ဆရာကံချွန် ကွယ်လွန်သွားပြီဆိုလို့ စိတ်မကောင်းဘူး။
တနေ့ကပဲ အမေစုသတင်းကို လျှပ်တပြက်ဂျာနယ်မှာဖတ်နေရင်း ဆရာကံချွန်ပုံလေးနဲ့ အင်တာဗျူးကို ဖတ်မိလိုက်သေးတယ်။ ဓါတ်ပုံကိုကြည့်တော့ တော်တော်လေးပိန်သွားတာမို့ စိတ်မကောင်း ဖြစ်နေမိတယ်။
အဲဒီမှာ အင်တာဗျူးတဲ့သူရဲ့ ထော်လော်ကန့်လန့်မေးခွန်းတွေကို ကိုယ်ကစိတ်ပျက်စွာဖတ်ရင်း နောက်ဆုံးဖြေခဲ့တဲ့ ဆရာ့အဖြေကို အတော်လေး နှစ်ခြိုက်မိပါရဲ့...
မေး - ဆရာကံချွန်တို့ရဲ့ ဟံသာဝတီသတင်းစာခေတ်၊ လူထုသတင်းစာခေတ်အကြောင်း ဆရာကံချွန်ဖြတ်သန်းခဲ့ရတဲ့ အခန်းဂဏ္ဍနဲ့ပတ်သက်ပြီး ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်လေးတွေ သိချင်ပါတယ်ဆရာ။
ဖြေ- အဲဒါအရှည်ကြီးပဲဗျ။ သတင်းထောက်တွေစုပြီး စာအုပ်တစ်အုပ်ထုတ်ကြည့်။ ဟံသာဝတီကောပေါ့။ဆရာ့ရဲ့ ဘနဲ့ဘွားစွာရယ်၊ ကျော်မင်းဟန်ရယ်ကတော့ ကိုယ်ဘယ်တော့မှ မေ့နိုင်မဲ့ဇာတ်ကောင်တွေမှုတ်ပါဘူး။
ဆရာရဲ့ “ကာတွန်း ကံချွန် တကိုယ်တော်ပြပွဲ ၂၀၀၉” ကျင်းပခဲ့တဲ့ နောက်ဆုံးနေ့. (၂၀-၀၈-၂၀၀၉).. ပွဲပြီးတဲ့နေ့မှာဘဲ ဆုံးသွားခဲ့သတဲ့။
မသေခင်အချိန်ထိ အနုပညာကို ချစ်မြတ်နိုးစွာ ဖက်တွယ်သွားသူ ဆရာကံချွန် ကောင်းရာသုဂတိမှာ ငြိမ်းချမ်းနိုင်ပါစေ...