၁၃၇၄ခု မြန်မာ နှစ်ကူးမင်္ဂလာ သင်္ကြန်အခါတော်
၁၄-၀၄-၂၀၁၂


ညကျတော့ ဘုရားစင် သန့်ရှင်းရေး ကုသိုလ် လုပ်တယ်။ ပြီးတော့ မြတ်စွာဘုရားကို နံ့သာဖြူ အမွှေးအကြိုင် ရယ်၊ ရေမွှေးရယ် ရောပြီး ရေသပ္ပာယ်တယ်။
၁၅-၀၄-၂၀၁၂

ဘုရားရှိခိုး တရားထိုင်ပြီး တနင်္ဂနွေ အပတ်စဉ် သွားနေကျ macritchie reservoir ကို Jogging လုပ်ဖို့ သွားတယ်။ exercises လုပ်ရတာ ပျင်းတဲ့ မရွှေစုကတော့ တကယ် Jogging မလုပ်ပါဘူး။ ထိုင်စာဖတ်လိုက်၊ ဓါတ်ပုံရိုက်လိုက်၊ လေရှုလိုက်နဲ့ သဘာဝ အလှကို ခံစားရတာ ပိုသဘောကျတယ်။ ပြီးတော့ ပန်းတွေ လိုက်ကောက်တယ်။


တစ်အိမ်လုံး သန့်ရှင်းပြီးတော့ နေ့လည် ၁၂နာရီ ထိုးသွားပြီ။ ဒီနှစ် SMC သင်္ကြန်ပွဲမှာ ဘာတာဝန်မှ မယူထားဘူး။ နှစ်ဆန်းတစ်ရက်နေ့ကျမှပဲ ဘုန်းကြီးကျောင်းဆောင်သစ် ဆောက်နေတာအတွက် အလှူငွေ သွားလှူဖို့ ရည်ရွယ်ထားတယ်။
အားလုံး ပြီးစီးသွားလို့ သစ်သီးဆပ်ပြာရည်နံ့၊ အဲဖရက်ရှာနံ့၊ အ၀တ်သစ်တွေရဲ့ အနံ့၊ နံ့သာရည် ရေမွှေး နံ့တွေ နဲ့ ထုံသင်း လှိုင်လှိုင်ကြိုင်နေတဲ့ အိမ်ကလေး ဖြစ်သွားပြီ။ sky net က ဖွင့်ထားတဲ့ မြန်မာသင်္ကြန်က သီချင်းဆိုသံတွေကို အိုင်ကန်နော့သာဟန်း ဆိုပြီး ကိုရေချမ်းက သူ့လက်တော့နဲ့ နားကြပ်ကြီးတတ်ပြီး ရုပ်ရှင် ကြည့်တယ်။ မရွှေစုက စာဖတ်တယ်။ ပင်ပန်းပေမယ့် စိတ်ကို အေးမြနေတာပဲ။
နှစ်ဆန်းတစ်ရက်နေ့တော့ ဥပုသ်စောင့်မယ် လို့ ရည်ရွယ်ထားပါတယ်။ တစ်နှစ်လုံးမှ သေသေချာချာ ဥပုသ်စောင့်ဖြစ်တာ ၄ရက်ထဲ ရှိတယ်။ မြန်မာ နှစ်ဆန်းတစ်ရက်ရယ်၊ ၀ါဆိုလပြည့်ရယ်၊ သီတင်းကျွတ်လပြည့်ရယ်၊ ပြီးတော့ အင်္ဂလိပ် နှစ်ဆန်းတစ်ရက်ရယ်။ ဒါတောင် တချို့နှစ်တွေ အဲဒီရက်လေးတွေမှာတောင် ပျက်ခဲ့ရတာ ရှိသေးတယ်။
ဘလော့ဖတ်လာ သူငယ်ချင်း မိတ်ဆွေများကိုလည်း မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး နှစ်ဦး ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်နော်....။
macritchie ကကောက်လာတဲ့ ပန်းလေးတွေ... ဧည့်ခန်းမှာ ထားတယ်... အရမ်းမွှေးတယ်...
အိမ်ပြန်ရောက်တော့ အဆင်သင့်ရှိတဲ့ အုန်းနို့ခေါက်ဆွဲစားတယ်။ မုံ့လုံးရေပေါ်စားတယ်။ ရွှေရင်အေး ကို အစာပိတ်သောက်တယ်။ ပြီးတော့ မနားနိုင်သေးဘူး။ နှစ်ဆန်းတစ်ရက် မတိုင်ခင် နှစ်စဉ် လုပ်နေကြ တစ်အိမ်လုံး သန့်ရှင်းရေး စလုပ်တယ်။ ကိုရေချမ်းက ကြမ်းတိုက်ပေးတယ်။ လိုက်ကာ အဟောင်းတွေ ဖြုတ်ပေးပြီး အသစ်လဲပေးတယ်။ ဆိုဖာဆက်တီက အစွပ်အဟောင်းတွေ ဖြုတ်ပေးပြီး အသစ်လဲပေးတယ်။တစ်အိမ်လုံး သန့်ရှင်းပြီးတော့ နေ့လည် ၁၂နာရီ ထိုးသွားပြီ။ ဒီနှစ် SMC သင်္ကြန်ပွဲမှာ ဘာတာဝန်မှ မယူထားဘူး။ နှစ်ဆန်းတစ်ရက်နေ့ကျမှပဲ ဘုန်းကြီးကျောင်းဆောင်သစ် ဆောက်နေတာအတွက် အလှူငွေ သွားလှူဖို့ ရည်ရွယ်ထားတယ်။
အားလုံး ပြီးစီးသွားလို့ သစ်သီးဆပ်ပြာရည်နံ့၊ အဲဖရက်ရှာနံ့၊ အ၀တ်သစ်တွေရဲ့ အနံ့၊ နံ့သာရည် ရေမွှေး နံ့တွေ နဲ့ ထုံသင်း လှိုင်လှိုင်ကြိုင်နေတဲ့ အိမ်ကလေး ဖြစ်သွားပြီ။ sky net က ဖွင့်ထားတဲ့ မြန်မာသင်္ကြန်က သီချင်းဆိုသံတွေကို အိုင်ကန်နော့သာဟန်း ဆိုပြီး ကိုရေချမ်းက သူ့လက်တော့နဲ့ နားကြပ်ကြီးတတ်ပြီး ရုပ်ရှင် ကြည့်တယ်။ မရွှေစုက စာဖတ်တယ်။ ပင်ပန်းပေမယ့် စိတ်ကို အေးမြနေတာပဲ။
နှစ်ဆန်းတစ်ရက်နေ့တော့ ဥပုသ်စောင့်မယ် လို့ ရည်ရွယ်ထားပါတယ်။ တစ်နှစ်လုံးမှ သေသေချာချာ ဥပုသ်စောင့်ဖြစ်တာ ၄ရက်ထဲ ရှိတယ်။ မြန်မာ နှစ်ဆန်းတစ်ရက်ရယ်၊ ၀ါဆိုလပြည့်ရယ်၊ သီတင်းကျွတ်လပြည့်ရယ်၊ ပြီးတော့ အင်္ဂလိပ် နှစ်ဆန်းတစ်ရက်ရယ်။ ဒါတောင် တချို့နှစ်တွေ အဲဒီရက်လေးတွေမှာတောင် ပျက်ခဲ့ရတာ ရှိသေးတယ်။
ဘလော့ဖတ်လာ သူငယ်ချင်း မိတ်ဆွေများကိုလည်း မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး နှစ်ဦး ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်နော်....။
+++++
2 comments:
မင်္ဂလာနှစ်သစ်ပါ မမ ရွှင်လန်းပါစေ.........
မင်္ဂလာ နှစ်သစ်ပါ ညီမလေး ကွင်းရေ... ညီမလေးတို့ မိသားစု စိတ်ချမ်းသာ ကိုယ်ကျန်းမာ ချမ်းမြေ့ပါစေ...
း)
Post a Comment