Sunday, March 15, 2009

Bagan Series-1


Daybreak at Bagan
Oil on Canvas
24"x18"

ကိုယ်လေးစားရတဲ့ ပန်းချီဆရာကြီးများရဲ့ ပုဂံဆီဆေးစီးရီးစ် ပန်းချီကားများကို အားကျလို့ ပုဂံစီးရီးစ်တွေ ဆွဲဖို့ စိတ်ကူးရပြီး ကိုယ့်ရဲ့ ပထမဆုံး ပုဂံဆီဆေးပန်းချီလေး ဒီနေ့ပဲ အပြီးသတ်လိုက်တယ်။ ဦးလေးတစ်ယောက်ဆီမှာရထားတဲ့ ရှေးဟောင်းပုဂံဓါတ်ပုံတွေထဲက Ref ယူပြီးဆွဲထားတာပါ။ ဓါတ်ပုံရိုက်တဲ့သူ အမည်မသိတဲ့ အတွက် ဖေါ်ပြနိုင်ခြင်းမရှိတာ ခွင့်လွှတ်ပါရှင်။

ဤပန်းချီကားလေးဖြင့် သင်ဆရာ၊ မြင်ဆရာများအား ရိုသေလေးစားစွာ ကန်တော့ပါတယ်။

5 comments:

:P said...

ပန်းချီကို သိပ်နားမလည်ပေမယ့် နွားလှည်းတွေနဲ့ တဲလေးကို နေထိုးနေတာ၊ အရိပ်ကျနေတာတွေ ကြည့်ပြီး အပြင်က အတိုင်းပဲလို့ မြင်မိပါတယ်။

Anonymous said...

ပန်းချီဆရာ တယောက် ပုံဆွဲနေစဉ် သူ့ရဲ့ စိတ်အစဉ်ကို စိတ်ဝင်စားမိတယ်...

ကိုပေါ said...

အလဲ့…..ဘယ်ဆိုးလို့လဲဗျ…။ ဆီဆေးရေးတတ်မှန်း အခုမှ သိတော့တယ်။

Anonymous said...

ဟယ်ပြီးသွားပြီပေါ့၊ အရင် ပြန်မပြင်ခင်က ဘုရားတွေ ပုံပေါ့၊ မေးနဲ့ပို့ပေးအုံး၊ သေချာကြည့်ပြီးမှ ထပ်ပြောမယ် :-)

T T Sweet said...

မနေ့ကတွေ့ခဲ့တဲ့ ပုံလေး ... ဟုတ် ...
ဒီပုံလေးရယ် ... သစ်ကိုင်းလေးနဲ့သစ်သီးလေးပုံရယ် အိုးပုံရယ် အဖွားပုံရယ် ကြိုက်တယ် ...ဘလော့လုပ်ထားကြောင်း သတင်းပေးပါတယ် ...