Wednesday, January 21, 2009

တို့ခေတ်ကိုတော့ ရောက်လာမည်မှာ မလွဲပါ...။


20/01/2009
Congratulation to Barack Obama!

"we have chosen hope over fear, unity of purpose over conflict and discord"

Witnessed by a huge crowd of more than two million people in an unprecedented endorsement of a new leader, Obama, 47, became the 44th President of the United States as he took the oath of office at the US Capitol.

"I, Barack Hussein Obama, do solemnly swear that I will execute the office of President of the United States faithfully and will to the best of my ability, preserve, protect and defend the constitution of the United States, so help me God," said Obama, sparking a massive roar from the crowd and a 21-gun salute.

တချိန်တခါက အဖိနှိပ်ခံ လူမျိုးစုနွယ်ထဲမှ မွေးဖွားလာခဲ့သူ၊ လူမည်းများမှာ လူဖြူများနှင့်တန်းမတူဟု အဆင့်အတန်း နိမ့်ကျပါသည်ဟု ခွဲခြားဆက်ဆံခြင်းခံခဲ့ရသူ၊ ထိုလူမျိုးစုအနွယ်များမှ ဆင်းသက်လာခဲ့သူ ဖြစ်တဲ့ ဘာရက် အိုဘားမားဟာ ဒီနေ့ ဒီအချိန်မှာတော့ အမေရိကန်ရဲ့ အခမ်းနားဆုံးသော သမတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပြီး ပထမဦးဆုံးလူမည်းသမတကြီးအဖြစ် ခြေလှမ်းသစ်ကို စတင်ခဲ့ပါပြီ။

တိုက်တိုက်ဆိုင်ဆိုင် (၁၉.၀၁.၂၀၀၉) က လူမျိုးစု ခွဲခြားဆက်ဆံရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူမည်းများရဲ့ စံပြ နိုဘယ်လ် ဆုရှင် မာတင်လူသာကင်း အထိမ်းအမှတ်နေ့ ဖြစ်လေတော့ တရားမျှတမှုတွေခန်းခြောက်နေတဲ့ လောကကြီးကို တရားမျှတမှုတွေ ရောက်ရှိလာအောင် ဒီကနေ့ အိုဘားမားရဲ့ သမတသစ် တက်ပွဲက ဆောင်ကျဉ်းပေးတယ်လို့ ခံစားမိပါတယ်။

ဘယ်တော့မှ ဖြစ်လာမယ်လို့ မထင်ခဲ့သည်များဟာ တနေ့မှာ ဖြစ်လာနိုင်တယ် ဆိုတာ၊ မဖြစ်နိုင်တာ ဘယ်တော့မှမရှိ၊ မဖြစ်သေးတာသာရှိတယ်ဆိုတာ၊ ယနေ့ အမေရိကန်ရဲ့ သမိုင်းစာမျက်နှာကို သာမက ကမ္ဘာတ၀ှမ်းလုံးကို အိုဘားမားက သက်သေပြသွားခဲ့ပါပြီ။

တနေ့နေ့ တချိန်ချိန် တို့ခေတ်ကိုတော့ ရောက်လာမည်မှာ မလွဲပါ...။

*****
ညက သမတသစ်တက်ပွဲ အခမ်းအနားကို ကြည့်ပြီး ရင်ခုန်ကြည်နှုးမိတယ်။ အမေရိကန် သမတ ကျမ်းသစ္စာကျိန်ဆိုပွဲတွေကို ပထမဦးဆုံး ကြည့်ဘူးခြင်းလည်း ဖြစ်ပါတယ်။ အိုဘားမားကိုကြည့်ရင်းနဲ့ တခုခု သူ့ကို ဂုဏ်ပြုချင်တာကြောင့် ဒီပုံလေးကို အမှတ်တရ ရေးဆွဲဖြစ်ပါတယ်။

သူငယ်ချင်းတွေ အတွက် ကာတွန်း ရုပ်ပြောင်ပုံတွေရေးဆွဲပေးဘူးပေမဲ့ ကယ်ရီကေးချားကို ပထမဦးဆုံး ရေးဆွဲခြင်းဖြစ်ပါတယ်။ မိမိရဲ့ ပထမဆုံး ကယ်ရီကေးချားက အိုဘားမားပုံ ဖြစ်တဲ့ အတွက် အများကြီး ဂုဏ်ယူမိလျက်....။

စုချစ်

Tuesday, January 13, 2009

2009 English - Myanmar Calendar with Singapore Holidays

စင်ကာပူမှ ချစ်သူငယ်ချင်း မိတ်ဆွေများသို့....

တောင်းဆိုထားတဲ့ အတိုင်း စင်ကာပူ ပိတ်ရက်များပါဝင်တဲ့ ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန်ကို ရယူနိုင်ပါပြီရှင်...။ ဒီဇိုင်းကတော့ ပန်းပန်လျက်ပါ ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် ဒီဇိုင်းနဲ့ အတူတူပါပဲ။ စင်ကာပူမှ အသုံးပြုသူတွေ အတွက် အဆင်ပြေစေရန် စင်ကာပူနိုင်ငံရဲ့ အရေးကြီးတဲ့ ဖုန်းနံပါတ်များကိုပါ လိုအပ်လျင် ကြည့်နိုင်အောင်လို့ ပြက္ခဒိန် နောက်ကျောမှာ ထည့်သွင်းပေးထားပါတယ်။ ပုံပေါ်မှာ ကလစ်ခေါက်ပြီး PDF file ကို ဒေါင်းလုပ်ရယူနိုင်ပါတယ်နော်။

၃) ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် (စင်ကာပူသုံး) - ပန်းပန်လျက်ပါ (မြန်မာ့ရိုးရာ ကဗျာများ)


ရွှင်လန်းချမ်းမြေ့ကြပါစေရှင်...။
မေတ္တာဖြင့်
စုချစ်

Thursday, January 8, 2009

2009 English - Myanmar Calendar

ချစ်သူငယ်ချင်း၊ မိတ်ဆွေများ အားလုံး ၂၀၀၉ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်....။

၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် များကို ရယူနိုင်ပါပြီ။ ဒီနှစ်မှာ တော့ ပုံတွေအားလုံး Resolution ကောင်းကောင်းနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ပေးထားပါတယ်။ PDF file များတွင် မည်သည့် security settings ကိုမှ ထည့်သွင်း အသုံးပြုထားခြင်းများမရှိပါ။ တခြား blog များ၊ web site များတွင် အသုံးပြုမည် ဆိုပါက ဤ blog မှ ရရှိပါကြောင်း ဖေါ်ပြရန် မေတ္တာရပ်ခံအပ်ပါသည်။

၁) ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် - ဇာတ်တော်ကြီး ဆယ်ဘွဲ့

ဒီပြက္ခဒိန်လေးကတော့ ချမ်းမြေ့ကျောင်းနဲ့ စင်ကာပူ သတိပဋာန် ရိပ်သာ(SMC - Satipatthana Meditation Centre) အတွက် သီးခြားလုပ်ပေးတာပါ။ ဘုန်းကြီးကျောင်းအတွက်ဖြစ်ပါသဖြင့် ရက်ရာဇာ၊ ပြဿဒါး၊ နဂါးလှည့် စသည်များ မပါဝင်ပါရှင်။

၂) ၂၀၀၉ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် - ပန်းပန်လျက်ပါ (မြန်မာ့ရိုးရာ ကဗျာများ)

မြန်မာနိုင်ငံမှ သမိုင်းဝင်နေ့များကို တတ်နိုင်သမျှ စုံလင်အောင်ထည့်ထားပေးပါတယ်ရှင်။ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးလှည့် စသည်တို့ ပါဝင်ပါသည်ရှင်။

ပုံတွေပေါ်မှာ ကလစ်ခေါက်ပြီး PDF Files များကို ဒေါင်းလုပ် ရယူနိုင်ပါတယ်။

မေတ္တာဖြင့်
စုချစ်

*********

စင်ကာပူ နှင့် အမေရိကန် အားလပ်ရက်များပါဝင်သော ပြက္ခဒိန် -
မကြာမှီ လာမည်... မျှော်


*********
မှတ်ချက်။ ။
အထက်ပါ ပြက္ခဒိန် များတွင် ပါရှိသော ပန်းချီကားများကို အောက်ပါ various web sites များမှ ရရှိပါသည်။
http://chaweithein.blogspot.com
http://oasisartgallery-mm.com
http://suvburma-art.com
http://www.artasianyc.com
http://www.artfromburma.com/home.cfm
http://www.asia-fineart.com
http://www.canvasia.com/artists.asp
http://www.gallerylodoe.com
http://www.gallery-worldwide.com
http://www.goldleafmyanmar.com
http://www.lalunagallery.com
http://www.magicartartgallery.com
http://www.mandalayartgallery.com
http://www.minzaw.com
http://www.motherartgallery.com
http://www.myanmar-art.com
http://www.my-burma.com
http://www.odetoart.com
http://www.pazpaintings.com
http://www.thavibu.com
http://www.yadanapura.com
https://www.themasterpiecefactory.com

မြန်မာ ပြက္ခဒိန်လေးများ

မိတ်ဆွေများအားလုံးသို့....

မစုချစ်ငယ်ငယ်လေးကတဲက ဒီဇိုင်းလုပ်ရတာကို ၀ါသနာပါပါသည်။ ပထမဦးဆုံး ကိုယ်ပိုင် ပြက္ခဒိန်လေးကို ၁၂နှစ်သမီးအရွယ်သာသာက စတင်ဒီဇိုင်းဆွဲခဲ့ဘူးပါသည်။ wall sheet paper မှာ အပေါ်ပိုင်းကို ရေဆေးရှုခင်း ပန်းချီပုံဆွဲပါသည်။ အောက်တစ်ပိုင်းကို အတိုင်းအထွာနဲ့စကေးကိုက် ဇယားအကွက်ချပြီး ၁၂လစာ လုပ်ရပါသည်။ စနေ၊ တနင်္ဂနွေကို အရောင်တမျိုးဖြင့် ရေးချယ်ပါသည်။ မစုချစ်မှာ အဲဒီတုန်းက ရောင်စုံ ဆော့ပန် မရှိသည့်အတွက် ဂဏန်းတွေ အားလုံးကို စိတ်ရှည် လက်ရှည် စုတ်တံဖြင့် ရေးခြင်းဖြစ်ပါသည်။ အတော်ကို စိတ်ရှည်လက်ရှည် အပင်ပန်းခံပြီး လုပ်ရသော အလုပ်တခုဖြစ်ပါသည်။ ပြက္ခဒိန်ပြီးသွားလို့ အိမ်ရှေ့ခန်းမှာ ချိတ်ထားလိုက်ပြီး မိမိကိုယ်ပိုင် ပြက္ခဒိန် ဒီဇိုင်းကို ကြည့်မ၀ ရှုမ၀ ဖြစ်ရပါသည်။ လာသမျှ ဧည့်သည်များက တနေရာရာက ၀ယ်ထားတာဟုပဲထင်တာ၊ ကောင်းလိုက်တာဟု ချီးကျူးလျင်တော့ တပြုံးပြုံးနှင့် ကျေနပ်မဆုံးဖြစ်ခဲ့ရပါသည်။

ဒီလိုနှင့် ငယ်တုန်းက လုပ်ခဲ့ဘူးသော ပြက္ခဒိန်လေးများကို စင်ကာပူရောက်ပြီးမှ အထူးပြန်လည် သတိရမိပါသည်။ သို့နှင့် ကွန်ပြူတာဖြင့် လွယ်လွယ်ကူကူ ဒီဇိုင်းလုပ်လို့ ရနေတာ၊ ငယ်ငယ်ကနည်းပညာ မပြည့်စုံလို့ အပင်ပန်းခံလုပ်ရသလောက်တောင်မရှိတာ၊ ကိုယ်ပိုင် ပြက္ခဒိန်လေးတွေပြန်လုပ်မည်ဟု စိတ်ပိုင်းဖြတ်ကာ ၂၀၀၀ခုနှစ်နောက်ပိုင်းမှ စ၍ မိသားစု ဓါတ်ပုံများနှင့် စားပွဲတင် ပြက္ခဒိန်လေးများကို စတင် ဒီဇိုင်းလုပ်ခဲ့ပါသည်။ ကွန်ပြူတာဖြင့် အလွယ်တကူဆွဲရ၊ ရေးရတာမို့ ငယ်ငယ်တုန်းကလုပ်သလို မခက်ခဲလှပါ။ နီးစပ်ရာ သူငယ်ချင်းများမှ ပြက္ခဒိန်လေးများကိုတွေ့ရှိကာ လိုချင်ပါသည်ဟု တောင်းဆိုသဖြင့် ၂၀၀၆စ၍ နီးစပ်ရာ သူငယ်ချင်းများကို ဖြန့်ဝေခဲ့ပါသည်။ ၂၀၀၇မှစ၍ နှစ်စဉ် စားပွဲတင် ပြက္ခဒိန် ဒီဇိုင်း ၃မျိုးမှ ၄မျိုး အထိ အီးမေးလ်များမှ တဆင့် ဖြန့်ဝေခဲ့ပါသည်။ SMC (Satipatthana Meditation Centre) webpage မှာတင်ပေးခဲ့ပါသည်။

၂၀၀၈ခုနှစ်တွင် နှစ်သစ်အစမှာ အားလုံးကို အမှီပေးချင်ဇောဖြင့် (ထိုစဉ် မြန်မာ ပြက္ခဒိန်မှာလည်း လက်ထဲ၌မရှိ) မြန်မာရက်များကို အင်တာနက် မှတွေ့သော program တခုဖြင့် generate လုပ်၍ရေးမိရာ ရက်တရက်လွဲသွားပါသည်။ တချို့သော စာလုံပေါင်းများမှာလည်း မှားနေပါသည်။ အမှားသိသိချင်း ဒုတိယ version ပြက္ခဒိန်ကို အမြန်ပြန်ပြင်ရေးဆွဲကာ လက်လမ်းမှီသလောက် ပြန်လည် ဖြန့်ဝေခဲ့သော်လည်း တဆင့်တဆင့်ရသော မေးလ်များဖြင့် တချို့သောသူများမှာ ပြက္ခဒိန်အမှားကြီးကိုသာ သုံးနေနိုင်ပါသည်။ တချို့သော blog နှင့် web page များတွင် အမှားတင်ထားသည်ကို တွေ့ရှိပါသဖြင့် အမှန်ကို အီးမေးလ်ပို့ကာ ပြင်ခိုင်းသော်လည်း မပြင်သောသူများရှိခဲ့ပါသည်။

မြန်မာ့နေ့ကြီးရက်ကြီးများကို အလွယ်တကူ သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားသော ပြက္ခဒိန်ကို လူအများ အမှားကိုသုံးနေမိကြမှာကို တွေးပြီး စိတ်မကောင်းဖြစ်မိပါသည်။ ထို့ကြောင့် ဤ၂၀၀၉ ခုနှစ်မှစ၍ စုချစ်သူ ဘလော့မှာ ပြက္ခဒိန်များကို တင်ထားပါမည်။ အမှားတစုံတရာများ တွေ့ရှိပါက ဤဘလော့မှာ comments ရေးကာအသိပေးနိုင်ပါသည်။ myanmarcupid.net မှာလည်း post တင်ကာ အသိပေးပြောကြားနိုင်ပါသည်။ တခြား မည်သည့် blog , web page များတွင်မဆို (စီးပွားရေးအတွက်မှလွဲ၍) ပြန်လည် ဖြန့်ဝေအသုံးပြုနိုင်ပါသည်။ သို့ရာတွင် suuchitthu.blogspot.com (or) www.myanmarcupid.net မှ ရရှိပါသည်ဟု ထည့်သွင်းဖေါ်ပြပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ကျေးဇူးတင်လေးစားစွာဖြင့်...
စုချစ်

Wednesday, January 7, 2009

2007, 2008 Calendars

၂၀၀၈ ခုနှစ် ပြက္ခဒိန် ဒီဇိုင်းများ

၁) ၂၀၀၈ ခုနှစ် ပြက္ခဒိန် - ချမ်းမြေ့ရိပ်သာ

ဒီပြက္ခဒိန်လေးကို ချမ်းမြေ့ဆရာတော် သဘောကျ ဒီဇိုင်းလုပ်ပေးခဲ့ပါတယ်။ ဆရာတော်ရဲ့ တပည့် ဒါယိကာများက ၄၀၀ကျော် ပုံနှိပ်ပြီး ၂၀၀၈ခုနှစ်က ချမ်းမြေ့မှော်ဘီ စံကျောင်းရေစက်ချပွဲမှာ ဝေခဲ့တယ်လို့ သိရပါတယ်။

၂) ၂၀၀၈ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ စင်ကာပူ


၃) ၂၀၀၈ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ စင်ကာပူ၊ အမေရိကန်


၂၀၀၇ ခုနှစ် ပြက္ခဒိန် ဒီဇိုင်းများ

၁) ၂၀၀၇ ခုနှစ် ပြက္ခဒိန် - ချမ်းမြေ့ကျောင်း


၂) ၂၀၀၇ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ စင်ကာပူ - ၁


၃) ၂၀၀၇ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ စင်ကာပူ -၂


၎) ၂၀၀၇ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ အမေရိကန် -၁


၅) ၂၀၀၇ ခုနှစ် ပြက္ခဒိန် - မြန်မာ၊ အမေရိကန် -၂


ပုံတွေပေါ်မှာ ကလစ်ခေါက်ပြီး PDF Files များကို ဒေါင်းလုပ် ရယူနိုင်ပါတယ်။