ပြက္ခဒိန်စောင့်မျှော်နေတဲ့ အစ်ကို အစ်မ မောင် ညီမများကို သတင်းစကားလေး ပါး ပါတယ်နော်...။
ထုံးစံအတိုင်း အပျင်းလေး နည်းနည်း ထူမိတာရယ်... ကပ်မှ လုပ်မယ်ဆိုပြီး ထားတာ နှစ်ကူးခါနီးမှာ မလုပ်မဖြစ် အလုပ်တွေပေါ်လာပြီး နောက်ကျသွားတာ ခွင့်လွှတ်ပေးကြပါလို့...။
၂၀၁၁ အင်္ဂလိပ် မြန်မာ ပြက္ခဒိန်လေးကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အမြန်ဆုံး တင်ပေးပါမယ်လို့ နော်...။
5 comments:
မင်္ဂလာရှိသော သာယာသော နှစ်သစ် ၂၀၁၁ ပါ စုချစ်နဲ့ ကိုရေချမ်းရေ...
သီချင်းနားထောင်လို့ မရလို့ ကွန်ပလိန်း လုပ်သွားပါတယ်...း))
ကြီးစုရေ.. အလည်ရောက်ပါတယ်။ ပျော်ရွှင်တဲ့ နှစ်သစ်လေး ဖြစ်ပါစေ။ သီချင်းလေး နားထောင်ကြည့်လိုက်မယ်။
မင်္ဂလာပါ ကြီးစု ..
ကြီးစု ပိုးက ကျွန်တော့်ထက် အကောင်အများကြီး ပိုကြီးတာပဲ။ (အနုပညာပိုးကို ပြောတာပါ :P စာပေ၊ ပန်းချီ၊ သီချင်း၊ အက စုံနေတာပဲ။)
ပျောက်နေတာလည်း ကြာ၊ မရောက်ဖြစ်တာလည်း နည်းနည်း ကြာပြီ၊ နေကောင်းလား အမရေ၊ ပြက္ခဒိန် တင်ပေး
မယ်ဆိုလို့ ကျေးဇူးပါ။
အစ်မ သက်ဝေ - မင်္ဂလာ နှစ်သစ်ပါ အစ်မရေ...
သီချင်းက ပလေး အိုင်ကွန်လေးကို ဖွင့်လိုက်လို့ မရဘူးလားဟင်...
ညီမလေးနှင်းဆီ - ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ... ညီမလေးရေ...
ကထက်- ကထက်ပြောမှ ရှက်တောင် ရှက်လာတယ်... အဲဒီပိုးကတော့ ဘာရွသလဲ မမေးနဲ့။ အိမ်က လူကြီးတွေကတော့ ပြောတယ်... နင် ဇာတ်ကဖို့နဲ့ ရုပ်ရှင် ရိုက်ဖို့ပဲ ကျန်တော့တယ်တဲ့...
ဟီး...
ကိုအောင်ရေ... မင်္ဂလာ နှစ်သစ်ပါနော်...
း-)
Post a Comment