Saturday, April 21, 2012

မိန်းမလေးတစ်ယောက် ရပါတယ်ဗျာ...

ထစ်ကနဲဆို... ပူညံ...ပူညံ....



ဒီကနေ့ ပိတ်ရက်ဝယ်... နံနက် မိုးသောက်စ....


“မရွှေစုရေ... ကျနော် မနက်တိုင်းသောက်နေကြ ကွေကာအုတ်တွေ ကုန်နေပြီ...၀ယ်ပေးအုံးလေ...”
“ဟင်... တစ်နေ့ကပဲ ၀ယ်ထားတာ...ထားနေကြ နေရာမှာပဲရှိတယ်လေ... သေချာ ကြည့်ပါအုံး...”
“ကျနော်ကြည့်ပြီးပြီ ... မတွေ့ဘူး...”

မရွှေစု ထိုင်နေရာမှ ထကာ မီးဖိုချောင်ထဲမှ ကက်ဘိနက်အပေါ်ထပ်ကိုဖွင့် ရှေ့က သကြားပုလင်းကို ဖယ်လိုက်သောအခါ ကွေကာအုတ်တွေ ထည့်ထားသော ပုလင်းက ဘွားကနဲ ပေါ်လာသည်။

“ကဲ...ကဲ... ရော့... ဟောသမှာ...တကတဲတော်... ကိုယ့်အိမ် ကိုယ့်ယာပဲဟာ... နည်းနည်းပါးပါးလေးလဲ ရှေ့ကဘူးလေး ဘာလေး ဖယ်ပြီး ကြည့်မှပေါ့... ပစ္စည်းတွေ ဘယ်နေရာ ဘယ်ထောင့်မှာရှိသလဲ ဆိုတာ ဒီဂရီ အတိအကျနဲ့ မြေပုံညွှန်း လုပ်ထားရမလို ဖြစ်နေပြီ”

ခေါင်းကုပ်ရင်း ကိုရေချမ်း ဘာပြန်ပြောရမှန်းမသိ ငြိမ်နေလေ၏။


+++++
နံနက်စာ ချက်ပြုတ်ချိန်...


“အယ်... အယ်... ဒီမှာ အမှိုက်တောင်းထဲ စားစရာတွေ ဘာလို့ လွှတ်ပစ်တာလဲ... သူများ စားချင်လို့ သိမ်းထားတာကြီးကို... “
“မသိဘူးလေ... ရေခဲသေတ္တာထဲ မြင်နေတာကြာပြီး မစားတော့ဘူးထင်လို့ အမှိုက်ရှုပ်လို့...”
“တွေ့လား... တွေ့လား... သူဘာသာ မစားချင်တိုင်း သူများ ပစ္စည်းတွေကို လျှောက်လွတ်ပစ်တယ်... မဟုတ်တာဆို လွှတ်ပစ်... သူများ ရေခဲသေတ္တာထဲကဟာ တွေ မသိပဲ ဘာမှ လာမကိုင်နဲ့... ဒါပဲ...”

ကိုရေချမ်းသည် မရွှေစု မျက်စောင်းလွတ်ရာ အရပ်သို့ ကမန်ကတန်း ပြေးရှောင်သွား၏။

+++++
သန့်ရှင်းရေးလုပ်ကြရာတွင်...


“ဟယ်တော့... ကြမ်းတိုက်တာကလဲ ဆပ်ပြာရည်တွေ အဲသလောက် ထည့်ရသလားဟယ်.... ပြီးတော့ ကြည့်ပါအုံး... ယောက်ျား ရင့်မာကြီးဖြစ်ပြီး အားလေးဘာလေးထည့် တိုက်ပါလားလို့... ဒီမှာ ကြမ်းပြင်က အမဲတွေ ပြောင်လဲ မပြောင်ဘူး...”
“အေးပါကွာ... အေးပါကွာ... နောက်တစ်ခေါက် ထပ်တိုက်လိုက်ပါမယ်....”
“တော်ပြီ....တော်ပြီ... ကိုယ့်ဘာသာပဲ လုပ်လိုက်တော့မယ်... တကတဲ... အကူအညီရမလား ခိုင်းမိပါတယ်... မထူးပါဘူး... နောက်ဆုံးတော့ ကိုယ်ပဲ ပြန်လုပ်ရတာပဲ...”

ကိုရေချမ်းမှာကား တဘက်ကလေး ပခုန်းပေါ်တင်ကာ ရေချိုးခန်းရှိရာ အလျင်အမြန် လစ်ထွက်သွား၏။


+++++
နေ့လည် နေ့ခင်း အနားယူရာဝယ်...


“အမလေး... အိမ်အလုပ်တွေ လုပ်ရတာ ပင်ပန်းလိုက်တာ... ဇက်ကြောတွေတက် ညောင်းလိုက်တာများ...”
“ကျနော် ဆေးလိမ်းပြီး နှိပ်ပေးမယ်လေ...”
“အရင်တုန်းက စာကျက်နေရင်း ဇက်ကြောတက်ရင် မေမေ ဆို အမြဲနှိပ်ပေးတာ သိလား...”
“အေးပါ...အေးပါ... ကျနော်လည်း လုပ်ပေးပါတယ်...”


+++++
ညနေခင်း ရှော့ပင်းစင်တာ ....


“ဟင်... ကြက်ဥ သွားဝယ်ထားလိုက်ပါလို့ ပြောတာ... ဘယ်မတုန်း...”
“ကြက်ဥ... ဟုတ်လား... ဘယ်တုန်းက ၀ယ်ခိုင်းလို့လဲ....”
“တွေ့လား... အဲသာကြောင့်မို့ သူများ ပြောတယ်... အပြင်ထွက်ရင် နားက အဲဒီနားကြပ်ကြီး ဖြုတ်ထားပါဆို၊ သူများပြောသမျှ ဘာမှ မကြားဘူး။ တကတဲ နားလေးနေတဲ့ သူနဲ့ ဈေးဝယ်ထွက်နေရသလို ဖြစ်နေပြီ။ သူများဟိုဘက်မှာ တခြားလိုတာတွေ သွားဝယ်နေတုန်း ရပ်စောင့်မနေနဲ့... ကြက်ဥတန်းသွားပြီး ကြက်ဥ တစ်ထုတ်ယူထားလိုက်လို့ ပြောတယ်လေ...။ ရှိသမျှ အလုပ် သူများကိုပဲ စောင့်နေရင် ဘယ်လာ ပြီးတော့မှာလဲ... ငါ့နှယ်နော်... ကြက်ဥတန်းက အဝေးကြီးရယ် ပြန်သွားရအုံးမယ်...”
“ကျနော် အခု သွားလိုက်မယ်လေ... ရော့... တွန်းလှည်း ကိုင်ထားလိုက်....”
“တော်တော့...ဒီမှာပဲ ပိုက်ဆံပေးဖို့ တန်းစီထားနှင့်လိုက်... သူသွားရင် လှုပ်စိ လှုပ်စိနဲ့ ကြာအုံးမယ်...  ကိုယ့်ဘာသာပဲ ပြေးလိုက်တော့မယ်... တကယ်...ပဲ...”


မရွှေစုသည် အပြေးအလွှားနှင့် ကြက်ဥထုတ်ကို သွားယူကာ ပြန်လာသည်။ ကိုရေချမ်းက အနားကပ်ကာ တိုးတိုး ပြော၏။

“ခုနတုန်းကလေ... ရီရတယ်... သိလား။ အဲ့ အရှေ့က တန်းစီနေတဲ့ မိန်းမ ကလေ... သူ့ ယောက်ျားကို ဆူနေတာဗျာ...”
“ဟုတ်လား... ကောင်းတာပေါ့... အဖေါ် ရသွားပြီ မဟုတ်လား...”

မရွှေစုက ခပ်တည်တည်ပြောတော့ ကိုရေချမ်းက ပြုံးစိစိ လုပ်နေလေ၏။


+++++
အိမ်ပြန်အရောက်....


ဝယ်လာတဲ့ ပစ္စည်းတွေ သိမ်းဆည်းရင်း သီချင်း နားထောင်ရန် ကွန်ပြူတာ ဖွင့်လိုက်သည်။ ပထမဆုံး ထွက်လာတဲ့ သီချင်းက တိုက်တိုက်ဆိုင်ဆိုင် မောင်ကြေးမုံရဲ့သီချင်း...။ 

 ပူညံ ပူညံ
တေးဆို၊ တေးရေး - မောင်ကြေးမုံ 


မရွှေစု နဲ့ ကိုရေချမ်းတို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ တဟားဟား အော်ရယ်မိကြလေတော့သည်။ ကိုရေချမ်း က ရယ်ရင်းမောရင်း မှတ်ချက်ပြု၏။

 “ဟိ... ကွက်တိပဲကွာ...”
“အောင်မယ်... ဘာကွက်တိလဲ...”
“သြော်... မှုတ်ပါဘူး... ဟို ရှော့ပင်စင်တာမှာ တွေ့တဲ့ မိန်းမနဲ့ ကွက်တိ တူတာကို ပြောတာပါကွယ်... “


+++++


ဘလော့ဖတ်လာ မိတ်သဟာများ ရယ်မောခြင်းဖြင့် ဘ၀အမောများပြေပျောက်နိုင်ကြပါစေသော်... 
း)
ကိုရေချမ်း + မရွှေစု

10 comments:

tin min htet said...

ကိုယ်ချင်းစာစိတ် အကြီးကြီးန့  ဖတ်သွားပါတယ်။ သြော်. ကိုရေချမ်းကို မဟုတ်ပါဘူး ရှော့ပင်း စင်တာက လူကိုပါ။

Lorem Ipsum said...

ဟီးးးးးးးးးးးးး မိန်းမလေးတစ်ယောက်ရပါတယ်ဗျာ ပူညံပူညံ.... ကြီးစုနဲ့ဦးရေချမ်းကိုမြင်ယောင်မိတယ်..:P

စုချစ် said...

ဟီးဟီး... ပူညံ ပူညံ တကယ်မဟုတ်ရဘူး...တကယ်ပါ.... ဘာမှ မလုပ်ရင် ဘာမှ မလုပ်ပါဘူး....တကယ်ပါ.... ;P

Thandar Lwin said...

ရှော့ပင်း စင်တာကအတွဲ ကိုယ်တို့များဖြစ်နေမလား ကွယ်ရို့ ...လူရှေ့သူရှေ့ မပြောဘူးလို့နေတာဘဲ ..မပြောပြန်လဲ မသိ ဆိုတော့ ......း) ဒါနဲ့ ဘာမှ မပြောဘဲနေရင်လဲ ထမင်းစားလို့ မ၀င်ဘူးဆိုဘဲ ..

Thandar Lwin said...

ရှော့ပင်းစင်တာကအတွဲ တို့များဖြစ်နေမလားကွယ်ရို့ ....း)

ဧပရယ်လ်ပူး@ပူးတေ said...

အန်တီစုရေ အဲဒီသှချင်း မစ္စတာပီ you tube မှာဖွင့်နေကျ လူရွှင်တော်အရိုင်းနဲ့ ဂွမ်းပုံ သရုပ်ဆောင်တာ အရမ်းရီရတယ်... သူကလဲ ပူးတေ ပူညံပူညံလုပ်ရင် ဖွင့်နေကျလေ... :P

ဧပရယ်လ်ပူး@ပူးတေ said...

အန်တီစုရေ အဲဒီသှချင်း မစ္စတာပီ you tube မှာဖွင့်နေကျ လူရွှင်တော်အရိုင်းနဲ့ ဂွမ်းပုံ သရုပ်ဆောင်တာ အရမ်းရီရတယ်... သူကလဲ ပူးတေ ပူညံပူညံလုပ်ရင် ဖွင့်နေကျလေ... :P

ဧပရယ်လ်ပူး@ပူးတေ said...

အန်တီစုရေ အဲဒီသှချင်း မစ္စတာပီ you tube မှာဖွင့်နေကျ လူရွှင်တော်အရိုင်းနဲ့ ဂွမ်းပုံ သရုပ်ဆောင်တာ အရမ်းရီရတယ်... သူကလဲ ပူးတေ ပူညံပူညံလုပ်ရင် ဖွင့်နေကျလေ... :P

ဧပရယ်လ်ပူး@ပူးတေ said...

http://www.youtube.com/watch?v=jk8jLlN3jAI

စုချစ် said...

ရှော့ပင်စင်တာက အတွဲက စလုံးတရုတ်တွေပါ... ညီမလေးThandar Lwin ရ.. ဟီး...း)

ညီမလေးပူးတေရေ... ကျေးဇူး..
အရိုင်းသရုပ်ဆောင်တာ အရမ်းရယ်ရတယ်နော်... ကြည့်ပြီး ကိုယ်တောင် သနားသွားသေး...း)