Monday, February 16, 2009

ဈေးစာရင်း

ဘာရယ်မှုတ်ဘူး။ မနေ့က မနက်ပိုင်း ဘူကစ်ဘတုတ် ၀က်မားကက်နဲ့ ရွမ်ချင်းက စင်းဆောင်း မှာ တပတ်စာလိုတာတွေ ဈေးဝယ်တာကို ဘယ်သောအခါမှ ဈေးစာရင်း မလုပ်ဖူးဘူးလို့ အမှတ်တရ ရေးထားလိုက်တာ။

၁၅၊ ၀၂၊ ၂၀၀၉ တပတ်စာ ဈေးဝယ်စာရင်း
နံနက် - ဘူကစ်ဘတုတ် ၀က်မားကက်
ပေါင်မုန့် - ၁.၈၅
အီကြာကွေး - ၃.၀၀
ကြက်၁ကောင် - ၉.၅၀

ညနေ - ရွမ်ချင်း စင်းဆောင်း
ဟင်းသီးဟင်းရွက်
ခရမ်းသီး - ၀.၈၀
ပဲပင်ပေါက် - ၀.၂၅
နှင်းပဲပင် - ၁.၃၅
ကြက်သွန်မိတ် - ၀.၄၀
ငရုတ်သီးစိမ်း - ၀.၃၅
ပြောင်းဖူး - ၁.၂၅
မျှစ် - ၂.၀၀

အသား၊ ငါး
ပုဇွန် - ၈.၄၀
ကတ်ကတစ် - ၈.၀၀
ဆော်လမွန် - ၆.၉၀

အသီး
ဆန်းကစ် ၃လုံး - ၂.၅၀
ပန်းသီး ၅လုံး - ၂.၂၀
ကီဝီသီး ၅လုံး - ၂.၅၀
စပျစ်သီး - ၄.၉၀

အခြား
ဂျင်း - ၀.၇၅
ကြက်သွန်နီ တအိတ် - ၆.၀၀
ဆီတပုလင်း - ၇.၅၀
ငရုတ်သီးမှုန့် - ၁.၉၀
ဂျုံကြာဇံ ၂ထုတ် - ၁.၄၀
သက်သတ်လွတ် ကင်ချီခေါက်ဆွဲခြောက် - ၃.၅၀
ကောက်ညှင်းဆန် အမဲ - ၁.၄၀
ကောက်ညှင်းဆန် အဖြူ - ၁.၇၀
ငါးနီတူခြောက် - ၄.၉၅
မီဆိုး ဟင်းချိုထုတ် - ၄.၈၀
ကော်ဖီမိတ် - ၂.၄၀
ဘီစကစ် - ၁.၉၅
ရေခဲမုန့် - ၃.၉၅
ခေါက်ဆွဲ စစ်တဲ့ ဇကာ - ၂.၄၀
ရေစစ်အသေးလေး - ၀.၉၅
ပုံဆွဲစာအုပ် - ၁.၆၅
ရေပိုက် ဗားခလုတ် - ၄.၅၀
****************************
စုစုပေါင်း - ၁၀၇. ၈၀

5 comments:

Anonymous said...

အခုတလောကစ ဈေးဝယ်လို့ မကောင်းတော့ဘူး လို့ ထင်မိတယ်။ အမေတို့လည်း အသက်၄၀ လောက်ကပဲ စတယ် ထင်တယ်၊ ဈေးဝယ်လို့ မကောင်းတော့ဘူးလို့ ပြောသံကြားတာ။

စုချစ် said...

ဟုတ်တယ်... မမသီတာရေ...
ခုတလော ပိုက်ဆံကလည်း အသုံးမခံဘူး။ ၅၀တန် တရွက်ထုတ်လိုက်ရင် မသုံးရသေးဘူး... ကုန်သွားပြီ။ ဈေးသွားရင်လည်း... ဘာမှ မ၀ယ်ရသေးဘူး... လက်ထဲက ၁၀၀ကျော်လောက်ထွက်သွားပြီ...။

ဟင်း... လစာကလည်း နောက်လက စလို့ ၁၀% အဖြတ်ခံရတော့မယ်။ အကုန်သက်သာအောင် နံနက်စာနဲ့ နေ့လည်စာ အပြင်ထွက်မစားတော့ဘူး။ ရုံးကို ထမင်းဘူး ထုတ်သွားရတယ်။

ဘာမှကို မလှုပ်ရဲဘူး.... ငြိမ်ငြိမ်လေး နေနေရတယ်...
း-)

ကိုပေါ said...

အားပါးပါး…ကြက်တကောင် ၉.၅၀ ဒေါ်လာ တောင်ဖြစ်နေပြီလား။ ကျနော်စင်္ကာပူရောက်ကာစက ၃.၅၀ လောက်ပဲ ပေးရတာ မှတ်မိတယ်။

ဒါနဲ့…. နည်းနည်းလျှော့စားလေ။ အများကြီး စားတာကိုး။ ကုန်မှာပေါ့။

ကျနော့်တို့လို လျှော့စားရင် လူလည်းပိန်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်။

ပုံ…..ကိုပိန်။

Unknown said...

အော်... လီဒိုနာဒိုပေါတို့များ... စကားထဲက ဇာတိပြနေပါပေါ့လား။ မဒမ်ကို ဈေးလေး ဘာလေးတောင်ကူဝယ်မပေးဘူးဘူးလား... ဟင်..။

ကြက်သားက အကောင်လည်းကြီးလို့ (kampong chicken) တောကြက်မို့ နည်းနည်းဈေးကြီးတာပါ။ အန်တီယူစီမှာ တော့ ပိုပေါတာပေါ့...နော်။ ဈေးတက်တာတော့မပြောနဲ့တော့ဟာ...။ စင်ကာပူရောက်ကာစက ဟော်ကာမှာ ၁.၅၀ နဲ့ ပရောင်းမီး ကောင်းကောင်းစားလို့ ရတယ်လေ... ခုတော့ အနည်းဆုံး ၃.၀၀ ပဲ။

အေးဟယ်... ကိုပေါလို ကိုယ်လုံးသွယ်သွယ် ဘော်ဒီလှလှလေးဖြစ်အောင် ဘီလိုလုပ်ရမလဲဟင်င်င်င်င်.....
;-P

ကိုပေါ said...

ပိန်လိုပါက အားလပ်ရက်တိုင်း ဘူးဂစ်ဘတုတ်မှ ချန်ဂီလေဆိပ်သို့ …
တနေ့ နှစ်ခေါက်
ခြေလျှင်လျှောက်
အိမ်ရောက်သောခါ
လှေကားမှာ
ခြောက်ခါ တက်ဆင်းပြု။

၃ လ အတွင်း နောက်ဆုံးနှစ်က ကိုယ်အလေးချိန်ကို ပြန်ရစေကြောင်း…အာမခံပါသည်။ မပိန်လျှင် ငွေပြန်အမ်းမည်။