၂၀၁၀ပြက္ခဒိန်လေးပြီးခါနီးပါပြီ။ ပန်းချီပုံလေးတွေနဲ့ ကဗျာတွေ ထည့်ဖို့ကို နည်းနည်း စဉ်းစားရခက်နေလို့ ဒီဆောင်းအမှီလေး ပေးနိုင်အောင် ကြိုးစားနေပါတယ်ရှင်...။
လောလောဆယ်တော့ ပြက္ခဒိန်ပြီးပြီလားလို့ ဘလော့လေးကို လာချောင်းတဲ့သူတွေအတွက် ဘာကြည့်စရာမှမရှိ၊ ပလာကြီးပဲ ဖြစ်မနေရအောင် ဆောင်းအမှီသီချင်းလေး သီဆိုထားတာ နားသောတဆင်ကြည့်ကြဖို့ တင်ပေးလိုက်ပါတယ်နော်...။
တော်ပါပြီ... နောက်မဆိုပါနဲ့တော့ဗျို့... ၂၀၁၀ပြက္ခဒိန်ပြီးပလား နောင်ကိုမမေးတော့ပါဘူးလို့ မပြောကြတန်ကောင်းပါရဲ့...
း-)တခုသော ဆောင်းအခါ သမာယ နှင်းတွေသိပ်သည်းစွာကျနေတဲ့အချိန် ကမ္ဘာပေါ်မှာအလှဆုံးရေတံခွန်လို့ ဆိုကြတဲ့ နိုင်ဂါရာ ရေတံခွန်ဆီကို ရောက်ခဲ့စဉ်အခါက ရိုက်ခဲ့သော ဓါတ်ပုံများနဲ့အတူ အမေဒေါ်မေလှမြိုင်မှစ အဆိုတော်များစွာသီဆိုခဲ့ဘူးသော ဆောင်းအမှီသီချင်းလေးကို အားလုံးသော ချစ်မိတ်ဆွေ၊ မောင်နှမများ အပျင်းပြေ နားသောတဆင်ကြည့်ရှုနိုင်ရန် ....
ကျေးဇူး အထူး.................
6 comments:
ပုံတွေကြည့်ရင်း သီချင်းနားထောင်သွားပါတယ်။
ဒီသီချင်းကြားတိုင်း ရုပ်ရှင်တကားထဲမှာလေ ဒေါ်ဂျမ်းစိန် "ပျိုပျိုမေ ပရုတ်ဆီရှူရင်းမောင့်ကို စောင့်ပါမည်" ဆိုတဲ့ အခန်းကို ပြေးမြင်တယ်..း)
တလွဲတွေ မန့်လို့ စိတ်မဆိုးနဲ့နော်
ကျနော်မိုးမခမီဒီယာက မောင်ရစ်ပါ
ကျနော်တို့ရဲ့ ၂၀၀၉ လစဉ်သတင်းဓာတ်ပုံကောက်နုတ်ချက်တွေနဲ့ ပြက္ခဒိန်လုပ်ချင်တယ်။ ကူပါ။ အကြံပေးပါ။ ၀ိုင်းလုပ်ပေးပါ ဖြစ်နိုင်ရင်
ကျေးဇူးပါ။ စာပြန်ပါဥိး
မောင်ရစ်
မမသီတာ - အစ်မပြောတာ ၀င်းဦးနဲ့ ၀ါဝါ၀င်းရွှေကားလေ... အိတ်ကားက အရမ်းကောင်း
ကိုမောင်ရစ် - ဟုတ်ကဲ့... အတတ်နိုင်ဆုံးကူညီပါ့မယ်...။ မေးလ် ပို့လိုက်ပါဦးမယ်။
မယ်တရွာမောင်တမြို့တော့ နေလို့လဲ မဖြစ်နိုင်ပါပြီတဲ့ (တူတူနေနေရတာများ)
ဟဲဟဲ နောက်တာပါ။ မစုက စာရေးလဲ ကောင်း၊ ပန်းချီလဲ တော်၊ အခုတော့ သီချင်းဆိုတာပါ အလွန်ကောင်းတယ်လို့ ထည့်ထပ်ရတော့မယ်။ နောက်ထပ်လဲ မကြာမကြာ ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းလေးတွေ တင်ပေးပါလို့ တောင်းဆိုလိုက်ပါတယ်။ :)
ဟိ... အပျော်လွန်ပြီး ကိုယ့်ကိုယ်ကို မနည်းဆွဲထားရသယ်... မမေက ချီးကျူးနေလို့...း-)
ဒီဂ ဆိုထားတာတွေ အများကြီးနော်... တင်ပလိုက်မှာ...
ခစ်... အိမ်က လူတွေကတော့ ကိုယ်သီချင်းစ ဆိုပြီဆိုတာနဲ့ နားကြပ်တတ်တဲ့သူနဲ့၊ အိပ်ခန်းထဲ ပြေးဝင်ကြတဲ့သူနဲ့... အဲသလို အားပေးကြသာရယ်...
း-)
Ama,
These photos bring good old memories back. I miss a lot.
HNA
Post a Comment