Tuesday, November 3, 2009

ကမ္ဘာပျက်ရင် ပြန်ဆွဲပေးမယ်

ကမ္ဘာပျက်ရင် ပြန်ဆွဲပေးမယ်

ရွှေစုချစ်... ထ... ထ အိပ်မနေနဲ့... ဟိုမှာ မသက်ဝေ က နင့်ကို စိတ်တွေတိုနေသယ်...
။ ကမ္ဘာပျက်တော့မဲ့ဟာ ခုထိ အပျင်းထူ အိပ်နေလို့တဲ့.... သူရေးခိုင်းတာရေးလေတဲ့...။ နာတောင် ရေးပီးသွားပီဟဲ့... တော်ကြာနေ ဟ၀ှာပြုသွားလို့ နင်ရေးချင်တာလေး မရေးလိုက်ရပဲနေဦးမယ်တဲ့....

အာ... ချိုဂျီး ကလဲ... ပျက်ရင် နင်နဲ့ အစ်မ သက်ဝေ Mechanical ပိုင်း Hardware တွေ Design တွေ ဘာတွေ မှားနေလဲ အရင် ကြည့်ထားလိုက်...။ ပြီးရင် မမသီတာ က Electronics ပိုင်းကိုကြည့်ပေးလိမ့်မယ်...။ အဲသာတွေပြီးမှ အီဖေကိုယ်ရေးထားတဲ့ Firmware နဲ့ upgrade လုပ်ကြည့်မယ်...။ မရသေးရင် သေချာအောင် ဆရာကိုဧရာ ကို ဘာလိုလဲ ထပ်ပြီး စစ်ခိုင်း၊ ကွန်ဖန်းလုပ်ခိုင်း....။ ဆရာရေးတဲ့ Firmware နဲ့ဆို စိတ်သာချ... ဘယ်တော့မှ မပျက်ဘူး.... အီဖေကိုယ်တို့ရုံးမှာ သာမျိုး အများကြီး လုပ်နေကြပါဟယ်... မပူပါနဲ့.... ငှဲ ငှဲ ငှဲ....

ဒုန်း...ဒုန်း... ( အမသက်ဝေမှ စိတ်တိုတိုနှင့် စားပွဲထုသံ....)
အမလေးတော့ အစ်မသက်ဝေရ.... အခုပဲ ရေးပါတော့မယ်... မပျင်းတော့ပါဘူးတော့.... ဟိ...

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ...
အစားအစာ စုဆောင်းထားတဲ့ သူတွေ... ချိုဂျီးတို့ ဘာတို့နဲ့ နီးနီးကပ်ကပ်နေမှ... ကပ်စားလို့အောင်လေ.. ဟိ...

(၂) ဘာတွေ ခံစားနေရမလဲ...
တကယ် ပျက်မှာဟုတ်လို့လားတော့... ကြည့်ရတာ.... ခုထိ အလန်းကြီးရှိသေး... သူများအတိုင်းပဲ... ခစ်...

(၃) ဘာတွေ ပြင်ဆင်ထားမလဲ…
ပရောဂျက်တားဂက်ကလိုပါသေးတယ်... အေးဆေးပေါ့... အဲလေ... ယောင်လို့ ..ဟီး... ရုံးနဲ့မှားသွားလို့...။ ဟိုးသင်းသွားခါနီးကျမှ ဟိုသင်းကပေါက် လိုက်ရှာတတ်သူ ကျမပါခင်မျ... အဲလေ... တော့... ။ အိတ်ကျတော့မှ စဉ်းစားဖို့ ပြင်ဆင်တော့မယ်လေ... အဟိ...

(၄) ၀မ်းနည်းမိမှာက…
တောက်... တာကာရှီမာယာက ၆၅ဒေါ်လာတန် ဘူဖေး ဈေးကြီးတယ်ဆိုပြီး တခါမှ မစားမိဘူးလိုက်ဘူးတော့... ဟင့်...

(၅) ကြောက်လန့်မိတာက...
အရင်သေတဲ့သူ သရဲလာမခြောက်ကြေး... ဂတိ... ခစ်...

(၆) ဆောင်ထားချင်တာ...
ရီစရာစာအုပ်တွေ... အဲသာမှ တချိန်လုံး ဟာသတွေဖတ်ပြီး ရီနေရမှာ... ကမ္ဘာပျက်မှာတောင် မေ့နေမှာ... ဟာဟ...

(၇) ဘာတွေ ရေးမိမလဲ…
ကိုယ့်ကောင်းကြောင်းတွေ တခြားသူတစ်ယောက်ယောက်က ရေးသလိုလို ခပ်တည်တည်ရေးခဲ့မှ...။ မှတ်တမ်းမှတ်ရာကြည့်ပြီး စုချစ်ဆိုတာ တယ်တော်တဲ့သူပါလားလို့ နောက်ကမ္ဘာကသူတွေက ထင်ကုန်ကြရော... ခစ်...

(၈) တွေးမိတွေးရာ အတွေး…
ဒါမှန်းသိရင် အပင်ပန်းခံ အန်ဂျန်နီယာမလုပ်ခဲ့ပါဘူး။ ဖူး... ခုတော့ မောလိုက်သာ.... ဟွန့်...

(၉) ဂုဏ်ယူချင်တာက…
ဟယ်... သဌေး မဖြစ်ခဲ့တာ ဂုဏ်ယူဖွယ်ကောင်းလေစွ... တော်နေ ကမ္ဘာကပျက် ပိုက်ပိုက်တွေ ပိုက်ပြီး ဘာလုပ်ရမယ်မှန်းမသိဖြစ်နေတော့မှာ... ခိခိ...

(၁၀) ရှာကြံဖြေသိမ့်မိတာက…
စောစောအိပ်ရတာပေါ့... မဆိုးဘူးဟ...

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း…
ဒီကမ္ဘာပျက်တဲ့ထိ စုချစ်နေသွားတယ်ဟေ့.... ဘူးထွားထွား ဟားဟား.................................

ကိုင်း... ရေးလို့ပြီးပီ...
အမသက်ဝေ... မမသီတာ ... ပြန်အိပ်တော့မယ်နော်...
ပျက်ပြီဆို လာနှိုးနော်....
ခေါ... ခလော... ခေါ...

****************************

တကယ်အတည်ရေးရရင်တော့... မေးခွန်းအားလုံးအတွက် အဖြေက တစ်ခုထဲပါရှင်...
ကိုယ့်မိသားစုရယ် ချစ်ခင်ရသူတွေရယ် အားလုံး တစုတဝေးထဲ စိုးရိမ်၊ ထိတ်လန့်၊ ကြောက်ရွံ့မှုတွေကို အတတ်နိုင်ဆုံး ဖြေဖျောက်ရင်း တရားသတိနဲ့ ကမ္ဘာရဲ့နောက်ဆုံးတလကို နေသွားကြရတော့မှာပေါ့... နော်...

****************************
သတိတရ တက်တဲ့ မမသီတာနဲ့ အစ်မသက်ဝေကို ပုံလေးတွေဆွဲပေးထားတယ်... မလှရင် စိတ်ဆိုးနဲ့နော်...
ချစ်ခင်စွာ... စုချစ်

9 comments:

The Queen said...

လာဖတ်သွားတယ် အမ ။ ရယ်ရတယ်။

Sonata Cantata said...

ကမ္ဘာပျက်ကာနီး တလအလိုမှပဲ သူဆွဲပေးတဲ့ပုံ ရတော့တယ် ဟွန့် ... ဘာပဲဖြစ်ဖြစ်
ရက်ချိန်းပေးထားတဲ့ ကမ္ဘာလဆန်းတရက်နေ့ထက်စာရင် စောရလို့
စုချစ်ကို ချစ်

(များတို့က ဂါဝန်လေးတွေနဲ့ ချစ်ချာလေး)

သက်ဝေ said...

ချစ်လိုက်တာ မပြောပါနဲ့တော့...
ရေးထားတဲ့ စာရော...
ဆွဲထားတဲ့ ပုံရော...
ကျေးဇူး တသိန်းပါ စုချစ်ရေ...
ကိုယ်နဲ့ မသီတာနဲ့က ကလေးလေးတွေလို ဂါဝန်လေးတွေနဲ့ ပြုံးလို့...
ပန်းချီလေးကို ချစ်လွန်းလို့ ယူသွားတယ်နော်...

(ဒီ ရက်ပိုင်း အတွင်းတော့ မဏ ပျောက်နေအုံးမယ် ညီမရေ... ဖိစီးနေတာတွေ များနေလို့...)

:P said...

ကမ္ဘာပျက်ရင် ပြန်ဆွဲပေးမယ် ခေါင်းစဉ်ကို
ကမ္ဘာပျက်ရင် ပြန်ပေးဆွဲမယ် လို့ မျက်စိမှားဖတ်ပြီး
အလန့်တကြားလာဖတ်တာ..:P

:P said...

ရေးထားတာ ချစ်စရာကောင်းလိုက်တာ၊
မသက်ဝေနဲ့ မသီတာမှာ တစ်ယောက်က ဆံပင်ကောက်တယ်၊ တစ်ယောက်က မျက်မှန်လေးနဲ့လို့ မှတ်ထားလိုက်ပြီ။
ဘယ်သူက ဘယ်သူမှန်းတော့မသိဘူး

စုချစ် said...

ဟုတ်ပ... မစင်စင်ပြောတာ...ကိုယ့်ဘာသာတောင်မှ ပြန်မှားတယ်..း-)

Hint for Cartoon
မမသီတာပုံတူ ဆရာကိုဧရာဆွဲပေးထားတာ သူတို့ဘလော့မှာ တင်ပေးထားတာ ရှိတယ်လေ... အဲသာနဲ့ တိုက်ကြည့်ရင် ဘယ်သူက ဘယ်သူဆိုတာ မစင်စင် သိသွားလိမ့်မယ်..
း-)

Rita said...

ရေးထားတာ လန်းတယ်တော့
:)

ဒီလို ခေါင်းစဉ်မျိုးဆို ပေါက်တတ်ကရ ရေးတာပဲ ဖတ်ချင်တယ်။

(ဆံပင်ကွေးကွေးလေးတွေနဲ့က မမသီတာ၊ ကိုယ် မြင်ဖူးတယ်၊ ဖော်ကောင်လုပ်လိုက်သည်။)

Dr.Nay Oo (Burma) said...

ကမ္ဘာပျက်မှာက ၂၀၁၂ မှဆိုတော့ အခု ၂၀၁၀ ပြက္ခဒိန်လေးတော့ ခါတိုင်းနှစ်တွေလို တင်ပေးပါဦးဗျို့

စုချစ် said...

မရီတာ... ကျေးဇူးပါနော်...
အစ်မပြောတာ ဟုတ်ပါတယ်...း-)

ဒေါက်တာနေဦး.... ဟုတ်ကဲ့ရှင့်... ခုထိ ဒီဇိုင်းကို စဉ်းစားမရသေးလို့.... နှစ်သစ်အမှီ တင်ပေးပါ့မယ်နော်...
း-)