Pages

Wednesday, June 18, 2014

ခင်မောင်ရင်

ခင်မောင်ရင်
၈ နိုဝင်ဘာ ၁၉၃၈ - ၁၀ ဇွန် ၂၀၁၄
 
 
ပန်းချီဆရာများသည် ပုံတူရေးဆွဲရာ၌ ယူဆချက် အမျိုးမျိုးရှိကြသည်။ အချို့သည် ကိုယ်ဆွဲသောသူ၏ စိတ်နေသဘောထား သို့မဟုတ် အတွင်းခံစားချက် စသည်တို့ကို အထူးပေါ်လွင်စေရန် ရေးဆွဲတတ်ကြသည်။ 

 
 တစ်ခါတစ်ရံ၌လည်း ထိုလူ နေ့စဉ် နေထိုင်မှု သရုပ်ကို ပေါ်လွင်အောင် ရေးဆွဲတတ်ကြသည်။

များသောအားဖြင့် ပန်းချီဆရာများသည် မိမိပုံကို မိမိပုံတူ ရေးဆွဲလေ့ရှိကြသည်။  ကမ္ဘာကျော်ပန်းချီဆရာကြီးများဖြစ်သည့် ရမ်းဘရမ့်၊ ဗန်ဂိုး၊ ဆီဇန်း စသူတို့သည် မိမိတို့၏ ပုံတူများကို ထပ်ကာတလဲလဲ ရေးဆွဲခဲ့ကြသည်။ သူတို့၏ မျက်နှာပေါ်၌ သူတို့၏ အတွင်းစိတ်ကို ရှာဖွေလေ့လာခြင်းပေလောဟု ယုံမှတ်မှားစရာပင်။

ပုံတူဆွဲရာတွင်  ပန်းချီဆရာတို့သည် ရှေးအခါက ပုံကို မတူတူအောင် ရေးဆွဲလေ့ရှိခဲ့သည်။ သို့သော် ယခုခေတ်အခါ၌မှု လူ၏စိတ်နေသဘောထား ၊ ခံစားချက် စသည့် အတွင်းစိတ်သဏ္ဍာန်များ ပေါ်လွင်စေရန် အားထုတ်လေ့ရှိကြသည်။

 

လူတစ်ယောက်၏ ပုံတူကို ရေးဆွဲရာ၌ ထိုလူ၏ရုပ်သဏ္ဍာန်ကို ပေါ်လွင်စေရန်သာ မဟုတ်ပဲ သူ၏ စိတ်နေသဘောထားကိုပါ ပေါ်လွင်စေသင့်ပေသည်။ မလှသည်ကို လှအောင်၊ မချောသည်ကို ချောအောင် ဖြည့်စွက်၍ ရေးဆွဲခြင်းမျိုးသည်ကား လိုလားအပ်သည် မဟုတ်။

ပန်းချီဆရာက ခံစားချက်ကြီးစွာ ကရုဏာကြီးစွာ ၊ နှလုံးသားနှင့် ရင်းနှီးဆွဲထားသည့် တစ်စုံတစ်ယောက်သူ မျက်နှာဆင်းရုပ်ပြကလည်း အချို့သော ပန်းချီခံစားသူ၏ စိတ်အာရုံတွင် တစ္တေသူရဲ ဖြစ်ကောင်းဖြစ်လိမ့်မည်။

ထိြု့ပင် ပန်းချီကားကို လေ့လာတတ်၊ ကြည့်မြင်သုံးသပ်တတ်လျှင်ကား၊ သူ့မျက်နှာသည် ပန်းချီအဆွဲခံရသူ၏ စိတ်ကိုပါ ဆောင်နေလေတကားဟူ၍ ဆုံးဖြတ်မိကြလိမ့်မည် ဖြစ်သည်။ စင်စစ် ပန်းချီအရသာ တကယ်သုံးသပ်တတ်လျှင်ကား အမှန်တရားသည် ပေါ်လာတတ်မြဲဖြစ်၏။

ပန်းချီဆရာတို့သည် မျက်နှာပေါင်းများစွာကို ရေးဆွဲခဲ့ကြ၏။ သို့ဖြင့် သူတို့သည် လူတို့၏ စိတ်ပေါင်းများစွာကိုလည်း လေ့လာခဲ့ပြီး ဖြစ်ပါသည်။

ပန်းချီအနုပညာရှင် လက်ရာမွန်ဖြင့် မှတ်တမ်းတင်ထားခြင်းက ပို၍အနုပညာရသမြောက်သည်ဟု ဆိုရမည် ဖြစ်ပေသတည်း။ ။

+++++
ကောက်နှုတ်ချက်
ခင်မောင်ရင် - မျက်နှာ ဆောင်းပါး မှ....

No comments:

Post a Comment

ရေးချင်တာလေးတွေ ရေးပေးခဲ့ပါ။