Pages

Thursday, April 16, 2009

သင်္ကြန်အလွမ်း - ၂

ဟောတော့...

သင်္ကြန်အလွမ်း ၂ အနေနဲ့ RIT သင်္ကြန်မှာ ကခဲ့တဲ့ ဟောတော့ သီချင်းလေးကို အလွမ်းပြေ တင်လိုက်ပါတယ်။ ဒီနှစ် သင်္ကြန်မှာ နေမကောင်းဖြစ်နေတော့ အိပ်ရာထဲမှာတခွေခွေ လုပ်နေလို့ အတူလာနေတဲ့ ညီမလေးက အတင်းဆွဲထူပြီး မမ RIT မှာ ကခဲ့တဲ့ သင်္ကြန်သီချင်း ပြန်ဆိုပြစမ်းပါလို့ အတင်းဆိုခိုင်းတဲ့ ချစ်ညီမလေးအတွက်၊ နေကောင်းသွားအောင် နံရံတွေ ပေါက်အောင် အော်ပစ်ဆိုတဲ့ ဘီဘီအတွက်၊ ကလောနဲ့ တောင်ကြီးမှာ ပျော်နေမဲ့ ချစ်သူငယ်ချင်း မလေဒီအတွက်နဲ့ အားလုံးသော မောင်နှမများအတွက်.........

နှစ်သစ်မှာ မောင်နှမများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...

သီးခံပြီး နားဆင်ပေးကြပါနော်...



အထက်ပါ movie click မှ ပိတောက်ပန်းပုံများနှင့် သင်္ကြန်ဓါတ်ပုံများ အာလုံးကို various websites များမှ ကူးယူရရှိပါသည်။ ဓါတ်ပုံပိုင်ရှင်များကို ခွင့်မတောင်းမိသည့်အတွက် အနူးအညွှတ်တောင်းပန်ပါသည်။

15 comments:

  1. ကျောင်းတုန်းက ပွဲမှာ မကြည့်ခဲ့ရဘူး။ SGမှာ ဆိုတာ ကြည့်ရတယ်လေ။
    နေကောင်းအောင် ဂရုစိုက်ပါနော်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရတဲ့ (စုချစ်သိပါတယ်) မျှတအောင်နေပါနော်။

    ReplyDelete
  2. ရုံးက ကွန်ပြူတာမှာ သီချင်းမပေါ်လို့ နားမဆင်ရသေးဘူး။

    ဒါပေမယ့် အပေါ်မှာရေးထားပုံကတော့ မြန်မာ့အသံက သောတရှင်လိုရာ ကဏ္ဍကိုတောင် ပြေးသတိရမိတယ်။ ဒီလို ကြေညာတာလေ။

    “မေမြို့မှ အောင်အောင်၊ ဝေါင်ဝေါင်၊ ရှောင်ရှောင်နဲ့ ပြောင်ပြောင် ချစ်ညီမတစုအတွက်….
    မကွေးတိုင်း ကမ္မမြို့နယ် ဇီးတောရွာမှ မီးမီး၊ သီးသီး၊ ဂွီးဂွီးနဲ့ ကွီးကွီးတို့အတွက်……
    စင်္ကာပူနိုင်ငံ၊ ဘွန်းလေးရပ်ကွက်မှ ကိုပေါ၊ ညိုချောနဲ့ ဂိုဂေါ တို့အတွက် အမှတ်တရ ထုတ်လွှင့်ပေးလိုက်တဲ့ သီချင်းလေးကတော့…..

    မောင်အာကျယ်ရဲ့ “ဝေးဝေးက နားထောင်ပါ” တဲ့ရှင်….။

    အမြန်နေကောင်းပါစေသတည်း။

    ReplyDelete
  3. ကျေးဇူးပါ မမသီတာ...
    အရင်ကလို ပေပေတေတေ နေတတ်တာမျိုး မလုပ်မိအောင် ဆင်ခြင်ပါ့မယ်...။

    အမလေး...ကိုပေါရယ်... ရေးထားတာဖတ်ပြီး ရီရတာ ညက်ရေတောင် ထွက်တယ်...
    ရီလို့လည်း အားရရော... စိတ်ထဲကနေ ... ကောင်စုတ်လေးလို့ ပြောမိတာ...
    အမယ်... နောက်က “...လေး” လို့ ထည့် ပြောပြီးမှ ၀၀ကြီးကိုမြင်ယောင်မိတော့... ဟုတ်သေးပေါင်... လို့ တွေးမိသတော့... ကဲ... ဘာတတ်နိုင်သေးလဲ....
း-)

    ReplyDelete
  4. ပုလုကွေးလေး သီချင်းကို နားထောင်သွားတယ်ဗျာ။ youtube မှာ အရင်တွေ့တာဗျ။ ပုံလေးတွေ အရမ်းမိုက်တယ်။ တစ်ချို့ပုံလေးတွေ ယူပါရစေနော်..ဥပမာ စွယ်တော် ပုံလေးတွေ..။ အစ်မ ဖန်တီးထားတာလားခင်ဗျာ။ ယူမယ်နော်။ မပေးလဲ ယူမှာပဲ..ကျတော်လဲ ဒီနှစ် စလုံးမှာလုပ်တဲ့ပွဲက ဟာလေးတွေကို ခိုးရိုက်ပီး တင်ထားတယ်။ လာကြည့်လှဲပါအုံး...နောင်လဲလာပါမယ်။ ကျတော်တို့ထက် အများကြီး အသက်ကြီးမယ်ထင်ပါတယ်။ ကျတော်တို့က နောက်ဆုံးမျိုးဆက် လေ။
    www.kookgyi.blogspot.com

    ReplyDelete
  5. စွယ်တော်က အစ်မ သူငယ်ချင်း တစ်ယောက်ဆီကရတာပါ။ ကြိုက်တဲ့ ပုံကိုယူလို့ရပါတယ် ကိုပုလုကွေးရေ...
    ဒါပေမဲ့... အသက်ကြီးမယ်ထင်တယ်... ဆိုတဲ့ ရှေ့မှာ အများကြီး ဆိုတာ မပါလည်းရပါတယ်ဟယ်....
    အစ်မက ၉၅-ဇန်န၀ါရီ အီးစီက ပြီးတာပါ...
း-)

    ReplyDelete
  6. ဟော ...ဟော ... ဟောတော့ ... ဒီသီချင်းကို ကျူးပစ်မှာလဲတွေ့ ... စာမျက်ခွက်မှာလဲတွေ့ ... ဒီမှာလဲတွေ့ပြန်ပြီ ... ပေါ်လာတော့လဲ သီချင်းဆိုပြီးကို ထွက်လာတော့တာပဲ ...အဲဒါဆိုတုံးက တို့လည်း ကြည့်ဘူးပါ့တော် ... နှစ်ဟောင်းက စိတ်ညစ်ခဲ့တာတွေ ... အားလုံး နှစ်ဟောင်းနဲ့အတူပါသွားပြီး နှစ်သစ်မှာ ပျော်ရွှင်ပါစေ ... သူငယ်ချင်း ... Cheers

    ReplyDelete
  7. ပေးတဲ့ဆုနဲ့ ပြည့်ပါစေ သယ်ချင်းရေ...

    ReplyDelete
  8. သီချင်းဆိုထားတာကောင်းလိုက်တာ...

    ReplyDelete
  9. မျှော်လိုက်ရတာ.. ခုမှပဲ... ကောင်းတယ်လို့ ပြောတဲ့သူ ပေါ်လာတော့တယ်...
း-)
    ကျေးဇူးပါ... ညီမလေး စန္ဒကူးမေ ...း-)

    ReplyDelete
  10. အက ကောင်းသလို သီချင်းဆိုတာလဲ ကောင်းတာပါပဲ။ အမဆီမှာ ရွှေမန်းသူ ၃-ယောက်ပုံလေးရှိသေးတယ်။ မဥမ္မာနွယ်နဲ့ လေ။
    နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။ စာတွေအများကြီး ရေးနှိင်ပါစေ။
    စလုံးမှာ ၉၃ RIT သင်္ကြန်အဖွဲ့တွေအများကြီးပဲ။ တကြော့ပြန် တပွဲလောက်နွှဲ ကြစို့လား ?????

    ReplyDelete
  11. သီချင်းလာနားထောင်ပါတယ်...။
    ကောင်းလိုက်တာ... အသံလေးက ကြည်နေတာပဲ...။
    ကျောင်းမှာဆိုတုန်းက နားမထောင်ခဲ့ဖူးပါ...
    ဒီလိုတွေ ဆိုတတ်လိမ့်မယ်၊ ဆိုနေလိမ့်မယ်လို့လဲ နဲနဲမှ မဆက်စပ်ခဲ့မိဖူးပါ...။ ကျောင်းသင်္ကြန်တခုမှာ
    ကကြတာတော့ ခပ်ရေးရေးမှတ်မိသလိုပါပဲ... (ကိုယ့်မှတ်ဥာဏ်ကလဲ တော်တော်လေး ချို့ယွင်းနေပါပြီလေ...)
    အစောကြီးထဲက စုချစ် ဘယ်သူဆိုတာ ကိုယ်သိပါတယ်...။ ငြိမ်ငြိမ်လေး နေ နေတာ...။
    စုချစ်လဲ သိရင် ငြိမ်ငြိမ်လေးနေနော်....။
    လိမ်မာတယ်... ဟုတ်လား...
    နောက်တခါတွေ့ရင် မုန့်ကျွေးမယ်နော်...။

    ReplyDelete
  12. မမရေ... ရွှေမန်းသူ ဓါတ်ပုံလေး လိုချင်တယ်...
    ကိုယ့်မှာ ရှိတာနဲ့ မတူဘူးလားမသိ...
    သင်္ကြန်ပွဲလား... လုပ်လိုက်လေ... ကြာသလားလို့...
း-)
    မမပေးတဲ့ဆုနဲ့ ပြည့်ပါစေ...
    မမလည်း စိတ်ချမ်းမြေ့ ပျော်ရွှင် အစစအရာရာ အဆင်ပြေပါစေ...။

    မသက်ဝေ...
    လူချင်းသိတယ်ပြောလိုက်တော့... ဟီး ကောင်းတယ်ပဲပြောရတော့မှာပေါ့...နော်...
    အိမ်က မသက်ဝေ သူငယ်ချင်းကတော့ နားတွေ ငြီးလို့ဆိုပြီး အော်နေပြီ...။

    ဘယ်သူ့မှ လျှောက်မပြောပါဘူး...
    ကွန်ပြူတာရှေ့ကနေ ထိုင်ပြောရုံလေးတင်ပါ...နော်
    J/K..

    ReplyDelete
  13. သယ်ရင်းApril 21, 2009 at 4:07 PM

    သယ်ရင်းက တို့ကို သတိရတော့ ၀မ်းသာပါတယ်၊ သီချင်းကို အိမ်ရောက်မှပဲ နားထောင်တော့မယ်နော်

    ReplyDelete
  14. စုချစ်...
    စာမရေးတာ အတော်ကြာ...
    ဘယ်တွေကို ပျောက်နေ...
    နေကောင်းရဲ့လားလို့ လာကြည့်တာ...

    ReplyDelete
  15. မသက်ဝေရေ...
    သတိရတာကျေးဇူးပါနော်......
    ခေါင်းကိုက်နေလို့ စာသိပ်မဖတ်ဖြစ်၊ ကွန်ပြူတာမကိုင်နိုင်ဖြစ်နေတာ...
    ခုတော့ ပြန်လာပြီ...
း-)

    ReplyDelete

ရေးချင်တာလေးတွေ ရေးပေးခဲ့ပါ။