Thursday, December 9, 2010

RIT Alumni Singapore Re-Union & Saya Pu Zaw Pwe

RIT Alumni Singapore Re-Union & Saya Pu Zaw Pwe

19 December 2010 (Sunday)


စက်မှုတက္ကသိုလ် မေဂျာပေါင်းစုံမှ ကျောင်းသား ကျောင်းသူ ဟောင်းများရဲ့ မိတ်ဆုံစားပွဲ နဲ့ ဆရာပူဇော်ပွဲ အခမ်းအနားကို ၂၀၁၀ ဒီဇင်ဘာလမှာ စင်ကာပူနိုင်ငံမှာ ကျင်းပမယ် ဖြစ်ပါတယ်။

၂၀၁၀ စင်ကာပူ မိတ်ဆုံစားပွဲ နဲ့ ဆရာ ပူဇော်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ အနှံ့အပြားကို ရောက်နေကြတဲ့ စက်မှုတက္ကသိုလ် မေဂျာပေါင်းစုံမှာ ပညာသင်ကြားပေးခဲ့ကြသော ဆရာ ဆရာမ ပေါင်း ၁၇၀ နီးပါးခန့်ကို ဖိတ်ကြားထားတယ်လို့ သိရှိရပါတယ်။ ဆရာ ဆရာမများ စာရင်းကို RIT Alumni Singapore web site မှာ ကြည့်ရှုနိုင်ပါတယ်။

ဆရာ ပူဇော်ပွဲ သို့ တက်ရောက်ကြမည့် ဖိတ်ကြားထားသော ( အထူးသဖြင့် မြန်မာနိုင်ငံ မှ ) ဆရာ ဆရာမ များသည် ဒီဇင်ဘာလ ၁၇ရက် သောကြာနေ့ တွင် နေ့လည် လေယာဉ်၊ ည လေယာဉ်များဖြင့် စင်ကာပူနိုင်ငံကို ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။ မိမိတို့ ဆရာ ဆရာမ များကို လေဆိပ်များတွင် ကြိုဆိုချင်ကြသူများ မိမိတို့ ဆရာများ မည်သည့် လေယဉ် ခရီးစဉ်မှာ လိုက်ပါကြကြောင်းကို သက်ဆိုင်ရာ မေဂျာအလိုက် ကော်မတီဝင်များထံမှာ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။ ဆရာ ဆရာမများသည် ဒီဇင်ဘာ ၁၇ရက်နေ့ တွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိကြမည် ဖြစ်ပြီး ဒီဇင်ဘာ ၂၀ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ပြန်လည် ထွက်ခွာကြမည်ဟု သိရှိရပါသည်။

ဆရာ ဆရာမများ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေစဉ် တည်းခိုမည့် ဟော်တယ်လိပ်စာကတော့...
Hotel Grand Chancellor Singapore
3 Belilios Road Singapore 219924
ဖြစ်ပါတယ်။

၁၈ရက်နေ့ မနက်မှာတော့ RIT Alumni Singapore အဖွဲ့သားများမှ ဆရာ ဆရာမများအတွက် Singapore City Tour လိုက်ပို့ရန် စီစဉ်ထားသည်ဟု သိရှိရပြီး နေ့လည်ပိုင်းမှာတော့ သက်ဆိုင်ရာ မေဂျာအလိုက် တွေ့ဆုံပွဲများ ပြုလုပ်ကြမည်ဟု သိရှိရပါတယ်။ သက်ဆိုင်ရာ မေဂျာအလိုက် web page စာမျက်နှာများတွင် လည်းကောင်း မိမိနှင့် နီးစပ်ရာ သူငယ်ချင်းများထံမှ လည်းကောင်း မေးမြန်း စုံစမ်းနိုင်ကြပါတယ်။

EE Major မှ ၁၈ ရက်နေ့ နေ့လည် ၂နာရီတွင် Burmese Buddhist Temple, Toa Payoh တွင် EE Major တွေ့ဆုံ ကန်တော့ပွဲ ပြုလုပ်မည်ဟု သိရပါတယ်။

EE Gathering Tentative Agenda
a) 2:00 pm - Offering of Robes & Requisites to Sanghas (by Sayas and Alumni)
b) 2:30 pm - Paying of Respect to Sayas (by Alumni)

c) 2:45 pm - Words of Appreciation and Joy (by 3 Sayas, representing all)

d) 3:00 pm - Meet and Greet Our Saya (free and easy for all)

e) 5:00 pm - End of program

(The timing is subject to change, depending on the traffic situation)
All EE Alumni are warmly invited. Please help to spread this news.

၁၉ ရက်နေ့ မေဂျာပေါင်းစုံ တွေ့ဆုံ ကန်တော့ပွဲ အစီအစဉ် မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

19 December 2010 (Sunday) - Ceremony

၁) စက်မှု တက္ကသိုလ် မေဂျာ ပေါင်းစုံ ဆရာ ကန်တော့ပွဲ အစီအစဉ်
နေ့ရက် - ၁၉ ဒီဇင်ဘာ ၂၀၁၀
အချိန် - မနက် ၉ နာရီမှ ၁၂ နာရီ
နေရာ - Auditorium, Informatics Campus
10 & 12 Science Center Road
Singapore 609080
Nearest MRT Station: Jurong East
(Within walking distance to Informatics)
Bus Nos Near Informatics Campus: 51, 78, 79, 97, 143, 197,& 1

၂) စက်မှု တက္ကသိုလ် မေဂျာ ပေါင်းစုံ မိတ်ဆုံစားပွဲ အစီအစဉ် (Re-union Dinner)
Dinner Tickets are on SALE @ S$ 75/- only
နေ့ရက် - ၁၉ ဒီဇင်ဘာ ၂၀၁၀
အချိန် - ညနေ ၅း၃၀ နာရီမှ ၁၀း၃၀ နာရီ
နေရာ - Orchid Country Club (OCC)
1 Orchid Club Road
Singapore 769162
Tel: (65) 67559811

Note :
Free shuttle buses at 15 mins intervals (arranged by OCC) from Yishun MRT to OCC & OCC to Yishun MRT, morning till 11 pm.
Free return buses from OCC to Yishun MRT & to Jurong East MRT from 10:30 pm onwards (arranged by RIT Alumni Singapore Organising Committee).


Dinner tickets များကို သက်ဆိုင်ရာ ကော်မတီ မန်ဘာများ ထံမှာ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

တနိုင်ငံထဲနေတာတောင်မှ မတွေ့ မဆုံနိုင်၊ ကွဲကွာ နေကြတဲ့ သူငယ်ချင်းများနဲ့ တစုတစည်းတည်း ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ကြရမှာဖြစ်ပြီး ဝေးရပ်မြေမှ မိမိတို့ ကျေးဇူးရှင် ဆရာ ဆရာမများကို အတူတကွ ကန်တော့ရမယ့် ဒီကြုံတောင့်ကြုံခဲ ပွဲကြီးကို မပျက်မကွက် ဆင်နွှဲကြပါစို့လား....။

Ref:
Civil Major Web page
EE Major Web page
RIT Alumni Singapore ( Main Committee )

*********

9 comments:

Sonata Cantata said...

ဆင်နွဲပါမည် စုချစ်ရေ :)

သက်ဝေ said...

See you there... :)

စုချစ် said...

see u there Mama Thida, Ah ma Thet wai...

ဘလော့နဲ့ ဖေ့ဘုတ်မှာပဲ တွေ့နေရတာ... အဲဒီပွဲကျမှပဲ တွေ့ရတော့မယ်...
း-)

ငဝန်နဒီ said...

လာချင်တယ်ဗျာ...တနှစ်နှစ်တော့ ရောက် အောင် ကြိုးစားပြီးလာနိုင်အောင် ကြိုးစား အုံးမယ်

ကိုအောင် said...

ကြည်နူးစရာပါ ...

ကိုခိုင် said...

စီစဉ်တဲ့သူတွေကို
တော်တော်ကျေးဇူးတင်ဖို့ကောင်းပါတယ်။
ကျန်းမာကြပါစေ။

ကိုခိုင်

A Nonentity said...

ကျွန်တော် က အာအိုင်တီ ကျောင်းထွက် မဟုတ်ပေမဲ့ အာအိုင်တီ ကျောင်းသား ဟောင်း တွေရဲ့ စည်းလုံးမှု ကို မြင်ရတာ လေးစား ဂုဏ်ယူ မိပါတယ်။

Anonymous said...

ဘယ်မှာ Wish ရမှန်းမသိလို့ Wish ချင်တဲ့နေရာမှာ Wish သွားပါတယ်.. အကိုကြီးနဲ့ အမကြီး.. Happy New Year ပါ

မေဓာဝီ said...

မစုရေ ...
မင်္ဂလာနှစ်သစ် ဖြစ်ပါစေ .......