Pages

Saturday, December 24, 2011

ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ် (Tag From Sis Rose)

ညီမလေးရိုစ့်ရေ.... ရေးတာ နောက်မကျလောက်သေးပါဘူးနော်... ဒီနေ့မှ ခရစ်စမတ် အကြိုနေ့ပဲ ရှိသေးတာနော့... ညီမလေး ရဲ့ မေးခွန်းလေးတွေကို ဖြေပေးထားပါတယ်နော်....

ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ် (Tag)

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ခရစ်စမတ် ရောက်ခါနီးရင် လူတွေက အားလပ်ရက်တွေ နီးလာပြီဆိုတဲ့စိတ်နဲ့ ပေါ့ပါးလာကြပြီး လှုပ်လှုပ်ရှားရှား ပျော်ပျော်ရွှင်ရွှင်တွေနဲ့ တွေ့ရလို့ ကိုယ်ပါ ရောပြီး ပျော်မိပါတယ်။

♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
အိမ်ကိုတော့ ပုံမှန် ဘာနဲ့မှ အလှဆင်လေ့မရှိပါဘူး။ ဒါပေမယ့် နှစ်သစ် မှာ ရှင်းရှင်းလင်းလင်း သန့်သန့် ပြန့်ပြန့် ဖြစ်ရအောင် တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ပါတယ်။ ဘုရားကို ရေမွှေးနံ့သာ နဲ့ သန့်ရှင်း ပူဇော်ပါတယ်။ တစ်နှစ်လုံး အောင်းနေတဲ့ မလွှတ်ပစ်ရက်တဲ့ အမှိုက်တွေ နှမျော နှမျောနဲ့ စုပြီး လွှတ်ပစ်ရပါတယ်။း)

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
ဒီဇင်ဘာတချို့သော နှစ်တွေမှာ အလုပ်တာဝန်နဲ့ နှင်းတွေ ဖွေးပြီးအေးခဲနေတဲ့ နေရာ ကို ရောက်နေတတ်တဲ့ အခါတွေ ရှိခဲ့တယ်။ ခရစ်စမတ်ဟာ နှင်းဖြူဖြူတွေ ရှိနေတာ မရှိနေတာထက် ကိုယ်ချစ်တဲ့သူ ကိုယ့်ဘေးနားမှာ ရှိနေဖို့ ပိုအရေးကြီးတယ်လို့ ထင်ပါတယ်လို့။ နှင်းတွေမြင်ရင် ပိုလွမ်းစရာ ကောင်းတတ်လွန်းလို့ နှင်းတွေကို ချစ်ပေမယ့် နှင်းတွေနဲ့ တစ်ယောက်ထဲတော့ မရှိချင်ပါဘူး။

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ခရစ်စမတ်ဟာ များသောအားဖြင့် ပိတ်ရက် နားရက်တွေနဲ့ တိုက်ဆိုင်တာကြောင့် အလုပ်တာဝန်နဲ့ ခရီးထွက်စရာမရှိဘူးဆိုရင် အဆင်ပြေ အချိန်ရရင် မိသားစုတွေနဲ့ ခရီးတို ခရီးရှည်တွေ ထွက်ဖြစ်ပါတယ်။ တချို့နှစ်တွေမှာ တရားစခန်း သို့မဟုတ် သီလရင် ၀တ်ဖြစ်ပါတယ်။

♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
အရင်တုန်းကတော့ ခရစ်စမတ်ဆို ရုံးမှာ လက်ဆောင်လေးတွေ လဲကြတယ်။ ကိုယ်တိုင်တော့ မှတ်မိသလောက် ခရစ်စမတ်လက်ဆောင် အဖြစ်အနေနဲ့ သက်သက် ဘယ်သူ့ကိုမှ မပေးဖြစ်ခဲ့ဖူးပါဘူး။ အမှတ်တရ အနေနဲ့ မဟုတ်ပဲ သူတို့ လိုတဲ့ အချိန်မှာ လိုမယ်ထင်တာလေးတွေ တိတ်တိတ်ကလေး မရရအောင်ရှာဝယ်လာပြီး Surprise အနေနဲ့တော့ ပေးဖြစ်ပါတယ်။

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
ဒီဇင်ဘာ ဟာ အမှတ်တရ အများဆုံး ပေးတဲ့ လတစ်ခုပါ။ ငယ်ဘ၀ လွမ်းစရာ ပျော်စရာ၊ ချစ်သူနဲ့ အတူ လွမ်းစရာ ပျော်စရာ၊ သူငယ်ချင်းတွေနဲ့ အတူ လွမ်းစရာ ပျော်စရာ၊ စသဖြင့် အမှတ်တရလေးတွေ ပြည့်နေတဲ့ လ တစ်ခုပါ။ ပြောစရာတွေ အများကြီးထဲက တစ်ခုကတော့ တစ်ခုသော ဒီဇင်ဘာမှာ ချစ်သူနဲ့ ပထမဆုံးခွဲပြီး အဝေးကို တစ်ယောက်ထဲ ထွက်လာခဲ့ရဖူးလို့ ဘယ်တော့မှ မေ့မရတဲ့ ဒီဇင်ဘာ ပါ။

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
ကိုယ်က ချစ်တဲ့သူ ကိုယ့်ကို ချစ်တဲ့သူတွေ အားလုံးနဲ့ ရှိချင်ပါတယ်။

♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
အမြဲတော့ မဟုတ်။ တိုက်ဆိုင်ရင်တော့ countdown ပြုပါတယ်။ တစ်ခါတရံ ဘုရားစာ ရွတ်ရင်း၊ မေတ္တာဘာဝနာ ပွားများရင်း ကြိုဆိုပါတယ်။ အမှတ်တရ အနေနဲ့ကတော့ သက္ကရာဇ်၂၀၀၀ မှာ ထောင်စုနှစ် ပြောင်းတဲ့ ထူးထူးခြားခြားနှစ်မို့လို့ သူငယ်ချင်းတွေနဲ့ စုပြီး ကြိုဆိုခဲ့ကြပါတယ်။

♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
ချစ်တဲ့သူတွေ အနားမှာ ရှိရင် ပြည့်စုံတာမို့ ဘယ်နေရာ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဒီနှစ်တော့ အလည်အပတ် အစီအစဉ် မရှိလို့ အိမ်မှာပဲ မေတ္တာဘာဝနာပွားများရင်း ကြိုဆိုဖြစ်မယ်ထင်ပါတယ်။

♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
နှစ်သစ်မှာ မှ အဲသလို ဆုံးဖြတ်ချက်တွေ သတ်သတ် ချလေ့ မရှိပါ။ ပန်းချီဆွဲချိန် များများ ရှိချင်တယ်။ စာရေး စာဖတ်ချိန် များများတော့ ပိုရချင်ပါတယ်။

♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
သြော်... အသက်တစ်နှစ် ကြီးသွားပြန်ပါပကော။ အချိန်တွေ ကုန်လွယ်လှပါ ပကော လို့ သံဝေဂတော့ ရမိတတ်ပါတယ်။

♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
သူငယ်ချင်းတွေ ကတော့ ပို့ကြတတ်ပါတယ်။ ကိုယ်ကသာ ပျင်းတတ်တဲ့သူမို့ ပြန်မပို့မိတတ်တာ များပါတယ်။

♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
သတိတရ တဂ်တဲ့ ညီမလေးရိုစ့်နဲ့ ဘလော့ကာ သူငယ်ချင်းများ၊ ဘလော့ စာဖတ် ပရိတ်သတ်များ အားလုံး မင်္ဂလာရှိသော ပျော်ရွှင်စရာကောင်းသော ခရစ်စမတ် နဲ့ နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်း မေတ္တာပို့သ လိုက်ပါတယ်နော်။

Merry Christmas and Happy New Year to All!!!

မေတ္တာဖြင့်... စုချစ်
++++++++

7 comments:

  1. ကြီးစုရေ... မအားလပ်တဲ့ကြားက မေးခွန်းလေးတွေ ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ကြီးစုလည်း မင်္ဂလာရှိသော၊ ချစ်သူခင်သူများနှင့် အတူ ကုန်ဆုံးနိုင်သော နှစ်သစ်တိုင်းကို ပိုင်ဆိုင်ရရှိပါစေရှင်။

    ReplyDelete
  2. ပျော်ရွှင်သော Christmas ပါ

    ReplyDelete
  3. Tag Post လေးဖတ်ခဲ့တယ် သယ်ရင်းရေ..

    H@ppy Merry Christm@s & New Ye@r!
    :)

    ခင်မင်လျက်
    Junemoe

    ReplyDelete
  4. Tag Post လေးဖတ်ခဲ့တယ် သယ်ရင်းရေ..

    H@ppy Merry Christm@s & New Ye@r!
    :)

    ခင်မင်လျက်
    Junemoe

    ReplyDelete
  5. အားလပ်ရက်မှာ ပျော်ရွှင်ပါစေ အမရေ ...

    ReplyDelete
  6. မင်္ဂလာရှိသောနှစ်သစ် ဖြစ်ပါစေ။
    အစစအရာရာ အဆင်ပြေပါစေ။
    နှစ်စဉ်ထွက်နေကြ ကြီးစု ကုမ္ပဏီက
    ထုတ်လုပ်တဲ့ ပြက္ခဒိန်ကို
    ဒီနှစ်မှာ အထူထုတ် အဲ အထူးထုတ်အဖြစ်နဲ့
    ဦးရေချမ်းနဲ့ အတူ နှစ်ယောက်တွဲပုံတွေနဲ့
    ထုတ်ပေးပါဆိုပြီး ပရိတ်သတ်ကြီးက တောင်းဆိုနေသံကို
    ခပ် သဲ့သဲ့လေး ကြားလိုက်မိပါတယ်။
    ကျန်းမာကြပါစေ။

    ကိုခိုင်

    ReplyDelete
  7. ညီမလေးရိုစ့်၊ အစ်မ ရွှေစင်၊ မJunemoe ၊ ကိုအောင်၊ ကိုခိုင် ...မင်္ဂလာ နှစ်သစ် ဖြစ်ပါစေနော်...

    ကိုခိုင်ကတော့ သူ့အိမ်မှာ ကြွက်တွေ ပေါနေပြီနဲ့ တူတယ်...
    ;D

    ReplyDelete

ရေးချင်တာလေးတွေ ရေးပေးခဲ့ပါ။