Pages

Monday, October 18, 2010

၄၈နှစ်မြောက် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း မွေးနေ့

၁၈-၁၀-၂၀၁၀
၄၈နှစ်မြောက် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း မွေးနေ့

မရှိခဏ

မြွေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်ကမရှိဖူး

လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဖူး

ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ

အစုန်သမားက လန့်အော်
အဆန်သမားက ဆက်မလှော်နိုင်တော့ဖူး

နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲမရှိဖူး

လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ
ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဖူး

မင်းကိုနိုင်
စစ်တွေထောင်တွင်းစပ် ကဗျာ

4 comments:

  1. အမဆွဲထားတဲ့ ပုံလား၊ ကောင်းလိုက်တာ။

    ReplyDelete
  2. အချစ်၊ မိသားစု၊ အလင်းရောင်
    ဘဝတခုလုံး မြှုပ်နှံ
    စစ်၊ ယုံကြည်ချက်၊ အကျဉ်းထောင်
    အားလုံးအတွက် အနစ်နာခံ
    ပြည်သူချစ်တဲ့ သူရဲကောင်းတွေ
    မိခင်ရဲ့ နှောင်ကြိုးကို ဖြေနိုင်ကြစေ

    ReplyDelete
  3. ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်
    သက်တော်ရာကျော်ရှည်ပါစေဗျာ။
    မြန်မာပြည်အကျိုးကိုဆထက်တပိုး
    ပိုမိုစွမ်းဆောင်နိုင်ပါစေ။
    (ပန်းချီဆရာမလည်းကျန်းမာပါစေဗျာ)

    ကိုခိုင်

    ReplyDelete
  4. ကိုအောင်၊ ကိုထက်၊ ကိုခိုင် - ကျေးဇူးပါနော်..
း-)

    ReplyDelete

ရေးချင်တာလေးတွေ ရေးပေးခဲ့ပါ။