Pages

Sunday, June 27, 2010

ကမ္ဘာ့ဖလားပွဲမှာ....

ကာတွန်း -စိုးသော်တာ

ဆရာအောင်ရေ...

ကမ္ဘာ့ဖလားပွဲမှာ အဘယ်သူ အောင်ပွဲဆင်မည်တည်းဆိုတဲ့တဂ်လေး ခုမှ ရေးဖြစ်လို့ စိတ်မဆိုးပါနဲ့နော့...။ ကိုယ်လည်း အဲသဟာ မရေးမပြီးမချင်း ဆရာအောင်ဆီက ကြွေးယူပြီး မဆပ်ရသေးသလို စိတ်တထင့်ထင့်နဲ့ဖြစ်နေမိတာ။ ဘောလုံးအကြောင်းနဲ့ သက်ဆိုင်တာလေးတွေ ဟိုစစ သည်စစနဲ့ ရေးထားသေးတယ်။ တပုဒ်ရေးလိုက် သေချာ အဆုံးမသတ်ဖြစ်လိုက်၊ နောက်တနေရာရောက်တော့ နောက်တပုဒ်ရေးလိုက် တို့လို့တန်းလန်း ဖြစ်လိုက်နဲ့။ ခုတော့ အဲသာတွေ ရေးပြီးအောင် စောင့်နေရင် ဘောလုံးပွဲကြီးသာပြီးသွား၊ မတင်ဖြစ်လိုက်တော့ပဲနေတော့မှာစိုးတာနဲ့ ကာတွန်းလေးပဲ ရီရအောင် တင်ပေးလိုက်ပါတယ်နော့။

ကိစ္စများမြောင်လူတို့ဘောင်ဆိုသလို တလောက တော်တော်ကလေး အလုပ်တွေများတာရယ်နဲ့။ ဆရာအောင် တဂ်ကိုရေးရမယ်ဆိုလဲ ဘောလုံးနဲ့ ပါတ်သက်ဖူးတဲ့ မှတ်မိသမျှလေးတွေပဲ ရေးလို့ရမှာလေ။ ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းဖို့ကတော့ ... ဟီး... ဘာကိုမှ follow up လုပ်မထားသူ၊ နကန်းတလုံးမသိသူမို့ အပေါ်က ဆရာစိုးသော်တာ ကာတွန်းထဲကလို ပြန်ဖြေရတော့မလိုဖြစ်နေမှာတော့။ ကိုယ့်ဘာသာရယ်စရာ ကာတွန်းလေးတောင် ဆွဲထားသေး။ ဒါပေမဲ့ ဆရာစိုးသော်တာ ကာတွန်းလေးက အခုဒီတဂ်လေးနဲ့ ကွက်တိ၊ ပိုရီရလို့ အဲသာလေးပဲ တင်ပေးလိုက်တော့တယ်။ အဲဒီ ဘောလုံးအကြောင်းနဲ့ ပါတ်သက်တာလေးတွေ ရေးထားတာတော့ နောက်မှ တင်တော့မယ်နော့...။ ကြာသွားတာ စိတ်မဆိုးပါနဲ့နော့။ နောက်တခါတဂ်ရင် ချက်ချင်းရေးပါ့မယ်နော်... ဂတိ။း-)

ကိုအောင် မွေးနေ့ကိုလည်း အမှီဆုမတောင်းပေးလိုက်ရလို့ စိတ်မကောင်းဘူးတော့။ အခု ဒီကာတွန်းလေးနဲ့ပဲ Belated Happy Birthday Wish လုပ်လိုက်ပါတယ်နော့...။

ထပ်ပြီး ပြောရမယ်ဆိုရင်တော့ မောင်လေးကိုအောင်လို့ ခေါ်လို့ရပြီတော့။ ဘာလို့ဆို မရွှေစုသည် ယခုလာမည့်သြဂုတ်လတွင် ဘ၀စမည့်သူဖြစ်ပေသောကြောင့်တည်း။

ခင်မင်စွာဖြင့်... စုချစ်

************************

6 comments:

  1. Tag ဂိမ်းကို အခုလို ကားတွန့်ပုံနဲ့ ရယ်စရာအဖြစ်
    ရေးပေးတာ ကျေးဇူးဗျာ။
    အကို့မွေးနေ့အတွက် အမှတ်တရ ဆွဲပေးတဲ့
    ပုံလေးအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။
    တကယ်တော့ အကိုက ပုံထဲကလို မျက်မှန် မတပ်ဘူး၊ မျက်စိအား ကောင်းတယ်ပေါ့ ...း)
    နဖူးပေါ်မှာ ဆံပင် သိပ်မရှိတော့ဘူး ...း)
    ဆံပင်ညှပ်ဆိုင်သွားရင် ဈေးသက်သာအောင်။
    ထိပ်ပြောင်တယ်လို့ မထင်နဲ့ ခေတ်မှီအောင်
    နဖူးပြောင်ပြောင် ထားတာ ...း)
    လာမယ့် သြဂုတ်လမှာ ကျရောက်မယ့်
    မွေးနေ့က စပြီး ပျော်ရွှင်မှု အမြောက်အများ ပိုင်ဆိုင်
    ရရှိပါစေ။ အသက်ရာကျော် ရှည်ပါစေလို့ ကြိုပြီး
    ဆုတောင်းပါတယ်။

    မောင်လေး ....

    ReplyDelete
  2. ရေးဖို့ မေ့သွားလို့ ...
    အသက် လေးဆယ်ဆိုတာလည်း ငယ်ပါသေးတယ်
    ....း)

    ReplyDelete
  3. ဟားဟားဟား - စုချစ်
    သူများမွေးနေ့ ဆုတောင်းသလိုလိုနဲ့ ကပ်ုကွားသွားတယ်-
    ငါဘဝစပြီဆိုတာကိုပေါ့-
    ပျော်ရွှင်ပါစေဗျာ-

    ReplyDelete
  4. ဟားဟား...ရှာရှာဖွေဖွေ အတော်ရီရတဲ့ ကာတွန်းလေး... တက်ဂ်နဲ့ ကွက်တိပဲ....
    စကားမစပ် အမက မနှစ်က ဘဝစတာကွဲ့.... မီညလေးရဲ့...:P

    ReplyDelete
  5. စိုးသော်တာ ကာတွန်းက မစုကို ကိုအောင် ဗျူးနေတာနဲ့ တူတယ်။ ကိုအောင်က မျက်မှန်မတပ်ရသေးဘူးဆိုတော့ ငယ်သေးတာပေါ့။
    မစုရေးတဲ့ ကာတွန်းထဲမှာတော့ ကိုအောင်က အလကားကျော်စွာလိုလို ညောင်ရမ်းဂွတို လိုလိုနော်။ ဟိဟိ
    မစု ကာတွန်းပုံလေးက မိုက်တယ်။

    ReplyDelete
  6. ဟုတ်ပ မမေရေ... ရှေးဟောင်းပျူနိုင်ငံက လူသားမို့... အလကားကျော်စွာလိုလို ညောင်ရမ်းဂွတိုလိုလို ဖြစ်အောင် ဆွဲထားတာလေ...

    နောက်နှစ်မွေးနေ့တော့ ကိုအောင် ပြောတဲ့ အတိုင်း
    ဟိုလေ..လေယာဉ်ဆိုက်လို့ရမဲ့ မဟာနဖူးနဲ့ မျက်မှန်မပါပဲ ဆွဲရမယ်...
း-)

    ReplyDelete

ရေးချင်တာလေးတွေ ရေးပေးခဲ့ပါ။