Wednesday, January 21, 2009

တို့ခေတ်ကိုတော့ ရောက်လာမည်မှာ မလွဲပါ...။


20/01/2009
Congratulation to Barack Obama!

"we have chosen hope over fear, unity of purpose over conflict and discord"

Witnessed by a huge crowd of more than two million people in an unprecedented endorsement of a new leader, Obama, 47, became the 44th President of the United States as he took the oath of office at the US Capitol.

"I, Barack Hussein Obama, do solemnly swear that I will execute the office of President of the United States faithfully and will to the best of my ability, preserve, protect and defend the constitution of the United States, so help me God," said Obama, sparking a massive roar from the crowd and a 21-gun salute.

တချိန်တခါက အဖိနှိပ်ခံ လူမျိုးစုနွယ်ထဲမှ မွေးဖွားလာခဲ့သူ၊ လူမည်းများမှာ လူဖြူများနှင့်တန်းမတူဟု အဆင့်အတန်း နိမ့်ကျပါသည်ဟု ခွဲခြားဆက်ဆံခြင်းခံခဲ့ရသူ၊ ထိုလူမျိုးစုအနွယ်များမှ ဆင်းသက်လာခဲ့သူ ဖြစ်တဲ့ ဘာရက် အိုဘားမားဟာ ဒီနေ့ ဒီအချိန်မှာတော့ အမေရိကန်ရဲ့ အခမ်းနားဆုံးသော သမတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပြီး ပထမဦးဆုံးလူမည်းသမတကြီးအဖြစ် ခြေလှမ်းသစ်ကို စတင်ခဲ့ပါပြီ။

တိုက်တိုက်ဆိုင်ဆိုင် (၁၉.၀၁.၂၀၀၉) က လူမျိုးစု ခွဲခြားဆက်ဆံရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူမည်းများရဲ့ စံပြ နိုဘယ်လ် ဆုရှင် မာတင်လူသာကင်း အထိမ်းအမှတ်နေ့ ဖြစ်လေတော့ တရားမျှတမှုတွေခန်းခြောက်နေတဲ့ လောကကြီးကို တရားမျှတမှုတွေ ရောက်ရှိလာအောင် ဒီကနေ့ အိုဘားမားရဲ့ သမတသစ် တက်ပွဲက ဆောင်ကျဉ်းပေးတယ်လို့ ခံစားမိပါတယ်။

ဘယ်တော့မှ ဖြစ်လာမယ်လို့ မထင်ခဲ့သည်များဟာ တနေ့မှာ ဖြစ်လာနိုင်တယ် ဆိုတာ၊ မဖြစ်နိုင်တာ ဘယ်တော့မှမရှိ၊ မဖြစ်သေးတာသာရှိတယ်ဆိုတာ၊ ယနေ့ အမေရိကန်ရဲ့ သမိုင်းစာမျက်နှာကို သာမက ကမ္ဘာတ၀ှမ်းလုံးကို အိုဘားမားက သက်သေပြသွားခဲ့ပါပြီ။

တနေ့နေ့ တချိန်ချိန် တို့ခေတ်ကိုတော့ ရောက်လာမည်မှာ မလွဲပါ...။

*****
ညက သမတသစ်တက်ပွဲ အခမ်းအနားကို ကြည့်ပြီး ရင်ခုန်ကြည်နှုးမိတယ်။ အမေရိကန် သမတ ကျမ်းသစ္စာကျိန်ဆိုပွဲတွေကို ပထမဦးဆုံး ကြည့်ဘူးခြင်းလည်း ဖြစ်ပါတယ်။ အိုဘားမားကိုကြည့်ရင်းနဲ့ တခုခု သူ့ကို ဂုဏ်ပြုချင်တာကြောင့် ဒီပုံလေးကို အမှတ်တရ ရေးဆွဲဖြစ်ပါတယ်။

သူငယ်ချင်းတွေ အတွက် ကာတွန်း ရုပ်ပြောင်ပုံတွေရေးဆွဲပေးဘူးပေမဲ့ ကယ်ရီကေးချားကို ပထမဦးဆုံး ရေးဆွဲခြင်းဖြစ်ပါတယ်။ မိမိရဲ့ ပထမဆုံး ကယ်ရီကေးချားက အိုဘားမားပုံ ဖြစ်တဲ့ အတွက် အများကြီး ဂုဏ်ယူမိလျက်....။

စုချစ်

2 comments:

peculiar said...

hi

i found your art work though chain email and i landed to your blog as well. your works are very insightful, fully with inspiration,hope and bring my so much joy and excitement.
yes, indeed, this is a historical moment not only for US but also around the world.
side note: hope that he would also carry out one of Laura Bush wishes; "Myanmar"

thanks
-Ping

စုချစ် said...

Hello Ping,
Thanks for the kind words. It's indeed pleasure to explore my art work and feeling v good that others enjoy too.
Yes! Obama being as President is not only gives a new hope to the Americans, but excitement is felt around the world. Hopefully, he could bring us, Myanmar, good fortune as well!
with metta, SuuChit