"ဟာ..ဆရာ...ဆရာမှန်းမသိလို့ပါ။ တောင်းပန်ပါတယ် ဆရာ"
ဆိုပြီး အလေးတွေပြုလို့။ ကိုယ်က ငအဆိုတော့... ချက်ချင်း ဘာမှန်းမသိဘူး။ ယောက်ယောက်ကို... တူ... ဘယ်တုန်းကများ ဒီဘဲဥရဲ့ဆရာ ဖြစ်ခဲ့ပါလိမ့်လို့ပေါ့နော်...တွေးနေတာ။ ယောက်ယောက်ကတော့ ရုပ်တည် ကြီးနဲ့ လက်တွေဘာတွေပြန်ပြပြီး ရပါတယ်ကွာ... ဘာညာနဲ့ မောင်းထွက်ခဲ့ကြရော။ နောက်လှည့်ကြည့်တာ ဒီလူ ခြေစုံရပ်ပြီး ကားတော်တော်ဝေးတဲ့ထိ၊ တော်တော်ကြာတဲ့ထိ အလေးပြုနေတုန်း...။ နောက်မှ ကိုယ်လည်း သဘောပေါက်ပြီး နှစ်ယောက်သားရီလိုက်ရတာ... ဟီး။
၉၆ ခုနှစ်လောက်က မန်းလေးမှာ ဆိုင်ကယ်စီးရင် ဦးထုတ်တွေမဆောင်းပဲ စီးတာ....။ မျက်စိကလျင်တော့ ဘဲဥကို ဝေးဝေးကလှမ်းတွေ့ပြီး အမြဲ...ပြန်ကွေ့ပြေးနေကြ...။ စက်ဘီးစီးရင်လည်း မီးနီဖြတ်ပြီး တဲအိမ်လေးထဲက ကိုကိုဘဲဥတွေကို မျက်လုံးမှိတ်ပြ၊ လက်ပြလိုက်ရင် ဘာမှ ပြောကြဘူးတော့.... ဟီး။
မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။
No comments:
Post a Comment