Pages

Tuesday, March 24, 2009

အမှားပြင်ဆင်ချက်

ပြက္ဒဒိန် သုံးသူများအားလုံးကို ဒီနေရာမှ အနူးအညွတ်တောင်းပန်ပါတယ်။

မြန်မာသက္ကရာဇ်မှာ တန်ခူးလနောက်ပိုင်းကို ၁၃၇၁ လို့ ပြောင်းလိုက်တယ်ထင်တာ။ ခုမှ သေချာပြန်ကြည့်တော့ အားလုံး ၁၃၇၀ တွေဖြစ်နေပါတယ်။ အမှန်က တန်ခူးလမှာ ၁၃၇၀-၇၁ လို့ ရေးပြီး တန်ခူးလနောက်ပိုင်းကို ၁၃၇၁လို့ ရေးထားတာပါ။

ပြက္ခဒိန်ကို အမှားမပါအောင် အထူးဂရုစိုက်ပြီး လုပ်တာပါပဲရှင်။ ဘယ်လိုဖြစ်ပြီးမှားသွားလည်းမသိတာ တကယ်ကို စိတ်မကောင်းပါဘူး။

အချိန်ရရင် ၁၃၇၁လို့ ပြန်ပြင်ပြီး ထပ်တင်ပေးပါ့မယ်။ Print out ထုတ်ပြီးသုံးတဲ့သူများကို ခွင့်လွှတ်ပါလို့ အနူးအညွှတ်တောင်းပန်ပါတယ်။ နောက်နှစ်များမှာတော့ အမှားကင်းနိုင်အောင်ကြိုးစားပါ့မယ်။

မေတ္တာဖြင့် စုချစ်

4 comments:

  1. အိမ်း….. ခွင့်လွှတ်ပါတယ် ဒကာမကြီး….. မတော်တဆ မှားတာပဲဟာ….
    အခုလို အဆင်သင့် ယူသုံးနိုင်တဲ့ ပြက္ခဒိန်လေးတွေ လုပ်ပေးတာပဲ ကျေးဇူးကြီးလှပါပြီ။
    နောက်ပြီး အခုလို အမှားကိုသိပြီး အမှန်ကိုပြင်ချင်တဲ့ စိတ်ရှိတာလည်း ဦးဇင်း ၀မ်းသာတယ်။

    ReplyDelete
  2. print out ထုတ်ပြီး သင်တန်းက ဆရာတယောက်ကို လက်ဆောင်ပေးလိုက်ပြီ။ (ကိတ်စန မရှိပါဘူး။ သူမြန်မာလို မဖတ်တတ်ဘူး။ ဟီ..ဟိ..။သုခဆိုင်မှာ သွားထုတ်တာလေ)

    ReplyDelete
  3. အရင်ဆုံးCalender Design Idea ရတဲ့သူ..လုပ်တဲ့သူ..ဝေမျှတဲ့သူအားလုံးကိုကျေးဇူးတင်ကြောင်းပြောပါရစေ..
    ဆရာဦးဝင်းဖေရဲ့ပန်းချီကားတွေစုတဲ့သူတစ်ယောက်အနေနဲ့..ကြိုက်နှစ်သက်တဲ့ပန်းချီဆရာတွေရဲ့လက်ရာတွေရယ်..၁၂လရာသီဖွဲ့ကဗျာတွေရယ်..အရမ်းကောင်း..အလွန်ကြိုက်ပါတယ်..
    အခုရုံးမှာတစ်ခု..အိမ်မှာတစ်ခု..ဆရာမမေငြိမ်းလည်းလိုချင်တယ်ဆိုလို့တစ်ခု..

    ReplyDelete
  4. သတိတောင် မထားမိပါဘူးခင်ဗျာ။ ဘာပဲဖြစ်ဖြစ် အခုလို တကူးတက လုပ်ပေးနေတာပဲ ကျေးဇူးကြီးလှပါတယ်

    ReplyDelete

ရေးချင်တာလေးတွေ ရေးပေးခဲ့ပါ။