Pages

Friday, January 22, 2010

၂၀၁၀ အင်္ဂလိပ် မြန်မာပြက္ခဒိန် - ကျေးလက်ကဗျာများ

ချစ်သူငယ်ချင်း၊ မိတ်ဆွေများ အားလုံး ၂၀၁၀ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်....။

၂၀၁၀ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် ကို ရယူနိုင်ပါပြီ။ အရင်နှစ်ကလိုပဲ ပုံတွေအားလုံး Resolution ကောင်းကောင်းနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ပေးထားပါတယ်။ PDF file များတွင် မည်သည့် security settings ကိုမှ ထည့်သွင်း အသုံးပြုထားခြင်းများမရှိပါ။ တခြား blog များ၊ web site များတွင် အသုံးပြုမည် ဆိုပါက ဤ blog မှ ရရှိပါကြောင်း ဖေါ်ပြရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

၁) ၂၀၁၀ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် - The Lady ( ကျေးလက် ကဗျာများ)

ပုံတွေပေါ်မှာ ကလစ်ခေါက်ပြီး PDF Files ကို ဒေါင်းလုပ် ရယူနိုင်ပါတယ်။

အရင်နှစ်များကလိုပဲ၊ မြန်မာနိုင်ငံမှ သမိုင်းဝင်နေ့များ၊ ဘာသာရေး နေ့ထူးနေ့မြတ်များကို တတ်နိုင်သမျှ စုံလင်အောင်ထည့်ထားပေးတဲ့အပြင် လေးစားဂုဏ်ယူဖွယ်ရာ ပုဂ္ဂိုလ်ကြီးများရဲ့ အမှတ်တရနေ့များကိုပါ ထည့်သွင်းထားပါတယ်။ နိုင်ငံခြားရောက်မြန်မာများမှ မြန်မာနေ့ကြီး၊ ရက်ကြီးများ သတိထားမိစေရန်နှင့်၊ မျိုးဆက်သစ်လူငယ်များမှ ကိုယ့်နိုင်ငံမှ လေးစား အားကျ ဂုဏ်ယူဖွယ်ရာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စာပေအနုပညာရှင်များကို သိရှိလာစေရန် ရည်ရွယ်ပါတယ်။

၂၀၁၀နှစ်ဆန်း အမှီ မပေးနိုင်လိုက်တာကို ခွင့်လွှတ်ကြစေလိုပါတယ်နော်။ ပြီးပြီးသား ဒီဇိုင်းကိုလည်း စိတ်တိုင်းမကျ၊ ပန်းချီပုံများ၊ ကဗျာများကိုလည်း အတတ်နိုင်ဆုံးလိုက်ဖက်မှုရှိစေရန် ပြန်စီနဲ့ အချိန် အနည်းငယ်နောက်ကျပြီးမှပဲ ဖြန့်နိုင်ပါတော့တယ်။ ပိတ်ရက်များမှာ လူမှုရေးရာများနှင့် မအားလပ်၊ ဒီတပတ်ထဲမှာ အမှီပေးလိုသဖြင့် ရုံးဖွင့်ရက် အိမ်ပြန်အရောက် ဘုရားရှိခိုး၊ တရားထိုင်ပြီး ည၉နာရီခွဲမှ ညဥ့်နက်တိုင်အောင် တပတ်ဆက်တိုက် ကြိုးစားလုပ်ဆောင်ချက်မှာ မိတ်ဆွေသူငယ်ချင်းများ ၊ ပြက္ခဒိန်ကို မျှော်နေသူများ အားလုံး ကျေနပ်နှစ်ခြိုက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ရှင်။


မေတ္တာဖြင့်....
စုချစ်

*********

ဗုဒ္ဓ၀င် သီးသန့်ပြက္ခဒိန် နှင့် စင်ကာပူ အားလပ်ရက်များပါဝင်သော ကျေးလက်ကဗျာများ ပြက္ခဒိန် - မကြာမှီ လာမည်... မျှော်

18 comments:

  1. thz for 2010 Calendar...

    ReplyDelete
  2. Thanks Ma MMA,
    Best idea and presentation.
    The' The'

    ReplyDelete
  3. Thanks Thanks Thanks

    ReplyDelete
  4.ီပြက္ခဒိန် Down သွားပါပြီ...ကျေးကျေးစ်

    ReplyDelete
  5. ပြက္ခဒိန်ကို download ယူသွားတယ်၊ ကျေးဇူး အများကြီး တင်ပါတယ်။

    ReplyDelete
  6. Thanks for sharing!!
    Nay Lin

    ReplyDelete
  7. ပြက္ခဒိန်လေးယူသွားပြီ။
    ကျေးဇူးကမ္ဘာပါ...

    ReplyDelete
  8. ကျေးဇူးပါ
    Calendar လေးယူသွားပါပြီ

    ReplyDelete
  9. ဘုန်းဘုန်းလည်း ၂၀၁၀ ပြက္ခဒိန်း ကူးသွားပါတယ်။ ကျေးဇူးအထူးတင်လျှက်....
    ကျန်းမာပျော်ရွှင်ပါစေ...

    ReplyDelete
  10. အရမ်းကျေးဇူးတင်ပါတယ် ..
    ချစ်စရာပြက္ခဒိန်လေး ဒေါင်းသွားပါတယ်
    :)

    ReplyDelete
  11. ယူသွားပါပြီ...ကျေးဇူးးးးးးးးး...အာဘွား။

    ReplyDelete
  12.ီDownloaded and thank you so much !!!

    ReplyDelete
  13. ညီမ...
    ပြက္ခဒိန် Down သွားပါတယ်..
    ပုံလေးတွေနဲ့ ကဗျာလေးတွေက တကယ် လိုက်လဲလိုက် ချစ်စရာလဲ အရမ်းကောင်းတယ်...း))
    ငယ်ငယ်တုန်းက ဆိုခဲ့ရတဲ့ ကဗျာလေးတွေ...း))

    မတွေ့တာကြာပြီ... တရက်လောက် တွေ့ကြအုံးမယ်လေ...း))

    ReplyDelete
  14. ၂၀၁၁ အင်္ဂလိပ်၊ မြန်မာ ပြက္ခဒိန် , When u making for us? We are waiting for 2011 Calendar. Thanks for ur share 2010. By the way Happy New Year, Ma Chit Su. Wish u all the best.

    ReplyDelete

ရေးချင်တာလေးတွေ ရေးပေးခဲ့ပါ။