည်းတယ်။
စီးပွါးရေးပညာရှင်တွေလစာများတယ်။
အမ..ဆရာဝန်နဲ့သွာဆရာဝန်တွေက ဘယ်နိုင်ငံမှာမဆို လစာကောင်းပီး သူဌေးဖြစ်ကြတာများပါတယ်။

မြတ်နိုး

သက်ဝေ said...

စိတ်ရှည်လက်ရှည် ဝေမျှထားတာလေး...

အားလုံးထဲမှာ အောက်ဆုံးက ဆုတောင်းကို အကြိုက်ဆုံးပဲ... ခွိ ခွိ...း))

Nanda said...

This is a precious post. Very informative for job seekers!

Anonymous said...

u r wrong, NTU, NUS fresh grad got 2900 to 3500. Master is lower than that. master fresh grad 2500( not lucky start from 2200)

The Queen said...

ဟင့် လစာကောင်းကောင်းတွေကို အားငယ်စွာနဲ့ ဖတ်သွားပါတယ်။ သူများတွေလို 7000 ~ 8000 လိုချင်လိုက်တာ။

Anonymous said...

Shouldn't make conclusion as Master is lower than undergrad. Not all the NTU and NUS undergrad got 2900 to 3500. It's might be Singaporean graduated with strong thesis and it is also based on the personal confidence. Most of the myanmar engineer especially fresh grad dont have the confidence that what they can do. They only think that they cannot get the job, i dont have experience, my thesis is no good, etc ...... and ask low salary to employer. if you believe yourself how you can do and you ask the better salary, i bet you will get it. eventhough you dont have experience for the duties, you must believe yourself that you can do it well and find the way. Donot think low standard yourself.

စုချစ် said...

@ ပထမ ကိုအမည်မသိ ပြောတာမျိုးကို ဆောင်းပါးထဲမှာ ထဲ့ရေးခဲ့ပါတယ်။
(တခါလေလဲ တချို့ မာစတာဘွဲ့ရမြန်မာတွေ ဒီဂရီဘွဲ့ရတွေထက် လစာနဲရတာကို ကြုံဘူးပါတယ်။ အသက်အရွယ်နဲ့လဲ ဆိုင်မယ်ထင်ပါတယ်။ )
လို့ ရေးခဲ့ပါတယ်။

အဲသာဟာ လူနည်းစုလို့ထင်ပါတယ်။ ဒီမှာ မြန်မာ မာစတာဘွဲ့ရ မြန်မာတော်တော်များများ well being ပါ။ တချို့လဲ ကျောင်းပြီးပြီးချင်းမှာ မြန်မာပြည်ကအလုပ်အတွေ့အကြုံနဲ့ မကိုက်ညီတာကတကြောင်း၊ တချို့ အသက်အရွယ်မငယ်တော့တဲ့ အတွက် အလုပ်သိပ်ရွေးလို့ မဖြစ်၊ အလုပ်မရမှာ ကြောက်တာကတကြောင်း၊ ကိုယ်လုပ်တဲ့ Field က လူအများ လုပ်နိုင်တဲ့ အတွက်ကြောင့် ရရာအလုပ်မှာ လစာနဲနဲနဲ့ ၀င်လုပ်လိုက်ကြရတယ်။ ကိုယ့်ကို အလုပ်ခန့်ချင်အောင် လစာကို သူများထက် ပိုနဲတောင်းကြတယ်။ အဲသာဟာ တချို့ မာစတာ သမားတွေ လစာနဲရခြင်းအကြောင်းပဲ။

တချို့လဲ ပထမအလုပ်မှာ လစာရသလောက်နဲ့ အတွေ့အကြုံရအောင် ခဏ၀င်လုပ် ပြီးတာနဲ့ လစာကောင်းတဲ့စီပြောင်းကြတာပါပဲ။

NTU, NUS fresh grad အနေနဲ့ ပြောရင်လဲ ကိုယ့်ရုံးမှာ Industrial Attachment နဲ့ လာပြီးသူတို့ ပရောဂျက်ကို စူပါဗိုက်ဇ်လုပ်ပေးဖူးခဲ့တဲ့ ကလေးတွေကိုယ်တိုင်က ကျောင်းပြီးတော့ လစာဘယ်လောက်နဲ့ အလုပ်ရတယ်ဆိုပြီး ပြောပြကြတာပါ။ မလေးလူမျိုး စင်ကာပူလူမျိုး တရုတ်လူမျိုး မြန်မာလူမျိုး တွေ ပါပါတယ်။ အဲသာကို အခြေံပြီး လစာပျမ်းမျှဘယ်လောက်ရကြသလဲ ရေးထားတာပါ။

@ ဒုတိယ ကိုအမည်မသိ ပြောတာကို အလေးအနက် ထောက်ခံပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိပါ။

ဆောင်းပါးမှာ ပြောခဲ့သလိုပဲ ကုမ္ပဏီအကြီးတွေမှာ လစာစံနှုန်းထားတွေရှိလို့ မြန်မာတွေကို နှိမ်လို့ မရပေမဲ့ ကုမ္ပဏီအသေးတွေက နဲပေးရလေ သဘောကျလေမို့ ကိုယ့်လစာကို နဲမတောင်းမိစေရအောင်၊ များပြီးလဲမတောင်းမိစေရအောင် အပြင်ဈေးကွက်မှာ ဘာတွေဘယ်လိုရှိသလဲသိစေချင်လို့ ဒီဆောင်းပါးကို ရေးတာပါ။ ပြောခဲ့သလိုပဲ ဒီလစာတွေက လူအားလုံးအတွက် အကုန်မှန်မယ်လို့ မဆိုလိုပါဘူး။ အပေါ်ကရေးထားတာ ပြန်ကုဒ်ပြလိုက်ပါတယ်။

(ခန့်မှန်းလစာလို့ ပြောတဲ့အတွက် အတိအကျ လူတိုင်းအတွက် မှန်မယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ပညာအရည်အချင်း၊ ကိုယ့်လုပ်ငန်းအတွေ့အကြုံ၊ ကိုယ်လုပ်မဲ့ အလုပ်ပေါ်မှာ မူတည်ပြီး ပျမ်းမျှအနေနဲ့ စင်ကာပူမှာ လစာတွေ ဘယ်လိုရကြတယ် ဆိုတာ အကြမ်းဖျင်းသိကြစေရန် ရည်ရွယ်ပါတယ်။ ပြီးတော့ ဘယ်လို Filed မျိုးက လစာဘယ်လောက်ရနိုင်တယ်၊ ဘယ်လိုင်းက ဘယ်လိုရှိတယ်ဆိုတာ သိစေဖို့ အတွက်လဲ ရည်ရွယ်ပါတယ်။)

ကျေးဇူး....

Anonymous said...

oil and gas field က လူတွေ တနေ. ကို SGD 300- 750 မြန်မာတွေ ရကြပါတယ်။

စုချစ် said...

ဟုတ်တယ်... မနေ့ညကပဲ သတိရနေတာ အဲသာရေးဖို့...
ကွန်မန့် ရေးပေးတာ ကျေးဇူး....

ဟိုး အရင် (၈၀-၉၀) ခုနှစ်လောက်တွေက စင်ကာပူကိုရောက်လာတဲ့ မြန်မာအင်ဂျင်နီယာတွေထဲက စလန်ဘာဂျာလို Oil and Gas Filed မှာ အလုပ်လုပ်တဲ့ အန်ကယ်ကြီးတွေ လစာကောင်းတဲ့ အပြင် Benefits တွေလဲ တအားကောင်းတယ်ပြောပါတယ်။ အခုလဲ မြန်မာအင်ဂျင်နီယာတွေထဲမှာ Oil and Gas Filed မှာ လုပ်နေတဲ့ မြန်မာအင်ဂျင်နီယာတွေ ရှိပါတယ်။ တခြားအလုပ်တွေထက်တော့ လစာသာမယ်ထင်ပါတယ်။ အန်ကယ်ကြီးပြောပြတာ ဟိုးအရင်ကလောက် Benefits တွေမရတော့ဘူးလို့ ပြောပါတယ်။

ကိုယ့်သူငယ်ချင်းထဲမှာတော့ ကိုယ်တို့နဲ့ တဘက်ခ်ျထဲ Petrol နဲ့ ဘွဲ့ရ သြစီမှာ အလုပ်လုပ်နေတဲ့သူငယ်ချင်းကတော့ လစာအရမ်းကောင်းတာသိရပါတယ်။ သူတို့ Field မျိုးက တနေ့ ဘယ်လောက်ဆိုပြီး တွက်ပေးတာပါ။ Experiences များရင်များသလို တော်ရင်တော်သလို တနေ့ ဒေါ်လာ ၃၀၀ ကနေ ၁၀၀၀ လောက်ထိ ရကြပါတယ်တဲ့။ သူက တကယ်လဲ တော်ပါတယ်။ မြန်မာပြည်ဘွဲ့ပေမဲ့ Oil and Gas နဲ့ ဆိုင်တဲ့ Cert တွေရထားပါတယ်။ တနှစ်က စင်ကာပူမှာ စာမေးပွဲလာဖြေတာ... တကမ္ဘာလုံးက အဖြူတွေလဲ အဲဒီ စာမေးပွဲ လာဖြေကြတာ သူတယောက်ပဲ အောင်သတဲ့။ ဒီလိုလူမျိုး လစာကောင်းတာ အံ့သြစရာတော့မရှိဘူးပေါ့နော်....

း-)

Thu said...

Thanks to Ma Su Chit Thu for sharing,
Everone gets what it has given.
Oil field, so tough life as a second most risky job after mining profession.
If a person is not competent to do own assignment, return to home within 24 hrs.
I saw those oil field peoples who were running 48 to 72 hrs under hi-pressure without sleeping.
A real professional job but it needs huge sacrifices.
So, Hard work, More money, Die early.
Choose your own way.

TZA said...

မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။

Anonymous said...

အမရေ...
စာတွေလာဖတ်သွားတယ်။ ပန်းချီဆွဲထားတာတွေ ကြည့်ပြီး အားကျသွားပါတယ်။ သင်္ကြန် သီချင်းတွေကြားတိုင်း အမကို သတိရတယ်။ Sorry ဘယ်နားရေးခဲ့ရမှန်း မသိလို့ ဒီမှာဘဲ ရေးခဲ့တာ :) အကိုကြီးကိုလည်း သတိရတယ် ပြောပေးပါ။
ညီမလေး သိင်္ဂီတင်အောင်

စုချစ် said...

အမတို့လဲ ညီမလေးကိုရော၊ မောင်လေး ကိုAWT ကိုရော အမြဲသတိတွေရနေပါတယ်။ ညီမလေးတို့ သတင်း ဌေးဆီက မေးဖြစ်ပါတယ်။ သင်္ကြန်ရောက်တော့ ပိုတောင်သတိရနေသေးတယ်။ စင်ကာပူလာမလည်တော့ဘူးလား...။ သီချင်းတွေေ၇ာ ဆိုဖြစ်သေးလား...
း-)

Soe Yu Nwe said...

Ma Ma Su Chit ... Really appreciate for your time and your goodwill in your post.

Skyblue (Htin Lin) said...

စင်္ကာပူမှာ အလုပ်ရှာလိုသူတွေ အတွက် များစွာ အကျိုးရှိစေပါတယ် .. မျှဝေပေးဖို့ Copy လုပ်သွားပါတယ် Blog အညွှန်းပါထည့်သွင်းဖေါ်ပြပေးပါမယ်... စာရေးသူကို များစွာကျေးဇူးတင်ပါတယ် ..