Monday, October 3, 2011

ရှေးခေတ်ဟောင်းသီချင်း အောင့်မေ့ဖွယ်....

ရှေးခေတ်ဟောင်းသီချင်း အောင့်မေ့ဖွယ်....


ရုန်းတော် လွှတ်တော် (ကိုအောင် ၊ စုချစ်)

New York က မောင်လေးကိုအောင် (Gersing Aung) နဲ့ ရှေးခေတ်ဟောင်းမြန်မာစုံတွဲ သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ ရုံးတော် လွှတ်တော် သီချင်းလေးကို ခံစားသီဆိုထားပါတယ်။

ဒီ သီချင်းလေးကို တေးရေးဆရာ ဆရာကြီးစန်းသော်တာက ရေးစပ်သီကုံးခဲ့ပြီး ဘဘအေ၀မ်းဦးတင်မောင်နဲ့ အမေဒေါ်မေရှင်တို့က မူလ သီဆိုခဲ့ကြပါတယ်။ အဆိုတော် အောင်ရင်+ မေဆွိ၊ စည်သူလွင်+ ဟေမာနေ၀င်း၊ ဗညားဟန်+ စိုးစန္ဒာထွန်း တို့က ဆန်းသစ်လှပစွာ ပြန်လည် သီဆိုထားကြပါသေးတယ်။

မောင်လေးကိုအောင်သီဆိုထားတဲ့ မြန်မာသီချင်းများနဲ့ အင်္ဂလိပ်သီချင်းများကို သူ့ရဲ့ YouTube Channel (http://www.youtube.com/gersing) မှာ အားပေးရှုစား နားဆင်နိုင်ကြပါတယ်။ ကိုအောင်သီဆိုထားတဲ့ သီချင်းများထဲမှ မရွှေစု အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကတော့ အမေဒေါ်အောင်ဆန်းစုကြည် အတွက် ရည်စူးသီဆိုထားတဲ့ မချစ်စု ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ နားဆင် အားပေးကြပါအုံးနော်...။


မချစ်စု (ကိုအောင်)


++++++++++++

4 comments:

SHWE ZIN U said...

သီချင်းလေး တွေ ရအောင် စိတ်ရှည်လက်ရှည် ဖွင့်ပြီး နားထောင်သွားပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

စုချစ် said...

ကျေးဇူးပါ အစ်မရွှေစင်...
း)

ဖြူတုတ်လေး said...

မမ သီချင်းဆိုတာဝါသနာပါရင် singforyou.net ကို ကြည့်ကြည့်ပါလား! မြန်မာသီချင်းဆိုပြီး အသံသွင်းလို့ရတဲ့ တစ်ခုတည်သော site ပေါ့ ... community လေးက သန့်ပြီး အရမ်းချစ်ဖို့ကောင်းတယ် ...

စုချစ် said...

ကျေးဇူး ညီမလေးဖြူတုတ်.....း)