Wednesday, January 4, 2012

လူတိုင်းအတွက် လွတ်လပ်ရေး

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်
(၀၄ ဇန်န၀ါရီလ ၂၀၁၂)

( Sketch by Suuchitthu)
(from photo of Moe Kyaw Thu - Old lady sitting & waiting in front of Prison on 03-01-2012)


သင့်မှာ မိခင် ရှိလျှင် ...
သားကိုမျှော်နေတတ်သည့် တခြားသူများ၏ မိခင်ကို သတိရပေးပါ။

သင့် မိသားစု ကို သင်ချစ်လျှင်...
တခြားသူများ၏ မိသားစု ချစ်ခင်မှုကို နားလည်စာနာပေးပါ။

သင့်ကို မတရားချုပ်နှောင်မှု မလိုလားလျှင် ...
တခြားသူများကို မတရားချုပ်နှောင်မှုမှ ဖြေလွှတ်ပေးပါ။

သင်သည် တရားမျှတ လွတ်လပ်မှုကို ကြိုက်လျှင်...
တခြားသူများအားလည်း တရားမျှတ လွတ်လပ်မှု ရရှိစေအောင် ဆောင်ယူပေးပါ။

မှန်ကန် လှပ သော စစ်မှန်သည့် လွတ်လပ်ရေး
သင့် အတွက် လိုသလို ...
လူတိုင်း အတွက်လည်း လိုပါသည်။


စုချစ်
၀၄-၀၁-၂၀၁၂

1 comment:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ စုချစ်
ဓါတ်ပုံတွေ တွေ့ မြင်ပြီးခံစားနေရတုံး စုချစ်က စာတွေနဲ့ 
ခံစားပြလိုက်တော့ “ ရင်ထဲကိုနင့်နေအောင် ” ခံစား
ရပါတယ်။ လူတိုင်းအတွက်လိုအပ်တာတွေပြီးပြည့်စုံပါစေ
ခင်ဗျာ----