Saturday, February 13, 2010

အောင်ဆန်းဇာနည်

အောင်ဆန်းဇာနည် ၉၅နှစ် တိုင်ခဲ့ပြီ
၁၃-၀၂-၂၀၁၀



ဖေဖေါ်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာတစ်ဆယ်ငါး
ရှေ့နေဦးဖာသား။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်။
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့သား။

7 comments:

ကိုခိုင် said...

လာလည်ပါသည်။ဖိတ်ခေါ်ပါသည်။လင့်ချိတ်ခွင့်ပြုပါ။
http://kokhine.blogspot.com
kokhine

စုချစ် said...

ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်ရှင့်...
း-)

ကိုခိုင် said...

လာလည်တာကျေးဇူးပါ။
လင့်ချိတ်လိုက်ပါပြီ။
ကိုခိုင်

ကိုခိုင် said...

လာလည်တာကျေးဖူးပါ။လင့်ချိတ်လိုက်ပါပြီ။
ကိုခိုင်

ကိုအောင် said...

ညီမရေ အလည်ရောက်ပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်း ကဗျာကိုလည်း ဖတ်သွားပါတယ်၊ ဘလော့လောက တဂ်တစ်ခုတောင် တဂ်အုံးမလို့၊ ညီမလေး အလုပ်များနေတယ် ထင်ပြီ ဒီတစ်ခါတော့ မတဂ်ဖြစ်သေးဘူး၊ ပို့စ်အသစ်တွေ မျှော်နေလျက်။

စုချစ် said...

ကိုအောင် --> သတိတရလာလည်လို့ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို... ခုတလော ပန်းချီတွေပိုဆွဲဖြစ်နေလို့ပါ...
း-)

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-