Pages

Tuesday, January 12, 2010

ဆောင်းအမှီ

၂၀၁၀ပြက္ခဒိန်လေးပြီးခါနီးပါပြီ။ ပန်းချီပုံလေးတွေနဲ့ ကဗျာတွေ ထည့်ဖို့ကို နည်းနည်း စဉ်းစားရခက်နေလို့ ဒီဆောင်းအမှီလေး ပေးနိုင်အောင် ကြိုးစားနေပါတယ်ရှင်...။

လောလောဆယ်တော့ ပြက္ခဒိန်ပြီးပြီလားလို့ ဘလော့လေးကို လာချောင်းတဲ့သူတွေအတွက် ဘာကြည့်စရာမှမရှိ၊ ပလာကြီးပဲ ဖြစ်မနေရအောင် ဆောင်းအမှီသီချင်းလေး သီဆိုထားတာ နားသောတဆင်ကြည့်ကြဖို့ တင်ပေးလိုက်ပါတယ်နော်...။

တော်ပါပြီ... နောက်မဆိုပါနဲ့တော့ဗျို့... ၂၀၁၀ပြက္ခဒိန်ပြီးပလား နောင်ကိုမမေးတော့ပါဘူးလို့ မပြောကြတန်ကောင်းပါရဲ့...
း-)

တခုသော ဆောင်းအခါ သမာယ နှင်းတွေသိပ်သည်းစွာကျနေတဲ့အချိန် ကမ္ဘာပေါ်မှာအလှဆုံးရေတံခွန်လို့ ဆိုကြတဲ့ နိုင်ဂါရာ ရေတံခွန်ဆီကို ရောက်ခဲ့စဉ်အခါက ရိုက်ခဲ့သော ဓါတ်ပုံများနဲ့အတူ အမေဒေါ်မေလှမြိုင်မှစ အဆိုတော်များစွာသီဆိုခဲ့ဘူးသော ဆောင်းအမှီသီချင်းလေးကို အားလုံးသော ချစ်မိတ်ဆွေ၊ မောင်နှမများ အပျင်းပြေ နားသောတဆင်ကြည့်ရှုနိုင်ရန် ....



ကျေးဇူး အထူး.................

6 comments:

  1. ပုံတွေကြည့်ရင်း သီချင်းနားထောင်သွားပါတယ်။
    ဒီသီချင်းကြားတိုင်း ရုပ်ရှင်တကားထဲမှာလေ ဒေါ်ဂျမ်းစိန် "ပျိုပျိုမေ ပရုတ်ဆီရှူရင်းမောင့်ကို စောင့်ပါမည်" ဆိုတဲ့ အခန်းကို ပြေးမြင်တယ်..း)
    တလွဲတွေ မန့်လို့ စိတ်မဆိုးနဲ့နော်

    ReplyDelete
  2. ကျနော်မိုးမခမီဒီယာက မောင်ရစ်ပါ
    ကျနော်တို့ရဲ့ ၂၀၀၉ လစဉ်သတင်းဓာတ်ပုံကောက်နုတ်ချက်တွေနဲ့ ပြက္ခဒိန်လုပ်ချင်တယ်။ ကူပါ။ အကြံပေးပါ။ ၀ိုင်းလုပ်ပေးပါ ဖြစ်နိုင်ရင်
    ကျေးဇူးပါ။ စာပြန်ပါဥိး
    မောင်ရစ်

    ReplyDelete
  3. မမသီတာ - အစ်မပြောတာ ၀င်းဦးနဲ့ ၀ါဝါ၀င်းရွှေကားလေ... အိတ်ကားက အရမ်းကောင်း

    ကိုမောင်ရစ် - ဟုတ်ကဲ့... အတတ်နိုင်ဆုံးကူညီပါ့မယ်...။ မေးလ် ပို့လိုက်ပါဦးမယ်။

    ReplyDelete
  4. မယ်တရွာမောင်တမြို့တော့ နေလို့လဲ မဖြစ်နိုင်ပါပြီတဲ့ (တူတူနေနေရတာများ)
    ဟဲဟဲ နောက်တာပါ။ မစုက စာရေးလဲ ကောင်း၊ ပန်းချီလဲ တော်၊ အခုတော့ သီချင်းဆိုတာပါ အလွန်ကောင်းတယ်လို့ ထည့်ထပ်ရတော့မယ်။ နောက်ထပ်လဲ မကြာမကြာ ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းလေးတွေ တင်ပေးပါလို့ တောင်းဆိုလိုက်ပါတယ်။ :)

    ReplyDelete
  5. ဟိ... အပျော်လွန်ပြီး ကိုယ့်ကိုယ်ကို မနည်းဆွဲထားရသယ်... မမေက ချီးကျူးနေလို့...း-)
    ဒီဂ ဆိုထားတာတွေ အများကြီးနော်... တင်ပလိုက်မှာ...

    ခစ်... အိမ်က လူတွေကတော့ ကိုယ်သီချင်းစ ဆိုပြီဆိုတာနဲ့ နားကြပ်တတ်တဲ့သူနဲ့၊ အိပ်ခန်းထဲ ပြေးဝင်ကြတဲ့သူနဲ့... အဲသလို အားပေးကြသာရယ်...
း-)

    ReplyDelete
  6. Ama,

    These photos bring good old memories back. I miss a lot.

    HNA

    ReplyDelete

ရေးချင်တာလေးတွေ ရေးပေးခဲ့ပါ။