ခုတလော ဦးရေချမ်းတို့ ရုံးကသူတွေ ထီ ခဏခဏ ပေါက်ကြတယ်တဲ့။ ဒေါ်လာ တစ်သောင်းဆု နှစ်သောင်းဆု ပေါက်ကြတဲ့သူတွေအပြင် ထီကို စီးပွားဖြစ်လို အမြဲကံစမ်းနေကြ ဆိုဒ်မန်နေဂျာကတော့ ဒီတစ်ခါမှာ ဒေါ်လာတစ်သန်းဆုကြီးများတောင် ချိတ်သွားသတဲ့။ ဒါနဲ့ ကိုယ်အလှည့်လဲ မကြာခင် လာတော့မယ်လို့ သူတို့ရုံးက သူတွေ အချင်းချင်း စနောက်နေကြတယ်။
ငယ်ငယ်ကတဲက မရွှေစုကို ဟောဖူး ကြည့်ဖူးတဲ့ ဗေဒင် လက္ခဏာဆရာ တော်တော်များများက ငွေတလုံးတခဲ ၀င်တတ်တဲ့ လက္ခဏာရှင်မို့ ထီထိုးပါလို့ ပြောတတ်ကြတယ်။ ကိုယ်က ငွေမမက်တဲ့သူလို့ မဆိုချင်ပေမယ့်၊ လူ့သဘာဝအရ ငွေမက်ပေမယ့်၊ ကိုယ့်ဉာဏ်နဲ့ ၀ီရိယစိုက် အားထုတ်ပြီး လုပ်ရတဲ့ အလုပ်မဟုတ်ပဲ စိတ်ကူးယဉ်နေရတဲ့ မသေမချာ မရေမရာ အလုပ်မို့ မရွှေစုက ထီထိုးတာတော့ တယ် ၀ါသနာ မပါလှဘူး။ ဒီတော့ သူတို့ အကြံပေးတဲ့ အတိုင်း ထီတွေဘာတွေ ထိုးခဲတယ်။
စလုံးရောက်ခါစက အဆောင်မှာနေတုန်း စင်ကာပူ TOTO ထီ တစ်သန်းခွဲလား ပေါက်တဲ့ မြန်မာလင်မယားကို တွေ့ဖူးတယ်။ ထီမပေါက်ခင်က တစ်ယောက်နဲ့ တစ်ယောက်ချစ်လိုက်ကြတာ... သူတို့အလုပ်အကိုင်က ပညာနဲ့ လုပ်စားတာမျိုးမဟုတ်တော့ သူများနိုင်ငံမှာ လင်ကိုယ်မယား ပင်ပင်ပန်းပန်း အလုပ်လုပ် ဆင်းဆင်းရဲရဲ နေကြရတော့ တစ်ယောက်နဲ့ တစ်ယောက်စာနာပြီး ကြင်နာလိုက်ကြတာ....။ ဟော.. ထီပေါက် ပိုက်ဆံလည်းချမ်းသာလာရော ခဏခဏ ရန်ဖြစ်ကြတော့တာပဲ။ နင့် အမျိုးဘာဖြစ် ငါ့အမျိုး ဘာဖြစ်နဲ့ ဆင်းရဲနေတုန်းက ဘယ်ရောက်နေမှန်းမသိတဲ့ ဟိုဘက်သည်ဘက်က အမျိုးတွေ ပိုက်ဆံရှိမှ ဘွားကနဲ ပေါ်လာကြတော့ အဲသဟာတွေနဲ့ ပါတ်သက်ပြီး တစ်နေ့ တစ်နေ့ တချိမ်းချိမ်းပဲတဲ့။ ဒါနဲ့... သြော်... ငါ့နှယ်... တန်ခိုးရှိရင် သူတို့ ထီပေါက်တာကို မပေါက်အောင်လုပ်ပြီး ဟိုတုန်းက ချစ်ချစ်ခင်ခင် ဖြစ်နေတဲ့ အချိန်ကို Time Machine နဲ့ လှည့်ပြန်သွားလို့ ရအောင် လုပ်ပေးချင်ပါရဲ့လို့ တွေးမိသေး။ နောက်တော့ သူတို့ ကွဲသွားသလိုလို ဘာလိုလို သတင်းသဲ့သဲ့ပဲ ကြားလိုက်ရတော့တယ်။ လောကမှာ ပိုက်ဆံချမ်းသာနေတဲ့ လူမျိုးတွေထက် စိတ်ချမ်းသာ ပျော်ရွှင်နေတဲ့ လူမျိုးတွေကိုပဲ များများမြင်ချင်တယ်။
ကျောင်းပြီး အလုပ်ဝင်ခါစ မေမေက မရွှေစုနဲ့ အတူလာနေတယ်။ သားအမိ၂ယောက် အတူနေဖို့ အိမ်တစ်လုံး စငှားကြတော့ အိမ်ထောင်ပစ္စည်းတွေ စ၀ယ်ရတာ... တီဗွီတို့ ဘာတို့က အစပေါ့။ အဲ့မှာ ဈေးဝယ်ထွက်တော့ သူငယ်ချင်း ယောက်ျားလေး ၂ယောက်က ပစ္စည်းတွေ ကူညီပြီး လိုက်သယ်ပေးရှာတယ်။ တစ်နေ့လုံး ဈေးတွေဝယ်ကြရတာ ပင်ပန်းလာတော့ နောက်ပြောင်တတ်တဲ့ သူငယ်ချင်းက အမလေးဗျာ... ကျုပ်တို့မှာ ဒိုင်ယာနာ မင်းသမီးဈေးဝယ်တဲ့နောက်က တကောက်ကောက် လိုက်နေရတဲ့ ကိုယ်ရံတော်တွေ ကျလို့ လို့ ခနဲ့တော့ မရွှေစုက ဟင်း... ဒိုင်ယာနာ မင်းသမီး မဖြစ်ချင်ဘူး၊ မရွှေစုက မရွှေစုပဲ ဖြစ်ချင်တယ် လို့ ခေါင်းခါခါ လည်ခါခါနဲ့ ငြင်းတာ၊ ဒိုင်ယာနာ မင်းသမီးနဲ့ နှိုင်းတာများ သူကပဲ နာရတယ်ရှိသေးလို့ ထောမနာပြုတာ ခံရပါတယ်။ တကယ်တော့ မရွှေစုက ဒိုင်ယာနာ မင်းသမီးကို ချစ်ပါတယ်။ ဒါပေသိ သူ့အဖြစ်က အိမ်ထောင်ရေး အဆင်မပြေ ကွယ်လွန်သွားပုံကလည်း လူပြောသူပြောစရာ နဲ့ အားကျစရာမကောင်းလှတာကြောင့် သူဘယ်လောက်လှလှ ဘယ်လောက်ချမ်းသာချမ်းသာ ဘုရင့်မိဖုရားပဲ ဖြစ်ဖြစ် သူလိုဘ၀မျိုး မလိုချင်လို့ မရွှေစုက အဲသလို ပြောလိုက်မိတာပါ။
မရွှေစု အလုပ်ဝင်တော့ အလုပ်သဘောသဘာဝ အရ ခရီးတွေ ခဏခဏ ထွက်ဖြစ်တယ်။ ခရီးထွက်တိုင်း ရုံးက သတ်မှတ်ချက်အရ ဟီလ်တန်ဟော်တယ်မှာ များသောအားဖြင့် နေဖြစ်ကြတယ်။ တခါတော့ ခရီးအတူထွက်လာတဲ့ ရုံးက သူငယ်ချင်း အင်ဒိုနီးရှားမလေးနဲ့ ညဖက် အခန်းထဲ အတူ စကားပြောရင်း (မအိပ်ခင် သူက ကိုယ့်အခန်းလာပြီး တီဗွီ အတူတူ ကြည့်ကြတာကိုး ) အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် ပဲရစ်ဟီလ်တန်ရဲ့ စီးရီးစ်ကလည်း တီဗွီမှာ ပြနေတယ်၊ ကိုယ်တွေကလည်း သူ့အဖိုး ဟော်တယ်မှာ တည်းနေကြတဲ့သူတွေဆိုတော့ အင်ဒိုမလေးက ပဲရစ်ဟီလ်တန်ကို ကြည့်ပြီး သူတို့များတော့ ကံကောင်းလိုက်တာနော်... ရုပ်ကလည်းချော၊ မွေးလာကတဲကလည်း ပြည့်စုံချမ်းသာတဲ့ သဌေးမြေး၊ ဘာမှလည်း ပူစရာမရှိ၊ နာမည်ကြီး မင်းသမီးကလည်းဖြစ်ဆိုတော့ သူ့ဘ၀မျိုး အားကျလိုက်တာတဲ့။ ကမ္ဘာ အရပ်ရပ်က ဟီလ်တန်ဟော်တယ်တွေ ပိုင်ရှင်ရဲ့ မြေး ပဲရစ်ဟီလ်တန် ဆိုတာက သိတဲ့အတိုင်း ပွေတဲ့ ရှုပ်တဲ့နေရာမှာ နာမည်ကြီးမော်ဒယ်မင်းသမီး။ မရွှေစုက သူပြောတာကို ဘာမှတော့ ပြန်မပြောလိုက်ဘူး။ ဒါပေမယ့် မရွှေစု ဆိုရင် ပဲရစ်ဟီလ်တန် ဘ၀မျိုး အားမကျဘူး။ လူဆိုတာ သိပ်ပြည့်စုံလွန်းရင် မကောင်း၊ အားမစိုက်ရပဲ လိုချင်တာမှန်သမျှ အကုန်ရနေရင် မသိစိတ်မှာ စိတ်ဓာတ်ရေးရာ အရ မပြည့်မစုံ ဖြစ်တတ်တယ်လို့ ထင်နေမိလို့။
အဲသမှာ ဆရာသော်တာဆွေရေးတဲ့ ငွေကိုလေလိုသုံးသူ မိုးကုတ်မြမောင်အကြောင်း သတိရမိတယ်။ အဲဒီအကြောင်းဖတ်ပြီးတော့ မရွှေစု အနေနဲ့ သူ့လို မချမ်းသာချင်လိုက်တာမှ အရမ်းပဲ။ ဆရာသော်တာဆွေက သည်လို ရေးခဲ့တယ်။
တခါတခါ အလုပ်တွေ လုပ်ရတာ ပင်ပန်းလွန်းလို့ ငါကိုယ်က ပင်ပန်းဇာတာ ပါလိုက်တာလို့ တစ်ကိုယ်ရည် ညည်းတွားမိတဲ့အခါ အလုပ်လုပ်စရာ မလိုပဲ ထိုင်နေရရင်ကော ကိုယ်က ပျော်မှာတဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ နံနက်စောစော အိပ်ရာကနေ အိပ်ရေး မ၀တ၀နဲ့ လူးလဲထရင်း အိပ်ခန်းပြတင်းပေါက်က တီတီတာတာ အော်ပြီး အစာရှာနေကြတဲ့ ငှက်ကလေးတွေကို စောင်းငဲ့ကြည့်မိတော့ သတ္တ၀ါရယ်လို့ဖြစ်လာရင် ကိုယ့်တစ်ကိုယ်စာ ဘ၀ရပ်တည်နိုင်မှု အတွက် အလုပ်တစ်ခုတော့ လုပ်ရတယ်ဆိုတာ ခေါင်းထဲ ၀င်လာတယ်။ အဲဒီအခါ ကိုယ့်မှာ သမ္မာအာဇီဝ ကျတဲ့ အလုပ်ကလေး တစ်ခု ရှိနေတာ ကျေးဇူးတင်စရာပဲဆိုတာ သိလာတယ်။ ဒီအလုပ်ကလေးကလည်း ကိုယ့်တစ်ကိုယ်စာ ရပ်တည်နိုင်မှုအပြင် မိဖတွေကို အလုပ်အကျွေးပြုနိုင်တယ်၊ ကိုယ်တတ်နိုင်သမျှ အလှူအတန်းလေးတွေလုပ်နိုင်ဖို့ ထောက်ကူပေးတယ်ဆိုတော့ အလုပ်သွားရမှာ ပျင်းတဲ့စိတ်တွေ အလိုလို ထွက်ပြေးသွားကြတယ်။
ဒါပေမယ့် ဒီထက်မက ဘယ်လိုချမ်းသာဖို့ ဘယ်လိုပိုက်ဆံရဖို့ ဘယ်လိုစီးပွားရေးမျိုးတွေလုပ်ဖို့ သူငယ်ချင်းတွေ စုပြောနေတာကြားရင် ကိုယ်နဲ့ မဆိုင်သလို နေလိုက်တာကများတယ်။ မချမ်းသာချင်ဘူးလား၊ ချမ်းသာရင် နင် အခုလုပ်နေတဲ့ အလှူမျိုး ဒီထက်မက လုပ်နိုင်တာပေါ့လို့ သူငယ်ချင်းတွေက ပြောတယ်။ ကိုယ့်မှာ ပိုက်ဆံရှိလေ ကိုယ်လုပ်ချင်တာ လုပ်နိုင်တဲ့ အခွင့်အရေး ရလေလို့လည်း ပြောကြပြန်တယ်။ မရွှေစု ကိုယ်ပြောချင်တဲ့ စကားလေး ပြန်မျိုချလိုက်တယ်။
ဟိုးငယ်ငယ်တုန်းက မုံ့စားချင်တော့ အစ်ကိုဝမ်းကွဲတစ်ယောက်ဆီ မှာ မုံ့ဖိုးတောင်းဖူးတယ်။ ငါ့ရှိတာ ငါ့ညီမ တစ်ဝက် ရရမှာပေါ့လို့ အစ်ကိုကပြောရင်း သူ့ အိတ်ကပ်စမ်းလိုက်တော့ ပိုက်ဆံ ၁၀ ထွက်လာတာ ကိုယ့်ကို ၅ကျပ် ပေးလိုက်တယ်။ ခုနေခါ အစ်ကိုက သိန်းထောင်ပေါင်းများစွာ ချမ်းသာနေပြီ။ ငါ့ရှိတာ ငါ့ညီမ တစ်ဝက်လို့ သူပြောမှာ မဟုတ်တာတော့ သေချာပါတယ်။ ချမ်းသာရင် ပိုလှူနိုင်တယ်ဆိုတာ လူတိုင်းအတွက် မမှန်ဘူးလို့ ထင်တယ်။ လူဆိုတာ ရှိလာလေ ပိုရှိလာချင်လေ ရလာလေ ပိုရလာချင်လေ ဆိုတဲ့ လောဘသားဆိုတာ မေ့မထားသင့်ဘူး။ မရွှေစု တအား ချမ်းသာလာရင်ကော ကိုယ့်ရှိတာ ဒီထက်တိုး လှူမလား မသေချာပြန်ဘူး။ မာနတွေ လောဘတွေ ဒီထက် ပိုလာအုံးမလားလဲ မဆိုနိုင်ပြန်ဘူး။ ဥပမာ- ဒေါ်လာတစ်သန်းရတယ်ထား.... စိတ်ကူးထဲမှာတင် အဝေမတည့်တော့ဘူး။ လူဆိုတာ အသင့်အတင့် ပြည့်စုံမှလည်း ကိုယ်အလိုရှိရာ တချို့အရာတွေကို လုပ်နိုင်မယ်လို့ ယုံကြည်ပေမယ့် လူချမ်းသာတာလာတာနဲ့အမျှ စိတ်သဘောကောင်းလာမှု စိတ်ထားမြင့်မြတ်လာမှု စိတ်ချမ်းသာမှု တိုးတက်တာတွေ Directly Proportional ကျမယ်လို့လည်း မထင်ပြန်ဘူး။
ဒီတော့ လောကမှာ ဘ၀အဓိပ္ပာယ်ပြည့်စုံဖို့ အလုပ်လုပ်ရမယ်၊ ကိုယ်ရတဲ့ ပိုက်ဆံကိုလည်း တတ်နိုင်သမျှ ဝေမျှရမယ်။ ဒါပေမယ့် တအား မချမ်းသာချင်ဘူး။ မရွှေစုဟာ တရား မပြည့်သေးတဲ့ သူ၊ လောဘ ဒေါသ မောဟ အလယ်မှာ နေ နေရတဲ့သူမို့ လက်ရှိ မရွှေစုဘ၀ အတိုင်းလေးပဲ ကောင်းပါတယ်လို့ ထင်နေမိပြန်ပါပကော...။

ဘ၀မှာ ကိုယ်လုပ်သော အလုပ်၌ ရည်ရွယ်ချက် ပန်းတိုင် ရောက်သည်လည်း ရှိမည်၊ မရောက်သည်လည်း ရှိမည်။ မကျေနပ်မှုလည်း ရှိမည်။ ၀မ်းသာမှုလည်း ရှိမည်။ ၀မ်းနည်းမှုလည်း ရှိမည်။ ယင်းသည်ပင် ဘ၀၏ အဓိပ္ပာယ်နှင့် အနှစ်သာရဖြစ်တော့၏။
သို့သော် ကိုမြမောင်၌ ဘာအလုပ်မျှ လုပ်စရာမလို၊ ဘာမျှ ကြိုးစားစရာမရှိ။ သူသည် ဘ၀၏ အလုပ်လက်မဲ့ ဖြစ်နေသည်။ သူ့အခြေအနေက လောကီဥစ္စာ လိုတရနေသည်။ ယင်းသည်ပင် ဘ၀၏ မပြည့်စုံမှုဖြစ်သည်ကို အလေးအနက် စဉ်းစားတတ်သူတို့ နားလည်ပေမည်။
တခါတခါ အလုပ်တွေ လုပ်ရတာ ပင်ပန်းလွန်းလို့ ငါကိုယ်က ပင်ပန်းဇာတာ ပါလိုက်တာလို့ တစ်ကိုယ်ရည် ညည်းတွားမိတဲ့အခါ အလုပ်လုပ်စရာ မလိုပဲ ထိုင်နေရရင်ကော ကိုယ်က ပျော်မှာတဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ နံနက်စောစော အိပ်ရာကနေ အိပ်ရေး မ၀တ၀နဲ့ လူးလဲထရင်း အိပ်ခန်းပြတင်းပေါက်က တီတီတာတာ အော်ပြီး အစာရှာနေကြတဲ့ ငှက်ကလေးတွေကို စောင်းငဲ့ကြည့်မိတော့ သတ္တ၀ါရယ်လို့ဖြစ်လာရင် ကိုယ့်တစ်ကိုယ်စာ ဘ၀ရပ်တည်နိုင်မှု အတွက် အလုပ်တစ်ခုတော့ လုပ်ရတယ်ဆိုတာ ခေါင်းထဲ ၀င်လာတယ်။ အဲဒီအခါ ကိုယ့်မှာ သမ္မာအာဇီဝ ကျတဲ့ အလုပ်ကလေး တစ်ခု ရှိနေတာ ကျေးဇူးတင်စရာပဲဆိုတာ သိလာတယ်။ ဒီအလုပ်ကလေးကလည်း ကိုယ့်တစ်ကိုယ်စာ ရပ်တည်နိုင်မှုအပြင် မိဖတွေကို အလုပ်အကျွေးပြုနိုင်တယ်၊ ကိုယ်တတ်နိုင်သမျှ အလှူအတန်းလေးတွေလုပ်နိုင်ဖို့ ထောက်ကူပေးတယ်ဆိုတော့ အလုပ်သွားရမှာ ပျင်းတဲ့စိတ်တွေ အလိုလို ထွက်ပြေးသွားကြတယ်။
ဒါပေမယ့် ဒီထက်မက ဘယ်လိုချမ်းသာဖို့ ဘယ်လိုပိုက်ဆံရဖို့ ဘယ်လိုစီးပွားရေးမျိုးတွေလုပ်ဖို့ သူငယ်ချင်းတွေ စုပြောနေတာကြားရင် ကိုယ်နဲ့ မဆိုင်သလို နေလိုက်တာကများတယ်။ မချမ်းသာချင်ဘူးလား၊ ချမ်းသာရင် နင် အခုလုပ်နေတဲ့ အလှူမျိုး ဒီထက်မက လုပ်နိုင်တာပေါ့လို့ သူငယ်ချင်းတွေက ပြောတယ်။ ကိုယ့်မှာ ပိုက်ဆံရှိလေ ကိုယ်လုပ်ချင်တာ လုပ်နိုင်တဲ့ အခွင့်အရေး ရလေလို့လည်း ပြောကြပြန်တယ်။ မရွှေစု ကိုယ်ပြောချင်တဲ့ စကားလေး ပြန်မျိုချလိုက်တယ်။
ဟိုးငယ်ငယ်တုန်းက မုံ့စားချင်တော့ အစ်ကိုဝမ်းကွဲတစ်ယောက်ဆီ မှာ မုံ့ဖိုးတောင်းဖူးတယ်။ ငါ့ရှိတာ ငါ့ညီမ တစ်ဝက် ရရမှာပေါ့လို့ အစ်ကိုကပြောရင်း သူ့ အိတ်ကပ်စမ်းလိုက်တော့ ပိုက်ဆံ ၁၀ ထွက်လာတာ ကိုယ့်ကို ၅ကျပ် ပေးလိုက်တယ်။ ခုနေခါ အစ်ကိုက သိန်းထောင်ပေါင်းများစွာ ချမ်းသာနေပြီ။ ငါ့ရှိတာ ငါ့ညီမ တစ်ဝက်လို့ သူပြောမှာ မဟုတ်တာတော့ သေချာပါတယ်။ ချမ်းသာရင် ပိုလှူနိုင်တယ်ဆိုတာ လူတိုင်းအတွက် မမှန်ဘူးလို့ ထင်တယ်။ လူဆိုတာ ရှိလာလေ ပိုရှိလာချင်လေ ရလာလေ ပိုရလာချင်လေ ဆိုတဲ့ လောဘသားဆိုတာ မေ့မထားသင့်ဘူး။ မရွှေစု တအား ချမ်းသာလာရင်ကော ကိုယ့်ရှိတာ ဒီထက်တိုး လှူမလား မသေချာပြန်ဘူး။ မာနတွေ လောဘတွေ ဒီထက် ပိုလာအုံးမလားလဲ မဆိုနိုင်ပြန်ဘူး။ ဥပမာ- ဒေါ်လာတစ်သန်းရတယ်ထား.... စိတ်ကူးထဲမှာတင် အဝေမတည့်တော့ဘူး။ လူဆိုတာ အသင့်အတင့် ပြည့်စုံမှလည်း ကိုယ်အလိုရှိရာ တချို့အရာတွေကို လုပ်နိုင်မယ်လို့ ယုံကြည်ပေမယ့် လူချမ်းသာတာလာတာနဲ့အမျှ စိတ်သဘောကောင်းလာမှု စိတ်ထားမြင့်မြတ်လာမှု စိတ်ချမ်းသာမှု တိုးတက်တာတွေ Directly Proportional ကျမယ်လို့လည်း မထင်ပြန်ဘူး။
ဒီတော့ လောကမှာ ဘ၀အဓိပ္ပာယ်ပြည့်စုံဖို့ အလုပ်လုပ်ရမယ်၊ ကိုယ်ရတဲ့ ပိုက်ဆံကိုလည်း တတ်နိုင်သမျှ ဝေမျှရမယ်။ ဒါပေမယ့် တအား မချမ်းသာချင်ဘူး။ မရွှေစုဟာ တရား မပြည့်သေးတဲ့ သူ၊ လောဘ ဒေါသ မောဟ အလယ်မှာ နေ နေရတဲ့သူမို့ လက်ရှိ မရွှေစုဘ၀ အတိုင်းလေးပဲ ကောင်းပါတယ်လို့ ထင်နေမိပြန်ပါပကော...။
စုချစ်
ည၁၀း၃၅မိနစ်
၂၅၊၀၈၊၂၀၁၂
+++++
10 comments:
ကြီးစုရေ လာလည်သွားပါတယ်နော်။ ကြီးစုရဲ့စာလေးဖတ်ပြီးတော့မှ ကျွန်တော်လည်း ကျွန်တော်ပဲ ဖြစ်ချင်မိတော့တယ်။ zepeian@mmcp
ကြီးစုရေ လာလည်သွားပါတယ်။ ကြီးစုရေးတဲ့ ပို့စ်လေးဖတ်ပြီး ကျွန်တော်လည်း ကျွန်တော်ပဲ ဖြစ်ချင်တော့တယ်။
zepeian@mmcp
ဆရာသော်တာဆွေရေးသလိုပဲ.. ထမင်းဘယ်ကဖြစ်တာလဲ မသိကြတဲ့လူငယ်လူရွယ်တွေ တော်တော်များများ ဘ၀ရဲ့မပြည့်စုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်...မစုရေ။ မြန်မာပြည်မှာပေါ့...။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
စုချစ်တွေးတာနဲ့ ကိုယ်တွေးတာ အတော်တူတယ်... ငွေကြေးချမ်းသာတိုင်း ဘဝဟာ ပြီး ပြည့်စုံပြီ လို့ ပြောလို့မရဘူး... စိတ်ချမ်းသာမှ ကိုယ် ကျန်းမာမှ ဘဝဟာ နေပျော်တာပါ... ကိုယ်လည်း လက်ရှိရနေတဲ့ ကိုယ့်ဘဝကိုယ် ကျေကျေနပ်နပ်နဲ့.... ....း))
(((လူချမ်းသာတာလာတာနဲ့အမျှ စိတ်သဘောကောင်းလာမှု စိတ်ထားမြင့်မြတ်လာမှု စိတ်ချမ်းသာမှု တိုးတက်တာတွေ Directly Proportional ကျမယ်လို့လည်း မထင်ပြန်ဘူး))) အမစုချစ်ရေ... ပြောင်းပြန်တောင် ဖြစ်ဖြစ်သွားတာ များပါတယ်။ ပိုချမ်းသာလေ ပိုလိုချင်တဲ့ လေဘက များလာလေလေ နဲ့ စိတ်ပူလောင်တာပဲ ပိုလာတယ်။
Good thought, good blog post sis..
မောင်လေး ဇေပီယမ်၊ မစုလေး၊ အစ်မ သက်ဝေ၊ ညီမလေးကွင်း၊ စင်စင်... လာလည်တာ ကျေးဇူးနော်...း)
လူတွေဟာ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်တယ်။ ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ဘူးဆိုတာ ဟုတ်လောက်တယ်။ ဆင်းရဲတုန်းကတော့ အေးအတူပူအမျှပေါ့။ ဟော.. ကံတရားမစပြီး ချမ်းသာလဲ လာရော။ နောင်ဂျိန်တွေ ချကြပါရောလား။ ဒါမျိုးလူတွေ အပြင်မှာ အများကြီးလေ။
ဒါကလဲ မရွှေစုပြောသလို ဆွေမျိုးတွေ မှောင့်လာလို့ဖြစ်တာ များပါတယ်။
ချမ်းသာလာရင် ဆွေမျိုးတွေက မြင်လာကြပြီလေ။ ဒီလိုဘဲ ချမ်းသာလာတဲ့လူကလဲ ငါ့ဘက်ကဆွေမျိုးက ဘာ နင့်ဘက်က ဆွေမျိုးက ဘာဆိုပြီး ဖြစ်လာပြန်ကြရော။
ဒီတော့ စုချစ်ဟာ စုချစ်ဘဲ ကောင်းသလို သူကြီးမင်းဟာလဲ သူကြီးမင်းဘဲ ကောင်းသလိုလို ထင်မြင်မိပါကြောင်း။
သူကြီးမင်းက သူကြီးမင်းဖြစ်တာပဲ ကောင်းပါတယ်ဆိုတာကို လုံးဝ ဥသုံ ထောက်ခံပါတယ်ရှင့်... တော်နေကြာ အခုရေးနေတဲ့ ကဗျာတွေ စာတွေ မဖတ်ရပဲ နေမှာစိုးလို့ပါ...း)
Post a Comment