Wednesday, August 25, 2010

မနာပ ဘာဝ ဒဿန

မနာပ ဘာဝ ဒဿန

ဒီကနေ့ ၀ါခေါင်လပြည့်နေ့သည် မေတ္တာတော်အခါနေ့ ဖြစ်သည့်အားလျော်စွာ ဤမေတ္တာ သီချင်းလေးဖြင့် မောင်နှမများအားလုံးသို့ ဆုတောင်း မေတ္တာများ ပို့သပေးလိုက်ပါ၏။




ဘ၀နေနည်းကို တချက်လောက် စောင်းငဲ့ပြီး လှည့်ကြည့်မယ်ဆိုရင် လောကကြီးမှာ ပျော်ပျော်ရွင်ရွှင် နေတတ်ဖို့ မေတ္တာတရားသည်သာ အရေးကြီးဆုံးလို့ မရွှေစု ယုံကြည် လက်ခံမိပါသည်။ ပျော်ရွှင်နေသည့် နှလုံးသားသည် မည်မျှပင်ရှည်လျားသည့် ခရီးမိုင်ရှည်ကြီးကို လျှောက်လှမ်းနေရပါစေဦး၊ ဘယ်တော့မျှ မောပန်းသည်လို့ မထင်ရပေမင့် မုန်းတီးခြင်းတွေ ပြည့်နှက်နေသည့် အလိုမကျသည့် နှလုံးသားသည် နည်းနည်းကလေးလှမ်းရသည်နှင့် ပန်းဟိုက်လာမည်မှာ အမှန်ဖြစ်ပါသည်။

နှလုံးသားမှာ အမုန်းတရားမရှိမှသာ တကယ်ပျော်ရွှင်နိုင်သည့်သူ ဖြစ်နိုင်မည်ထင်ပါသည်။ ဆိုတော့ သဲကုန်းဆရာတော်ကြီး ဟောခဲ့ဖူးသည် တရားစကားလေးကို အားလုံးအတွက် လက်ဆောင်ပါးချင်ပါသည်။ မနာပ ဘာဝ ဒဿန - မနာပ ဆိုတာ နှစ်သက်ဖွယ်ကောင်းတာ၊ ဘာဝ ဆိုတာ ဂုဏ်ကျေးဇူး၊ ဒဿန ဆိုတာကတော့ အမြင်ဖြစ်ပါသည်။ သူတပါး၏ နှစ်သက်ဖွယ် ဂုဏ်ကျေးဇူးကို မြင်တတ်သောသူဟာ ဘ၀မှာ တကယ် ပျော်ရွှင်သောသူ။ အ-ဒေါသတွေ လွှမ်းခြုံထားသည့် ဒေါသ ကင်းသောသူ၊ တနည်း မေတ္တာ တရားနှင့် ငြိမ်းချမ်းစွာ ပျော်ရွင်နေသောသူ ဖြစ်ပါသည်။

ဘလော့ဖတ်လာ မိတ်သဟာ မောင်နှမများ အားလုံး စိတ်ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်...
စုချစ်

4 comments:

မေဓာဝီ said...

သူတပါးရဲ့ ဂုဏ်ကျေးဇူးကို မြင်တတ်ဖို့က အရေးကြီးတယ်ဆိုတာ အမှန်ပဲနော် မစု။
သူတပါးကို အပြစ်ချည်းမမြင်ဘဲ သူရဲ့ ကောင်းကွက်တွေ မြင်နိုင်မှ ကိုယ်က ဒေါသကင်းမှာ ... အဟုတ်ပဲ။ ကျေးဇူးမစုရေ ...
သီချင်းတော့ နားမထောင်တော့ဘူး၊ ကိုးပါးသီလယူထားလို့။ :)

ကိုအောင် said...

သြော် ကျနော့်အမတွေ ကုသိုလ်ကောင်းမှု
ယူနေတာကိုး၊ ကောင်းပါတယ် သာဓုပါဗျာ။

sonata-cantata said...

စုချစ်အတွက် မွေးနေ့လက်ဆောင်
ဟောဒီမှာ
မနေ့ကတည်းက ပေးမလို့ဟာ နောက်ကျသွားတာ
မေတ္တာရှေ့ထားပြီး ခွင့်လွှတ်နော်း)

ကိုခိုင် said...

မစုချစ်လည်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေဗျာ။
ပျော်ရွှင်စရာမွေးနေ့ပွဲများကို
နှစ်စဉ်မိသားစုနှင့်တကွ
ပျော်ပျော်ရွှင်ရွှင်နဲ့ကျင်းပနိုင်ပါစေ။

ကိုခိုင်