Tuesday, September 30, 2008

Business email writing tips - 3

Image from http://www.fotosearch.com/
အီးမေးလ်ဆိုတာ immediate medium လည်းဖြစ်၊ easily and highly accessible လည်းဖြစ်၊ record တွေ ၊ reference တွေဆိုတာကလည်းလုပ်လို့ရတော့ အရမ်းသတိထားရပါမယ်။ မေးလ်ပို့တဲ့အခါ ကိုယ်ပို့လိုက်တဲ့သူ၁ယောက်ကိုပဲ သိစေချင်၊ ဖတ်ရုံပဲ ဖတ်စေချင်လို့ (တခြားသူတွေကို မမြင်စေချင်လို့) copy တို့ forward တို့စတဲ့ options တွေကို disable လုပ်ပြီးပို့လို့ရနိုင်တယ်ဆိုသော်လည်းပဲ အဲဒါတွေကို ဖြည်လို့ရတဲ့ နည်းတွေ၊ ဒါမှမဟုတ် capture လုပ်လို့ရတာဆိုတော့ အန္တရယ်ရှိပါတယ်။ ဒါကြောင့် ကိုယ့်မေးလ်ကြောင့် ကိုယ့် image ကိုထိခိုက်စေမဲ့ဟာမျိုးကို ဘယ်တော့မှ မပို့မိစေပါနဲ့။ ကိုယ်ရေးတဲ့စာကို evidence အထောက်အထားယူပြီး ကိုယ့်ကိုပြန်ဒုက္ခပေးတတ်ပါတယ်။

ဒါကြောင့် တရံတခါမျိုးတွေမှာ ကိုယ့်ဘောစ်နဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ် စိတ်တိုစရာ၊ စာရင်းရှင်းစရာရှိရင် လူကိုယ်တိုင် ပါးစပ်ကနေ ပြောပြဆွေးနွေးပါ။ ဒေါသတွေ တအားထွက်၊ စိတ်တွေတအားတိုလို့ အလွန်ဆုံးဆဲဆိုမိပါစေဦး... ဆဲတဲ့အသံက လေထဲမှာပဲပျောက်သွားပါတယ်။ အီးမေလ်နဲ့ လုပ်လိုက်လို့ကတော့ record ကြီးဖြစ်သွားပါလိမ့်မယ်။

ကိုယ်ကတော့ တခါကဘော့စ်ကို တအားစိတ်တိုဘူးတယ်။ သောကြာညရုံးကအပြန်မှာ စိတ်တွေတို၊ ဒေါသတွေထွက်လို့ လူကအိပ်လို့လုံးဝမရဘူး။ နောက်နေ့ စနေ ရုံးမသွားရတော့.... ဘော့စ်နဲ့က အဲဒီကိစ္စကို စကားပြောလို့ ရှင်းလို့မရပြန်ဘူး။စိတ်ထဲမှာ တနုံ့နုံ့နဲ့မနေနိုင်လို့ အိပ်ရာကထ... သူ့ဆီ မေးလ်တခု ပြင်းပြင်းထန်ထန်အရေးအသားတွေနဲ့ရေး...။ ရေးပြီးတော့မှ... အင်း... နေပါဦး... ခဏတော့ draft ထဲမှာ save ထားမှ ဆိုပြီး save ထားလိုက်တယ်။ နောက်နေ့ အိပ်ရေး၀၀အိပ်ပြီး အိပ်ရကထတော့ စိတ်နည်းနည်းပြေသွားပြီ။ ရေးထားတဲ့ မေးလ်ကိုပြန်ဖွင့်ကြည့်တော့... အမယ်... ကိုယ်ရေးတာ ပြင်းထန်လှချည်လား... ဆိုပြီး နည်းနည်း ပြေပစ်အောင်ထပ်ပြင်လိုက်တယ်။ ပြီးတော့ မပို့သေးပဲ... တခါပြန် save ထားလိုက်တယ်။ ဒီလိုနဲ့ ၂ခါ၊ ၃ခါ လောက်ပြင်လိုက်၊ သိမ်းထားလိုက်၊ ပြန်ဖတ်ကြည့်လိုက်နဲ့ နောက်ဆုံး ပြေပြေပြစ်ပြစ်မေးလ်တစောင်၊ ဒေါသကင်းတဲ့ မေးလ်တစောင်သူ့ဆီပို့လိုက်နိုင်တယ်။ သူကလည်း သူမှားကြောင်း ပေါ်တင်ဝန်မခံပေမဲ့ ကိုယ့်ကိုစိတ်ပြေစေမဲ့ စာမျိုးပြန်ရေးလာတယ်။ ဒါကြောင့် စိတ်တွေတအားတိုနေတုန်း၊ ဒေါသ တအားထွက်နေတုန်း ရေးထားတဲ့ မေးလ်ကို ချက်ချင်းမပို့ပါနဲ့... အမှားတွေ ပါတတ်ပါတယ်။

ပြီးတော့ ကိုယ့်ကိုပြန်ပြီး blackmail လုပ်လို့ရတဲ့ အရေးအသားမျိုး ဘယ်သူ့ကိုမှ မရေးမိပါစေနဲ့။ မသေချာတဲ့ ဂတိမျိုးကိုလည်း အီးမေးလ်ကနေ မပေးမိပါစေနဲ့။ ဥပမာ... ကိုယ့်မှာလည်း လက်ရှိ project တွေနဲ့ အလုပ်ကများနေ... တခြားဌာနတွေက ကြားဖြတ်အလုပ်တွေက၀င်လာပြီး push လုပ်ပြီး target date တောင်းနေရင် ကိုယ်ကသေချာ ဘယ်တော့လုပ်နိုင်မယ်မှန်းမသိသေးပဲနဲ့ အီးမေးလ်ကနေ အတိအကျကြီး ဂတိပြန်မပေးပါနဲ့။ မသေချာပဲနဲ့ ဘယ်သူ့ကိုမှ ဘယ်တော့မှ အီးမေးလ်နဲ့ commit မလုပ်ပါနဲ့။ အာမသွားမခံပါနဲ့။ မဖြစ်မနေပြန်ရေးရမယ်ဆိုရင် ကိုယ်အလုပ်တွေ များနေလို့ priority ကို ဘော့စ်ကနေ တဆင့် ဆွေးနွေးပါ... ဘာညာနဲ့ ပြောတာပိုကောင်းပါတယ်။ ကိုယ်က commit လုပ်ထားပြီးရင် အဲဒီကိုယ်တော်ချောတွေက ကိုယ်ရေးထားတဲ့ မေးလ်ကို ရှိသမျှလူတွေဆီ publish လုပ်ပြီး push လုပ်လေ့လုပ်ထရှိကြတယ်လေ။

အဲဒါနဲ့ပြောင်းပြန် သူများက အလုပ်ကိစ္စ ကိုယ့်ကို commit လုပ်ထားတယ်ဆိုရင်လည်း evidence ရအောင်ယူတတ်ရပါမယ်။ သူတို့ကို gentle reminder ဆိုပြီး သူတို့ကိုယ့်ဆီပို့ထားတဲ့ မေးလ်က target date ကို reference ပြပြီးတော့ ပြီးနိုင်မပြီးနိုင်မေးရပါမယ်။ အရေးကြီးတဲ့ ရုံးကိစ္စတွေမှာ ပါးစပ်ကတိကို လုံးဝယုံလို့မရပါဘူး။တကယ်လို့.. ဥပမာ..သူတို့က ဖုန်းထဲမှာ ကိုယ့်ကို ဂတိပေးသွားတယ်ထားပါတော့...။ ကိုယ်က အီးမေးလ်ထဲမှာ ဒီလိုပြန်ရေးပြီး evidence ကို မရအရ ယူရပါတယ်။

As per our telecommunications on 26 September, I understand that your team has been working on xxxxxxx issue and expect to be finished by next week......

စသဖြင့်ပေါ့...။ အဲဒီတော့ သူက မေးလ်နဲ့ မပြောပေမဲ့ ကိုယ်က ကိုယ့်ဖာသာသူ့ဆီရေးပြီး ရအောင်ယူရတာပေါ့။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Wednesday, September 24, 2008

Business email writing tips - 2

Image from http://www.fotosearch.com/

ရုံးအီးမေးလ် တစ်စောင် ရေးပြီးပြီဆိုရင် ကိုယ်ရေးထားတာကို သေချာပြန်စစ်ပါ။ စာလုံးပေါင်းတွေ၊ ရေးထားတဲ့ အကြောင်းအရာ၊ အချက်အလက် စသဖြင့် သေချာစစ်သင့်ပါတယ်။ မစစ်ပဲ ဒီတိုင်းမပို့နဲ့ပေါ့နော်။ send လုပ်ပြီးသွားရင် ပြန် edit လုပ်လို့ မရတော့ပါဘူး။ အဲဒီတော့ contents, grammar နဲ့ spellingကို ကိုယ့်အီးမေးလ် မပို့ခင် အမြဲတမ်း double check လုပ်သင့်ပါတယ်။ ရေးပြီးတာနဲ့ ဘာမှမစစ်ပဲ ဗြုန်းဆျိုsend ကို click မခေါက်မိအောင်လုပ်ရပါမယ်။

ကိုယ်လုပ်တာကတော့ သိပ်အရေးကြီးပြီး သတိထားရေးရမဲ့ အီးမေးလ်တွေကို အကြမ်းသဘောရေးပြီး ချက်ချင်းမပို့သေးပဲ draft ထဲမှာ အရင်ဆုံး save ထားလိုက်ပါတယ်။ ပြီးမှ သေချာစစ်ပြီး ပို့ပါတယ်။ spelling တော့ auto check ရှိနေတော့ စစ်ရတာ လွယ်ပါတယ်။

နောက်ပြီး အရေးကြီးတာက တချို့နံမည်တွေဆို ကိုယ်နဲ့ familiar မဖြစ်တော့ နံမည်စာလုံးပေါင်း ကိုသေချာ ဂရုစိုက်ပါ။ တချို့က သူတို့နံမည် စာလုံးပေါင်းမမှန်ရင် စိတ်ဆိုးတတ်တယ်။ နောက်ပြီး male လား female လား မဝေခွဲနိုင်တဲ့ နံမည်တွေအတွက်...မသေချာရင် male ကိုပဲ ကိုယ်စားပြုပြီးပြောပါ။ မိန်းမကို ယောက်ျားနံမည်နဲ့မှားတာခံသာပေမဲ့ ယောက်ျားကို မိန်းမဆိုပြီး မှားရင် ပိုဆိုးမလားလို့လေ။ ကိုယ်ကတော့ တရုတ်နံမည်တွေ မသေချာရင် သူငယ်ချင်းတရုတ်တွေကို မေးကြည့်ပြီး ဒီနံမည်က မိန်းမလား ယောက်ျားလားဆိုတာ confirm လုပ်ရပါတယ်။

ပြီတော့ရေးတဲ့ နေရာမှာ tone ကိုဂရုစိုက်ပါ။ department ချင်းမတူတဲ့ သူတွေဆီမေးလ်ပို့ရင်၊ ကိုယ့်ဌာနကမဟုတ်တဲ့သူတွေရဲ့အကူအညီကိုယူရဖို့ရှိရင်၊ ဒါမှမဟုတ် သူတို့ဌာနဖက်က မှားနေတာတွေရှိလို့ ပြောရရင် အရေးအသားကို တတ်နိုင်သမျှ diplomatic ဖြစ်အောင်ရေးသင့်ပါတယ်။

ကိုယ့်ဌာနက မဟုတ်တဲ့သူတွေဆီက အကူအညီယူဖို့ဆိုတာ ပြေပြေလည်လည် ချောချောမွေ့မွေ အီးမေးလ်ရေးသားပြီး အကူအညီတောင်းတတ်ဖို့ လိုပါတယ်။ သူတို့ကို command ပေးတဲ့ ပုံစံမျိုးသွားရေးလို့ မရပါဘူး။ polite ဖြစ်ရပါမယ်။ သူတို့ကို pushing လုပ်တဲ့ သဘောမျိုးမပါအောင်သတိထားရပါမယ်။ formal အကူအညီတောင်းဖို့ဆိုရင် ကိုယ့်မန်နေဂျာနဲ့ သူ့မန်နေဂျာတို့ရဲ့ အီးမေးလ်တွေကို CC လုပ်ပေးဖို့မမေ့ပါနဲ့။ ဥပမာ... ကိုယ်တို့ ရုံးမှာဆို တခြား development group ရဲ့ immediate အကူအညီကိုလိုလာတယ်ဆိုပါတော့။ ရုံးကိစ္စသူတို့လုပ်ရမဲ့ အလုပ်ပင်ဖြစ်သော်ငြားလည်း သူတို့ရဲ့ ပုံမှန် routine အလုပ်တွေကြားထဲကနေ ကြားဖြတ်လုပ်ပေးရမဲ့ ကိစ္စဖြစ်တာကြောင့် ကိုယ်က သူတို့လုပ်ပေးချင်အောင်ရေးတတ်ဖို့လိုတယ်လေ။ ပြီးတော့ ဒါဟာအရေးကြီးတဲ့ official request ဖြစ်လို့ ၂ဖက် မန်နေဂျာတွေရဲ့မေးလ်တွေပါ CC လုပ်ပေးလိုက်တာပေါ့။ သိပ်ပြီး critical ကျတာဆိုရင် ဆိုင်ရာမန်နေဂျာတွေအားလုံးကို CC လုပ်လိုက်ပေါ့။

တကယ်လို့ တခြားဌာနတခုရဲ့ အမှားကို အီးမေးလ်ပြန်စရာရှိတယ်ထားပါတော့။ ကိုယ်ကသူတို့အမှားကိုသွားပြီး ပြင်းပြင်းထန်ထန်တွေထောက်ပြမိရင် ရေးမိရင် သူတို့ကလည်း ကိုယ့်အလှည့်ရောက်ရင် ညှာကြမှာမဟုတ်တော့ပါဘူး။ အဲသလိုရေးလိုက်လို့လည်း communication နဲ့ relationship မှာ ပိုဆိုးသွားတာကလွဲပြီး အကျိုးမရှိစေပါဘူး။ အဲဒီတော့ သူများအပစ်ကိုတွေ့တာတောင်မှ ပြင်းပြင်းထန်ထန်တွေမရေးပဲ ပြေပြေပြစ်ပြစ်နဲ့ အပစ်တင်တဲ့ ပုံစံမျိုးမပါအောင် ဂရုစိုက်ရေးတတ်ဖို့လိုပါတယ်။

ကဲ... ကိုယ်ရေးတာ အကြောင်းအရာမှန်မှန်ကန်ကန်၊ စာလုံးပေါင်းမှန်မှန်ကန်ကန် အားလုံးအဆင်ပြေပြီဆိုရင် အပိတ်စကားလုံးရေးရမယ်။ ထုံးစံကတော့ Thank you and Best Regards စသဖြင့်ပေါ့။ ပြီးရင် ကိုယ့်ရဲ့ နံမည် အပြည့်အစုံ၊ ရာထူး၊ ဌာန၊ ဖုန်းနံပါတ်စတာတွေကို signature အနေနဲ့ ထည့်ထားသင့်ပါတယ်။ signature မှာ ကိုယ့်နာမည်ကို အပြည့်အစုံရေးတာကောင်းပါတယ်။ ဖုန်းနံပါတ်ထည့်ထားလိုက်တော့ အရေးကြီးတဲ့ ကိစ္စဆိုရင် သူက ကိုယ့်မေးလ်ကနေ ကိုယ့် နံပါတ်ကြည့်ပြီး ခေါ်လို့ရတော့ အဆင်ပြေစေပါတယ်။ ကိုယ့် customer ကိုမေးလ်ပို့တာဆို အရေးကြီးဆုံး ကိုယ့် contact info ကိုထည့်ထားမှ သူတို့ကကိုယ်မေးလ်ထဲက info ကိုစိတ်ဝင်စားလို့ ဆက်သွယ်ချင် ဆက်သွယ်လို့ရမှာပေါ့။

signature ကို template ထဲမှာ တခါထဲ ထည့်ထားလိုက်ရင်ရပါတယ်။ ကိုယ်ကတော့ signature မှာ နံမည်တွေအပေါ်က Best Regards ပဲရေးထားတယ်။ အပိတ် Thank you ကလိုသလို အခြေအနေအရပြောင်းရေးချင်လို့...။
ပုံမှန်ဆို Thank you လို့ရေးတယ်။
သိပ်ကျေးဇူးတင်ချင်ရင် Thank you so much (ခင်တဲ့သူ) or
Thank you very much (သိပ်မသိတဲ့သူ) ...
ဒါမှမဟုတ် Thanks in advance (ကိုယ်ကအကူအညီတောင်းထားရင်)...
ကိုယ့်သူငယ်ချင်းက အလုပ်များတဲ့အထဲက ကိုယ့်ကို official request ကြောင့်မဟုတ်ပဲ ရှင်းပြပေးတာ ကူညီတာမျိုးဆိုရင် Thanks a million or A Miilion Thanks..
ဒါမှမဟုတ်...
Thanks again!
Thanks for kind support!
Thanks for your help!
စသဖြင့် စိတ်ထဲပေါ်တာ အဆင်ပြေသလို လျှောက်ရေးတာပါပဲ။

တခုမမေ့ရမှာ၊ သတိထားရမှက အီးမေးလ်ဆိုတာ အမြဲတစေသုံးဖို့လိုအပ်တဲ့ အရာမဟုတ်ပါဘူး။ မလိုအပ်တာကို အီးမေးပို့ခြင်းမှ ရှောင်ကျဉ်ပါ။ တခါတလေမှာ အီးမေးလ်နဲ့ ရေးလိုက်တာထက် ဖုန်းနဲ့ပြောတာ၊ မျက်နှာချင်းဆိုင်စကားပြောလိုက်တာက ပိုပြီးကောင်းပါတယ်။ ဘေးချင်းကပ်ထိုင်နေတဲ့သူကို အီးမေးလ်ပို့ပြီး မင်း အဲဒီအလုပ်ပြီးပြီလားလို့မေးတာ သိပ်အရုပ်ဆိုးပါတယ်။ ဒါမှမဟုတ် ငါ..ဒါကိုနားမလည်လို့ ရှင်းပြပါဆိုပြီး အီးမေးလ်နဲ့ တဌာနထဲကလူကို ရေးနေစရာမလိုပါဘူး။ သူ့စားပွဲကိုသွား... ကိုယ့်ကို ဒါလေးရှင်းပြပါဆို ပြီးနေပါပြီ။ တကယ်လို့သာ တဖက်သူကလက်ပေါက်ကပ်တဲ့သူဖြစ်လို့၊ ကိုယ်က အီးမေးလ်နဲ့ prove လုပ်ဖို့ လိုတယ်ဆိုရင်တော့ သုံးပေါ့လေ။

နောက်တော့ အီးမေးလ်ဆိုတာ immediate medium လည်းဖြစ်၊ easily and highly accessible လည်းဖြစ်လို့ အရမ်းသတိထားရပါမယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Business email writing tips - 1

Image from http://www.fotosearch.com/

ရုံးသုံး (Business E-mail) ရေးတဲ့အခါ ဆောင်ရန် ရှောင်ရန်လေးတွေ ရေးပေးလိုက်ပါတယ်နော်။ ကိုယ်သိသလောက်၊ မြင်သလောက်လေးပေါ့...။

ခုခေတ်မှာ အီးမေးလ်ဆိုတာ လူတိုင်းနဲ့မစိမ်းကြတော့ပါဘူးနော်။ သူငယ်တန်းကလေးကအစ အီးမေးလ်ဘယ်လိုပို့ရမယ်ဆိုတာ သိနေကြပါပြီ။ ဒါပေမဲ့ ရုံးမှာ အသုံးပြုတဲ့အခါ Business E-mail ဖြစ်တဲ့ အတွက် သတိထားပြီး သုံးရမှာတွေ ရှိလာပါပြီ။ အဲဒီ သတိထားရမှာလေးတွေကို အချက်လေးတွေနဲ့ ပြောသွားမယ်နော်...။ သိပြီးသားဖြစ်တဲ့သူတွေကတော့ ကျော်ဖတ်သွားကြပေါ့ကွယ်။

၁) ကိုယ့်မှာ ရုံးကပေးထားတဲ့ ရုံးအီးမေးလ်ရှိတယ်ဆိုရင် ရုံးကိစ္စကို ကိုယ်ပိုင်အီးမေးလ် (ဥပမာ - yahoo, gmail) စတာတွေ သုံးပြီး မပို့သင့်ပါ။ အဲဒီလိုပဲ ကိုယ့်ရဲ့ personal ကိစ္စအတွက်ကို ရုံးအီးမေးလ်သုံးပြီး မပို့ပါနဲ့။

၂) အီးမေးလ်ပို့ပြီဆို Subject line ကို ထည့်ဖို့ မမေ့ပါနဲ့။ အဲဒီ Subject line က အဓိက ကိုယ့်အီးမေးလ်ထဲမှာပါမဲ့ အချက်အလက်နဲ့ ကိုယ်ဆိုလိုချင်တာကို ဖတ်တဲ့သူသိအောင် ခေါင်းစဉ်လေးပြောပြသလိုပေါ့။ ဥပမာ... အလုပ်တွေလျှောက်တဲ့အခါ subject မှာ Application for Systems Engineer ဆိုပြီးရေးသလိုပေါ့။ စာကို ဖွင့်မဖတ်ခင် subject ကြည့်လိုက်တာနဲ့ ... အော်... ဒီမေးလ်က အလုပ်လျှောက်တဲ့ မေးလ်ဆိုတာ တခါထဲတန်းသိတာပေါ့။ နောက်တခုက subject မပါတဲ့ မေးလ်ဆိုရင် Junk folder ထဲကို ရောက်သွားတတ်လေ့ရှိပါတယ်။ ဒါမှမဟုတ် Virus ဖြစ်နိုင်တယ်ဆိုပြီး တခါထဲ delete လုပ်လိုက်ရင်လည်း လုပ်တတ်လေ့ရှိပါတယ်။ ကိုယ်ဆိုရင်တော့ Subject မပါတဲ့ မေးလ်ဆိုရင်၊ အလုပ်ကလည်းများနေရင် ဖွင့်ကို မဖတ်ဖြစ်တော့ဘူး။

၃) စရေးတော့မယ်ဆို... ပုံမှန်ကတော့ Hello ဒါမှမဟုတ် Hi ပေါ့။ Dear ကတော့ too formal ဖြစ်လွန်းတာပေါ့နော်။ Hello Mr. Chan, အဲဒီလိုလေးစရေးပေါ့။ အဲဒီလို နှုတ်ခွန်းမဆက်ပဲ တခါထဲ ကိုယ်ရေးချင်တာကို တန်းရေးတဲ့မေးလ်မျိုးကို ကိုယ်ကတော့ သိပ်မုန်းပါတယ်။ ရိုင်းတယ်လို့လဲထင်ပါတယ်။ စိတ်ထဲမှာ နံမည် မခေါ်ပဲ ..ဟဲ့... လို့အခေါ်ခံလိုက်ရသလိုပါပဲ။

ကိုယ်ကတော့ နံနက်ပိုင်း ရေးတဲ့မေးလ်မှာဆို ... Hello Good Morning Mr. Chan, စသဖြင့် လေးရေးပါတယ်။ လူအများကြီးကိုရေးရရင် Dear All, Good Morning! အဲဒီလိုလေးနဲ့ စပါတယ်။ နေ့လည်ဆို Good Afternoon! ညနေဆို Good Evening လေးထည့်ပြီးရေးပါတယ်။ ကိုယ်ကအဲဒီလိုလေး အစချီလိုက်တော့ သူတို့တွေစိတ်မှာ ဘာပဲ ဖြစ်ဖြစ် စိတ်ကြည်သွားစေတယ်လို့ ယူဆလို့ပါ။

၎) ကဲ... စရေးပါပြီ။ ကိုယ်ဆိုလိုချင်တာကို တိုတိုနဲ့ ရှင်းရှင်းလင်းလင်း ထိထိမိမိ ရေးပါ။ အီးမေးလ်အရှည်ကြီးတွေကို ဘယ်သူမှ စိတ်ရှည်လက်ရှည် ဖတ်ဖို့အချိန်မရှိပါဘူး။ ဥပမာ... မလိုအပ်ပဲနဲ့ story တွေလျှောက်ရေးတာမျိုးပေါ့။ သူငယ်ချင်းနဲ့ စကားပြောနေတာမဟုတ်ပါဘူး။ ရုံးကိစ္စပြောနေတာဖြစ်တာမို့ လိုရင်းကိုပဲ ပြောဖို့လိုပါတယ်။ ရုံးမှာ delay ဖြစ်နေတဲ့ ကိစ္စဖြေရှင်းရမှာကို... ရုံးကိစ္စရေးရမှာကို ... ကိုယ့် personal ကိစ္စတွေကို ပုံပြင်သွားမပြောမိစေနဲ့ပေါ့နော်။ ဥပမာ... မိန်းမနဲ့ကလေးကို မြန်မာပြည်မှာထားခဲ့ရတာ ဒီမှာ ၁ယောက်ထဲနေနေရတော့ အဆင်မပြေတာ.. လွမ်းတာ... ဘာညာတွေ ပုံပြင်တွေ ထည့်မရေးရဘူးနော်။

စာတွေကိုပြွတ်သိပ်ပြီးလည်း မရေးပါနဲ့။ အလွယ်တကူဖတ်လို့ရတဲ့ font, color တွေကိုပဲ သုံးပြီးရေးပါ။ အရေးကြီးတာကိုကွက်ပြီး highlighted လုပ်ချင်ရင်တော့ အဲဒီစာလုံးကိုပဲ ထင်ထင်ရှားရှားဖြစ်အောင် bold လုပ်ပြီး၊ ဒါမှမဟုတ် အရေးတကြီးကိစ္စမျိုး ပိုပြီးသတိထားမိအောင်ပြောရမဲ့အရာမျိုးကို အနီရောင်လေးနဲ့ အစိမ်းရောင်လေးနဲ့ ကွက်ပြီး color လုပ်ပေးနိုင်ပါတယ်။

Capital letters တွေသုံးပြီးမရေးပါနဲ့။ Capital letters တွေချည်းပဲသုံးပြီးရေးထားတဲ့ မေးလ်က junk mail folder or spam mail ထဲကိုရောက်သွားတတ်လေ့ရှိပါတယ်။

ှSimple English ကိုသုံးပါ။ နားလည်ရခက်တဲ့ အင်္ဂလိပ်ဝေါဟာရမျိုးမသုံးပါနဲ့။ မန်နေဂျာ၁ယောက်တွေ့ဘူးပါတယ်။ လူအထင်ကြီးအောင်ဆိုပြီး Simple English နဲ့မရေးဘူး။ စာလုံးတွေကို win word မှာ Thesaurusနဲ့သွားပြီး ခက်တဲ့ စာလုံးတွေနဲ့ စကားလုံးလှယ်ပြီးရေးတာတွေ့ဘူးတယ်။ သူ့ကို အားလုံးက အူကြောင်ကြောင်လူလို့ သတ်မှတ်ထားကြတယ်။

ဒါပေမဲ့ Grammar ကိုတော့ တတ်နိုင်သမျှမှန်အောင်ရေးရပါမယ်။ Grammar လေးတောင်မှ မှန်အောင်မရေးနိုင်တဲ့သူကို ကိုယ့်မေးလ်ဖတ်ရတဲ့သူက ဘယ်လိုမှ အထင်မကြီးပါဘူး။ အထင်မကြီးတာထက် ကိုယ်ဆိုလိုချင်တာ သူအဓိပ္ပါယ်ကောက်တာလွဲသွားရင် ပိုဆိုးပါလိမ့်မယ်။

Business mail မှာ emotion icon တွေ မသုံးပါနဲ့။ သူငယ်ချင်းတွေနဲ့ပြောနေကြ၊ ရေးနေကြဆိုပြီး ရုံးအီးမေးလ်မှာ သွားပြီးမသုံးပါနဲ့။

ကိုယ်က ဘယ်သူ့ဆီရေးနေတာလဲဆိုတာ သေသေချာချာ သဘောပေါက်ရပါမယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဆီလား၊ ကိုယ့်မန်နေဂျာလား၊ ကိုယ့်ရဲ့လက်အောက်ကလူလား၊ သတိထားဆက်ဆံရမဲ့ ကာစတန်မာလား.. သူတို့ဘာလဲဆိုတာ မရေးခင် သေချာနားလည်ပြီး သူတို့နဲ့ အဆင်ပြေ လိုက်လျောညီထွေရှိစေမဲ့ အရေးအသား၊ အသုံးအနှုန်းမျိုးနဲ့ရေးသားရပါမယ်။ နောက်တော့ ... ကိုယ်ရေးနေတဲ့သူက ကိုယ်နဲ့အရင်ကစကားပြောဘူးတဲ့သူလား။ တခါမှ မတွေ့ဘူးတဲ့သူလား။ ခင်တဲ့သူလား။ လက်ပေါက်ကပ်တတ်တဲ့သူလား။ စိတ်တိုတတ်သလား။ သဘောကောင်းသလား။ ဒါတွေပေါ်မူတည်ပြီးလည်း ကိုယ်က လိုက်လျောညီထွေအောင်ရေးရပါမယ်။

ဥပမာ... ကိုယ်ဆိုရင် သိပ်မသိတဲ့သူဆိုရင်... Formal ဖြစ်အောင်ရေးပါတယ်။ ကိုယ်ဆိုလိုချင်တာ ပြောချင်တာ သူလုပ်ရမဲ့ကိစ္စတွေကို တိုတိုတုတ်တုတ်ရေးပါတယ်။ ဟော... ကိုယ်နဲ့ ခင်တဲ့သူ သိတဲ့သူကိုပဲ အတူတူအကြောင်းအရာ ကိုပြောတာပါပဲ။ ဒါပေမဲ့ သူ့ကျတာ့ ခင်နေတဲ့သူဆိုတာ့ နည်းနည်း အလာပ သလာပလေး ပြောပေးပြီးတော့မှ ကိုယ်ပြောချင်တာလေး ပြောရပါတယ်။

ဥပမာ ကြည့်ပါ...။ US က Colorado နဲ့ Boston ရုံးက လူ၂ယောက်ဆီကို same topic ရေးတာပါ။ Colorado ကလူကတခါမှမသိဘူး မမြင်ဘူးတဲ့သူပေါ့။ Boston ကလူကတော့ ကိုယ်သွားတုန်းက ခင်ခဲ့တဲ့သူပေါ့။

Mail to Colorado


Hello Dave S,

This is Suuchit from SGP Firmware Dev group.


New XXXXXX firmware code has been released for XXXXXXX test.
We may need to test it out by this week. Test engineering is doing verification and will let you know if there is any problem. Please kindly proceed with new XXXXX code for xxxxxxxxxxx development.

Thanks.

Best Regards,

SuuChit

XXXXX

Mail to Boston

Hello Matt, Good Morning to you!

How are you? Wish you all are doing very well.
So...you're heading into cool fall/autumn weather now!! Too bad I couldn't have come to Boston at this time of year.


New XXXXXX firmware code has been released for XXXXXXX test.
We may need to test it out by this week. Test engineering is doing verification and will let you know if there is any problem. Please kindly proceed with new XXXXX code for xxxxxxxxxxx development.

Thanks and talk to you later!

Best Regards,

SuuChit

XXXXX


မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Friday, September 5, 2008

Japanese Fish Head

ကိုယ်တို့ကခြေ၄ချောင်းသားမစားတော့ စားစရာက ငါး၊ ကြက်သားနဲ့ ပုဇွန်ပဲရှိတာကိုး။ သူများနဲ့ အပြင်သွားစားပြီဆို အရမ်းအားနာရတယ်။ ကိုယ်က မစားတာတွေများတော့ သူတို့မှာ ကိုယ့်အတွက်နဲ့ ဟိုဟာရွေးရ၊ ဒီဟာရွေးရနဲ့။

၂၀၀၂ လောက်ကဂျပန်မှာ အလုပ်လုပ်စဉ် နေမကောင်းဖြစ်တယ်။ နေပြန်ကောင်းတော့ ရုံးက ဂျပန်မန်နေဂျာနဲ့ သူငယ်ချင်းတွေက ကိုယ့်ကို သနားကြလို့လားမသိဘူး။ အိမ်လွမ်းလို့ နေမကောင်းဖြစ်တာနေမှာ ဆိုပြီး တပတ်တခါ သောကြာနေ့ရောက်ပြီဆို အပြင်မှာလိုက်ကျွေးကြတယ်။ အဲဒီမှာ ပြဿနာက သူတို့က အမဲသားအရမ်းကြိုက်တဲ့ သူတွေ... ကိုယ်ကလည်းမစားတော့ သူတို့မှာ အမဲသားဆိုင်ခေါ်ချင်ပေမဲ့ ခေါ်လို့က မရဘူး။

အဲဒီတော့ လွတ်လွတ်ကင်းကင်း အဆင်ပြေရအောင် တခါတရံ ငါးဆိုင်ကို သွားကြတယ်။ ငါးအစိမ်းကို အဲဒီမှာ စစားဘူးတာပဲ။ နောက်တော့... ငါးခေါင်း...။ အကြီးကြီးမှ အကြီးကြီးရယ်...။ ငါးခေါင်းကြီးကြည့်ပြီး ကြောက်လို့ မစားရဲပြန်ဘူး။ ဓါတ်ပုံတွေ ရှာကြည့်တာတွေ့လို့ ကြည့်ကြည့်ပါဦး။ မျက်လုံးကနေ သွေးတွေ စီးကျနေသလိုပဲ။ လုံးဝမတို့ခဲ့ဘူး။ ကြည့်ရတာ... အူယားလို့။ အဲဒီငါးခေါင်းကြီး ဓါတ်ပုံရိုက်ထားတာ ပြန်ကြည့်ရင်တောင် ပြန်လန့်တယ်။ အမလေး... မကြည့်ရဲပါဘူးဆိုလို့ စားပွဲထိုးကိုခေါ်ပြီး အမြန် ဖျက်ခိုင်းရတယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Myanmar students in AIT, NUS and NTU

Image from http://www.fotosearch.com/

ခုနောက်ပိုင်း ထိုင်းက AIT (Asia Institute of Technology) မှာ မြန်မာကကျောင်းသားတွေ ဘာဖြစ်လို့ ကျောင်းသိပ်မလျှောက်ဖြစ်ကြတော့ဘူး ဆိုတာကို ဆွေးနွေးထားတာပါ။

AITမှာ မျိုးဆက်ပြတ်တယ်ဆိုတာ ဖြစ်နိုင်တာက တော်တော်များများက ၂၀၀၀နောက်ပိုင်းက စပြီး AIT ကိုမသွားတော့ပဲ NUS, NTU ကိုပဲလာကြတော့တယ်လို့ထင်ပါတယ်နော်။ ကိုယ်တို့လည်း ၉၅ ကျောင်းပြီးခါစ AITကို လျှောက်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ AIT Scholarship ကလည်း တကယ့် လက်ရွေးစင်လောက်ပဲခေါ်တာ။ ၉၅-၁ EC ကိုယ်တို့ဘက်ခ်ျက AIT Scholarship ကိုရခဲ့တာဆိုရင် ကိုလှိုင်မင်း (Rool.1) နောက်တယောက်က ညိုနု(Rool.2) သူတို့ပဲရခဲ့ကြတယ်။ ကိုယ်တို့ Rool.1 to 10 အတွင်းက ဆရာကြီးဦးဆန်းတင့် တိုက်တွန်းလို့ ဆရာကြီးရဲ့ ထောက်ခံချက်နဲ့ တော်တော်များများ မေဂျာတွေ မတူအောင် ခွဲပြီး ၀ိုင်းလျှောက်ကြပါတယ်။ EC ကတချို့ သူငယ်ချင်းတွေက လျှောက်ကြတာ သူတို့၂ယောက်လျှောက်တာနဲ့ မေဂျာခြင်းမတူတာတောင် အဲဒီနှစ်က မရခဲ့ကြဘူး။ ကိုယ်ဆိုရင်တော့ ပိုဆိုးပေါ့။ ဘယ်ရပါ့မလဲ... ကိုလှိုင်မင်းလျှောက်တဲ့ မေဂျာကို သွားလျှောက်တာကိုး။ နောက်နှစ်ဆက်ပြီး လျှောက်ရင်တော့ ရချင်ရမှာပေါ့နော်။ အဲ... Partial Scholarship တော့ ရဖို့လွယ်တယ်။ ဒါပေမဲ့ အဲဒီ AIT Partial Scholarship ဆိုတာကလည်း ကိုယ့်ပိုက်ဆံတော်တော် စိုက်ရသေးတာ။ ဈေးကြီးတယ် ဆိုပါစို့။ ဒီတော့ Partialူ ပဲရတဲ့ သူတွေတော်တော်များများက မတက်ဖြစ်ကြတော့ဘူးပေါ့နော်။

၉၆-၉၇ လောက်ကတော့ AITက အရမ်းစည်ပြီး အရမ်းစည်းလုံးကြတယ်။ ရောက်နှင့်တဲ့သူတွေက အသစ်ရောက်လာတဲ့ သူတွေကို အရမ်းလည်း အကူအညီပေးကြတယ်။ ကိုယ်တို့က တခါပဲ လျှောက်ပြီး ဆက်မလျှောက်တော့ ဗုဒ္ဓဘာသာအသင်းမှာ လုပ်ခဲ့တုန်းက ခင်တဲ့ ဆရာဦးစိုးမြင့်က AITမှာပဲဆိုတော့ ဆရာကနောက်နှစ်တွေအတွက်ကို ကိုယ်တောင်မသိပဲ သူ့ဖာသာ ရေးပြီး နောက်နှစ်အတွက်လည်းဆက်ပြီး consider လုပ်ပါဆိုတဲ့စာလေးရေးတင်ပေးထားတယ်။

ပြီးတော့ အဲဒီမှာ မြန်မာခရစ်ယာန်အသင်းတွေလည်းရှိတယ်။ ကိုယ့်ဆီဆို ခရစ်ယာန်အသင်းက စာတွေလာဘူးတယ်။ Partial ပဲရလို့ မတက်နိုင်ရင် သူတို့ ကူညီပါမယ်ဆိုတဲ့ အကြောင်းပေါ့။ အသိအစ်ကိုကြီးတွေ AITမှာရှိတုန်းကတော့ သူတို့က မြန်မာပြည်က အသစ်တွေ ကျောင်းရပြီဆိုတာနဲ့ အဲဒီလူတွေဆီစာရေးပြီး အကြောင်းကြားကြတာလေ။ ပြီးရင် လေဆိပ်မှာ ကြိုမဲ့သူမရှိဘူးဆိုရင်သွားတောင်ကြိုပေးကြတာ။ ၀င်လာပြီဆိုတာနဲ့ အားလုံးလိုအပ်သမျှ လိုက်လုပ်ပေးကြသတဲ့။ Full Scholarship ရပြီးမတက်ဖြစ်တဲ့သူဆိုရင် သူတို့က သေချာအောင် အဲဒီလူဆီလှမ်း Confirm လုပ်၊ ပြီးရင်နောက်တစ်ယောက်အတွက်ကို အစားထိုးပေးဖို့ ဌာနမှာ ကူညီသွားပြောပေးကြသေးတယ်လေ။ အဲဒီတော့ နေရာလည်း မပုတ်တော့ပဲ နောက်မြန်မာတစ်ယောက်က မတက်ဖြစ်တဲ့ သူနေရာမှာ အစားရသွားတော့တာပေါ့နော်။

၉၇ နှစ်စလောက်မှာထင်တယ်။ အသိအစ်ကိုကြီးတွေဆီက ဆရာကြီးဦးဆန်းတင့်ဆီကို စာတွေလာတယ်။ NUS အကြောင်းပေါ့။ အဲဒီခေတ်က Internt ကမြန်မာပြည်မှာမရသေးတော့ NUS အကြောင်းကို ကိုယ်တို့တွေက ဃဃဏဏ ဘယ်သိပါ့မလဲ။ ဆရာကြီးက အိတ်စာကို ပေးပြမှ သိတယ်ပေါ့နော်။ သူတို့ဆရာကြီးဆီပို့တဲ့ စာထဲမှာ... NUS မှာ Scholarship မပါပဲ ကျောင်းတက်ရင် ဘယ်လောက်ပဲ ကုန်မယ်၊ ၈၀% ဘဏ်က ချေးလို့ရတယ်ဆိုတဲ့ သတင်းတွေ ပို့ပေးကြတယ်။ အဲဒီအချိန် NUS က မြန်မာကျောင်းသားရှိတော့ရှိတယ်။ ဒါပေမဲ့ မြန်မာပြည်က တိုက်ရိုက်လာတက်မဲ့သူကို သိပ်မပေးချင်ဘူး။ များသောအားဖြင့် အဲဒီအချိန်တက်နေသူတွေက စလုံးမှာ အလုပ်လုပ်နေတဲ့သူတွေ။ သူတို့ထင်တာက မြန်မာတွေ အင်္ဂလိပ်စာညံ့တယ်။ တိုက်ရိုက်လာတဲ့သူကို ပေးလို့ မဖြစ်ဘူးပေါ့နော်။

ကုန်ကျမဲ့ငွေကို တွက်ကြည့်လိုက်တော့ AIT Partial Scholarship နဲ့ NUS ( without Scholarship ) မှာ NUS ကပိုသက်သာနေတယ်လေ။ ကိုယ်တို့ NUS မှာ ကျောင်းစလျှောက်ဖို့ ပြင်ကြတော့ မြန်မာနိုင်ငံက Asean နိုင်ငံ (ဖြစ်တော့ဖြစ်ခါနီး) မဟုတ်သေးတဲ့ အတွက် Asean Scholarship ကတော့ သေချာမသိခဲ့သေးဘူးပေါ့နော်။ Research Scholarship ရှိတာသိခဲ့တယ်။ ဒါပေမဲ့ သူက အဲဒီတုန်းက ရဖို့ခက်တယ်။ ကိုယ်ကတော့ သူငယ်ချင်းတစ်ယောက်က NUS မှာ တက်နေပြီဆိုတော့ သူ့အကူအညီနဲ့ ကျောင်းကို လျှောက်ဖြစ်ခဲ့ပါတယ်။

ကိုယ်တို့ NUS ရောက်ပြီး နောက်နှစ်.... ၉၈ နောက်ပိုင်းမှာ လူသိပိုများလာတယ်လေ။ ကိုယ်တို့ဆို အသစ်တွေကို ၁နှစ်...၁နှစ်လျှောက်ပေးခဲ့ရတာ... မနည်းခဲ့ဘူး။ မြန်မာပြည်ပြန်မဲ့ လူကြုံရှာ လျှောက်လွှာတွေ ပို့ပေးရတယ်။ ဖြည့်ပြီးသားပြန်ပို့လိုက်တဲ့ ဟာတွေကို အားလုံးပြန်စစ်ပြီး တင်ပေးရတယ်။ လျှောက်လွှာတွေတထပ်ကြီးနဲ့ဆိုတော့ လျှောက်လွှာကြေးသွင်းတဲ့ဌာနက စာရေးမက ကိုယ့်ကို ပွဲစားလို့ အထင်ခံရတဲ့အထိပဲ။ သူတို့မျက်စိမနောက်အောင် လူခွဲ.. ရက်ခွဲပြီး လျှောက်လွှာကို တင်ရတယ်။ Bank Statement ပိုက်ဆံ ၁၂၀၀၀ မပြနိုင်တဲ့ သူတွေအတွက် သူငယ်ချင်း၁ယောက်ရဲ့ Bank Account ထဲ စလုံး ၁၂၀၀၀ပြည့်အောင် အားလုံးစုထည့်ပြီး အဲဒါနဲ့ Bank Statement မပါတဲ့သူတွေအတွက်လုပ်ပေးရတယ်။

ကိုယ်တို့ လုပ်ခဲ့တဲ့ ကျောင်းစာတွေဆို လက်ဆင့်ကမ်းပြီး ပေးလိုက်တာ ခုဆို ဘယ်သူ့လက်ထဲ ရောက်သွားပြီလည်းတောင် မဆိုနိုင်တော့ဘူး။ ခုလောက်ရှိ date out လို့သုံးလို့ရမယ်ထင်တော့ဘူး။ ကိုယ်တက်တဲ့ အချိန်တုန်းကတော့ နားမလည်တဲ့စာတွေကို အကိုကြီးတွေက အားလုံးဝိုင်းရှင်းပြကြတာပဲလေ။ ဒီလိုပဲ... ကိုယ် ကျောင်းပြီးသွားတော့လည်း စာလာမေးတဲ့ နီးစပ်ရာသူတွေကို သင်ပေးခဲ့ဘူးပါတယ်။ ကူညီရမှာစိုးလို့ ရှောင်ပြေးတဲ့သူတွေကို တွေ့ခဲ့ရသလို မြန်မာတွေထဲမှာ စည်းစည်းလုံးလုံးနဲ့ ၀ိုင်းဝန်း ကူညီခဲ့တာတွေလည်း ရှိပါတယ်။ အဆိုးတွေရှိခဲ့သလို အကောင်းတွေလည်း အများကြီးရယ်ပေါ့နော်။ အဲဒီတုန်းကတော့ မြန်မာတွေကို အားကျလို့ တရုတ်တွေ ကုလားတွေက ပြန်ငေးခဲ့ရတယ်။ ကိုယ့်အဖွဲ့ကို လာပြီးကပ်ပေါင်းကြတယ်။ စာရအောင်လို့လေ။

ပြီးတော့ စလုံးမှာက ကျောင်းတက်ရင်းတဖက် Part time အလုပ်လည်း လုပ်လို့ရတာဆိုတော့ တော်တော်များများက NUS ပဲလျှောက်ပြီး AIT မသွားကြတော့တာလို့ ထင်တာပေါ့နော်။ နောက်ပိုင်း NTU ကလည်း စပြီး ကျောင်းသားလက်ခံလာတယ်။ ဟိုးအရင် Rool ကောင်းမှ ကျောင်းကလက်ခံပေမဲ့ နောက်ပိုင်း အလုပ် experiences ရှိတဲ့သူဆို Rool မကောင်းလည်း ကျောင်းတက်ခွင့်တွေ ရလာကြတယ်လေ။ အဲဒီတော့ တော်တော်များများ စလုံးကျောင်းတွေမှာ ပြုံရောက်လာကြတာပေါ့နော်။ အဲဒီအတွက် AITက မျိုးဆက်ပြတ်သလို ဖြစ်သွားတယ်လို့ ကိုယ်တော့ ထင်တယ်လေ။ အခေါ်နည်းတာလား..ဘာလားဆိုတာတော့ ကိုယ်လည်း မသိဘူးပေါ့နော်....။

NUS မှာလည်း ဟိုးအရင်တုန်းက ကြီးစိုးတာ ကုလားနဲ့ ပြည်ကြီးတရုတ်တွေလေ။ ခုနောက်ပိုင်းတော့ အထူးအဖြင့် Mechnical အတန်းတွေမှာ ကုလား၊ မြန်မာ၊ ပြည်ကြီး မျှသွားတယ်။ ခုနောက်ပိုင်း Research အလုပ်တွေကတောင်မှ ပြည်ကြီးတွေကို တအားလက်မခံပဲ မြန်မာနဲ့ မျှပြီးလက်ခံလာကြတာတွေ့ရတယ်။

ခုခေတ်ကတော့ ကိုယ်တို့ ခေတ်လိုမဟုတ်ပဲ Information ကအလွယ်တကူပဲ ရနိုင်၊ မြန်မာပြည်မှာလည်း Internet ကဘာပဲဖြစ်ဖြစ်ကြည့်လို့ရလာတော့ လူငယ်တွေ အားလုံးမျက်စိပွင့်နားပွင့် ပိုဖြစ်လာကြတယ်လို့ ထင်ပါတယ်။ ဒီလိုပဲ ကိုယ်တို့အားလုံး လက်ဆင့်ကမ်းပြီး ၁ယောက်နဲ့ ၁ယောက်တတ်နိုင်သမျှ ကူညီသွားကြရမှာပေါ့နော်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။