Wednesday, July 18, 2012

၁၉ ဂျူလိုင်

လွန်ခဲ့သော နှစ်ပေါင်း ၅၀ တိတိ က ရန်ကုန် သတင်းစာ 
(၁၉ ဂျူလိုင် ၁၉၆၂ ကြာသပတေးနေ့)
၁၅နှစ်မြောက် အာဇာနည်နေ့ အထူးအဖြစ် ထုတ်ဝေသော သတင်းစာ

 ၁၉၆၂ ဇူလိုင်လ ရန်ကုန် သတင်းစာမှာ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ သတင်းများကို ဓါတ်ပုံများနဲ့ ဝေေ၀ဆာဆာ ဖေါ်ပြထားတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အထူးသဖြင့် ဖေါ်ပြထားပြီး အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုများ အကြောင်းကိုလည်း ဓါတ်ပုံများနဲ့ သတင်းသွားယူ ဖေါ်ပြထားတာကို တွေ့ရပါတယ်။

အဲဒီသတင်းစာမှာ ကျန်ရစ်သူ မိသားစုများ၏ လက်ရှိအခြေအနေဆိုပြီး ခေါင်းစဉ်ကြီး တတ် ဖေါ်ပြထားတာကိုလည်း ဖတ်ရှုရပါတယ်။ အာဇာနည် များရဲ့ ကျန်ရစ်သူ မိသားစု များ  ဘယ်မှာ နေထိုင်ကြတယ်၊ ဘယ် မိသားစုက ကလေး ဘယ်နှစ်ယောက်ရှိတယ်၊ ကလေးများ ဘယ်အတန်းများ ရောက်နေပြီ ဖြစ်တယ် စသဖြင့် မိသားစု အခြေအနေများကို ရေးပြထားတဲ့ အပြင် ဘယ်မိသားစု က ပိုက်ဆံ ဘယ်လောက် ရှိလို့ ဘာ စီးပွားရေးလုပ်တယ်၊ ဘယ်လို အမွေခွဲတယ်ဆိုတာတွေကအစ သတင်းယူ ဖေါ်ပြထားတာကို ထူးဆန်းစွာ လေ့လာတွေ့ရှိ ရပါတယ်။

၁၉၆၂ ခုနှစ် ဆိုတာ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းတဲ့နှစ်...။ အဲဒီနှစ်ရဲ့ ဇူလိုင် ၁၉ ရက် ဆိုတာ အာဏာသိမ်း စစ်အစိုးရရဲ့ လက်နက်ကိုင် စစ်သားတွေက တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဖြိုဖျက်ခဲ့ပြီး ကျောင်းသားတွေကို ပစ်ခတ်ခဲ့ အပြီး ရက်ပိုင်း အတွင်းပေါ့။ 

စိတ်ဝင်စားစရာ သမိုင်းဝင် သတင်းစာ ဟောင်း တစ်ခု ရဲ့ ပုံရိပ်များပါ။



၁၉၄၇ ဇူလိုင်လ အာဇာနည် ဈာပန



အတွင်းဝန်ရုံးရှိ ဗိုလ်ချုပ်အောင်ဆန်း ရုံးခန်း

ဗိုလ်ချုပ်အောင်ဆန်း မိသားစု
 သခင်မြ ဇနီး

  ဒီးဒုတ်ဦးဘချို မိသားစု

 ဦးဘ၀င်း မိသားစု
    
ဦးရာဇတ် မိသားစု

မန်းဘခိုင် မိသားစု



အာဇာနည်နေ့ အထူး ကာတွန်းများ